Saturday, 20 February 2010

Political Science Part (51)

အီတလီနိုင်ငံ

နိုင်ငံအမျိုးအစား
အစိုးရတစ်ဖွဲ့တည်းသာရှိသော ယူနီတရီနိုင်ငံဖြစ်သည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ခုနှစ်တွင် ပြည်သူ့ဆန္ဒအရ ဘုရင်စနစ်ကိုဖျက်သိမ်းခဲ့ပြီး ၁၉၅၈ခုနှစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့ကြသည်။ ထို့ကြောင့် ရေးသားမှတ်တမ်းတင်ထားသော ဥပဒေများဖြစ်ကြသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် လွှတ်တော်နှစ်ခုစလုံးက တစ်ကြိမ်နဲ့တစ်ကြိမ် ရက်ပေါင်း ၉၀ခြား၍ နှစ်ကြိမ်စလုံး ပြင်ဆင်ချက်အဆိုကို သဘောတူအတည်ပြုရသည်။ လွှတ်တော် တစ်ခုခု၏ ၁/၅ သော အမတ်များက နှစ်ကြိမ်စလုံးပြင်ဆင်ချက်အဆိုကို အတည်ပြုကြလျှင် ပြည်သူ့ဆန္ဒကောက်ခံရန်မလိုချေ။

ကိုယ်စားလှယ်ရွေးချယ်ရေးစနစ်
အသက်၂၅နှစ်ပြည့်သော အီတလီသူ/သား တိုင်းမဲပေးနိုင်ခွင့်ရရှိပြီး မဲဆန္ဒ တစ်နယ်ကိုယ်စားလှယ် တစ်ယောက်စနစ်ကို အသုံးပြုသည်။

ဥပဒေပြုဌာန
လွှတ်တော်နှစ်ခုစနစ်ကို အသုံးပြု၍ အောက်လွှတ်တော်ကို ပြည်သူတို့က ရွေးကောက်တင်မြှောက်ထားသော အမတ်ပေါင်း ၅၆၀ဖြင့် ဖွဲ့စည်းထားသည်။ ၄င်းအမတ်တို့၏ အမတ်သက်တမ်းမှာ ၅နှစ်ဖြစ်ပြီး ၀န်ကြီးချုပ်နှင့်တကွ ၄င်း၏ ကက်ဘိနက်ဝင်ဝန်ကြီးများကို အောက်လွှတ်တော်ကပင် ရွေးချယ်တင်မြောက်ရသည်။ ထို့ပြင် ဘဏ္ဍာရေးနှင့် အုပ်ချုပ်ရေးဥပဒေများကို ရေးဆွဲရသောကြောင့် အထက်လွှတ်တော်ထက် တန်ခိုးကြီးသည်ဟု ယူဆရသည်။

အထက်လွှတ်တော်စီးနိတ်ကို ပြည်သူတို့က ရွေးကောက်တင်မြှောက်ထားသော အမတ်သက်တမ်း ၆နှစ်ရှိသော အမတ်ပေါင်း ၃၂၀နှင့် သမ္မတလောင်း တစ်ယောက်အပြင် သမ္မတက ရာသက်ပန်ခန့်အပ်ထားသော အမတ်၅ယောက်တို့ဖြင့် ဖွဲ့စည်းထားသည်။

ဘဏ္ဍာရေးနှင့်စပ်လျဉ်းသော ဥပဒေမှအပ ဥပဒေဖြင့် အာဏာတွင် အောက်လွှတ်တော်နှင့် တူညီ၏။ ထို့ပြင်အစိုးရအဖွဲ့ကို အယုံအကြည်မရှိအဆိုကို တင်သွင်းနိုင်ခွင့်ရှိသည်။

အုပ်ချုပ်ရေးဌာန
ပါလီမန်အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ရုပ်ပြအုပ်ချုပ်ရေးမှူးမှာ ပါလီမန်နှစ်ရပ်စလုံးက ရွေးချယ်တင်မြှောက်သော သက်တမ်း ၇နှစ်ရှိသည်။ အီတလီသမ္မတဖြစ်၍ အုပ်ချုပ်အာဏာကိုအသုံးပြုကာ အစစ်အမှန် အုပ်ချုပ်သူမှာ ၀န်ကြီးချုပ်သာဖြစ်သည်။

တရားစီရင်ရေးဌာန
တရားသူကြီးများကို ခန့်အပ်ရာခြင်း၊ ရာထူးတိုးပေးခြင်းနှင့် ၄င်းတရားသူကြီးတို့၏ စည်းစနစ်ကျနမှုကို "ဥပဒေပြုကောင်စီ" ကဆောင်ရွက်သည်။ ၄င်းကောင်စီတွင် သမ္မတ၊ ဥပဒေ ပါမောက္ခများ၊ လွှတ်တော်နှစ်ခုပေါင်းက ရွေးချယ်တင်မြှောက်ထားသော ရှေ့ နေများနှင့် ရာဇာဝတ်တရားသူကြီးများ (magistrates) နှင့် တရားသူကြီးတို့က ရွေးကောက်တင်မြှောက်ထားသော သူများပါဝင်ကြသည်။ ၄င်းတို့၏ သက်တမ်းမှာ (၄) နှစ်သာဖြစ်၏။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် စပ်ဆိုင်သော တရားရုံးကို သမ္မတက ခန့်အပ်သော တရားသူကြီး ၅ ကြီး၊ ဥပဒေပြုအဖွဲ့က တင်မြှောက်သော တရားသူကြီး ၅ဦးနှင့် "ဥပဒေပြုကောင်စီ" က ခန့်အပ်သော တရားသူကြီး ၅ ဦးတို့ဖြင့် ဖွဲ့စည်းတည်ထောင်ထား၏။ ၄င်းတရားရုံးသည် နောက်ဆုံးအယူခံဝင်ရာ ရုံးပင်ဖြစ်သည်။

ဤနေရာတွင် နိုင်ငံရေးသိပ္ပံပြီး၏။

Political Science Part (50)

အိန္ဒိယ

နိုင်ငံအမျိုအစား
အိန္ဒိယနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့် ဖော်ပြသတ်မှတ်ထားသော အာဏာများကို ဗဟိုအစိုးရလက်ထံ၌ ထားရှိပြီးအကြွင်းအကျန်အာဏာများကို ပြည်နယ်တို့၏ လက်ထဲ၌ထားရှိသည်။ သို့ရာတွင် ပြည်ထောင်စုစစ်သောနိုင်ငံတစ်ခုကား မဟုတ်ပေ။ ယူနီထရီဆန်သော ပြည်ထောင်စုနိုင်ငံတစ်ခုသာ ဖြစ်သည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
ရေးသားမှတ်တမ်းတင်ထားသော ဥပဒေများဖြစ်ပြီး ၄င်းဥပဒေများကို ပြင်ဆင်ရာတွင်လည်း သာမန်ရိုးရိုးနည်းဖြင့် မဟုတ်သောကြောင့် ပြည်ဆင်ရန်ခက်ခဲသော ဖွဲ့စည်းအုပ်ချုပ်ပုံခြေခံ ဥပဒေပင်ဖြစ်သည်။ ပြင်ဆင်ချက်အထိကို အောက်လွှတ်တော်ကသာ တင်သွင်းရပြီး လွှတ်တော်နှစ်ခုစလုံး အမတ်အများစုက အတည်ပြုပြီး လွှတ်တော်နှစ်ရပ်ပေါင်း၏ ၂/၃သောအမတ်များက သဘောတူမှသာလျှင် ပြင်ဆင်ချက် ဥပဒေကြမ်း အတည်ဖြစ်လာနိုင်သည်။

ကိုယ်စားလှယ်ရွေးချယ်ရေးစနစ်
အသက်၂၁နှစ်ပြည်သော အိန္ဒိယတိုင်းရင်းသား/သူ တိုင်း မဲဆန္ဒပေးခွင့်ရှိကြသည်။ မဲဆန္ဒနယ်ကိုယ်စားလှယ် တစ်ယောက်စနစ်ဖြင့် ရွေးကောက်တင်မြှောက်ကြသည်

ဥပဒေပြုအဖွဲ့
လွှတ်တော်နှစ်ခုထားရှိသောစနစ်ကို အသုံးပြုကာ အောက်လွှတ်တ်ာတွင် သက်တမ်း၅နှစ် ရှိသောအမတ်များကို ပြည်သူများက ရွေးကောက်တင်မြှောက်ကြရသည်။ မဲဆန္ဒရှင် ၅၀၀၀၀၀တွင် ကိုယ်စားလှယ်တစ်ယောက်ကျ ရွေးကောက်တင်မြှောက်ရသောကြောင့် အောက်လွှတ်တော်တွင် အမတ်ပေါင်း ၅၂၀ရှိသည်။ ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို အောက်လွှတ်တော်အမတ်များထဲမှာ အောက်လွှတ်တော်အမတ်များက ရွေးချယ်တင်မြှောက်ရခြင်း ဘဏ္ဍာရေးဥပဒေများ ပြဌာန်းရခြင်းတို့ကြောင့် အောက်လွှတ်တ်ာသည် အထက်လွှတ်တော်ထက် တန်ခိုးကြီးသည်

နိုင်ငံတော်ကောင်စီ (Council of State) ခေါ် အထက်လွှတ်တော်တွင် တရားဥပဒေပြုရေး အာဏာသာရှိပြီး ဘဏ္ဍာရေးဥပဒေများကို ၀င်ရောက်စွက်ဖက်ခွင့်မရှိပေ။ ၄င်းလွှတ်တော်ကို ရွေးချယ်ခန့်အပ်ထားသော အမတ်၁၂ ယောက် နှင့် ပြည်နယ်ဥပဒေပြုအဖွဲ့တို့မှ အချိုးကျကိုယ်စားလှယ် စနစ်ဖြင့် ရွေးကောက်တင်မြှောက်၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဒုတိယ သမ္မသည် အထက်လွှတ်တော်၏ ဥက္ကဌဖြစ်ပြီး ၄င်းလွှတ်တော်၏ အမတ်သက်တမ်းမှာလည်း ၅နှစ်ပင်ဖြစ်သည်။

အုပ်ချုပ်ရေးဌာန
အုပ်ချုပ်ရေးဌာနအရာရှိချုပ် အစစ်ဖြစ်သော ၀န်ကြီးချုပ်ကို အောက်လွှတ်တော်က ရွေးချယ်တင်မြှောက်ရသည်။ ထို့ကြောင့် အိန္ဒိယအုပ်ချုပ်ရေးစနစ်မှာ ပါလီမန်အုပ်ချုပ်ရေးပင်ဖြစ်သည်။ ရုပ်ပြအုပ်ချုပ်ရေး အရာရှိချုပ်မှာ အိန္ဒိယသမ္မတဖြစ်၏။

ဥပဒေပြုဌာန
တရားရုံးချုပ်သည် ပြည်ထောင်စု၏ အကြီးဆုံးတရားရုံးဖြစ်သည်။ ယင်းတရားရုံးချုပ်၏ တရားသူကြီးများကို ၀န်ကြီးချုပ်က ခန့်အပ်သည်။ တရားသူကြီးတို့၏ တရားသူကြီးသက်တမ်းမှာ ရာသက်ပန်ဖြစ်၏။ ယင်းတရားရုံးချုပ်၌ အခြေခံဥပဒေကို ကိုးကားကိုင်စွဲနိုင်ခွင့်အာဏာနှင့် ပြည်နယ်တရားရုံးဥပဒေများကို ၀င်ရောက်စွက်ဖက်နိုင်ခွင့်အာဏာ ရှိသည်။ နောက်ဆုံး အယူခံရာ ရုံးဖြစ်သောကြောင့်လည်း ပြည်ထောင်စုအတွင်း၌ တန်ခိုးကြီ်းဆုံးတရားရုံးဖြစ်ပေသည်။

Political Science Part (49)

ကနေဒါနိုင်ငံ

နိုင်ငံအမျိုးအစား
ပြည်နယ်ပေါင်း ၁၀နယ်ကို စုပေါင်းဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံ ဖြစ်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ ရေးသားသတ်မှတ်ထားသော အချုပ်အခြာအာဏာများသည် ဗဟိုအစိုးရလက်ထဲ၌ ရှိသည်။ ထို့ကြောင့် ကနေဒါနိုင်ငံသည် ပြည်ထောင်စု မစစ်သောနိုင်ငံဖြစ်သည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
ကနေဒါဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ၁၈၆၇ ခုနှစ် ဗြိတိသျှမြောက်ပိုင်း အမေရိကန်ဥပဒေကို အခြေခံ၍ ရေးဆွဲထားသောကြောင့် မှတ်တမ်းထားသောဥပဒေများ ဖြစ်သည်။ ၄င်းဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေဟု ဆိုရသော်လည်း လက်တွေ့ပြင်ဆင်ရာတွင်မူ အမေရိကန် သြစတေးလျနိုင်ငံတို့ကဲ့သို့ ခက်ခဲခြင်းမရှိလှပေ။

ကိုယ်စားလှယ်အမတ်ရွေးချယ်ရေးစနစ်
အသက်၂၁နှစ် ပြည့်သော ကနေဒါသူ/သားတိုင်း မဲဆန္ဒပေးခွင့် ရှိသောကြောင့် လိင်အရည်အချင်း ကန့်သတ်ချက် (Discrimination of sex) မရှိသော မဲဆန္ဒပေးခွင့်စနစ်ပင်ဖြစ်သည်။ ဥပဒေပြု ပါလီမန်နှစ်ဖွဲ့ကို မဲဆန္ဒနယ်ကိုယ်စားလှယ် တစ်ယောက်စနစ်ဖြင့် ရွေးကောက်တင်မြှောက်ကြသည်။ အဓိကပါတီကြီးများမှာ လေဘာပါတီ၊ ကွန်ဆာဗေးတစ်ပါတီနှင့် ဆိုရှယ်လစ်ပါတီတို့ဖြစ်ကြသည်။

ဥပဒေပြုဌာန
အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ဟူ၍ လွှတ်တော်နှစ်ခုထားရှိသည်။ အောက်လွှတ်တော်ကို ပြည်သူတို့ကို တိုက်ရိုက်ရွေးကောက်တင်မြှောက်ထားသော အမတ်ပေါင်း ၂၆၁ယောက်နှင့် ဖွဲ့စည်းထားသည်။ အစိုးရအဖွဲ့ဝင် ၀န်ကြီးချုပ်နှင့်တကွ ၀န်ကြီးများမှာ အောက်လွှတ်တော်က ပုဂ္ဂိုလ်များသာဖြစ်ကြ၏။ ယင်းလွှတ်တော်၌ ဘဏ္ဍာရေးဥပဒေနှင့် အခြားသော ဥပဒေများပြုလုပ်ပြဌာန်းနိုင်သောကြောင့် အထက်လွှတ်တော်ထက်ပို၍ တန်ခိုးကြီးသည်။

အထက်လွှတ်တော်ကို အမတ်ပေါင်း ၁၀၂ ယောက်ဖြင့် ဖွဲ့စည်းထားသည်။ ၄င်းအမတ်များကို ဘုရင်ခံချုပ်က ရာသက်ပန် ခန့်အပ်ထားခြင်းကြောင့် စီးနိတ်အမတ်များသည် ပြည်သူ့ကိုယ်စားလှယ်အစစ်များ မဟုတ်ကြချေ။ ထို့ပြင် ပြည်နယ်တို့၌ အထက်လွှတ်တော်သို့ ကိုယ်စားလှယ်အညီအမျှ ရွေးကောက်စေလွှတ်ခွင့်မရှိ။ ပြည်နယ်အကျယ်အ၀န်း အလိုက်သာ ကိုယ်စားလှယ်လွှတ်ခွင့်ရရှိကြသည်။

အုပ်ချုပ်ရေးဌာန
ဝန်ကြီးချုပ်နှင့် ၄င်း၏ ကက်ဗိနက်ဝင် ၀န်ကြီးများကို အောက်လွှတ်တော်ပါလီမန်က ရွေးကောက် တင်မြှောက်ရသောကြောင့် ကနေဒါအုပ်ချုပ်ရေးမှာ ပါလီမန်အုပ်ချုပ်ရေးပင်ဖြစ်သည်။ ရုပ်ပြအုပ်ချုပ်ရေးမှူးဖြစ်သော ဘုရင်ခံချုပ် (Governor General) ကိုမူ အင်္ဂလိပ်ဘုရင်ခံက ခန့်အပ်သည်။

