Friday, 23 July 2010

Network ရဲ့ အသုံးဝင် Command

ညီကိုတို့ Network နဲ့ပတ်သက်ပြီ အခြေခံ Command တွေကိုနည်းနည်းပြောပြချင်ပါတယ် အသုံးဝင်လိမ့်မယ်လို့လဲ ထင်မိလို့ပါ။ Start >> Run >> cmd ထဲမှာ ရိုက်ရမှာပါ။ မြန်မာလို ထပ်ရှင်းစရာ မလိုဘူးလို့ထ င်ပါတယ်။ ဒီတိုင်းရှင်းလို့ဖြစ်ပါတယ်။

* mstsc - Brings up a Remote Desktop connection box
* ipconfig - Shows your computer ip configuration
* ncpa.cpl - Network Connections
* netsetup.cpl - Network Setup Wizard
* Cfgwiz32 - ISDN Configuration Wizard
* fsquirt - Bluetooth wizard
* netsetup - Network setup wizard
* rasphone - Dial up networking wizard
* \\10.0.0.1 - It will display the shared files on another computer on your network (replace 10.0.0.1 with the IP address of the computer you want to access.)
* \\mitz - It will display the shared files on another computer on your network (replace mitz with the name of the computer you want to access.)
* fsmgmt.msc - Views your computers shared folders

Thursday, 22 July 2010

GOOGLE QUEUES

အမည် = GOOGLE QUEUES


လိပ်စာ = http://www.gqueues.com/


အကြောင်းအရာ = google task manager

မိမိကွန်ပျူတာကို ခိုးသုံးသူကိုဖမ်းနည်း

ညီကိုတို့ ကိုယ်မသုံးတဲ့ အချိန် မိမိကွန်ပျူတာကို ဘယ်သူလာသုံးသွားလဲ ဆိုတာ သိချင်နေကြမှာပဲနော်။ ဒီနေရာမှာ ညီကိုတို့က ပြောလိမ့်မယ် Run ကနေ Recent လို့ ရိုက်ပြီ ဘာတွေ ဖွင့်လဲဆိုတာ ကြည့်မှာပေါ့လို့။ မှန်ပါတယ် ဘာတွေ ဖွင့်သွားလဲဆိုတာ ကြည့်လို့ရပေမဲ့ ဘယ်အချိန်မှာ ဖွင့် ဘယ်အချိန်မှာ သုံးလဲဆိုတာ မသိနိုင်ပါဘူး။ Recent ကို Delete ပေးသွားရင် ဘယ်လို့မှ သူဖွင့်မဖွင့် မသိနိုင်ပါဘူး။ အင်တာနက် ရတဲ့စက်များကတော့ Firefox တို့ Internet Explorer တို့မှာ History မှာ ၀င်ကြည့်မှာပေါ့လို့ ပြောလို့ရပါတယ်။ ဖျက်သွားရင်ကော ဘယ်လို အစ ရှာမလဲ။ အင်တာနက်မရှိရင်ကော ဘယ်လို ခြေရာခံမလဲ။ ဒါကြောင့် မိမိစက်ကို ဘယ်ချိန်မှာဖွင့်တယ်။ ဘယ်အချိန်မှာ ပိတ်သွားတယ်ဆိုတာ သိရအောင် အောက်ပါအတိုင်း အလွယ်သွားလိုက်ပါဗျာ.။

1.Start >> Run မှာ eventvwr.msc ရိုက်ပြီး Enter ခေါက်လိုက်ပါ.။
2.Windows log မှာ Application, Security, နှင့် System မှာ ကြည့်နိုင်ပါတယ်။ အဲဒီမှာ နေ့ရက် အချိန်နာရီတွေကို တွေ့နိုင်ပါတယ်။ ကျန်တဲ့ Tool တွေကို ကိုယ်တိုင်းလေ့လာကြည့်ပါ.။ ကျွန်တော် Thinking လေးဘဲ ချပြတာပါ။ ဒီ command က ဒါတွေ လုပ်ဆောင်တယ်လို့ ပြောပြီသွားပါပြီး။ ဒီထပ် ပိုလေ့လာရမှာက ညီကိုတို့ ကိုယ်တိုင်သာ ဖြစ်ပါတယ်နော်..။

ProShow Gold



ဒီဆော့ဝဲရ်လေးကတော့ ညီကိုတို့ရဲ့ ဓါတ်ပုံများကို movie တစ်ခုအဖြစ် ဖန်တီးတဲ့နေရာမှာ လွယ်ကူစွာ ဖန်တီးနိုင်ဖို့ပါ.. စမ်းကြည့်လိုက်ပါဦးနော်...

