နောက်ခံသမိုင်းအကျဉ်း။ ။
၁၆ နှင့် ၁၇ ရာစုများတွင် အင်အားကြီးခဲ့သော စပိန်သည် အင်္ဂလန်၏ပင်လယ်ရေ ကြောင်းစိုးမိုးမှုကို ခံခဲရသည်။ ထို့နောက် ပင်လယ်ရေကြောင်းကုန်သွယ်ရေးနှင့် စက်မှုတော် လှန်ရေးတွင် ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီတို့နောက်သို့ကျရောက်ခဲ့ပြီး နှိင်ငံရေးသြဇာအာဏာ ကျဆင်းလာခဲ့သည်။ ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ် အတွင်းစပိန်သည် ကြားနေနိုင်ငံအ ဖြစ်ကျင့်သုံးခဲ့ပြီး ၁၉၃၆-၃၉ ပြည်တွင်းစစ်ဒဏ်ကို အလူးအလဲ ခံစားခဲ့ရသည်။ ၁၉၇၅ တွင် အာဏာရှင် ဖရန်စ္စကို ဖရန်ကိုသေဆုံးသွားသောအခါ ဒီမိုကရေစီအုပ်ချုပ်ရေးအသွင်သို့ ငြိမ်းချမ်းစွာကူးပြောင်းခဲ့ပြီး အလျင်အမြန် ခေတ်မီစီးပွားရေးကို ကျင့်သုံးခဲ့သဖြင့် စီးပွားရေး အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ၁၉၈၆ တွင် ဥရောပဘုံဈေးအဖွဲ့သို့ဝင်ရောက်ခဲ့ သည်။ လွတ်လပ်မှုနှင့် လူ့အခွင့်အရေးတွင်လည်း ကမ္ဘာ့ထိပ်တန်းအဆင့်ဝင်ခဲ့သည်။ လက်ရှိ အစိုးရသည် ဘက်စ်ခ် အဖမြေနှင့် လွတ်လပ်ရေး (Basque Fatherland and Liberty – ETA) ခေါ် အကြမ်းဖက်အုပ်စုတစ်စုနှင့် ရင်ဆိုင်ရလျှက်ရှိသည်။ သို့သော် ၂၀၀၈ နှစ်လည်မှစ၍ ကမ္ဘာ့စီးပွားရေးကျဆင်းမှုကြောင့် ဆိုးရွားစွားကျဆင်းလျှက်ရှိသော တိုင်းပြည်စီးပွားရေးကို ပြန်လည်မြှတင်ရေးကို အဓိကထားဆောင်ရွက်လျှက်ရှိသည်။
ပထဝီအနေအထား။ ။
တည်နေရာ။ အနောက်တောင် ဥရောပ။ ဘစ္စကေး ပင်လယ်အော်၊ မြေထဲပင်လယ်၊ မြောက်
အတ္တလန္တိတ်သမုဒ္ဒရာ၊ ပိုင်ရန်းနိစ်တောင်တန်းတို့နှင့်ထိစပ်။ ပြင်သစ်နိုင်ငံ၏
အနောက်တောင်ဘက်။
မြေပုံအညွှန်း။ ဥရောပ
ဧရိယာ။ ကုန်းမြေ = ၄၉၈ ၉၀၈ sq km
ရေ = ၆ ၃၉၀ sq km
စုစုပေါင်း = ၅၀၅ ၃၇၀ sq km
နိုင်ငံကျယ်ဝန်းမှုကမ္ဘာ့အဆင့် = ၅၁
ထိစပ်နယ်မြေ။ အင်ဒိုရာ ၆၃.၇ km၊ ပြင်သစ် ၆၂၃ km၊ ဂျီဘရော်တာ ၁.၂ km၊ ပေါ်တူဂီ
၁၂၁၄ km၊ မော်ရော့ကို(စီအူတာ) ၆.၃ km၊ မော်ရော့ကို(မယ်လီလာ)
၉.၆ km
ကမ်းရိုးတန်း။ ၄ ၉၆၄ km
ရာသီဥတု။ အပူအအေးမျှတ။ အတွင်းပိုင်းတွင် ကြည်လင်၍ ပူသော နွေရာသီ၊ ကမ်းရိုးတန်း
ဒေသတွင် တိမ်ထူထပ်၍ အပူအအေးမျှတသော နွေရာသီ။ အတွင်းပိုင်းတွင်
တိမ်ထူ၍ အေးသောဆောင်းရာသီ၊ ကမ်းရိုးတန်းတစ်လျှောက် တိမ်အငယ်
ထူထပ်၍ အေးမြသော ဆောင်းရာသီ။
မြေမျက်နှာသွင်ပြင်။ ကြီးမားပျံ့ပျူးရာ မှ ပြတ်တောင်းပြတ်တောင်းရှိသော ကုန်းမြင့်လွင်ပြင်
ကို ကြမ်းတမ်းသောတောင်ကုန်းများဖြင့်ဝန်းရံထား။ မြောက်ဘက်တွင်
ပရန်းနိစ် တောင်တန်းရှိ။
မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း = အတ္တလန္တိတ်သမုဒ္ဒရာ ၀ m
အမြင့်ဆုံးအပိုင်း = ကင်နရီကျွန်းပေါ်ရှိ ပီကိုဒီ တိုင်ဒီ ၃ ၇၁၈ m
သဘာဝအရင်းအမြစ်။ ကျောက်မီးသွေး၊ သံရိုင်း၊ ကြေးနီ၊ ခဲ၊ သွပ်၊ ယူရေနီယံ၊ ခနောက်စိမ်း၊
ပိုင်ရိုက်၊ မန်ဂနီဆိုဒ်၊ ဖလူရိုစပါး၊ ဂျစ်ပဆမ်ကျောက်၊ ဆယ်ပီရိုလိုက်၊
ခါအိုလင်၊ ပိုတက်၊ ရေအားလျှပ်စစ်၊ စိုက်ပျိုးမြေ။
လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၄၀ ၅၂၅ ၀၀၂ (၂၀၀၉)
လူဦးရေများပြားမှုကမ္ဘာ့အဆင့် = ၃၂
လူဦးရေတိုးနှုန်း။ ၀.၀၇၂ % (၂၀၀၉)
မွေးဖွားနှုန်း။ ၉.၇၂/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း။ ၉.၉၉/၁၀၀၀ ဦးရေ (၂၀၀၉)
ပျမ်းမျှအသက်။ ကျား = ၇၆.၇၄ နှစ်
မ = ၈၃.၅၇ နှစ်
စုစုပေါင်း = ၈၀.၀၅ နှစ် (၂၀၀၉)
လူမျိုး။ စပိန်
တိုင်းရင်းသားလူမျိုး။ မြေထဲပင်လယ် နှင့် နော်ဒစ် ဆင်းသက်လူမျိုးများပေါင်းစပ်
ကိုးကွယ်မှု။ ရိုမန်ကက်သိုလစ် ၉၄% ၊ အခြား ၆ %
ဘာသာစကား။ ကက်စတယ်လီယန် စပိန် ၇၄% (ရုံးသုံး)
ကာတာလန် ၁၇ %
ဂါလီရှီယန် ၇ %
ဘက်စ်ခ် ၂ %
မြို့တော်။ မက်ဒရစ် (Madrid)