တရားစီရင်ရေးဌာန
ကနေဒါတရားရုံးမှ တရားသူကြီးများကို ခန့်အပ်ထားသည်။ ဥပဒေတစ်မျိုးစနစ်ကိုသာ အသုံးပြု၏။ ယင်းတရားရုံးချုပ်မှ နောက်ဆုံးအယူခံဝင်ရာ တရားရုံးပင်ဖြစ်သည်။ သို့ရာတွင် တရားရုံးချုပ်၍ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို ကိုးကားကိုင်စွဲနိုင်ခွင့် အာဏာမရှိပေ။ ကနေဒါနိုင်ငံသည် ပြည်ထောင်စုစစ်သော နိုင်ငံမဟုတ်သောကြောင့် တရားရုံးချုပ်၌ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကိုးကားကိုင်စွဲရန်လည်း မလိုပေ။ ထို့ပြင် ဥပဒေပြုအဖွဲ့သည် ပြည်နယ် တရားဥပဒေများကို ၀င်ရောက်စွက်ဖက်ခွင့်ရှိသည်။

Political Science Part (48)

ၾသစေၾတးလ်

နိုင်ငံ
သြစတေးလျနိုင်ငံသည် ၁၉၀၀ခုနှစ်တွင် ၆ပြည်နယ်တို့ကို ပူးပေါင်းဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံဖြစ်သည်။ ရေးသားသတ်မှတ်ထာသော အာဏာကို ပြည်ထောင်စု အစိုးရလက်ထဲ၌ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ ရေးသားသတ်မှတ်မထားသော အကြွင်းအကျန်အာဏာများကို ပြည်နယ်များ၏လက်ထဲ၌ ထားရှိသောကြောင့် သြစတြေးလျနိုင်ငံသည် ပြည်ထောင်စုနိုင်ငံ တစ်နိုင်ငံဖြစ်သည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ
ပြင်ဆင်ရန်ခက်ခဲ့သော အခြေခံဥပဒေဖြစ်ပြီး ရေးသားမှတ်တမ်းတင်ထားသော ဥပဒေများ ဖြစ်သည်။ ဥပဒေ ပြင်ဆင်ချက်များကို လွှတ်တော်နှစ်ရပ်မှ အတည်ပြုရမည့်အပြင် ပြည်နယ်အများစုက ပြည်သူအများစုတို့ သဘောတူမှသာလျှင် ပြင်ဆင်ချက်အတည်ဖြစ်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ချက် အဆိုကြမ်းကို အောက်လွှတ်တော်ကသာ စတင်၍ အဆိုတင်သွင်းခွင့်ရှိသည်။ အကယ်၍ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပြင်ဆင်ချက် အဆိုကြမ်းနှင့် စပ်လျဉ်း၍လွှတ်တော်နှစ်ခု သဘောတူညီမှုမရပါက ရက်ပေါင်း ၉၀ ခြားပြီး ထပ်၍ ဆွေးနွေးရသည်။ ဒုတိယ အကြိမ် ဆွေးနွေးရသည်။ ဒုတိယအကြိမ် ဆွေးနွေးခြင်းဖြင့် လွှတ်တော်နှစ်ရပ်အနေနှင့် သဘောတူညီချက် မရရှိပါက သြစတြေးလျ ဂါဗာနာဂျင်နရယ်ခေါ် ဘုရင်ခံချုပ်က လွှတ်တော်ကိုဖျက်သိမ်း၍ ပြင်ဆင်ျချက်အဆိုကို ကြိုက် မကြိုက်ပြည်သူ့ဆန္ဒကောက်ခံကြသည်။

ကိုယ်စားလှယ်အမတ်ရွေးချယ်ရေးစနစ်
အသက် ၂၁နှစ်ပြည့်သော သြစတြေးလျသူ သြစတေးလျသားတိုင်း မဲပေးခါင့်ရရှိကြသည်။ ပါတီကြီးနှစ်ခု စနစ်ဖြင့် မဲဆန္ဒတစ်နယ် ကိုယ်စားလှယ်တစ်ယောက်အနေဖြင့် ရွေးကောက်တင်မြှောက်ကြသည်။

ဥပဒေပြုအဖွဲ့
လွှတ်တော်နှစ်ခု စနစ်ကိုအသုံးပြုသည်။ အောက်လွှတ်တော်တွင် အမတ်ပေါင်း ၁၂၃ ယောက် ပါဝင်ပြီး၎င်းတို့ကို ပြည်သူလူထုက တိုက်ရိုက် ရွေးကောက်တင်မြှောက်ကြရသည်။ အောက်လွှတ်တော် အမတ်သက်တမ်းမှာ ၃နှစ်ဖြစ်ပြီး ၄င်းလွှတ်တော်၏ တရားဥပဒေပြုစုရေး အာဏာမှာ အထက်လွှတ်တော်နှင့် ညီမျှသည်။

အထက်လွှတ်တော်ကို ဆီးနိတ်ဟူ၍ ခေါ်ဆိုကြသည်။ ၄င်းအထက်လွှတ်တော်ကို ပြည်နယ်တစ်နယ်မှ အမတ် ၁၀ယောက်စီဖြင့် ဖွဲ့စည်းထားသောကြောင့် အမတ်ပေါင်း ၆၀ပါဝင်သည်။ အထက်လွှတ်တော် အမတ်တို့၏ အမတ်သက်တမ်းမှာ ၆နှစ်ဖြစ်ပြီး ၁/၂ ကို သုံးနှစ် တစ်ကြိမ် ရွေးကောက်ပွဲအသစ် ကျင်းပ၍ ပြန်လည် ရွေးကောက် တင်မြောက်ကြသည်။

ဆီးနိတ်အမတ်များကို အချိုးကျကိုယ်စားလှယ်စနစ်တွင် မဲလွဲပြောင်းပေးသောစနစ်ဖြင့် ရွေကောက်တင်မြှောက်ကြသည်။ ဘဏ္ဍာရေး ဥပဒေကြမ်းကို မတင်သွင်းနိုင်သောကြောင့် အောက်လွှတ်တော်ထက် တန်ခိုးသေးငယ်သည်ဟု ယူဆရပေသည်။

အုပ်ချုပ်ရေးဌာန
အုပ်ချုပ်ရေးအဖွဲ့ကို ပါလီမန်က ရွေးချယ်တင်မြှောက်ရသောကြောင့် ပါလီမန်အုပ်ချုပ်ရေး ဖြစ်သည်။ အုပ်ချုပ်ရေး အာဏာလက်ကိုင်ထားရသည့် အုပ်ချုပ်ရေးအရာရှိအစစ်မှာ ၀န်ကြီးချုပ်နှင့် ၄င်း၏၀န်ကြီးအဖွဲ့ဖြစ်ပြီး ရုပ်ပြအုပ်ချုပ်ရေးမှူးမှာ ဘုရင်ခံချုပ်ဖြစ်သည်။ ၄င်းဘုရင်ခံချုပ်ကို ဗြိတိသျှဘုရင်က ခန့်အပ်ရသည်။ အစိုးရအဖွဲ့ကို ဥပဒေပြုအဖွဲ့က အယုံအကြည်မရှိ အဆိုတင်သွင်း၍ ဖြုတ်ကိုင်သကဲ့သို့ ၀န်ကြီးချုပ်ကလည်း ဥပဒေပြုအဖွဲ့ကို ဖျက်သိမ်းနိုင်သည်။

တရားစီင်ရေးဌာန
ဥပဒေတစ်မျိုးစနစ်ကိုသာ အသုံးပြုသည်။ ပြည်ထောင်စု တရားစီရင်ရေးဌာနမှ တရားသူကြီးများကို ၀န်ကြီးချုပ်က ခန့်အပ်ရ၏ ၄င်းတရားစီရင်ရေးဌာန၌ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများကိုလည်း ၀င်ရောက် စွက်ဖက်နိုင်ခွင့်ရှိသည်။

Political Science Part (47)

ဗြိတိသျှနိုင်ငံ

နိုင်ငံအမျိုးအစား
အင်္ဂလန်နိုင်ငံသည် ၁၂၈၄ ခုနှစ်၌ ဝေလနိုင်ငံနှင့် ပူးပေါင်းပြီး ၁၇၀၁ ခုနှစ် ဥပဒေဖြင့် စကော့တလန်နှင့်ပူးပေါင်းကာ ၁၈၀၀ ခုနှစ် ဥပဒေဖြင့် အိုင်ယာလန် မြောက်ပိုင်းနှင့် နှစ်ပြည့်တစ်ပြည် ပေါင်းစည်းခဲ့သောကြောင့် နိုင်ငံအတွင်း၌ အစိုးရတစ်ဖွဲ့စည်းသာရှိသော ယူနီတရီနိုင်ငံ (Unitary State) ဖြစ်သည်။

ကိုယ်စားလှယ်အမတ်ရွေးချယ်ရေးစနစ်
၁၉၁၉ ခုနှစ်မှစ၍ အသက်၂၁နှစ်ပြည့်သော ဗြိတိသျှနိုင်ငံသူ နိုင်ငံသားတိုင်း မဲဆန္ဒပေးခွင့် ရရှိကြသည်။ မဲဆန္ဒတစ်နယ် ကိုယ်စားလှယ်တစ်ယောက်စနစ်ကို အသုံးပြု၏။ မဲဆန္ဒနယ်ပေါင်း ခန့်မှန်းခြေ ၆၃၀ ခန့် သတ်မှတ်ထားသည်။

အင်္ဂလန်တွင် ပါတီများစွာ ရှိသော်လည်း အဓိကပါတီများမှာမူ...

(၁) လေဘာတီ
(၂) ကွန်ဆာဗေးတစ်ပါတီ
(၃) လစ်ဘရယ်ပါတီ (Liberal) တို့ ဖြစ်ကြသည်။

တန်ခိုးကြီးဆုံးပါတီများမှာ လေဘာပါတီနှင့် ကွန်ဆာဗေးတစ်ပါတီနှစ်ခုသာ ရှိသောကြောင့် "ပါတီနှစ်ခုစနစ်" ဟူ၍ ယူဆနိုင်ပေသည်။

ဥပဒေပြုဌာန
ဥပဒေပြုအဖွဲ့နှစ်ခုရှိသည်။ ၄င်းတို့မှာ အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တို့ ဖြစ်သည်။ အောက်လွှတ်တော်အတွက် ကိုယ်စားလျယ်အမတ်များကို ပြည်သူလူထုက တိုက်ရိုက် ရွေးကောက်တင်မြှောက်ရသည်။ ၄င်းလွှတ်တော်၌ အမတ်သက်တမ်း ၅ နှစ်ရှိသည့် ၆၃၀ သော အတ်များဖြင့် ဖွဲ့စည်းထားသည်။

အစိုးရအဖွဲ့ကို အောက်လွှတ်တော်က ရွေးကောက်တင်မြောက်ရသည်။ ၄င်းလွှတ်တော်တွင် ဘဏ္ဍာရေးဥပဒေများကိုပါ ပြုစုခွင့်ရှိ၏။

အထက်လွှတ်တော် (House of Lords) အမတ်များကို ဘုရင်က ရာသက်ပန်ခန့်အပ်သည်။ ၄င်းလွှတ်တော်ငိ ဂိုဏ်းချုပ် ၂ ပါး၊ ဂိုဏ်းချုပ် ၂၄ ပါး၊ စကော့တလန် မှူးမတ် ၁၆ ယောက်၊ အိုင်ယာလန် မှူးမတ် ၂၇ ယောက်နှင့် မြေပိုင်ရှင်အချို့ အပြင် အခြားသောအမတ် ၇၀၀ ခန့်ဖြင့် ဖွဲ့စည်းထားသည်။

အထက်လွှတ်တော်မှာ ပြည်သူ့ကိုယ်စားများမဟုတ်သောကြောင့် တန်ခိုးမကြီးပေ။ သို့ရာတွင် ၄င်းလွှတ်တော်သည် နောက်ဆုံးအယူခံဝင်ရာ တရားရုံးချုပ်ဖြစ်သည့်ပြင် ၄င်း၌အောက်လွှတ်တော်၏ ဥပဒေပြုချက်များကို တစ်နှစ်တာမျှ ဆိုင်းငံ့ထားနိုင်သော ဗီတိုခေါ် တစ်ချက်လွှတ်ေ အာဏာရှိသည်။

အုပ်ချုပ်ရေးဌာန
ဗြိတိသျှအုပ်ချုပ်ရေးစနစ်သည် ပါလီမန်အုပ်ချုပ်ရေးဖြစ်သည်။ ဘုရင်သည် တိုင်းပြည်၏ အထွဋ်အထွိပ် ရုပ်ပြအုပ်ချုပ်ရေးအာဏာများ ၄င်း၏လက်ထဲ၌မရှိပေ။ ၀န်ကြီးချုပ်နှင့် ၄င်း၏၀န်ကြီးချုပ် အဖွဲ့လက်ထဲ၌သာ အုပ်ချုပ်ရေးအာဏာများရှိသည်။ ထို့ကြောင့် ၀န်ကြီးချုပ်နှင့် ၄င်း၏ "ကက်ဗိနက်" ၀င် ၀န်ကြီးအဖွဲ့သာလျှင် အုပ်ချုပ်ရေးသမား အစစ်များဖြစ်သည်။ ၄င်းတို့ကို ပါလီမန်က ရွေးကောက်တင်မြှောက်ထားပြီး ပါလီမန်ကပင် အယုံအကြည်မရှိအဆို (Non Confidence Motion) တင်ကာ ဖြုတ်ချနိုင်ပေသည်။ ၀န်ကြီးချုပ်အနေဖြင့်လည်း ပါလီမန်ကိုဖျက်သိမ်းနိုင်သည်။

တရားစီရင်ရေးဌာန
တရားရုံးချုပ်ကို တရားသူကြီးပေါင်း ၃၀၀ဖြင့် ဖွဲ့စည်းထားသည်။ ၄င်းတရားသူကြီးများကို ၀န်ကြီျးုပ်၏ အကြံပေးချက်ဖြင့် ဘုရင်ကခန့်အပ်ရသည်။ ၄င်းတို့၏ တရားသူကြီးသက်တမ်းမှာ ရာသက်ပန်ဖြစ်၏။ ဥပဒေဌာနကသာလျှင် ၄င်းတို့ကို ရာထူးမှရပ်စဲနိုင်သည်။ အထက်လွှတ်တော်သည် အယူခံဝင်ရာ တရားသူကြီး သက်တမ်းမှာ ရာသက်ပန်ဖြစ်၏။ ဥပဒေဌာနကသာလျှင် ၄င်းတို့ကို ရာထူးမှရပ်စဲနိုင်သည်။ အထက်လွှတ်တော်သည် အယူခံဝင်ရာ တရားရုံးချုပ်ဖြစ်သောကြောင့် ဥပဒေဌာနသည် တရားစီရင်ရေးဌာနကို ချုပ်ကိုင်ထားခြင်းပင်ဖြစ်သည်။

Political Science Part (46)

ဆွစ်ဇာလန်နိုင်ငံ

နိုင်ငံအမျိုးအစား
ဆွစ်ဇာလန်နိုင်ငံသည် ကင်တွန် (Canton) ခေါ်ပြည်နယ်ပေါင်း ၂၂ ပြည်နယ်တို့ကို စုပေါင်းထားသော ပြည်ထောင်စု နိုင်ငံဖြစ်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် အရေးသား သတ်မှတ်ထားသော အချုပ်အခြာအာဏာများကို ဗဟိုအစိုးရလက်ထက်တွင် ထားရှိပြီး ရေးသားသတ်မှတ်ထားခြင်း မရှိသော ကျန်အာဏာများကို ပြည်နယ်တို့၏ လက်ထဲတွင် ထားရှိသောကြောင့် ဆွစ်ဇာလန်နိုင်ငံသည် ပြည်ထောင်စုစစ်စစ် နိုင်ငံပင် ဖြစ်သည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
ဆွစ်ဇာလန်နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ ခြေခံဥပဒေသည် ပြင်ဆင်ရန် ခက်ခဲသည့် မှတ်တမ်းတင်ထားသော ဥပဒေများဖြစ်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများကို ပြည်သူ့ဆန္ဒကောက်ခံခြင်း (Referendum) မပြုလုပ်ဘဲ ပြင်ဆင်ခြင်း မပြုကြပေ။ နိုင်ငံသား ၅၀၀၀၀ (ငါးသောင်း) တို့က ပြည်သူ့ဆန္ဒတင်ပြခြင်း (Initiative) ပြုသောအခါများတွင်လည်း ဥပဒေကို ပြင်ဆင်ကြသည်။