ကဲ ဒီမှာပဲ ဆွဲလိုက်ရအောင်နော်... Download

Thursday, 8 July 2010

ယီမင် (Yemen)



နောက်ခံသမိုင်းအကျဉ်း။ ။
၁၉၁၉ တွင် အော်တိုမန်အင်ပါယာမှ မြောက်ပိုင်းယီမင် လွတ်လပ်ရေးရခဲ့သည်။ ၁၉ ရာစုတွင် အေဒင်ဆိပ် ကမ်းတောင်ဘက်တဝိုက်တွင် ဗြိတိသျှတို့သြဇာခံနယ်မြေတည်ထောင်ခဲ့သည်။ ၁၉၆၇ တွင် ပြန်လည် ရုပ်သိမ်းခဲ့ပြီး တောင်ပိုင်းယီမင်ဟူ၍ဖြစ်လာခဲ့သည်။ ထို့နောက် သုံးနှစ်အကြာတွင် တောင်ပိုင်းယီမင် အစိုးရသည် မာ့ခ်စ် ဝါဒကို ကျင့်သုံးခဲ့သည်။ ထို့ကြောင့် လူအများအပြား မြောက်ပိုင်းယီမင်သို့ ထွက်ပြေးခိုလှုံခဲ့ကြပြီး တောင်နှင့် မြောက် အစိုးရ တို့ကြားနှစ်ပေါင်းနှစ်ဆယ်မျှကြာအောင် တင်းမာမှုများဖြစ်ပွားခဲ့ကြသည်။ ၁၉၉၀ တွင်ယီမင် သမ္မတနိုင်ငံအဖြစ် နှစ် ပြည်ထောင်ပူးပေါင်းခဲ့ကြသည်။ တောင်ပိုင်းခွဲထွက်ရေးသူပုန်များကို ၁၉၉၄ တွင် နှိမ်နင်းနိုင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ် တွင်ဆော်ဒီအာရေးဗျနှင့် ယီမင်တို့ နယ်နိမိတ်သတ်မှတ်ခဲ့ကြသည်။

ပထဝီအနေအထား။ ။
တည်နေရာ။ အရှေ့အလယ်ပိုင်း။ အာရေးဗီးယန်း ပင်လယ်၊ အေဒင်ပင်လယ်ကွေ့၊ ပင်လယ်နီတို့နှင့် ထိစပ်။
အိုမန်နှင့် ဆော်ဒီအာရေးဗျနိုင်ငံများကြား
မြေပုံအညွှန်း။ အရှေ့အလယ်ပိုင်း
ဧရိယာ။ ကုန်းမြေ = ၅၂၇ ၉၆၈ sq km
ရေ = ၀ sq km
စုစုပေါင်း = ၅၂၇ ၉၆၈ sq km
ထိစပ်နယ်မြေ။ အိုမန် ၂၈၈ km။ ဆော်ဒီအာရေဗျ ၁၄၅၈ km
ကမ်းရိုးတန်း။ ၁၉၀၆ km
ရာသီဥတု။ အများအားဖြင့် ကန္တာရဆန်သောရာသီဥတု။ အနောက်ဘက်ကမ်းရိုးတန်းတလျှောက် ပူ၍စိုစွတ်သော
ရာသီဥတု။ ရာသီလိုက်မုတ်သုံရာသီဝင်ရောက်မှုကြောင့် အနောက်ဘက်တောင်များတွင် အပူအအေး
မျှတ။ အရှေ့ဘက်တွင် အလွန်ပူပြင်း၊ ခြောက်သွေ့ပြင်းထန်သော ကန္တာရရာသီဥတု။
မြေမျက်နှာသွင်ပြင်။ ကျဉ်းမြောင်းသောကမ်းရိုးတန်း မြေပြန့်နှင့် မျက်နှာပြင်ပြန့်သောတောင်ကုန်းများ၊ ကြမ်းတမ်း
သော တောင်များရှိ။ အလယ်ပိုင်းရှိပြတ်တောင်းသောကန္တာရမြေပြန့်မှာအာရေဗီယန်ကျွန်းဆွယ်
အတွင်းပိုင်းသို့ နိမ့်ဆင်းသွား
မျက်နှာပြင် အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ အာရေဗီယန်ပင်လယ် = ၀ m
အမြင့်ဆုံးအပိုင်း။ ဂျာဘယ်အန်နာဘီ ရှုးအိုက် = ၃၆၆၇ m
သဘာဝအရင်းအမြစ်။ ရေနံ။ ငါး။ ကျောက်ဆား။ ကျောက်မီးသွေးအနည်းငယ်။ ရွှေ။ ခဲ။ နီကယ်။ ကြေးနီ။
အနောက်ဘက်တွင် မြေသြဇာကောင်းမွန်သောမြေ။

လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၂၃ ၄၉၅ ၉၆၈ ဦးရေ (၂၀၁၀)
လူဦးရေများပြားမှုကမ္ဘာ့အဆင့်။ ၄၈
လူဦးရေတိုးနှုန်း။ ၂.၇၁၃% (၂၀၁၀)
မွေးဖွားနှုန်း။ ၃၄.၃၇/၁၀၀၀ ဦးရေ (၂၀၁၀)
သေဆုံးနှုန်း။ ၇.၂၄/၁၀၀၀ ဦးရေ (၂၀၁၀)
ပျမ်းမျှအသက်။ ကျား = ၆၁.၃၅ နှစ်
မ = ၆၅.၄၇ နှစ်
စုစုပေါင်း = ၆၃.၃၆ နှစ် (၂၀၁၀)
လူမျိုး။ ယီမင်
တိုင်းရင်းသားလူမျိုး။ အာရပ် အများစု။ အာရပ်-အာဖရိကန်။ အရှေ့တောင်အာရှသား။ ဥရောပသား
ကိုးကွယ်မှု။ ရှာဖီ (ဆွန်နီ) မွတ်စလင်။ ဇေဒီ (ရှီးအိုက်)။ ဂျူး၊ ခရစ်ယာန်၊ ဟိန္ဒူ ဘာသာဝင် အနည်းအကျဉ်း
ဘာသာစကား။ အာရပ်
မြို့တော်။ ဆာနား (Sanaa)

ဇင်ဘာဘွေ (Zimbabwe)



နောက်ခံသမိုင်းအကျဉ်း။ ။
၁၉၂၃ တွင် ဗြိတိန်ပိုင် တောင်အာဖရိကကုမ္ပဏီအုပ်ချုပ်လျက်ရှိသောတောင်ပိုင်းရိုဒီးရှားကို ဗြိတိသျှတို့ကျူး ကျော်သိမ်းပိုက်ခဲ့သည်။ ၁၉၆၁ တွင် လူဖြူများကိုသာဦးစားပေးသော ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲခဲ့သည်။
၁၉၆၅ တွင်အစိုးရက မိမိသဘောဖြင့် လွတ်လပ်ရေးကြေငြာခဲ့သော်လည်း ဗြိတိသျှတို့က လက်မခံဘဲ ထိုစဉ်က ရိုဒီးရှားခေါ် နိုင်ငံအတွင်းရှိ အာဖရိကန်လူမည်းများမဲပေးပိုင်ခွင့်အပြည့်အဝရရှိရန်တောင်းဆိုခဲ့သည်။ ကုလသမဂ္ဂ၏ စီးပွားရေးပိတ်ဆို့မှုနှင့် သူပုန်ထမှုများကြောင့် ၁၉၇၉ တွင် ရွေးကောက်ပွဲ ကျင်းပပေးခဲ့ရပြီး ၁၉၈၀ တွင် လွတ်လပ်ရေးရရှိကာ ဇင်ဘာဘွေဟူသော အမည်သို့ ပြောင်းလဲ ခဲ့သည်။ ရောဘတ်မူဂါဘီ (Robert Mugabe) နိုင်ငံ၏ပထမဦးဆုံးဝန်ကြီးချုပ်ဖြစ်လာပြီး ၁၉၈၇ တွင် သမ္မတဖြစ်လာကာနိုင်ငံရေးလောကကို စိုးမိုးထားခဲ့သည်။
၂၀၀၀ ခုနှစ်တွင် မြေယာပြန်လည်ဝေခြမ်းရေး အစီအစဉ်ကိုဆောင်ရွက်ခဲ့သောကြောင့် လူဖြူလယ်သမားအများအပြား မြေယာ ဆုံးရှုံးကာတိုင်းပြည်မှစွန့်ခွာခဲ့ရသဖြင့် စီးပွားရေးကျဆင်းကာအခြေခံလူသုံးကုန်များ ပြတ်လပ်ခဲ့ရသည်။ ၂၀၀၂ ရွေးကောက်ပွဲတွင် နိုင်ငံတကာ၏ ပြစ်တင် ရှုံ့ချမှုများကို လစ်လျူရှုကာ ၎င်းပြန်လည်အရွေးချယ်ခံရစေရန် မဲလိမ်လည်မှုပြုခဲ့သည်။ ၂၀၀၅ မတ်လ ပါလီမန်ရွေးကောက်ပွဲတွင် အာဏာရ ဇန်နူးပီအက်ဖ် (ZANU-PF) ပါတီသည်၁၉၈၀ နှစ်များကဖျက်သိမ်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်နိုင်ရန်နှင့် ဆီးနိတ်ကို ပြန်လည်ဖွဲ့ စည်းနိုင်ရန်အတွက် မဲအရေအတွက် သုံးချိုးနှစ်ချိုး ရရှိစေရန် အကြပ်ကိုင်ခြိမ်းခြောက်မှု၊ ကလိမ်ကျမှုများ ဆောင်ရွက်ခဲ့သည်။ ၂၀၀၅ ဧပြီလ တွင် ဟာရာရီ အစိုးရမှမြို့ပြတန်းတူညီမျှရေးအတွက် အစီအစဉ်ပြန်လည် ချထားရေး စီမံကိန်းတစ်ရပ်ကို ချမှတ် ဆောင်ရွက်ခဲ့ရာ အတိုက်အခံကိုထောက်ခံသူဆင်းရဲသားအများစု၏ အိမ်ယာ (သို့) စီးပွားရေးလုပ်ငန်းများ ၇၀၀ ၀၀၀ ကျော် ဖျက်ဆီးခံခဲ့ရသည်။ ၂၀၀၇ ခုနှစ် ဇွန်လတွင် သမ္မတမူဂါဘီက အခြေခံ လူသုံးကုန်ပစ္စည်းများ ကိုဈေးနှုန်းထိန်းချုပ်ခဲ့သဖြင့် လပေါင်းအတန်ကြာဝယ်ယူမှုများရပ်ဆိုင်းသွားပြီး ကုန်လှောင်ရုံ များတွင် ကုန်ပစ္စည်းများ ပြတ်လပ်နေခဲ့ရသည်။ ၂၀၀၈ မတ်လတွင်ကျင်းပသောအထွေထွေ ရွေးကောက်ပွဲသည် မမှန် မကန်မှုများ ပြည့်နှက်လျှက်ရှိပြီး ဇန်နူး-ပီအက်ဖ် အစိုးရအပေါ် ဝေဖန်မှုများ ကြီးထွားလာကာ ပါလီမန်တွင်အတိုက် အခံတို့ နေရာအများစုရရှိခဲ့သည်။ MDC အတိုက်အခံခေါင်းဆောင် မော်ဂန် ဇဗန်ဂီရိုင်း သမ္မတရွေးကောက်ပွဲတွင် မဲအသာရရှိခဲ့သော် လည်း အပြတ်အသတ်မဖြစ်ခဲ့ပေ။ ၂၀၀၈ ဇွန်လနှောင်းတွင် ပြုလုပ်သောအပြီးသတ်ရွေးချယ်ပွဲတွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး အတိုက်အခံခေါင်းဆောင် ဇဗန်ဂီရိုင်း နှုတ်ထွက်သွားခဲ့သည်။ မဲလိမ်လည်မှုများ ကြောင့်နိုင်ငံတကာမှ ပြစ်တင်ရှုံ့ချမှုများ နှင့် တွေ့ကြုံရသည်။ အာဏာခွဲဝေရေးအတွက် စေ့စပ်ညှိနှိုင်းများစွာဆောင် ရွက်ခဲ့ရပြီး နောက်ဆုံးတွင်၂၀၀၉ ဖေဖေါ်ဝါရီလ၌ ဇဗန်ဂီရိုင်းကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့ရသည်။ သို့သော် ခေါင်းဆောင်နှစ်ဦးအာကြား အခြား အရေးကြီးသောကိစ္စရပ်များစွာညှိနှိုင်းဆွေးနွေးမှုပြုရန်လိုသေးသည်။