ကိုယ်စားလှယ်အမတ်များရွေးချယ်ပုံ
ကမ္ဘာပေါ်တွင် မိန်းမများမဲဆန္ဒပေးခွင့် မပြုသောနိုင်ငံမှာ ဆွစ်ဇာလန်နိုင်ငံပင် ဖြစ်သည်။ အသက် ၁၈ နှစ် ပြည့်သော ယောကျာင်္းများသာ မဲဆန္ဒပေးခွင့်ရရှိကြသည်။

အချိုးကျကိုယ်စားလှယ် ရွေးချယ်စနစ် (Propotional Representative) ကို အသုံးပြုသည်။ နိုင်ငံသာ ၂၄၀၀၀ လောက်တွင် ကိုယ်စားလှယ် တစ်ယောက်ကျ ရွေးကောက်တင်မြှောက်ကြသည်။

ဥပဒေပြုဌာန
လွှတ်တော်နှစ်ခုထားရှိသောစနစ်ကို အသုံးပြုသည်။ အောက်လွှတ်တော်ကို အမျိုးသား ကောင်စီ (National Council) ဟူ၍ ခေါ်ဆိုကြပြီး ၄င်းလွှတ်တော်တွင် အမတ်ပေါင်း ၂၀၀ခန့် ပါဝင်ပြီး ၄င်းတို့၏ အမတ်သက်တမ်းမှာ ၄ နှစ် ဖြစ်သည်။ ဘဏ္ဍာရေး ဥပဒေများမှအစ ဥပဒေပြုအာဏာကို အောက်လွှတ်တော်ကသာ ကြိုးကိုင်ထားသည်။

အထက်လွှတ်တော်ကို နိုင်ငံတော်ကောင်စီ (Council of State) ဟူ၍ ခေါ်ဆိုသည်။ ၄င်းလွှတ်တော်ကို ပြည်နယ် ၂၂နယ်တို့မှ အမတ်ပေါင်း ၄၄ ယောက်ဖြင့် ဖွဲ့စည်းထားသည်။ သို့ရာတွင် ပြည်နယ်တစ်နယ်မှ ကိုယ်စားလှယ်အမတ် နှစ်ဦးကျစီသာတူညီမျှ ရွေးကောက်တင်မြှောက်၍ ဖွဲ့စည်းထားခြင်း မဟုတ်ပေ။ ငယ်သော ၆ပြည်နယ်တို့မှ ပြည်နယ်တစ်ခုတွင် အမတ်တစ်ဦးကျစီသာ ရွေးကောက်ခွင့်ရရှိကြသည်။

အထက်လွှတ်တော်အတွက် အမတ်များကို တစ်ချို့ ပြည်နယ်တွင် ရွေးကောက်တင်မြှောက်၍ တစ်ချို့ ပြည်နယ်တွင်မူ ဆိုင်ရာအစိုးရက ခန့်အပ်စေလွှတ်သည်။ ၄င်းတို့၏ အမတ်သက်တမ်းမှာလည်း ပြည်နယ်တစ်ခုနှင့် ပြည်နယ်တစ်ခု မတူညီကြချေ။

အထက်လွှတ်တော်၏ အာဏာမှာအောက်လွှတ်တော်၏ အာဏာနှင့်ညီမျှသည်။ ဆွစ်ဇာလန်နိုင်ငံသည် ပြည်နယ်ထောင်စုနိုင်ငံစစ် သော်လည်း အထက်လွှတ်တော်သည် အမေရိကန်အထက်လွှတ်တော်ကဲ့သို့ အုပ်ချုပ်ရေးဌာနကို ကြိုးကိုင်နိုင်ခွင့် မရှိပေ။ ထို့ပြင်ပြည်နယ်များ၏ အခွင့်အရေးများကိုလည်း ကာကွယ်နိုင်ခွင့် မရှိသောကြောင့် ဆွစ်ဇာလန်အထက်လွှတ်တော်သည် တန်ခိုးကြီးသော လွှတ်တော်တစ်ခုမဟုတ်ပေ။ ဥပဒေရေးရာနှင့် စပ်လျဉ်း၍ တိုင်းသူပြည်သား မဲဆန္ဒရှင်တို့၏ မဲဆန္ဒရှင်တို့၏ မည်သည့်ပြင်ဆင်ချက်ကိုမျှ သဘောဆန္ဒမပါဘဲ မပြုနိုင်သောကြောင့် အထက်လွှတ်တော် တန်ခိုးကြီးရန်မလိုအပ်ပေ။

အုပ်ချုပ်ရေးဌာန
ဆွစ်ဇာလန်အုပ်ချုပ်အဖွဲ့ (၀ါ) အစိုးရအဖွဲ့ကို ဆွစ်ဇာလန် ဥပဒေပြုအဖွဲ့က ရွေးကောက်တင်မြှောက်အဖွဲ့က ရွေးကောက်တင်မြှောက်ရသည်။ သို့ရာတွင် ဥပဒေပြုအဖွဲ့သည် ၄င်းတင်မြှောက်သော အစိုးရအဖွဲ့ကို ဖျက်သိမ်းခွင့် မရှိသောကြောင့် ဆွစ်ဇာလန် အုပ်ချုပ်ရေးစနစ်ကို ဥပဒေပြုအဖွဲ့က ရွေးချယ်တင်မြှောက်ရသည့် မြဲသော အုပ်ချုပ်ရေး (Fixed Executive) ဟူ၍ ယူဆရပေမည်။

ဥပဒေပြုဌာနက ၇ဦး ပါဝင်သော အုပ်ချုပ်ရေးအဖွဲ့ကို ရွေးကောက်တင်မြှောက်ရ၏။ ၄င်းအုပ်ချုပ်ရေးအဖွဲ့ကို ပြည်ထောင်စုကောင်စီ (Federal Council) ဟူ၍ ခေါ်ပြီး ၄င်းကောင်စီအုပ်ချုပ်ရေးအရာရှိ ၇ဦး၏ ရာထူးသက်တမ်းမှာ ၄နှစ်ဖြစ်သည်။ သို့ရာတွင် သက်တမ်းစေ့တိုင်း ပြန်လည်၍ ယှဉ်ပြိုင်အရွေးခံခွင့်ရှိသည်။ အုပ်ချုပ်ရေးအရာရှိ ၇ဦးအနက် သမ္မတအပြင် ၀န်ကြီးချုပ်နှင့် အဆင့်အတန်းညီမျှသော ချန်စီလာ (Charncellor) တစ်ယောက်ကိုလည်း ရွေးကောက်တင်မြှောက်၍ တိုင်းပြည်ကို အုပ်ချုပ်သည်။ တစ်နည်းအားဖြင့် ပုဂ္ဂိုလ် ၇ ဦးပါဝင်သော "ပြည်ထောင်စုကောင်စီ" ခေါ် အစိုးရအဖွဲ့ဖြင့် တိုင်းပြည်ကိုအုပ်ချုပ်ခြင်းပင် ဖြစ်သည်။

တရားစီရင်ရေးဌာန
ပြည်ထောင်စုတရားရုံးချုပ်အတွက် တရားသူကြီး ၃၀ကျော်ကို ပြည်ထောင်စု ဥပဒေပြုအဖွဲ့က ရွေးကောက်တင်မြှောက်သည်။ တရားသူကြီးတို့၏ တရားသူကြီးအဖြစ် သက်တမ်း ၆နှစ်ဖြစ်၏။ ၄င်းပြည်ထောင်စု တရားရုံးချုပ်မှာ "နောက်ဆုံးအယူခံဝင်ရာ တရားရုံးချုပ်ပင်ဖြစ်သည်။ ၄င်းတရားရုံးချုပ်သည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ကိုးကားကိုင်စွဲနိုင်ခွင့် ရှိသော်လည်း ၄င်း၏ဆုံးဖြတ်ချက်များကို ပြည်ထောင်စု ဥပဒေပြုအဖွဲ့က ပယ်ဖျက်နိုင်သည်။ ထို့ကြောင့် ပြည်နယ်တို့၏ အခွင့်အရေးများကို ထိပါးနိုင်သည်ဟု ထင်ရသည်။ သို့ရာတွင် ပြည်သူတို့သည် အစိုးရကို တိုက်ရိုက်ကြိုးကိုင်နိုင်သောစနစ် (Direct Democratic Checks) ကို အသုံးပြုသောကြောင့် ပြည်နယ်များအနေဖြင့် လုံခြုံမှုရရှိကြပေသည်။

Political Science Part (45)

ကမ္ဘာတိုင်းပြည်များ နှိုင်းယှဉ်ချက်

တိုင်းပြည်တစ်ပြည်နှင့် တစ်ပြည် ကွဲပြားခြားနားပုံကို တိကျစွာ သိရှိလျှင် အောက်ဖော်ပြပါ အချက်များအပေါ်မူတည်၍ နှိုင်းယှဉ်ကြည့်သင့်ပေသည်။

၎င်းတို့မှာ ...
(၁) နိုင်ငံအမျိုးအစား။
(၂) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ။
(၃) ကိုယ်စားလှယ်အမတ် ရွေးချယ်ရေးစနစ်။
(၄) ဥပဒေပြုအဖွဲ့။
(၅) အုပ်ချုပ်ရေးအဖွဲ့။
(၆) တရားစီရင်ရေးအဖွဲ့ စသည်တို့ဖြစ်သည်။

၁။နိုင်ငံအမျိုးအစား ခွဲခြားကြည့်ရာတွင် ယူနီတရီ နိုင်ငံနှင့် ပြည်ထောင်စုနိုင်ငံမျိုးလောက်သာ ခွဲခြားမကြည့်ဘဲ ပြည်ထောင်စု စစ်သောနိုင်ငံနှင့် ပြည်ထောင်စု မစစ်သောနိုင်ငံများအပြင် ပြည်ထောင်စုနိုင်င့များ အမျိုးမျိုး အစားစား ကွပြားခြားနားပုံကိုလည်း လေ့လာသင့်ပေသည်။

၂။ ဖွဲ့စည်းအုပ်ချုပ်ပုအခြေခံဥပဒေကို လေ့လာရာတွင် ပြင်ဆင်ရန်လွယ်ကူသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပြင်ဆင်ရန် ခက်ခဲသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံများ အပြင် ရေးသားမှတ်တမ်းတင်ထားသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေနှင့် ရေးသားမှတ်တမ်းတင်မထားသော ဥပဒေများနှင့်တကွ ၄င်းဥပဒေတို့၏ အကျိုးအပြစ်များကိုလည်း တစ်ဆက်တည်း လေ့လာသင့်ပေသည်။

၃။ တိုင်းပြည်အချင်းချင်း နှိုင်းယှဉ်ကြည့်ရာတွင် ဥပဒေပြုဌာနဖွဲ့စည်းရန်အတွက် ကိုယ်စားလှယ် အမတ်များ ရွေးချယ်ပုံ စနစ်အမျိုးမျိုးကိုလည်း နှိုင်းယှဉ်ကြည့်ရပေမည်။ ယင်းသို့ နှိုင်းယှဉ်ကြည့်ရာတွင် မည်သူက မည်သူ့ကို မည်ကဲ့သို့ ရွေးချယ်သနည်းဆိုသော မေးခွန်းပြေလည်အောင် ဖြေဆိုရန်လိုသည်။

ကမ္ဘာ့နိုင်ငံများတွင် ...
(၁) မဲဆန္ဒရှင်တို့၏ အရညအချင်းသတ်မှတ်မှု ကွဲပြားခြင်း။
(၂) မဲဆန္ဒနယ် သတ်မှတ်ပုံချင်း မတူညီပုံ။
(၃) မဲပေးရွေးကောက်ပုံချင်း ခြားနားပုံများကို တွေ့ရှိရပေမည်။

၎။ဥပဒေပြုအဖွဲ့များကို ဖွဲ့စည်းပုံ၊ ၄င်းတို့၏ တန်ခိုးအားဏာများကို လေ့လာကြည့်ခြင်း ဖြင့်လည်း ကမ္ဘာ့နိုင်ငံများအချင်းချင်း မတူညီကွဲပြားခြားနားပုံကို သိရှိနိုင်ပေသည်။

ဥပဒေပြုအဖွဲ့ကိုလေ့လာရာတွင်...
(၁) လွှတ်တော်တစ်ခုတည်းရှိသောစနစ်
(၂) လွှတ်တော်နှစ်ခုထားရှိသောစနစ်
(၃) ၄င်းလွှတ်တော်များကို ဖွဲ့စည်းပုံနှင့်
(၄) ၄င်းလွှတ်တော်တို့၏ တန်ခိုးအာဏာတို့ကို လေ့လာရပေမည်။

၅။ကမ္ဘာ့နိုင်ငံတိုင်း၌ အုပ်ချုပ်ရေးဌာနများရှိပြီး ၄င်းအုပ်ချုပ်ရေးဌာနတို့သည် တစ်တိုင်းပြည်နှင့် တစ်တိုင်းပြည် တူညီခြင်းမရှိပေ။ ထို့ကြောင့် နိုင်ငံအချင်းချင်း ကွဲပြားခြားနားပုံကို နှိုင်းယှဉ်ကြည့်လိုသော နိုင်ငံတို့၏ အုပ်ချုပ်ရေးဌာနတို့ ကွဲပြားခြားနားပုံကို လေ့လာကြည့်ရမည်။ ကမ္ဘာ့အုပ်ချုပ်ရေးဌာနများမှာ...

(၁)ပါလီမန်အုပ်ချုပ်ရေး
(၂)သမ္မတအုပ်ချုပ်ရေး
(၃)ဘုရင်အုပ်ချုပ်ရေး
(၄)ကော်မတီအုပ်ချုပ်ရေး စသည်ဖြင့် အမျိုးမျိုးကွဲပြားလျက်ရှိသည်။ ထို့ပြင် ရုပ်ပြအုပ်ချုပ်ရေး Nominal Executive နှင့် တကယ့်အုပ်ချုပ်ရေး Real Executive တို့၏ ကွဲပြားခြားနားပုံကိုလည်း လေ့လာရပေမည်။

၆။ကမ္ဘာ့နိုင်ငံတိုင်းမှ အစိုးရဌာနတိုင်းတွင် တရားစီရင်ရေးဌာနများရှိကြသည်။ တရားစီရင်ရေးဌာနချင်း တူညီသော်လည်း ၄င်းတို့ကို ဖွဲ့စည်းပုံများမှာ တစ်ပြည်နှင့် တစ်ပြည် မတူညီကြပေ။ ထို့ပြင် နိုင်ငံတစ်ချို့ တွင် နိုင်ငံသားအားလုံးအတွက် တရားဥပဒေတစ်မျိုးသာရှိပြီး တစ်ချို့ နိုင်ငံတွင် အစိုးရအရာထမ်းအမှုထမ်းများအတွက် ဥပဒေတစ်မျိုး၊ သာမန်အရပ်သူ အရပ်သားအတွက် ဥပဒေမျိုးစသဖြင့် ဥပဒေနှစ်မျိုးနှစ်စား ထားရှိသည်ကို တွေ့ရသည်။

တရားရုံးဖွဲ့စည်းပုံ၊ တရားသူကြီးများကို ခန့်အပ်ပုံ၊ တရားသူကြီးများကို တရာထူးမှရပ်စဲပုံ၊ တရားရုံး၏ တန်ခိုးအာဏာစသည်တို့မှာလည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံထပ်တူထပ်မျှ တူညီနေကြသည် မဟုတ်ပေ။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံအချင်းချင်း ကွဲပြားခြားနားပုံကိုလည်း လေ့လာကြည့်ရှုသင့်ပေသည်။ ထို့ကြောင့် ၄င်းမူ "၆" ချက်ဖြင့် နိုင်ငံအသီးသီးကို လေ့လာကြရပေမည်။

အမေရိကန်ပြည်ထောင်စု

နိုင်ငံအမျိုးအစား
အမေရိကန်နိုင်ငံသည် ပြည်နယ်ပေါင်း ၅၀ ကို စုပေါင်းဖွဲ့စည်းထားသောကြောင့် ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထို့ပြင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ သတ်မှတ်ဖော်ပြထားသော အချုပ်အခြာအာဏာ Sovereignty တစ်ချို့ ကို ဗဟိုအစိုးရ (၀ါ) ပြည်ထောင်စုအစိုးရလက်ထဲ၌ ထား၍ အခြေခံဥပဒေ၌ သတ်မှတ်ဖော်ပြထားခြင်း မရှိသော ကျန်ရှိသည့် အချုပ်ချာအာဏာ (၀ါ) အကြွင်းအကျန်အာဏာများ Reserve of Power ကိုပြည်နယ်တို့၏ လက်ထဲတွင် ထားရှိသောကြောင့် အမေရိကန်နိုင်ငံသည် "အမေရိကန်နိုင်ငံသည် "ပြည်ထောင်စုစစ်သောနိုင်ငံ" Hith Federalised State ဖြစ်သည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ပြင်ဆင်ရန် ခက်ခဲသောဥပဒေ Rigid Constitution ဖြစ်၏။ အကြောင်းမှာ ၄င်းအခြေံဥပဒေကို ရိုးရိုးနည်းဖြင့် ပြင်ဆင်၍ မရသောကြောင့်ပင် ဖြစ်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်လိုလျှင်၂/၃ သော ကွန်ကရက် (လွှတ်တော်နှစ်ရပ်ပေါင်း) အမတ်များကသော်လည်းကောင်း၊ ၂/၃ သော ပြည်နယ်များကသော်လည်းကောင်း ၄င်းပြင်ဆင်ချက်အဆိုကို တင်သွင်းရသည်။ အနည်းဆုံး ၃/၄ သောကွန်ကရက် အမတ်များက သဘောတူထောက်ခံမှသာလျှင် ပြင်ဆင်ချက်အဆိုကို အတည်ပြုသည်။ ထို့ပြင်အမေရိကန်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ရေးသားမှတ်တန်းတင်ထားသော ဥပဒေ Documentry ဖြစ်ပေသည်။

ကိုယ်စားလှယ်ရွေးကောက်ချယ်ရေးစနစ်
၁၉၂၀-ခုနှစ်မှစ၍ အသက် ၂၀ပြည့်သော အမေရိကန်သူ/အမေရိကန်သားတိုင်း မဲဆန္ဒ ပေးခွင့်ရရှိကြသည်။ မဲဆန္ဒပေးခွင့်ရရှိကြသည်။ မဲဆန္ဒတစ်နယ် ကိုယ်စားလှယ်တစ်ယောက် စနစ် (Single Member Constituency System) ဖြင့် မဲဆန္ဒနယ်ပေါင်း ၄၃၆ နယ်သတ်မှတ်ပြီး အောက်လွှတ်တော်အတွက် ကိုယ်စားလှယ်များ ရွေးကောက်တင်မြောက်ကြသည်။ အထက်လွှတ်တော် (စီးနိတ်) အတွက် မဲဆန္ဒနယ်များမှ ပြည်နယ်နှစ်ခုစနစ် (Bi-Party System) ကို အသုံးပြုသောကြောင့် ရွေးကောက်ပွဲများတွင် "ရီပတ်ဘလစ်ကင်" (Republican) ပါတီနှင့် "ဒီမိုကရက်တစ်" (Democrat) ပါတီတို့ ယှဉ်ပြိုင်အရွေးခံကြသည်။

အထက်လွှတ်တော်အတွက် စီးနတ်အမတ်နှစ်ဦးစီကို ပြည်နယ်တိုင်းမှ ပြည်သူတို့က ရွေးကောက်တင်မြှောက်ပြီး အောက်လွှတ်တော်အမတ်များကိုမူ လူဦးရေအလိုက် အချိုးကျ ရွေးကောက်တင်မြောက်ကြသည်။

အမေရိကန်ပြည်ထောင်စုတွင် ဥပဒေပြုဌာနအဖြစ်ဖြင့် အထက်လွှတ်တော် (Senate) နှင့် အောက်လွှတ်တော် (House of Representative)ဟူ၍ လွတ်တော်နှစ်ခုရှိသည်။ ထို့ကြောင့် လွှတ်တော်အမတ်တို့၏ အမတ်သက်တမ်းမှာမူ ၂နှစ်သာ ဖြစ်သည်။

အထက်လွှတ်တော်အတွက် ကိုယ်စားလှယ် အတ်များကို ပြည်နယ်တိုင်းမှ နှစ်ဦးကျစီ ရွေးကောက်ဖွဲ့စည်းထားသော်လည်း အောက်လွှတ်တော်ကိုယ်စားလှယ် အမတ်များကိုမူ ပြည်နယ်တို့၌ နေထိုင်ကြသော လူဦးရေနည်းသာ နီဗားဒါးပြည်နယ်ကလေးကမူ ကိုယ်စားလှယ်အမတ် ၁ယောက်သာ ရွေးကောက်တင်မြှောက်ခွင့် ရရှိပေသည်။

အထက်လွှတ်တော်အတွက် ကိုယ်စားလှယ် အတ်များကို ပြည်နယ်တိုင်းမှ နှစ်ဦးကျစီ ရွေးကောက် ဖွဲ့စည်းထားသော်လည်း အောက်လွှတ်တော်ကိုယ်စားလှယ် အမတ်များကိုမူ ပြည်နယ်တို့၌ နေထိုင်ကြသော လူဦးရေနည်းသာ နီဗားဒါးပြည်နယ် ကလေးကမူ ကိုယ်စားလှယ် ၁ယောက်သာ ရွေးကောက်တင်မြှောက်ခွင့်ရရှိပေသည်။

လွှတ်တော်နှစ်ရပ်၏ ဥပဒေပြုခွင့်အာဏာမှာ တူညီသော်လည်း အထက်လွှတ်တော်၌ အုပ်ချုပ်ရေးဌာနကို ကြိုးကိုင်ထိန်းသိမ်းနိုင်ခွင့် ပြည်နယ်တို့၏ အခွင့်အရေးများကို ကာကွယ်နိုင်ခွင့် အပြည်ပြည်ဆိုင်ရာ စာချုပ်များကို အတည်ပြုခွင့်နှင့် ဗဟိုအစိုးရရာထူးကြီးများ ခန့်အပ်ခြင်းကို သလောတူညီချက် ပြုနိုင်ခြင်းတို့ကြောင့် အောက်လွှတ်တော်ထက် တန်ခိုးကြီးသည်။

အုပ်ချုပ်ရေးဌာန

အမေရိကန်အုပ်ချုပ်ရေးဌာန၏ အကြီးဆုံးပုဂ္ဂိုလ်သည် အမေရိကန်သမ္မတပင်ဖြစ်သည်။ သမ္မတသက်တမ်းမှာ ၄နှစ် ဖြစ်ပြီး ၄င်းသမ္မတကို ပြည်သူလူထုက သွယ်ဝိုက်သောနည်းများဖြင့် ရွေးကောက်တင်မြောက်ကြသည်။

အမေရိကန်သမ္မရွေးကောက်ရာတွင် ပါတီစနစ်ကိုအသုံးပြုသောကြောင့် ပါတီတစ်ခုမှ အမေတ်လောင်းတစ်ဦးအား မဲပေးခြင်းသည် ၄င်းပါတီမှ ရွေးချယ်ထားသော သမ္မတလောင်းကို မဲပေးခြင်းမည်ပေသည်။ အကြောင်းမှာ ရွေးကောက်ပွဲတွင် အမတ်အများဆုံး အရွေးချယ်ခံရသောပါတီမှ ရွေးချယ်တင်မြောက်ထားသော သမ္မတလောင်းသည် သမ္မတဖြစ်လာရသောကြောင့်ပင်ဖြစ်၏။

အမေရိကန်သမ္မတသည် အုပ်ချုပ်သူအစစ် Real Executive ဖြစ်သကဲ့သို့ ရုပ်ပြအုပ်ချုပ်သူတစ်ယောက်လည်း ဖြစ်သည်။ အကြောင်းမှာ အမေရိကန်သမ္မတသည် အိန္ဒိယ၀န်ကြီးချုပ်တစ်ယောက်ကဲ့သို့ အုပ်ချုပ်ရေးအာဏာများကို လက်ကိုင်ပြု၍ တိုင်းပြည်ကိုတကယ်တမ်းအုပ်ချုပ်နေသကဲ့သို့ အခြားတစ်ယောက်တွင်လည်း အုပ်ချုပ်ရေးအာဏာများ လက်ဝယ်မရှိသော အိန္ဒိယရုပ်ပြအုပ်ချုပ်ရေးသမ္မတကဲ့သို့ အဆောင်ယောင် အခမ်းအနားကိစ္စရပ်များကို ဆောင်ရွက်နေရသောကြောင့်ပင် ဖြစ်သည်။

အမေရိကန်သမ္မသည် အမေရိကန်ဥပဒေပြုအဖွဲ့ဖြစ်သော ကွန်ဂရက်ခေါ် ပါလီမန်နှင့် လုံးဝကင်းလွတ်နေသည်။ ထို့ကြောင့် ပါလီမန်အုပ်ချုပ်ရေးတွင် ပါလီမန်သည် ၀န်ကြီးချုပ်ကို ဖြုတ်ချနိုင်သကဲ့သို့ အမေရိကန်ပါလီမန်သည် အမေရိကန် သမ္မတကို ၄င်း၏သမ္မတသက်တမ်း ၄နှစ်အတွင်း ဖြုတ်မချနိုင်ပေ။ ထို့ကြောင့် အမေရိကန် အုပ်ချုပ်ရေး စနစ်ကို ပါလီမန်ကို တာဝန်မခံသော (၀ါ) ပါလီမန်နှင့် ဆက်စပ်မှုမရှိသော အုပ်ချုပ်ရေး Fixed Executive ဟူ၍ ခေါ်ဆိုသည်။

အမေရိကန်အုပ်ချုပ်ရေးစနစ်တွင် ပါလီမန်သည် သမ္မတကို ဖြုတ်မချနိုင်သကဲ့သို့ သမ္မတသည်လည်း ပါလိမန်ကိုဖျက်သိမ်းခွင့် မရှိပေ။ သမ္မတသည် ၄င်း၏အစိုးရအဖွဲ့အတွက် ၄င်းခန့်ချင်သော လူကိုဝန်ကြီးခန့်ခွင့်ရှိသည်။ ၄င်း၏ပါတီနှင့် ပါလီမန်အမတ်မဟုတ်သူကိုပင် ၀န်ကြီးအဖြစ် ခန့်နိုင်ခွင့်ရှိသည်။ နိုင်ငံခြားရေး မူဝါဒမှာလည်း သမ္မတ၏ သဘောအတိုင်းသာဖြစ်သည့်အပြင် သမ္မတသည် ၄င်း၏ပါတီမှတစ်ဆင့် တရားဥပဒေပြုစုခြင်းတွင်လည်း တန်ခိုးသြဇာလွှမ်းမိုးနိုင်ပေသည်။ ထို့ပြင် အမေရိကန်သမ္မတသည် လက်နက်ကိုင် တပ်ပေါင်းစု၏ စစ်သေနာပတိချုပ်လည်း ဖြစ်ပေသည်။ ထို့ကြောင့် အမေရိကန်သမ္မတသည် ကမ္ဘာပေါ်တွင် တန်ခိုးအကြီးဆုံးသော သမ္မတဖြစ်သည်။

တရားစီရင်ရေးဌာန
ပြည်ထောင်စုတရားစီရင်ရေးဌာနသည် ပြည်ထောင်စု၏ တရားရုံးချုပ်ပင်ဖြစ်သည်။ ၄င်းတရားရုံးချုပ်တွင် တရားသူကြီး ၆ယောက်ရှိပြီး ၄င်းတို့ကို စီးနိတ်ခေါ် အထက်လွှတ်တော်၏ သဘောတူညီချက်ဖြင့် သမ္မတခန့်အပ်ထားသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ်ရန်သည် ယင်းဗဟိုအစိုးရ၏ တရားစီရင်ရေးဌာနပင်ဖြစ်သည်။ ဗဟိုအစိုးရနှင့် ပြည်နယ်တို့ကြား ဖြစ်ပေါ်လာသော ပြဿနာများကိုလည်း ၄င်းတရားစီရင်ရေးဌာနသည် ပြည်နယ်တို့၏ တရားဥပဒေများကို ထိပါးခွင့်မရှိပေ။

Political Science Part (44)

(၄)ကိုယ်စားလှယ်အမတ်ကို ပြန်လည်ရုပ်သိမ်းနိုင်ခွင့်

မဲဆန္ဒရှင်များသည် ၄င်းတို့ရွေးကောက် တင်မြောက်ထားသော ကိုယ်စားလှယ်အမတ်များကို ၄င်းတို့ အမတ် သက်တမ်းမပြည့်မီအတွင်း ပြန်လည် ဖြုတ်ချနိုင်ခြင်းကို ကိုယ်စားလှယ်အမတ်ပြည်လည်ရုပ်သိမ်းခြင်း (Recall) ဟူ၍ ခေါ်ဆိုကြသည် ဥပဒေပြုအမတ်များကို ပြည်သူမဲဆန္ဒရှင်များက ရွေးကောက် တင်မြောက်ကြရသည်။ ၄င်းအမတ်တို့၏အမတ် သက်တမ်းမှာ ၄နှစ် သို့မဟုတ် ၅နှစ်ဖြစ်၏။ မဲဆန္ဒရှင်လူထုသည် ၄င်းတို့ကို အလေးမမူဂရုမစိုက်ဟု ယူဆပါက ထိုအမတ်ကိုဖြုတ်ချ၍ ၄င်းနေရာတွင် တခြားသူတစ်ယောက်ကို ရွေးကောက်တင်မြောက်ပြီး အစားထိုးနိုင်ပေသည်။

ကိုယ်စားလှယ်အမတ်ကို ပြန်လည်ရုပ်သိမ်းနိုင်သော စနစ်ကို တစ်ချို့ သော အမေရိကန် ပြည်ထောင်စု၏ ပြည်များတွင် အသုံးပြုကြသည်။ ယင်းစနစ်ကို အသုံးပြုခြင်းဖြင့် ကိုယ်စားလှယ်အမတ်များနှင့် မဲဆန္ဒရှင်များကို လျစ်လျူရှု၍ မဖြစ်နိုင်တော့ပေ။ မဲဆန္ဒရှင်များ၏ အလိုဆန္ဒနှင့်ဆန့်ကျင်သော အမတ်သည် ၄င်း၏ အမတ်သက်တမ်းအတွင်း၌ပင် ဖြုတ်ချခြင်းခံရပေမည်။ ထို့ကြောင့် အာဏာရှင်စနစ်၊ ဗြူရိုကရက်စနစ်စသည်တို့ ပေါ်ပေါက်ရန်ခဲယဉ်းလှပေသည်။ ယင်းစနစ်ကို အသုံးမချနိုင်ပါက အမတ်တစ်ယောက်သည် အမတ်ဖြစ်သည့် နေ့မှစ၍ မဲဆန္ဒရှင်များကို အလေးမှု၊ ဂရုမစိုက်၊ မထေလေးစားပြုလုပ်ငြားလည်း ၄င်းအမတ်ကို ဖြုတ်ချနိုင်သော စနစ်သည် ကောင်းသောစနစ်တစ်ခုဟူ၍ မှတ်ယူနိုင်ပေသည်။ ထို့ကြောင့် လူထုတွင် နစ်နာပေလိမ့်မည်။ အထက်ပါ အကြောင်းအရာများကို ထောက်ရှုပါက ကိုယ်စားလှယ်အမတ်ကို အဲဆန္ဒရှင်တို့အနေဖြင့် သဘောမကျသောနေ့တွင် ဖြုတ်ချနိုင်သော စနစ်သည်ကောင်းသော စနစ်တစ်ခုဟူ၍ မှတ်ယူနိုင်ပေသည်။ သို့ရာတွင် ၄င်းစနစ်၌ အောက်ပါ အတိုင်းမကောင်းသော အချက်များလည်းရှိနေပေသည်။

ကိုယ်စားလှယ်အမတ်ကို ပြန်လည် ရုပ်သိမ်းနိုင်သော စနစ်၏ မကောင်းကျိုးများ

၁။ မဲဆန္ဒရှင်ပြည်သူလူထုမလက်ထဲတွင် ၄င်းတို့တင်မြောက်ထားသော အမတ်ကို ၄င်းတို့မကြိုက်မနှစ်သေက်သော အချိန်တွင် ပြည်လည်ဖြုတ်ချနိုင်သော အခွင့်အာဏာရှိနေပါက အမတ်များအနေဖြင့် လွတ်လပ်စွာ တာဝန်ဝတ္တ၇ားများကို ထမ်းဆောင်နိုင်တော့မည် မဟုတ်ပေ။ အမတ်များသည် ၄င်းတို့၏ သက်တမ်းဆိုင်ရာ မဲဆန္ဒရှင်များကို အမြဲတမ်းကြောက်နေသောကြောင့် ပြုသင့်ပြုထိုက်သော ဥပဒေများကိုပင် မဲဆန္ဒရှင်တို့အနေဖြင့် မကြိုက်ပါက ပြုလုပ်ဝံ့ကြလိမ့်မည် မဟုတ်ပေ။ ယင်းသို့ ဆောင်ရွက်သင့်ဆောင်ရွက်ထိုက်သော ကိစ္စရပ်များကို မဆောင်ရွက်နိုင်သောကြောင့် တိုင်းပြည်နစ်နာနိုင်၏။ ထို့ပြင် ခေါင်းဆောင်အနေဖြင့် တင်မြောက်ခံထားရသော အမတ်သည် မဲဆန္ဒရှင် ပြည်သူတို့၏ ကျေးကျွန်သာလျှင် ဖြစ်နေပေလိမ့်မည်။