ပထဝီ အနေအထား။ ။
တည်နေရာ။ အာဖရိကတောင်ပိုင်း။ တောင်အာဖရိကနှင့် ဇမ်ဘီယာနိုင်ငံများကြား
မြေပုံအညွှန်း။ အာဖရိက
ဧရိယာ။ ကုန်းမြေ = ၃၈၆ ၈၄၇ sq km
ရေ = ၃၉၁၀ sq km
ထိစပ်နယ်မြေ။ ဘော့ဆွာနာ ၈၁၃ km။ မိုဇမ်ဘစ် ၁၂၃၁ km။ တောင်အာရိက ၂၂၅ km။ ဇမ္ဘီယာ ၇၉၇ km
ကမ်းရိုးတန်း။ မရှိ (ကုန်းတွင်းပိတ်)
ရာသီဥတု။ အပူပိုင်းဒေသရာသီဥတု။ လတ္တီကျုအလိုက် ပြောင်းလဲမှုရှိ။ နိုဝင်ဘာလမှ မတ်လ အထိ မိုးရာသီ
မြေမျက်နှာသွင်ပြင်။ များသောအားဖြင့်ကုန်းမြင့်လွင်ပြင်များနှင့် အလယ်ပိုင်းဒေသတွင် ပို၍မြင့်သော ကုန်းမြင့်
လွင်ပြင်။ အရှေ့ဘက်တွင် တောင်များရှိ
မျက်နှာပြင်အမြင့်ကွာခြားချက်။
အနိမ့်ဆုံးအပိုင်း။ ရန်းဒီးနှင့် ဆေ့ဗ်မြစ်ဆုံ ၁၆၂ m
အမြင့်ဆုံးအပိုင်း။ အင်ယန်ဂါနီ ၂၅၉၂ m
သဘာဝအရင်းအမြစ်။ ကျောက်မီးသွေး။ ခရိုမီယမ်ရိုင်း။ ကျောက်ဂွမ်း။ ရွှေ။ နီကယ်။ ကြေးနီ။ သံရိုင်း။ ဗနေဒီယမ်။
လစ်သီယမ်။ သံဖြူ။ ပလက်တီနမ်အုပ်စုဝင် သတ္တများ

လူ့အရင်းအမြစ်။
လူဦးရေ။ ၁၁ ၆၅၁ ၈၅၈ ဦးရေ (၂၀၁၀)
လူဦးရေတိုးနှုန်း။ ၂.၉၅၄ % (၂၀၁၀)
မွေးဖွားနှုန်း။ ၃၁.၅၇/၁၀၀၀ ဦးရေ (၂၀၁၀)
သေဆုံးနှုန်း။ ၁၄.၉/၁၀၀၀ ဦးရေ (၂၀၁၀)
ပျမ်းမျှအသက်။ ကျား = ၄၇.၉၈ နှစ်
မ = ၄၇.၁၁ နှစ်
စုစုပေါင်း = ၄၇.၅၅ နှစ် (၂၀၁၀)
လူမျိုး။ ဇင်ဘာဘွေ
တိုင်းရင်းသားလူမျိုး။ အာဖရိကန် ၉၈%။ သွေးနှော နှင့် အာရှသား ၁%။ လူဖြူ ၁%အောက်
ကိုးကွယ်မှု။ ဆင်ကရက်တစ် ၉၈%။ ခရစ်ယာန် ၂၅%။ တိုင်းရင်းသားရိုးရာကိုးကွယ်ယံကြည်မှု ၂၄%
မွတ်စလင်နှင့် အခြား ၁%
ဘာသာစကား။ အင်္ဂလိပ် (ရုံးသုံး)။ ရှိုနာ။ ဆင်ဒီဘီလီ။ တိုင်းရင်းသားလူနည်းစု ဘာသာစကားများ
မြို့တော်။ ဟာရာရီ (Harare)

ဇမ္ဘီယာ (Zambia)