၂။ ပြည်သူလူထုသည် ၄င်းတို့၏ဆန္ဒနှင့် ဆန့်ကျင်ဘက်ပြုသော အမတ်များကို ပြန်လည်ဖြုတ်ချနိုင်ရန် ပေးထားသော အခွင့်မရေးကို မှန်ကန်စွာ အသုံးချနိုင်အောင် ပညယ အဆင့်အတန်းမြင့်မားနေရန်လိုသည်။ လူထုအနေဖြင့် နိုင်ငံတော်နှင့် တကွ စဉ်းစားဆင်ခြင်နိုင်သော ပညာဥာဏ် ကင်းမဲ့နေပါက ဟိရိသြတ္တပ္ပမရှိသော နိုင်ငံရေးသမားတို့၏ မဟုတ်မမှန် လုပ်ကြံမှုများကြောင့် အမတ်ဖြုတ်ချပွဲများနှင့် အမတ်ပြန်လည် ရွေးကောက်ပွဲများဖြင့်သာ အချိန်ကုန်နေပေလိမ့်မည်။

Political Science Part (43)

ဒီမိုကရေစီထိန်းသိမ်းခွင့်အာဏာအမျိုးအစားများ

(၁) ကိုယ်ပိုင်ဆုံးဖြတ်ခွင့် (Plebiscite)
(၂) ပြည်သူ့ဆန္ဒကောက်ခံခြင်း (Referendum)
(၃) ပြည်သူ့ဆန္ဒတင်ပြခြင်း (Popular Initiative)
(၄) ကိုယ်စားလှယ်အမတ်ကို ပြည်လည်ရုပ်သိမ်းခွင့် (Recall)

(၁) ကိုယ်ပိုင်ဆုံးဖြတ်ခွင့်

ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဆိုသည်မှာ တိုင်းရေးပြည်ရေးနှင့် စပ်လျဉ်းပြီး အလွန်အရေးကြီးသော ကိစ္စရပ်များကို အစိုးရအနေဖြင့် ဆုံးဖြတ်နိုင်ခွင့်မရှိခြင်း၊ သို့မဟုတ် ဆုံးဖြတ်ခြင်းငှာ မတတ်နိုင်သော အခါများတွင် ပြည်သူတို့ကိုဆုံးဖြတ်စေခြင်းပင် ဖြစ်၏။ ယင်းသို့ တိုင်းရေးပြည်ရေးနှင့် စပ်လျဉ်းပြီး ပြည်သူတို့ကိုယ်တိုင် ၄င်းတို့၏ ဆန္ဒအတိုင်း ဆုံးဖြတ်ဆောင်ရွက်ခြင်းကို "ကိုယ်ပိုင်ဆုံးဖြတ်ခွင့်" Plebiscite ဟူ၍ ခေါ်ဆိုပေသည်။

ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ၁၈၊၁၉၊၂၀ ရာစုနှစ်များတွင် အသုံးပြုခဲ့သည်။ ပထမ ကမ္ဘာစစ်အပြီးတွင် ယင်းကိုယ်ပိုင်ဆုံးဖြတ်ခွင့် စနစ်ကြောင့် ပိုလန်နိုင်ငံနှင့် ချက်ကိုစလိုဗေးကီးယားနိုင်ငံများသည် လွတ်လပ်သောနိုင်ငံများ ဖြစ်လာခဲ့ကြပေသည်။ အဲ့လ်စေ့လိုရင်း Alsace Lorraine သည်လည်း ယင်းစနစ်အရပင် ပြင်သစ်နှင့် ပြန်လည်ပူးပေါင်းခဲ့ပေသည်။ ပြင်သစ်ပြည် စစ်ဘုရင် နပိုလီယံသည်လည်းကောင်း၊ ဂျာမဏီပြည်၏ အာဏာရှင်ဟစ်တလာသည်လည်းကောင်း ကိုယ်ပိုင်ဆုံးဖြတ်ခွင့်စနစ်ကို အသုံးပြုခဲ့၏။

ပထမကမ္ဘာစစ်တွင် ဂျာမစီစစ်ရုံးသောအခါ ပြင်သစ်သည် ဆားဗ့်ဆင်းန်နယ် Sar Distic ကိုတောင်းဆိုခဲ့သည်။ ဗြိတိန်နှင့်အမေရိကန်တို့က ကန့်ကွက်ပြီး ၄င်းဆားဗ့်ဆင်းန်ဒေသကို နိုင်ငံပေါင်းချုပ် League if Nation အောက်တွင် ၁၅ နှစ်ထားရန် ၁၅ နှစ်ပြည့်လာသောအခါ ၄င်းဒေသတွင်ရှိသောလူမျိုးများကို နိုင်ငံပေါင်းချုပ် လက်အောက်တွင်ဖြစ်စေ၊ ပြင်သစ်နှင့်ဖြစ်စေ၊ ဂျာမဏီနှင့်ဖြစ်စေ ပြန်လည်ပူးပေါင်းနိုင်သော ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ပေးထားခဲ့ကြပေသည်။ ၁၉၃၅ ခုနှစ်တွင် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အရ ပြည်သူများသည် ၄င်းတို့ဆန္ဒအတိုင်း ဆုံးဖြတ်၍ ဂျာမဏီနှင့် ပြန်လည်ပူးပေါင်းသွားခဲ့၏။

ကက်ရှမီးယားနယ်ကို သူပိုင်ငါပိုင် အငြင်းပွားနေသော အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံများကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်စနစ်ဖြင့် ဆုံးဖြတ်ကြရန် အကြံပေးသူများ ရှိသော်လည်း ယနေ့အထိမူ ၄င်းစနစ်ကို အသုံးမပြုသေးပေ။

တိုင်းပြည်ရေးရာများနှင့် စပ်လျဉ်းပြီး ကိုယ်ပိုင်ဆုံးဖြတ်ခွင့်စနစ်ကို အသုံးပြုခြင်းဖြင့် အေးချမ်းစွာပြီးနိုင်သည့်အပြင် ဒီမိုကရေစီသဘော သက်ဝင်သောကြောင့် ကောင်းသည်ဟုယူဆနိုင်၏။ သို့ရာတွင် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် စနစ်၌ အောက်ပါအတိုင်း မကောင်းကျိုးက များနေသည်ကို တွေ့ရပေသည်။

ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၏ မကောင်းကျိုးများ

၁။ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို တိုင်းရေးပြည်ရေးနှင့် စပ်လျဉ်းပြီး လူထုကိုဆုံးဖြတ်စေခြင်း ဖြစ်သောကြောင့် အမှားတစ်ခုကို ဆုံးဖြတ်ပြီးလျှင် ပြန်ပြင်နိုင်ခြင်းမရှိပေ။ တစ်ခါဆုံးဖြတ်ထားခြင်းသည် ရာသက်ပန်သာမက သားစဉ်မြေးဆက်တည်မြဲနေမည် ဖြစ်သောကြောင့် အထူးသတိပြု၍ ဆုံးဖြတ်ရန်လိုသည်။ သို့ရာတွင် မတော်တဆမှားခြင်းကိုပင် ပြင်ရန်ခဲယဉ်းသောကြောင့် လူထုတွင်နစ်နာစေပေမည်။

၂။ လောက၌ ပညာအဆင်အခြင်နည်းသော သူများသည် အမြော်အမြင် များသော သူထက် များပြားပေသည်။ ထို့ကြောင့် လူထုကို ဆုံးဖြတ်ဖြေရှင်းခိုင်းခြင်းသည် အမှန်တရားနှင့် နီးစပ်ရန်ခဲယဉ်းပေမည်။ လူထုကို ဆုံးဖြတ်ခိုင်းခြင်းသည် ပညာမဲ့လူများစုကို တာဝန်ပေးခြင်းပင်မည်ပေသည်။ တွေဝေယိမ်းယိုင်တတ်သော ပညာမဲ့လူထုကို တာဝန်ပေးဆုံးခြင်းဖြစ်စေသော စနစ်ကိုနည်းကောင်းတစ်ရပ်ဟု ယူဆရန်ခဲယဉ်းလှ၏။ ယင်းသို့တွေဝေယိမ်းယိုင်၊ အပြောအဟော ကောင်းသူများ နောက်သို့ အဆင်ခြင်မဲ့လိုက်ခဲ့ကြသောပြင်သစ်၊ ဂျာမဏီလူထုကြောင့် ၄င်းတိုင်းပြည်များတွင် အာဏာရှင်စနစ် ကြီးထွားလာခဲ့ရခြင်း ဖြစ်ပေသည်။

၃။ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်စနစ်ကို သာမန်အများစုဖြင့် ဆုံးဖြတ်သောကြောင့် လူနည်းစုတွင် နစ်နာပေသည်။ ဥပမာ လ ၆ သန်းရှိသော နေရာတစ်ခုတွင် သေရေးရှင်ရေးသမျှ အရေးကြီးသော တိုင်းပြည်ရေးတစ်ခုကို လူ ၃ သန်းနှင့် တစ်ယောက်က သဘောတူထောက်ခံပြီး အတည်ပြုသွားပါက သဘောမတူသော ၂.၉၉၉.၉၉၉ ယောက်တို့မှာ များစွာနစ်နာနေပေမည်။ ထို့ကြော့် အုံကြွပေါက်ကွဲမှုများလည်း ဖြစ်နိုင်သည်။

(၂) ပြည်သူ့ဆန္ဒကောက်ခံခြင်း

ပြည်သူ့ဆန္ဒကောက်ခံခြင်းဆိုသည်မှာ ဥပဒေရေးရာနှင့် စပ်လျဉ်းပြီး ပြည်သူလူထု၏ သဘောဆန္ဒအတိုင်း ဆုံးဖြတ်ခွင့်ပေးခြင်းပင်ဖြစ်သည်။ တစ်ခါတစ်ရံအရေးကြီးသော ဥပဒေကြမ်းများ၊ အထူးသဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပေဒများနှင့် စပ်လျဉ်းပြီး ပြည်သူလူထုကို တင်ပြ၍ ဆုံဖြတ်စေခိုင်းလေ့ရှိသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် ပြည်သူ့ဆန္ဒကောက်ခံခြင်းစနစ်ကို အသုံးပြုလေ့ရှိသည်။ သြစတေးလျဆွစ်ဇာနှင့် ပြည်သစ်နိုင်ငံများတွင် အသုံးပြုကြသည်။ ဆွန်ဇာလန်နိုင်ငံတွင်မူ လူသုံးသောင်းကတောင်းဆိုလျှင် ဥပဒေတိုင်းကို ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်သော ဥပဒေများကို မပြုလုပ်နိုင်ပေတော့ပေ။ သို့ရာတွင် ၄င်းစနစ်၌လည်း မကောင်းသော အချက်များရှိသည်။ ဥပဒေပြုရာတွင် ပြည်သူကို တင်ပြနေရသောကြောင့် အချိန်နှောင့်နှေးကြန့်ကြာစေခြင်း၊ ဥပဒေရေးရာ ကိစ္စရပ်များသည် အရည်အချင်းပေါ်၌ ရပ်တည်မနေပဲ အရေအတွက်ပေါ်၌ ရပ်တည်နေရခြင်းများသည် မကောင်းသော အချက်များပင်ဖြစ်သည်။

(၃) ပြည်သူ့ဆန္ဒတင်ပြခြင်း

ပြည်သူ့ဆန္ဒတင်ပြခြင်း Popular Initative ဆိုသည်မှာ ပြည်သူလူထုအနေဖြင့် တရားဥပဒေရေးရာနှင့် စပ်လျဉ်းပြီး စတင်၍ တင်ပြနိုင်ခြင်းပင်ဖြစ်ပေသည်။ ယင်းပြည်သူ့ဆန္ဒတင်ပြခငြ်းစနစ်မှာ ပြည်သူ့ဆန္ဒကောက်ခံခြင်း Referendum စနစ်နှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်လျက်ရှိသည်။ ပြည်သူ့ဆန္ဒ အောက်ခံခြင်းမှာ ဥပဒေရေးရာကိစ္စနှင့် စပ်လျဉ်းပြီး အထက်မှအောက်သို့ ချပြခြင်းဖြစ်ပြီး ပြည်သူ့ဆန္ဒ တင်ပြခြင်းမှာမူ အောက်ကအထက်သို့ တင်ပြခြင်း ဖြစ်ပေသည်။

တိုင်းသူပြည်သားများအနေဖြင့် ဥပဒေပြုစေရန်၊ သို့မဟုတ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်သည်ဟု ထင်မြင်ယူဆလျှင် သတ်မျတ်ထားသော လူဥိးရေပြည့်အောင်စုပြီး ဥပဒေပြုလုပ်ဖို့ (သို့) ပြင်ဆင်ရန် အစိုးရကို တင်ပြနိုင်သည်။ အစိုးရအနေဖြင့်လည်း အရေးယူ ဆောင်ရွက်ပေးရသည်။ ထို့ကြောာင့် ပြည်သူလူထုသည် ဥပဒေပြုစု ပြင်ဆင်ရေးတွင် တိုက်ရိုက်ပါဝင်ဆောင်ရွက်ခွင့်ရှိသည်ဟု ယူဆနိုင်ပေသည်။

ပြည်သူ့ဆန္ဒတင်ပြသောစစန်ကို ဆွစ်ဇာလန်နိုင်ငံနှင့် တစ်ချို့ သော အမေရိကန် ပြည်ထောင်စုမှ ပြည်နယ်များတွင် အသုံးပြုလျှက်ရှိကြသည်။ ဆွစ်ဇာလန်နိုင်ငံတွင် မဲဆန္ဒရှင် ၅၀၀၀၀(ငါးသောင်း) က ဥပဒေပြုစုပြင်ဆင်ရေးအတွက် အစိုးရကို တင်ပြနိုင်သည်။ အမေရိကန်ပြည်ထောင်စုတွင်မူ ၁၄ ပြည်နယ်တို့တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ပြည်သူ့ဆန္ဒတင်ပြသော စနစ်ကိုအသုံးပြုပြီး ၉ပြည်နယ်တို့တွင်မူ သာမန်ဥပဒေပြုစုရေးတွင် ၄င်းစနစ်ကို အသုံးပြုကြသည်။ ပြည်သူ့ဆန္ဒတင်ပြသောစနစ်ကို အသုံးပြုသောကြောင့် ဥပဒေအဖွဲ့အနေဖြင့် လိုအပ်ပါလျက် ပြုစုနိုင်ပေသည်။ ထို့ပြင်မလိုအပ်သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများကိုလည်း ပြည်သူလူထု အနေဖြင့် တင်ပြပြုနိုင်သောကြောင့် ကောင်းသော စနစ်တစ်ခုဟု ယူဆနိုင်ပေသည်။ သို့ရာတွင် မကောင်းသောအချက်များမှာလည်း လွတ်ကင်းနိုင်ခြင်းမရှိပေ။

(၁) လူတန်းစားကွဲပြားခြားနားနေသောကြောင့် လူတန်းစားအသီးသိးတို့ဖြင့် ၄င်းတို့၏ လူတန်းစားအကျိုးအတွက် ကိုသာရှေ့ ရှု၍ ဥပဒေပြုလုပ်ပြင်ဆင်ရန် တင်ပြလာနိုင်သည်။ ဥပမာ ကုန်သည်လူတန်းစားသည် ၄င်းတို့အကျိုးအတွက်သာ ဥပဒေများ ပြုစုပြင်ဆင်ကြသကဲ့သို့ ဆင်းရဲသား အလုပ်သမား လယ်သမားများကလည်း ၄င်းတို့အကျိုးအတွက်သာ ရှေးရှု၍ ဥပဒေများကို ပြုစုပြင်ဆင်ကြပေမည်။ ယင်းသို့ဖြစ်လာပါက လူတန်းစားချင်းပို၍ ပဋိပက္ခဖြစ်လာစရာ အကြောင်းရှိနိုင်သည်။

(၂) လူထုဆိုသည်မှာ လူပျင်းများ၊ လူဖျင်းများ၊ ခြောက်လျှင်ကြောက်၍ မြှောက်လျှင်မြောက်ကာ လိမ်လျှင်လည်း လိမ်မှန်းမသိအောင်ပင် အသောလူများစုတို့ကို အစုအဝေးကြီးပင်ဖြစ်သည်။ ယင်းကဲ့သို့သော လူများစုလက်ထဲတွင် ပြည်သူဆန္ဒတင်ပြသော စနစ်ကို အပ်နှင်းထားပါက နိုင်ငံရေးသမားလူငယ်တို့၏ လှည့်ဖြားမှုနောက်သို့ ယောင်ရမ်းပါဝင်ကာ တိုင်းပြည်၌ လေးအန္တရာယ် ကျရောက်နိုင်ပေသည်။

Political Science Part (42)

ဒီမိုကရေစီထိန်းသိမ်းနိုင်ခွင့်အာဏာ

မျက်မှောက်ခေတ် ဒ်ီမိုကရေစီသည် ရှေးခေတ်ဒီမိုကရေစီနှင့် တူညီခြင်းမရှိပေ။ ရှေးခေါမ Greek မြို့ နိုင်ငံများ ခေတ်ကာလတွင် ပြည်သူတိုင်း နိုင်ငံတော်၏ အရေးကိစ္စများကို ပါဝင်စည်းဝေး ဆုံးဖြတ်ဆောင်ရွက်နိုင်ခွင့် ရှိခဲ့ကြပေသည်။ ထို့ကြောင့် ခေါမမြို့  နိုင်ငံများခေတ်က ဒီမိုကရေစီကို "တိုက်ရိုက်ဒီမိုကရေစီစနစ်ကို" အသုံးပြုရန် မဖြစ်နိုင်ပေ။ မျက်မှောက်ခေတ်နိုင်ငံများသည် ရှေးခေါမမြို့ နိုင်ငံများထက် ကျယ်ဝန်း ကြီးမား လှသည်သာမက လူဦးရေအနေဖြင့်လည်း ပိုမိုများပြားလှသည်။ ထို့ကြောင့် တိုင်းပြည်ရေးရာ ကိစ္စအ၀၀ကို နိုင်ငံသားအားလုံးတစ်နေရာ တစ်ဒေသ တစ်ခုခုတွင် စု၍စည်းဝေးဆုံးဖြတ်နိုင်သော ကိစ္စတစ်ရပ်မဟုတ်ပေ။ ယင်းကဲ့သို့သော အခြေအနေများအရ ကိုယ်စားလှယ်စနစ်ကို အသုံးပြုရပေသည်။ လူထုသည် ၄င်းတို့၏ ကိုယ်စား တိုင်းပြည်ရေးရာကိစ္စအ၀၀ကို ဆောင်ရွက်စေနိုင်ရန် ကိုယ်စားလှယ်များကို ရွေးကောက်တင်မြောက်ရသည်။ ထို့ကြောင့် မျက်မှောက်ခေတ် ဒီမိုကရေစီစနစ်ကို "သွယ်ဝိုက်ဒီမိုကရေစီစနစ်" ဟူ၍ ခေါ်ဆိုကြခြင်းဖြစ်ပေသည်။

အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးဌာနနှင့် တရားစီရင်ရေးဌာနတို့၏ လုပ်ငန်းစဉ်များသည် ဥပဒေပြုရေးဌာန၏ လုပ်ငန်းစဉ်ပေါ်တွင် တည်ရှိပေသည်။ ထို့ကြောင့် ဥပဒေပြုရေးဌာနသည် အရေးကြီးဆုံးဌာနဖြစ်၏။ ဥပဒေပြုအဖွဲ့အနေဖြင့် ၄င်းတို့ကို ရွေးကောက် တင်မြောက်လိုက်ကြသည့် မဲဆန္ဒရှင်များ၏ အလိုဆန္ဒအတိုင်း ဥပဒေပြုစုပြဌာန်းပါမှ ဒီမိုကရေစီဖြစ်ပြီး မဲဆန္ဒရှင်တို့၏ဆန္ဒနှင့် မကိုက်ညီသော ဥပဒေများကို ပြုစုပြဌာန်းပါမူ ပြည်သူ့ ဒီမိုကရေစီ ဆိတ်သုဉ်းပေတော့သည်။ ထို့ကြောင့် "သွယ်ဝိုက်ဒီမိုကရေစီစနစ်" တွင် အရေးကြီးသော အချက်မှာ မဲဆန္ဒရှင်တို့၏ အလိုဆန္ဒ ရောင်ဟပ်၊ ပဲ့တင်ထပ်စေနိုင်သော ဥပဒေပြုအဖွဲ့ကို တည်ဆောက်နိုင်ရန်ပင်ဖြစ်သည်။ ဥပဒေပြု အမတ်တစ်ယောက်သည် ၄င်း၏သက်တမ်းအတွင်း ၄င်းကိုမည်သူမျှ ဖြုတ်ချနိုင်သည့်အလျောက် မဲဆန္ဒရှင်တို့၏ ဒီမိုကရေစီဆိတ်သုဉ်းသောနေ့ပင် ဖြစ်ပေလိမ့်မည်။

အထက်ပါအကြောင်းကြောင့် မဲဆန္ဒရှင်များအနေဖြင့် ဥပဒေပြုအမတ်များကို ၄င်းတို့၏အမတ်သက်တမ်းအတွင်း၌ပင် တစ်နည်းနည်းအားဖြင့် ချုပ်ကိုင်ထားနိုင်ရန် အပ်ပေတော့သည်။ မဲဆန္ဒရှင်များသည် ဥပဒေပြုအဖွဲ့ကို ၄င်းတို့ဆန္ဒရှင်များနှင့် ဆန့်ကျင်သောဥပဒေများကို မပြုစုပြဌာန်းနိုင်အောင် ချုပ်ကိုင်ထားနိုင်ခြင်း၊ ဒီမိုကရေစီကို ထိမ်းသိမ်းနိုင်ခြင်း မည်ပေသည်။ ထို့ကြောင့် ဒီမိုကရေစီထိန်းသိမ်းနိုင်ခွင့်အာဏာ Direct Democratic Chrck ဆိုသည်မှာ မဲဆန္ဒရှင်တို့သည် ဥပဒေပြုရေးကိစ္စတွင် တစ်နည်းအားဖြင့် တိုက်ရိုက်ပါဝင် ဆောင်ရွက်နိုင်ခွင့် ရရှိခြင်းပင်ဖြစ်သည်။

ဒီမိုကရေစီထိန်းသိမ်းခွင့်အာဏာရှိသင့်ခြင်း အကြောင်း

(၁) ကမ္ဘာပေါ်ရှိဥပဒေအဖွဲ့များ၏ သက်တမ်းမှာ ၄ နှစ် သို့မဟုတ် ၅ နှစ်ဖြစ်ကြသည်။ ထို့ကြောင့် ဥပဒေပြုအမတ်များကို တင်မြောက်ပြီးလျှင် မဲဆန္ဒရှင်တို့အနေဖြင့် ၄င်းတို့၏ဆန္ဒရှင်ကို ပြောပြရန်ခက်သည်။ ဥပဒေပြုအမတ်များအနေဖြင့်လည်း ၄င်းတို့၏အမတ် သက်တမ်းအတွင်း ၄င်းတို့ကိုဖြုတ်ချနိုင်သောသူ မရှိသောကြောင့် ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်သော ဥပဒေများ ပြုစုပါက ပြည်သူများ နစ်နာကြရပေမည်။ ထို့ကြောင့် ပြည်သူများတွင် ၄င်းတို့၏ဒီမိုကရေစီကို ထိန်းသိမ်းခွင့်အာဏာရှိသင့်ပေသည်။

(၂) ပြည်သူများသည် ၄နှစ် (သို့မဟုတ်) ၅နှစ် သက်တမ်းရှိသော ဥပဒေပြုအမတ်များကို ရွေးကောက်တင်မြောက်ပြီး ၄င်းသက်တမ်းအတွင်း၌ပင် နိုင်ငံရေး၊ စီးပွားရေး၊ ပေါင်းသင်းဆက်ဆံရေး အခြေအနေအရ ၄င်းတို့၏အလိုဆန္ဒထင်မြင်ချက် စသည်များ ပြောင်းလဲနိုင်ပေသည်။ ယင်းသို့မဲဆန္ဒရှင်တို့၏ ပြောင်းလဲလာသော အလိုဆန္ဒထင်မြင်ချက် စသည်များအတိုင်း ပြုလုပ်နိုင်ရန် အခွင့်အရေးသည် မဲဆန္ဒရှင်တို့လက်ထဲ၌ ရှိသင့်ပေသည်။ ထို့ကြောင့် ဒီမိုကရေစီထိန်းသိမ်းခွင့်အာဏာသည် ပြည်သူ့လက်ထဲ၌ အပ်ရှိရပေမည်။

(၃) ပါလီမန်နောက်တစ်ကြိမ် ရွေးကောက်ပွဲရက်သတ်မှတ်ရန် အာဏာသည် ပြည်သူ့လက်တွင်း၌ မရှိပေ။ ပတ်ဝန်းကျင် အခြေအနေအရ ရွေးကောက်ပွဲနေ့ရက်ကို နှစ်ချီ၍ ရွှေ့ ဆိုင်းခဲ့ကြခြင်းများကိုလည်း မြန်မာ့ရာဇ၀င်အထိ အများအပြားပင် တွေ့ရှိနိုင်ပေသည်။ ယင်းသို့ ပါလီမန်ရွေးကောက်ပွဲရက်ကို ရွှေ့ ဆိုင်းခြင်းသည် ပြည်သူတို့က အာဏာအပ်နှင်းထားသောကာလထက် ပို၍အာဏာကို ဆုပ်ကိုင်ထားခြင်း မည်ပေသည်။ တစ်နည်းအားဖြင့် ပြည်သူတို့က ဥပဒေပြုအာဏာကို အပ်နှင်းမထားဘဲ အတင်းအဓမ္မရယူ ဆုပ်ကိုင်ထားခြင်းသာဖြစ်၏။ ထို့ကြောင့် ပြည်သူတို့တွင် ဒီမိုကရေစီ ထိန်းသိမ်းခွင့်အာဏာ ရှိသင့်ပေသည်။

(၄) တိုက်ရိုက်ဒီမိုကရေစီစနစ် ကွယ်ပျောက်သောနေ့မှစ၍ လူနည်းစုတို့ နစ်နာခဲ့ကြရပေသည်။ သွယ်ဝိုက်သော ဒီမိုကရေစီစနစ်သည် ကိုယ်စားလှယ်စနစ် ဖြစ်သောကြောင့် လူနည်းစုတို့၏ ကိုယ်စားလှယ်များ ဥပဒေပြုအဖွဲ့တွင် ပါဝင်ခွင့်မရကြပေ။ အချိုးကျ ကိုယ်စားလှယ်စနစ်ကို အသုံးပြု၍ ရွေးကောက်တင်မြောက်ကြသည့်တိုင် လူနည်းစုတို့တွင် နစ်နာနိုင်ပေသည်။ အကြောင်းမှာ ဥပဒေပြုအဖွဲ့တွင် လူများစု၏ ကိုယ်စားလှယ်များသာ ကြီးစိုးနိုင်သောကြောင့်ပင် ဖြစ်သည်။ ဥပဒေပြုအဖွဲ့သည် ပြည်သူလူထုအများစု၏ အလိုဆန္ဒနှင့် ဆန့်ကျင်သော ဥပေးများကို ပြုစုပြဌာန်းလျှင်ပင်လူနည်းစု၏ အလိုဆန္ဒနှင့် ကိုက်ညီချင်မှ ကိုက်ညီပေမည်။ ထို့ကြောင့် လူနည်းစုကိုလည်း ဒီမိုကရေစီအခွင့်အရေးကို ထိန်းသိမ်းထားနိုင်သော အခွင့်အရေးတစ်ရပ်ပေးထားသင့်ပေသည်။ ဤအထက်ပါ အကြောင်းများကြောင့် ဒီမိုကရေစီထိန်းသိမ်းခွင့်အာဏာ စနစ်ကိုအသုံးပြုသင့်ပေသည်။

Political Science Part (41)

ဥပဒေနှစ်မျိုးစနစ်

ဥပဒေနှစ်မျိုးစနစ်သည်ဆိုသည်မှာ သာမန်အရပ်သူအရပ်သားများအတွက် ဥပဒေတစ်မျိုး အစိုးအရထမ်း အမှုထမ်းများအတွက် ဥပဒေတစ်မျိုးထားရှိသော စနစ်ပင်ဖြစ်သည်။

ကမ္ဘာတွင် ပြင်သစ်တိုင်းပြည်၌ ဥပဒေနှစ်မျိုးထားရှိသောစနစ်ကို အသုံးပြုသည်ကို တွေ့ရှိရ၏။ ပြင်သစ်ပြည်တွင် ယင်းစနစ်ကို အသုံးပြုခြင်း အကြောင်းကို ဆန်းစစ်ကြည့်ပါက အောက်ပါအကြောင်းနှစ်ချက်ကို တွေ့ရှိရပေသည်။

၎င်းတို့မှာ...
(၁) အာဏာခွဲဝေသော စနစ်အရတရားစီရင်ရေးသည် အုပ်ချုပ်ရေးဌာန၏ အရေးယူဆောင်ရွက်များကို ၀င်ရောက်မစွက်ဖက်သင့်ဟု ယူဆကြသည်။ ထို့ကြောင့် သာမန်တရားရုံးသည် အစိုးရ၏ တာဝန်ဝတ္တရားဆောင်ရွက်ချက်များကို ၀င်ရောက် နှောက်ယှက်စွက်ဖက်ခွင့် မပြုကြချေ။

(၂) အစိုးရအရထမ်းအမှုထမ်းများသည် တိုင်းပြည်ကို အကျိုးပြုနေကြသည့် တိုင်းပြည်၏ ကိုယ်စားလှယ်သားကောင်း သမီးကောင်းများ ဖြစ်ကြသောကြောင့် အခွင့်ထူးများ ရရှိခံစားထိုက်သည်။ ထို့ကြောင့် သာမန်တရားရုံးများသည် အစိုးရ၏ တာဝန်ဝတ္တရားဆောင်ရွက်ချက်များကို ၀င်ရောက်နှောင့်ယှက်စွက်ဖက်ခွင့် မပြုကြချေ။

ဥပဒေနှစ်မျိုးစနစ်၏ ထင်ရှားသော လက္ခဏာတစ်ရပ်မှာ တရားစီရင်ရေး ကိစ္စ်အစိတ်အပိုင်းတစ်ခုကို အုပ်ချုပ်ရေးဌာနက ချုပ်ကိုင်ထားခြင်းပင် ဖြစ်သည်။ ယင်းစနစ်တွင် အမှုအခင်း နှစ်မျိုးနှစ်စားရှိပေသည်။

၎င်းတို့မှာ...