နောက်ခံသမိုင်းအကျဉ်း။ ။
မြောက်ပိုင်း ရိုဒီဆီယာနယ်မြေကို ဗြိတိသျှပိုင် တောင်အာဖရိက ကုမ္ပဏီက ၁၈၉၁ မှ ၁၉၂၃ အထိ အုပ်ချုပ်လာခဲ့ပြီး ထို့နောက်ဗြိတိသျှတို့သိမ်းပိုက်ခဲ့သည်။ ၁၉၂၀ မှ ၁၉၃၀ နှစ်များအတွင်း သတ္တုတွင်းတူးဖေါ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးလာပြီးနောက်လူအများအပြားဝင်ရောက်လာခဲ့သည်။ ၁၉၆၄ တွင် လွတ်လပ်ရေးရသောအခါ ဇမ်ဘီ ယာ အမည်သို့ ပြောင်းလဲခဲ့သည်။ ၁၉၈၀ နှင့် ၁၉၉၀ နှစ်များတွင် ကြေးနီဈေးနှုန်းကျဆင်းခြင်းနှင့် ကာလကြာရှည်စွာ မိုးခေါင်ရေရှားမှုတို့ကြောင့် စီးပွားရေးကျဆင်းခဲ့သည်။ ၁၉၉၁ တွင်ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပြီး တစ်ပါတီစံနစ်ရပ်ဆိုင်းခဲ့သည်။ သို့သော် ၁၉၉၆ ဆန္ဒခံယူပွဲတွင် အတိုက်အခံပါတီများကို နှိမ်နင်းခဲ့သည်။ ၂၀၀၁ ခုနှစ် ရွေးကောက်ပွဲတွင် ပါတီသုံးခုမှ အာဏာရပါတီမှဝင်ရောက်အရွေးချယ်ခံယှဉ်ပြိုင်သူ လေဗီမွမ်နာဝါဆာ (Levy Mwanawasa) ကို အတိုက်အခံပြုသော စာတမ်းတစ်စောင်ကို လက်မှတ်ထိုးတင်သွင်း ခဲ့ကြသည်။ ၂၀၀၂ ခုနှစ်တွင် ယခင်အစိုးရလက်ထက်အဆင့်မြင့်အာဏာပိုင်များ၏လာဘ်စားမှုများကို ဖေါ်ထုတ်နိုင်ရန်သမ္မတအသစ်မှ စုံစမ်းစစ် ဆေးရေး အဖွဲ့တစ်ရပ်ကိုဖွဲ့စည်း၍စုံစမ်းစေခဲ့သည်။ ထို့နောက် ၂၀၀၆-၀၇ တွင်အဆိုပါစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ဗြိတိန်နိုင်ငံတွင် ဖြစ်ပွားခဲ့သောယခင်သမ္မတဟောင်း ချီလူဘာ (Chiluba) နှင့်အပေါင်းအပါများပါဝင်သော အမေရိကန် ဒေါ်လာ ၄၁ သန်းချစားမှုကြီးတစ်ရပ်ကိုဖေါ်ထုတ်နိုင်ခဲ့သည်။ ၂၀၀၆ တွင် မွမ်နာဝါဆာပြန်လည်ရွေးချယ်ခံရပြီး လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲဖြစ်ကြောင်းသုံးသပ်ခဲ့ကြသည်။ ၂၀၀၈ သြဂုတ်လတွင် သမ္မတ မွမ်နာ ဝါဆာ ရုတ်တရက်ကွယ်လွန်သွားသောအခါ ဒုတိယသမ္မတ ရူဖီးယား ဘန်ဒါ (Rupha Banda) အာဏာလက်ခံခဲ့ပြီး ၂၀၀၈ အောက်တိုဘာလတွင် ကျင်းပသော အရေးပေါ် ရွေးကောက်ပွဲတွင် ၎င်းပင် အနိုင်ရရှိကာသမ္မတဖြစ်လာခဲ့ သည်။