၁။သာမန်အရပ်သူအရပ်သားအချင်းချင်း ပဋိပက္ခဖြစ်မှု။
၂။အရပ်သူအရပ်သားနှင့် အရာထမ်းအမှုထမ်းတို့ ပဋိပက္ခဖြစ်မှု။

အရပ်သူ အရပ်သားအချင်းချင်း ပဋိပက္ခဖြစ်သောအခါ ရိုးရိုးတရားရုံးများတွင် ရိုးရိုးဥပဒေများဖြင့် စီရင်ဆုံးဖြတ်ပြီး အရပ်သူအရပ်သားနှင့် အရာထမ်းအမှုထမ်းတို့ပဋိပက္ခ ဖြစ်မှုများကိုမူ အထူးတလည်ပြုစုပြဌာန်းထားသော ဥပဒေဖြင့်အထူးတလည် တည်ဆောက်ထားသော "ရာထမ်းမှုထမ်းတရားရုံး" ၌ တရားစီရင်ဆုံးဖြတ်သည်။ ထို့ကြောင့် တရားစီရင်ရေးဌာနသည် လုံးဝလွတ်လပ်ခြင်း မရှိဘဲအုပ်ချုပ်ရေးဌာန၏ ချုပ်ကိုင်မှုကို တစ်စိတ်တစ်ဒေသအားဖြင့် ခံနေရကြောင်း ထင်ရှားပါသည်။

တရားရုံးများဖွဲ့စည်းပုံနှင့် ၄င်းတို့၏တာဝန်များ

သာမန်တရားရုံးငါးမျိုးရှိသည်။ ၄င်းတို့မှာ...
၁။ ကင်တွန်ခေါ်ဒေသဆိုင်ရာရုံး (Canton Courts)
၂။ Courts of Arroundessements.
၃။ အယူခံရုံး (Courts of Appeal)
၎။ စက်ရှင်ရုံး (Courts of Assizes)
၅။ ရာထူးချထားရေးရုံး (Courts of Cessation)

အငယ်ဆုံးတရားရုံးများမှာ ကင်တွန်ခေါ်တရားရုံးများဖြစ်ပြီး ၄င်းတို့သည်ကင်တွန်ခေါ် ပြည်တိုင်းတွင်ရှိကြသည်။ တရားသူကြီးများအရည်အချင်းပြည့်ဝစေရန်အတွက် တရားသူကြီးတိုင်း ပထမဥပဒေ အောင်လက်မျတ်ရှိကြရပေသည်။ အမှတ် (၁) ရုံးမှဆုံးဖြတ်ချက်ကိုမကျေနပ်လျှင်၊ အမှတ် (၂) ရုံး၌အယူခံဝင်ရပြီး၊ အမှတ် (၂) ရုံး၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက အမှတ် (၃) ရုံး၌အယူခံဝင်ရသည်။ ယင်းသို့တစ်ဆင့်ထက်တစ်ဆင့်တက်၍ အယူခံဝင်ရပေသည်။

Courts of Cessation ခေါ်ရာထူးရပ်စဲရေး တရားရုံးသည် သာမန်ရိုးရိုးရုံးများထဲတွင် အမြင့်ဆုံးသောရုံးဖြစ်သည်။ ၄င်းတရားရုံး၌ တရားသူကြီးပေါင်း ၄၉-ယောက်ရှိပြီး တရားမမှု ဌာန၊ ရာဇ၀တ်မှုဌာန စသဖြင့်ဌာနများခွဲထားသည်။ ယင်းတရားရုံးသည် သာမန်အရပ်သူအရပ်သားများရုံးများအနက် အမြင့်မားဆုံး အယူခံတရားရုံး ဖြစ်သည်သာမက၊ အောက်ရုံးများမှ တရားသူကြီးတို့၏ စည်းကမ်းကို ထိန်းသိမ်းရပြီး လိုအပ်လျှင် အရေးယူဖြုတ်ချနိုင်ပေသည်။

The Courts of State သည်ရာထမ်းမှုထမ်း တရားရုံးချုပ်ပင်ဖြစ်သည်။ ၄င်းတရားရုံးတွင် သမ္မတခန့်ထားသော ကောင်ဆယ်လာ ၃၅ ယောက်ပါဝင်သည်။ ဌာနတိုင်းတွင် Perfectorial Council ခေါ် ရာထမ်းမှုထမ်း တရားရုံးကလေးများ တည်ထောင်ထားရှိ၏။ ၄င်းတရားရုံးများ၏ ဆုံးဖြတ်ချက်ကို အကျေနပ်ပါက Courts of State ခေါ်ရာထမ်းမှုထမ်း တရားရုံချုပ်တွင် အယူခံဝင်နိုင်ပေသည်။

တရားဥပဒေနှစ်မျိုးစနစ်တွင် ဖော်ပြပြီးသည့်အတိုင်း ဥပဒေနှစ်မျိုး၊ တရားရုံးနှစ်မျိုး ဖြစ်နေသောကြောင့် မည်သည့် အမှုမျိုးသည် မည်သည့်တရားရုံးနှင့်ဆိုင်ပြီး၊ မည်သည့် ဥပဒေများနှင့် စီရင်ဆုံးဖြတ်ရမည်ဟူ၍ အငြင်းအခုံဖြစ်စရာ အကြောင်းရှိပေသည်။ တစ်နည်းအားဖြင့် သာမန်ရုံးနှင့် ရာထမ်းမှုထမ်းရုံးတို့သည် အမှုတစ်ခုအပေါ် အကြောင်းပြ၍ စီရင်ဆုံးဖြတ်ခွင့်နှင့် စပ်လျဉ်းပြီး အချင်းချင်းအငြင်းပွားကြပေလိမ့်မည်။

ယင်းသို့တရားရုံးနှစ်ခု အငြင်းပွားခြင်းကို Courts of Conflit ခေါ် "ပြန်ဖြေရေး" တရားရုံးက ဆုံးဖြတ်ပေးရသည်။ အမှုတစ်ခု ရားထမ်းမှုထမ်းရုံး၌ စစ်ဆေးသင့်သည်။ သာမန်တရားရုံး၌သာစစ်ဆေးသင့်သည်ဟူ၍ စကာများတိုင်း ၄င်းCourt of Conflit ခေါ် ဖြန်ဖြေရေးတရားရုံးက ဆုံးဖြတ်ပေးသည့် တရားရုံး၌ အမှုစစ်ဆေးရသည်။ ထို့ကြောင့် Court of Conflit ကို ဖြန်ဖြေရေးတရားရုံး ဟုမှတ်ယူသင့်ပေသည်။ ဖြန်ဖြေရေးတရားရုံး Court of Conflit တွင် တရားရေးဌာန၀န်ကြီး၊ သာမန်အရပ်သား တရားရုံးချုပ် Courts of Cessation မှ တရားသူကြီး သုံးယောက်ရာထမ်းမှုထမ်း တရားရုံးချုပ် Council of State မှတရားသူကြီး သုံးယောက်နှင့် နိုင်ငံခြားသားတို့က ရွေးကောက်တင်မြှောက်သော တရားသူကြီးနှစ်ယောက်ပေါင်း ၉ယောက်တို့ဖြင့် ဖွဲ့စည်းထားသည်။

ဥပဒေနှစ်မျိုးစနစ်၏ကောင်းကျိုးများ


(၁) ဥပဒေနှစ်မျိုးစနစ်သည် အစိုးရအရာထမ်းအမှုထမ်းတို့ မတော်တဆ၊ သို့မဟုတ် ကောင်းစေလိုသော စေတနာဖြင့် အမှုထမ်းဆောင်ရင်း တရားဥပဒေများကို ချိုးဖောက်ငြိစွန်းမိသောအခါ အပြစ်ဘေးမှလွတ်ငြိမ်းခွင့်ရစေရန် စီမံထားသော စနစ်ပင်ဖြစ်သည်။ အစိုးရအရာထမ်း အမှုထမ်းတို့ကို စေတနာသန့်သန့်ဖြင့် အမှုတော်ထမ်းဆောင်ရင်း အမှားတစ်ခုခုနှင့် ကြုံကြိုက်တိုင်းသာ အရေးတယူနေပါမှု ၄င်းတို့သည် အမှုထမ်းဆောင်ရာ၌ ရဲဝံ့ခြင်းမရှိဘဲ ကြောက်ကြောက်ရွံ့ ရွံ့ နောက်တွန့်တွန့် ဖြစ်နေကြပေလိမ့်မည်။ ယင်းသို့ ကြောက်ရွံ့ နောက်တွန့်နေကြခြင်းကြောင့် အစိုးရလုပ်ငန်းများ နှောင့်နှေး ကြန့်ကြာနေပေလိမ့်မည်။ တမင်ကြံစည်ကျူးလွန်ခြင်း မဟုတ်ဘဲ စေတနာရိုးရိုးဖြင့် ဆောင်ရွက်ရာတွင် အမှားဖြစ်နေလျှင်လည်း ဥပဒေနှစ်မျိုးစနစ်အရ အပြစ်ဘေးမှ ကင်းလွတ်နိုင်ခွင့်ရှိသောကြောင့် အရာထမ်းအမှုထမ်းတိုင်း ၄င်းတို့၏တာဝန်များကို မကြောက်မရွံ့ နောက်မတွန့်တမ်း ထမ်းဆောင်နိုင်ကြသောကြောင့် အစိုးရလုပ်ငန်းစဉ်များ လျှင်မြန်စွာ ထမြောက် အောင်မြင်နိုင်ခြင်းသည် ကောင်းသော လက္ခဏာတစ်ရပ်ဖြစ်၏။

(၂) ဥပဒေနှစ်မျိုးစနစ်တွင် ဥပဒေတစ်မျိုးစနစ်ကဲ့သို့ တရားသူကြီးများ ပြုလုပ်သော ဥပဒေများ မရှိပေ။ တရားသူကြီးများသည် ဥပဒေပြုအဖွဲ့က ပြုစုပြဌာန်းထားသော ဥပဒေများကို အခြေအနေနှင့် အံကျဖြစ်အောင် ပြုလုပ်ရန် အကြောင်းမရှိသောကြောင့် ၄င်းတို့၏တရားစီရေး တာဝန်တစ်ခုတည်ကိုသာ ထမ်းတောင်ရန်ရှိပေသည်။ ထို့ပြင် တရားဥပဒေအားလုံးမှာလည်း သက်ဆိုင်ရာတရားရုံးအလိုက် စည်းစည်းလုံးလုံး ပြဌာန်းထားသောကြောင့် တရားစီရင်ရာတွင် လျက်မြန်စွာ ပြီးစီးနိုင်သည်။

(၃) ဥပဒေတစ်မျိုးစနစ်မှာကဲ့သို့ နောင်လာနောက်သား တရားသူကြီးများသည် ရှေးတရားသူကြီးများ၏ စီရင်ဆုံးဖြတ် ပုံများကို ပြန်လည်ကိုးကားရန်မလိုသောကြောင့် အမှုအခင်းများ လျှင်မြန်စွာ ပြီးစီးနိုင်သည့်အပြင် တရားဥပဒေရေးရာတွင်လည်း ဥပဒေပြုအဖွဲ့မှ ပြဌာန်းထားသော တရားဥပဒေတစ်မျိုးတည်းသာ ရှိသောကြောင့် ရှုပ်ထွေးခြင်းမရှိနိုင်ပေ။

(၄) အစိုးရသည် အရာထမ်းမှုများကို တရားစီရင်ရေးနှင့် စပ်လျဉ်းပြီး အခွင့်ထားပေးထားကြောင့် လူများစုအနေဖြင့် အစိုးရမှုများကို ထမ်းရွက်လိုကြပေမည်။ ယင်းသို့လူအများစုက အစိုးရအမှုများကို ထမ်းဆောင်လိုကြသောကြောင့် ၄င်းလူများစုထဲမှ အရည်အချင်းပြည့်ဝသူများကို ရွေးချယ်ခန့်ထားခြင်းဖြင့် အမှုထမ်းကောင်းများရရှိပြီး တိုင်းပြည် တိုးတက်မှု ပိုမိုကြီးထွားနိုင်ပေသည်။

ဥပဒေနှစ်မျိုးစနစ်၏မကောင်းကျိုး

(၁) ဥပဒေနှစ်မျိုးစနစ်သည် အစိုးထမ်းအမှုထမ်းများနှင့် အရပ်သူအရပ်များကို ခွင့်အရေးချင်း ခွဲခြားထား၏၊ ယင်းသို့ တိုင်းသူပြည်သားချင်း တူညီပါလျက် အခွင့်အရေးတူညီစွာ မပေးဘဲ ခွဲခြားထားခြင်းသည် သာတူညီမျှသဘောတရားကို ဆန့်ကျင်နေပေသည်။ ထို့ပြင် ဒီမိုကရေစီသဘောတရားနှင့် ဆန့်ကျင်နေသောကြောင့် ၄င်းဥပဒေနှစ်မျိုးစနစ်ကို ကောင်းသော စနစ်ဟု ယူဆရန်မဖြစ်နိုင်ပေ။

(၂) ဥပဒေများသည်တလုံးတစည်းတည်းရှိရန် လိုအပ်သည်။ ဥပဒေများကို မည်သည့်ဥပဒေနှင့် ဖြေရှင်းသင့်သည်/ မည်သည့်ဥပဒေနှင့် မဖြေရှင်းသင့် စသဖြင့် အလုပ်မဟုတ်သည်ကို အလုပ်ကြီးတစ်ခုအဖြစ် နေရပေလိမ့်မည်။ ထို့ကြောင့်ပင် ဖြန်ဖြေရေး တရားရုံး Court of Confilt ထားရှိရခြင်းဖြစ်၏ တရားရုံးတစ်ခု အပို ဖွဲ့စည်းထားရသောကြောင့် ငွေကြေးအကုန်အကျ များပေလိမ့်မည်။ ယင်းသို့ ငွေကုန်လူပန်းသော ဥပဒေနှစ်မျိုးစနစ်ကို အကြွင်းမဲ့ကောင်းသောစနစ်ဟူ၍ မည်သို့ယူဆနိုင်အံ့နည်း။

(၃) တရားစီရင်ရေးဌာနသည် ပြည်သူပြည်သားတို့၏ လွတ်လပ်မှုကို ကာကွယ်ပေးရသော ဌာနတစ်ခုဖြစ်သည်။ ထို့ကြောင့် တရားဌာနကို ပြည်သူ့အထိန်းတော် ဟူ၍နားလည်မှတ်ယူကြခြင်းဖြစ်သည်။ ပြည်သူ့အထိန်းတော် တရားဌာနသည် အထိန်းတော်ပီပီသသဖြစ်နိုင်ရန်အစိုး၏ ကျန်နှစ်ဌာနဖြစ်သော ဥပဒေပြုရေးဌာနနှင့် အုပ်ချုပ်ရေးဌာနတို့မှ လွတ်ကင်းစွာ တည်ရှိနေရပေမည်။ ဥပဒေနှစ်မျိုးစနစ်တွင်မူ တရားဌာနသည် အုပ်ချုပ်ရေးဌာန၏ ကြိုးကိုင်ခြင်းမှ လုံးဝကင်းလွတ်မှု မရှိပေ။ ထို့ကြောင့် တရားစီရင်ရေးဌာနသည် ပြည်သူ့ လွတ်လပ်မှုကို ထိရောက်စွာ ကာကွယ် ပေးနိုင်လိမ့်မည်ဟု ယူဆရန်ခက်ခဲယဉ်းလှ၏။ တရားစီရင်ရေးဌာနကို အုပ်ချုပ်ရေးဌာနက လွှမ်းမိုးနေသောကြောင့် ပြည်သူများတွင် လေးအန္တရာယ် များစေနိုင်သည်။ ထို့ကြောင့် ဥပဒေနှစ်မျိုးစနစ်သည် မကောင်းပေ။

Political Science Part (40)

အင်္ဂလန်တရားစီရင်ရေးဌာန

အင်္ဂလန်တရားစီရင်ရေး လွတ်လပ်မှုကို ၁၇၀၀ ခုနှစ် ဥပဒေဖြင့် အာဏာအကွယ် ပေးထားရသည်။ တရားသူကြီးများကို ဘုရင်က ခန့်အပ်ပြီး ၄င်းတရားသူကြီးတို့သည် ဥပဒေတစ်ခုခုကို မကျူးလွန်သမျှကာလပတ်လုံး ရာထူးတည်မြဲခွင့်ရရှိကြသည်။ တရားသူကြီးမျာကို လွှတ်တော်နှစ်ရပ်ပေါင်းကသာဖြုတ်ချနိုင်၏ သို့ရာတွင် တရားသူကြီးလေးများကိုမူ လော့ချရန် ဆယ်လာက ထုတ်ပယ်ပစ်နိုင်သည်။ ယင်းသို့ လော့ချရန်ဆယ်လာက ထုတ်ပယ်မှုမျိုးမှာလည်း အလွန်ပြုလုပ်ခဲ့သော ကိစ္စတစ်ရပ် ဖြစ်သောကြောင့် တရားသူကြီးလေးတို့ ရာထူးမှာလည်း ခိုင်မြဲကြောင်းသိသာ နိုင်ပေသည်။

ပြင်သစ်တရားစီရင်ရေးဌာန

ပြင်သစ်နိုင်ငံတွင် တရားသူကြီးများကို အုပ်ချုပ်ရေးဌာနက စာမေးပွဲစစ်၍ ခန့်အပ်သည်။ ယင်းသို့ စာမေးပွဲကို ယှဉ်ပြိုင်ဖြေဆို၍ ရွေးချယ်ခန့်အပ်ထားသောကြောင့် အရည်အချင်းပြည့်ဝသော တရားသူကြီးများကို ရရှိနိုင်ပေသည်။ တရားသူကြီးများကို နောက်ဆုံးအယူခံရုံးချုပ် (The Final Court of Appeal) ခေါ်ရာထူးချထားရေး တရားရုံး (Court of Cessation) က ဖြုတ်ချနိုင်သည်။ ၄င်းတရားရုံးတွင် တရားသူကြီး ၇ ဦး ပါဝင်သော ကော်မတီက ရုံးထိုင်၍ စဉ်းစားဆုံးဖြတ်သည်။ တရားသူကြီးများကို ရာထူးမှ ထုတ်ပယ်ခြင်းပြုလုပ်ကြသည်။