ပထဝီအနေအထား။ ။
တည်နေရာ။ အာဖရိကတိုက်တောင်ပိုင်း။ အင်ဂိုလာနိုင်ငံ၏အရှေ့ဘက်။
မြေပုံအညွှန်း။ အာဖရိကတိုက်
ဧရိယာ။ ကုန်းမြေ = ၇၄၃ ၃၉၈ sq km
ရေ = ၉၂၂၀ sq km
ထိစပ်နယ်မြေ။ အင်ဂိုလာ ၁၁၁၀ km။ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ၁၉၃၀ km။ မာလာဝီ ၈၃၇ km။
မိုဇမ်ဘစ် ၄၁၉ km။ နမ္မီးဘီးယား ၂၃၃ km။ တန်ဇန်းနီးယား ၃၃၈ km။ ဇင်ဘာဘွေ ၇၉၇ km။
ကမ်းရိုးတန်း။ မရှိ (ကုန်းတွင်းပိတ်)
ရာသီဥတု။ အပူပိုင်း ဒေသရာသီဥတု။ လတ္တီကျုအလိုက် ပြောင်းလဲမှုရှိ။ အောက်တိုဘာလမှ ဧပြီလ အထိမိုးရာသီ
ကမ်းရိုးတန်း။ အများအားဖြင့် ကုန်းမြင့်လွင်ပြင်များနှင့် တောင်ကုန်းတောင်တန်းများရှိ။
မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း = ဇမ်ဘာဇီ မြစ် ၃၂၉ မီတာ
အမြင့်ဆုံးအပိုင်း = မာဖင်ဂါတောင်ကုန်းပေါ်ရှိ အမည်မသိနေရာ = ၂၃၀၁ မီတာ
သဘာဝအရင်းအမြစ်။ ကြေးနီ။ ကိုဘော့။ သွပ်။ ကျောက်မီးသွေး။ မြကျောက်။ ရွှေ။ ငွေ။ ယူရေနီယမ်။
ရေအားလျှပ်စစ်
လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၁၂၀၅၆ ဦးရေ (၂၀၁၀)
လူဦးရေတိုးနှုန်း။ ၁.၆၁၇% (၂၀၁၀)
မွေးဖွားနှုန်း။ ၃၉.၉၃/၁၀၀၀ ဦးရေ (၂၀၁၀)
သေဆုံးနှုန်း။ ၂၁.၁၅/၁၀၀၀ ဦးရေ (၂၀၁၀)
ပျှမ်းမျအသက်။ကျား = ၃၈.၇၇ နှစ်
မ = ၃၈.၉၅ နှစ်
စုစုပေါင်း = ၃၈.၈၆ နှစ် (၂၀၁၀)
လူမျိုး။ ဇမ္ဘီယာ
တိုင်းရင်းသားလူမျိုး။ အာဖရိကန် ၉၉.၅%။ အခြား ၀.၅%
ကိုးကွယ်မှု။ ခရစ်ယာန် ၅၀%-၇၀%။ မွတ်စလင်နှင့် ဟိန္ဒူ ၂၄%-၄၉%။ တိုင်းရင်းသားရိုးရာဓလေ့ ၁%
ဘာသာစကား။ ဘန်ဘာ ၃၀.၁% (ရုံးသုံး)။ ညန်ဂျာ ၁၀.၇% (ရုံးသုံး)။ တွန်ဂါ ၁၀.၆% (ရုံးသုံး)။ လိုဇီ ၅.၇%
(ရုံးသုံး)။ ချီဝါ ၄.၉%။ အန်ဆန်ဂါ ၃.၄%။ တမ္ဘူကာ ၂.၅%။ လြန္ဒါ ၂.၂% (ရုံုးသံုး)။
ကာအြန္ဒီ ၂% (ရုံုးသံုး)။ လာလာ ၂%။ လူဗေး ၁.၇% (ရုံးသုံး)။ အင်္ဂလိပ် ၁.၇% (ရုံးသုံး)။
အခြား ၂၂.၅%
မြို့တော်။ လူဆာကာ (Lusaka)

တိုင်ဝမ် (Taiwan)



နောက်ခံသမိုင်းအကျဉ်း။ ။
၁၈၉၅ တွင် တိုင်ဝမ်ကို ဂျပန်ထံသို့ တရုတ်တို့ပေးအပ်ခဲ့ရသည်။ ဒုတိယကမ္ဘာစစ်ပြီးသောအခါတရုတ်တို့ ပြန်လည်ထိမ်းချုပ်ခဲ့သည်။ ၁၉၄၉ တွင်ပြည်မကြီး၌ကွန်မြူနစ်တို့ အနိုင်ရရှိသွားသောအခါ အမျိုးသားရေဝါဒီ နှစ်သန်း ခန့် တိုင်ဝမ်သို့ ထွက်ပြေးသွားခဲ့ပြီး တရုတ်တမျိုးသားလုံးအတွက် ၁၉၄၇ ခုနှစ်က ရေးဆွဲခဲ့သောဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့်အစိုးရတစ်ရပ်ထူထောင်ခဲ့သည်။ ထို့နောက် နှစ်ငါးဆယ်အတွင်း ဒီမိုကရေစီအသွင်သို့ တဖြည်းဖြည်းချင်း ကူးပြောင်းလာခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် အမျိုးသားရေးဝါဒီများက ဒီမိုကရက်တစ်တိုးတက်ရေးပါတီ(Democratic Progressive Party) သို့ ပထမဦးဆုံး အနေဖြင့် ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းပေးခဲ့သည်။ ယင်းကာလတစ်လျောက် တိုင်ဝမ်ကျွန်းသည် စီးပွားရေးတိုးတက်အောင်မြင်လာပြီး အရှေ့အာရှတွင် စီးပွားရေး အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ် လာခဲ့သည်။ တရုတ်ပြည်မကြီးနှင့် ဆက်ဆံရေးမှာ အရေးကြီးသည့် နိုင်ငံရေးအချက် တစ်ရပ်ဖြစ်ပြီး အထူးသဖြင့် ပြည်တွင်း နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲ ရေးအပါအဝင် တိုင်ဝမ်၏အခြေအနေ မှာ အရေးပါလျက်ရှိသည်။

ပထဝီအနေအထား။ ။
တည်နေရာ။ အရှေ့အာရှ။ တောင်တရုတ်ပင်လယ်၊ ဖိလစ်ပိုင်ပင်လယ်၊ အရှေ့တရုတ်ပင်လယ်၊ တိုင်ဝမ်ရေလက်ကြား
တို့နှင့်ထိစပ်လျက်ရှိသောကျွန်း။ ဖိလစ်ပိုင်နိုင်ငံ၏ မြောက်ဘက်။ တောင်ဘက်တရုတ်ကမ်းရိုးတန်း၏
ကမ်းလွန်ပင်လယ်ပြင်အတွင်း
မြေပုံအညွှန်း။ အရှေ့တောင်အာရှ။
ဧရိယာ။ ကုန်းမြေ = ၃၂၂၆၀ sq km
ရေ = ၃၇၂၀ sq km
စုစုပေါင်း = ၃၅ ၉၈၀ sq km
ထိစပ်နယ်မြေ။ မရှိ
ကမ်းရိုးတန်း။ ၁၅၆၆.၃ km
ရာသီဥတု။ အပူပိုင်းဒေသရာသီဥတု။ ဇွန်လမှ သြဂုတ်လအထိအနောက်တောင်မုတ် မိုးရာသီ။ တစ်နှစ်ပတ်လုံး အမြဲ
တမ်းတိမ်ထူထပ်။
မြေမျက်နှာသွင်ပြင်။ အရှေ့ဘက်သုံးပုံနှစ်ပုံမှာ အများအားဖြင့်ကြမ်းတမ်းသောတောင်များ။ အနောက်ဘက်တွင်
ပြန့်ပျူးညီညာရာမှ အနည်းငယ်လှိုင်းထသောမြေပြန့်ရှိ။
မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ တောင်တရုတ်ပင်လယ် = ၀ m
အမြင့်ဆုံးအပိုင်း။ ယူရှန် = ၃၉၅၂ m
သဘာဝအရင်းအမြစ်။ ကျောက်မီးသွေးအနည်းငယ်။ သဘာဝဓါတ်ငွေ့။ ထုံးကျောက်။ စကျင်ကျောက်။ ကျောက်ဂွမ်ုး

လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၂၃ ၀၂၄ ၉၅၆ ဦးရေ (၂၀၁၀)
လူဦးရေတိုးနှုန်း။ ၀.၂၁၃% (၂၀၁၀)
မွေးဖွားနှုန်း။ ၈.၉၇/၁၀၀၀ ဦးရေ (၂၀၁၀)
သေဆုံးနှုန်း။ ၆.၈၇/၁၀၀၀ ဦးရေ (၂၀၁၀)
ပျမ်းမျှအသက်။ ကျား = ၇၅.၃၄ နှစ်
မ = ၈၁.၂ နှစ်
စုစုပေါင်း= ၇၈.၁၅ နှစ် (၂၀၁၀)
လူမျိုး။ တိုင်ဝမ်
တိုင်းရင်းသားလူမျိုး။ တိုင်ဝမ် တရုတ်၈၄%။ ပြည်မကြီးတရုတ် ၁၄%။ လူနည်းစုတိုင်းရင်းသား ၂%
ကိုးကွယ်မှု။ ဗုဒ္ဓဘာသာနှင့် တာအိုဘာသာရောနှောကိုးကွယ်မှု ၉၃%်။ ခရစ်ယာန် ၄.၅%။ ရိုးရာဓလေ့ယုံကြည်
ကိုးကွယ်မှု ၂%
ဘာသာစကား။ မန်ဒရင်းတရုတ်(ရုံးသုံး)။ တိုင်ဝမ်တရုတ်(မင်)။ ဟက္ကာ ဒေသိယစကားများ
မြို့တော်။ တိုင်ပေ (Taipei)

Share

Twitter Delicious Facebook Digg Stumbleupon Favorites