တရားစီရင်ရေးဌာနအမျိုးမျိုးအကြောင်း


(၁) Rule of Law ပြည်သူ့ဥပဒေ
(၂) The Droit Administrative ရာထမ်းမှုထမ်းဥပဒေ

ကမ္ဘာပေါ်တွင် တရားစီရင်ရေးဌာန အနမျိုးအစားအားဖြင့် နှစ်မျိုးသာရှိသည်။ ၄င်းတို့မှာ တိုင်းသူပြည်သားအားလုံး အတွက် တရားဥပဒေ တစ်မျိုးတစ်စားတည်းသာ ထားရှိသော "ပြည်သူ့ဥပဒေ" Rule of Law နှင့် တခြားတစ်ခုမှာ အစိုးရ အရာထမ်းမှုထမ်းများအတွက် ဥပဒေတစ်မျိုး သာမန်တိုင်းသူပြည်သားများအတွက် ဥပဒေတစ်မျိုးထား၍ တရားစီရင်သော "ရာထမ်းမှုထမ်း" The Droit Administrative Law တို့ပင်ဖြစ်ကြသည်။ ယင်းတရားဌာနနှစ်မျိုးတို့၏ ကွဲပြားခြားနားမှုသည် အဓိကအားဖြင့် တရားစီရင်ရေးဌာနနှင့် အုပ်ချုပ်ရေးဌာနတို့၏ ဆက်သွယ်ပုံပေါ်တွင် မူတည်နေကြောင်း တွေ့ ရှိနိုင်၏။

အကယ်၍ တရားစီရင်ရေးဌာနသည် အုပ်ချုပ်ရေးဌာန၏ ချယ်လှယ်လွှမ်းမိုးမှုတို့မှ လုံးဝကင်းလွတ်နေလျှင် "ပြည်သူ့ဥပဒေစနစ် " Rule of Law ဖြစ်ပြိး တရားစီရင်ရေးဌာနသည် အုပ်ချုပ်ရေးဌာနနှင့် ဆက်သွယ်ပုံပေါ်တွင် မူတည်နေကြောင်း သိသာနိုင်ပေသည်။ တနည်းအားဖြင့် ၄င်းတရားစီရ၈်ရေးစနစ်များကို လွယ်ကူအောင် မှတ်လိုပါက ပထမစနစ်ကို ဥပဒေတစ်မျိုးတည်းရှိသော စနစ်ဟုမှတ်ယူပြီး ဒုတိယစနစ်ကိုမူ ဥပဒေနှစ်မျိုးစနစ်ဟူ၍ မှတ်ယူနိုင်ပေသည်။ ၄င်းစနစ်နှစ်မျိုးတို့၏ အကျိုး အပြစ်များကို ဝေဖန်စီစစ် မကြည့်မီ ၄င်းတရားဥပဒေများကို အသုံးပြုသည့် တရားစီရင်ရေးဌာနတို့၏ ဖွဲ့စည်းမှုကို လေ့လာကြည့်ကြပါစို့။

ဥပဒေတစ်မျိုးစနစ်


ဥပဒေတစ်မျိုးဆိုသည်မှာ တစ်နိုင်ငံလုံမှ ပြည်သူတိုင်းအတွက် ဥပဒေတစ်မျိုး တစ်စားတည်းဖြင့် စီရင်ဆုံးဖြတ်သော စနစ်ပင်ဖြစ်သည်။ ဘုရင်သည်လည်းကောင်း၊ သူတောင်းစားသည်လည်းကောင်း တူညီသော ဥပဒေတစ်ခုခုကို ချိုးဖောက်လျှင် ထိုနှစ်ဦးအပြစ်တူညီစွာ ခံကြရလိမ့်မည်။ ထို့ကြောင့် "ဥပဒေတစ်မျိုး" စနစ်တွင် မည်သူတစ်စုံတစ်ယောက်မျှ ဥပဒေအပေါ်၍ မရှိကြပေ။ တိုင်းပြည်၏ အထွဋ်အထိပ်ဖြစ်ကြသော ဘုရင်နှင့် သမ္မတတို့မှအစ တိုင်းပြည်၏အောက်ဆုံးလွှာမှ ကျေးကျွန်တောင်းစားသူများအထိ မည်သူမျှဥပဒေပြင်ပတွင် မရှိကြပေ။ ဥပဒေမျက်စိ ရှေ့ မှောက်၌ လူတိုင်းသည် အတူတူသာဖြစ်၏။ ယင်းဥပေးတစ်မျိုးတည်းသော စနစ်သည် ဒီမိုကရေစီကျသောကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင် အသုံးပြုလျက်ရှိကြပေသည်။

ဥပဒေတစ်မျိုးစနစ်တွင် တရားသူကြီးများကို ဥပဒေပြုထားသည်ကို တွေ့ရှိပေသည်။ ဥပဒေပြုအဖွဲ့မှ ပြုလုပ်လိုက်သော ဥပဒေများသည် အခြေအနေအရပ်ရပ်နှင့် ကိုက်ညီအောင် ပြုစုထားခြင်းဖြစ်သောကြောင့် ယင်းလွှတ်တော်မှ ပြုစု လိုက်သောဥပဒေများ အနေဖြင့်အခြေအနေအတိုင်းနှင့် အံကျကိုက်ညီရန်မဖြစ်နိုင်ပေ။ ယင်းသို့အခြေအနေနှင့် အံကျမဖြစ်သော ဥပဒေများကိုကိုင်စွဲ၍ တရားစီရင်ဆုံးဖြတ်ရန်မှာလည်း အခြေအနေနှင့်ကိုက်ညီနိုင်သလောက်ကိုက်ညီအောင် ပြန်ဆို၍ တရားစီရင်ဆုံးဖြတ်ကြရပေသည်။ ဤသို့ဆုံးဖြတ်ချက်များကို မှတ်တမ်းတင်ထားပြီး နောင်လာနောင်သားတရား သူကြီးကလည်း ထိုစီရင်ဆုံးဖြတ်ချက်မှတ်တမ်းများကို ကိုးကား၍ တရားစီရင်ဆုံးဖြတ်ကြသည်။ ယင်းသို့ဖြင့် ကာလကြာသောအခါ တရားသူကြီးတို့၏ ဆုံးဖြတ်ချက်များသည် ဥပဒေအဖြစ် ပြောင်းလဲလာပေသည်။ ထို့ကြောင့် တရားသူကြီးများသည် ဥပဒေပြုလုပ်ငန်းလုပ်ကြသ်ညဟူ၍ မှတ်ယူရခြင်းဖြစ်၏။

တရားသူကြီးများ၏ အဓိကလုပ်ငန်းသည် လူတစ်ဦးစီကို ဥပဒေအရအကာအကွယ် ပေးရန်ပင်ဖြစ်သည်။ လူတစ်ဦးကို လူတစ်ယောက်ကသော်လည်းကောင်း လူတစ်ဦးကို အစိုးရနှင့်တကွ လူများစုကသော်လည်းကောင်း တရားလက်လွတ် အနိုင်ကျင့် မတရားပြုလုပ်ခြင်းတို့မှ ကာကွယ်ပေးရန်သည် တရားစီရင်ရေးဌာန၏ အလုပ်ဖြစ်ပေသည်။ ထို့ကြောင့် တရားစီရင်ရေးဌာနသည် အုပ်ချုပ်ရေးဌာန၏ လွှမ်းမိုးမှုမှ လုံးဝကင်းလွတ်ရပေသည်။

(၁) အထက်ပါအတိုင်း ဥပဒေမျိုးသာရှိခြင်း။
(၂) တရားသူကြီးများ ဥပဒေပြုရခြင်း။
(၃) တရားစီရင်ရေးဌာနသည် အုပ်ချုပ်ရေးဌာနတို့နှင့် ကင်းလွတ်နေခြင်းတို့သည် ဥပဒေ တစ်မျိုး စနစ်၏ထူးခြားသော လက္ခဏာသုံးရပ်ပင်ဖြစ်ပေသည်။

ဥပဒေတစ်မျိုးစနစ်ကောင်းကျိုးများ

(၁) တရားစီရင်ရေးဌာန၏ တာဝန်ဝတ္တရားသည် ပြည်သူပြည်သား တစ်ယောက်ကို တခြားပြည်သူပြည်သားတစ်ယောက်နျင့် အစိုးရတို့က တရားမဲ့ပြုကျင့်ခြင်းတို့မှ ကာကွယ်ရန်ဖြစ်သည်။ ဥပဒေတစ်မျိုးစနစ်တွင် တရားသူကြီးများ၏တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်နိုင်စေရန် တရားစီရင်ရေးဌာနကို အစိုးရအဖွဲ့၏ ကျန်နှစ်ဌာနဖြစ်သော ဥပဒေဖြစ်သောဥပဒေနှင့် အုပ်ချုပ်ရေးဌာနတို့မှ သီးခြားခွဲ၍ တည်ထောင်ထားပေသည်။ ထို့ကြောင့် တရားသူကြီးများသည် ၄င်းတို့၏ အသက်အိုးအိမ်စည်းစိမ်အတွက် စိုးရိမ်မှုကြောင့် ဂတိလိုက်စားမှု၊ မျက်နှာကြီးရာ ဟင်းဖတ်ပါမှု စသည်တို့နှင့် ကင်းကာတရားပိုးကို ရွာသွန်းဖြိုးနိုင်ကြပေသည်။ တိုင်းပြည်တွင်း၌ ဤဥပေးတစ်မျိုးစနစ်ကို အသုံးပြုခြင်းဖြင့် မလိုလားအပ်သော တရားမဲ့မှုများ ကင်းလွတ်နိုင်သောကြောင့် ကောင်းသောစနစ်ဟု ယူဆရပေမည်။

(၂) ဥပဒေတစ်မျိုးစနစ်သည် လူတန်းစားခွဲခြားခြင်းမရှိသော စနစ်တစ်ခုဖြစ်သည်။ ဥပဒေမျက်စိ ရှေ့ မှောက်၌ အတူတူသာဖြစ်ကြ၏။ မည်သည့်ပုဂ္ဂိုလ်မျှဥပေးကို ကျုးလွန်ခွင့်မရှိပေ။ ဘုရင်နှင့် သူတောင်းစားသည် လူမှုဆက်ဆံရေးလောက၌ မိုးနှင့်မြေပမာ ကွာခြားလှပေသည်။ သို့ရာတွင် ၄င်းတို့နှစ်ဦးသည် ဥပေး၏ မျက်မှောက်ရှေ့ ၌ မည်သို့မျှခြားနားခြင်း ရှိလိမ့်မည်မဟုတ်ပေ။ ယင်းသို့လူတိုင်းကို တရားဥပဒေအရ အခွင့်အရေး တူညီစွာပေးထားသောကြောင့် ဒီမိုကရေစီကျသော လက္ခဏာအရပ်ပင် ဖြစ်သည်။ ထို့ကြောင့် ဥပဒေတစ်မျိုးစနစ်သည် ကောင်သောစနစ်ဟူ၍ နှစ်ကြိမ်မြောက်မှတ်ယူရပေမည်။

ဥပဒေတစ်မျိုးစနစ်၏ ဆိုးကျိုးများ

ဥပဒေတစ်မျိုးစနစ်၏ လက္ခဏာရပ်သုံးချက်တွင် ဖေါ်ပြပြီးသည့်အတိုင်း ၄င်း၏စနစ်တွင် တရားသူကြီးများက ဥပဒေပြုလုပ်နိုင်ပေသည်။ တရားသူကြီးများသည် ဥပဒေပြုအဖွဲ့မှ ပြုလုပ်လိုက်သော ဥပဒေများကို အခြေအနေနှင့် အံကျဖြစ်အောင် အဓိပ္ပါယ်ပြန်ဆို၍ တရားစီရင်ဆုံးဖြတ်ကြပြီး ယင်းဆုံးဖြတ်ချက်ကို မှတ်တမ်းတင်ထားကြပေမည်။ နောင်လာနောက်သား တရားသူကြီးများကလည်း ၄င်းစီရင်ချက် မှတ်တမ်းများကို ကိုးကား၍ တရားစီရင်ခြင်းပြုကြခြင်းဖြင့် ၄င်းမျတ်တမ်းများသည် ဥပဒေအစစ်များ ဖြစ်လာကြပေသည်။ ယင်းသို့တရားသူကြီး အဆက်အဆက်တို့က ၄င်းတို့၏ဆန္ဒအတိုင်း ဥပဒေပြုအဖွဲ့မှ ပြုစုပြဌာန်းထားသော ဥပဒေကိုလိုသလိုဆွဲ၍ လိုသလို ဆုံးဖြတ်ကြသောကြောင့် မူလဥပဒေတို့၏ သဘောလက္ခဏာများ ကွယ်ပျောက်သွားနိုင်ပေသည်။ တနည်းအားဖြင့် တရားသူကြီးများ ပြုလုပ်ကြသော ဥပဒေများသည် မူလဥပဒေအဖွဲ့မှ ပြုလုပ်ကြသော ဥပဒေများသည် မူလဥပဒေအဖွဲ့မှ ပြုလုပ်ကြသောဥပဒေတို့၏ ဆိုလိုရင်းသဘောမှ တိမ်းယိမ်းကွဲလွဲလာနိုင်၏။ ဤချိန်ကြာညောင်းလာလျှင် ဥပဒေပြုအဖွဲ့မှ လုပ်ထားသောဥပဒေများ လုံးလုံးပင်ပျောက်ကွယ်သွားနိုင်ပေသည်။ ယင်းသို့ဖြစ်လာပါက ဥပဒေများသည် တိကျပြတ်သားမှုမရှိဘဲ လိုသလိုဆွဲ၍ရနိုင်သော မြော့ကြိုးဥပဒေများကို မည်သို့ကျေပြွန်အောင် ထမ်းဆောင်အံ့နည်း။ ပြည်သူတို့ကို ဘေးအန္တရာယ် ကျရောက်စေနိုင်သောကြောင့် ဥပဒေတစ်မျိုးစနစ်ကို အကြွင်းမဲ့ကောင်းသော စနစ်ဟူ၍ မှတ်ယူရန် မထိုင်သင့်ပေ။

Political Science Part (39)

တရားစီရင်ရေးဌာန

တရားဥပဒေဆန့်ကျင်ချိုးဖောက်သူများကို အပြစ်ပေးရန် တရားစီရင်ရေးဌာန၏ အဓိကတာဝန်ဝတ္တရား ဖြစ်ပေသည်။ တရားစီရင်ရေးဌာနသည် လူတိုင်းကို တရားဥပဒေအရ ကာကွယ်ပေးရသောကြောင့် လူတစ်ဦးကို တခြားတစ်ဦးက သော်လည်းကောင်း လူအများနှင့် အစိုးရကသော်လည်းကောင်း တရားဥပဒေမဲ့ ထင်တိုင်းမလုပ်နိုင်အောင် ကာကွယ်မှုပြရသည်။ ထို့ကြောင့် တရားစီရင်ရေးဌာနကို ပုဂ္ဂိုလ်တိုင်း၏ စောင့်ထိန်းကာကွယ်သူအဖြစ် နားလည်ကြပေသည်။ ပြည်ထောင်စု နိုင်ငံများတွင်မူ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးရာနှင့် စပ်လျဉ်းပြီး အချင်းများနိုင်သည်။ယင်းသို့ အချင်းများလာလျှင် ကိုးကားကိုင်စွဲ၍ ဖြေရှင်းရသည်။ သို့ရာတွင် ပြည်ထောင်စု နိုင်ငံများရှိ တရားစီရင်ရေးဌာနတို့၏ တန်ခိုးအာဏာတစ်ခုနှင့် တစ်ခု မတူညီသညို သတိပြုရပေမည်။

အထက်ပါအကြောင်းများကို ထောက်ရှုလျှင် တရားစီရင်ရေးဌာန၏ အဓိကအရေးကြီးဆုံးတာဝန်မှာ အုပ်ချုပ်ရေးနှင့် စပ်လျဉ်းပြီး တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးရန်ပင်ဖြစ်ကြောင်း ထင်ရှားသည်။ ပြည့်ဝသော တရားမျှတမှုကို လူတိုင်းရရှိခံစားနိုင်စေရန် တရားစီရင်ရေးဌာနသည် အစိုးရအဖွဲ့၏ ကျန်နှစ်ဌာနတို့၏ လွှမ်းမိုးမှုမှ လုံးဝကင်းလွတ်ရန်လခိုအပ်ပေသည်။ ထို့ပြင် တကယ်တမ်း ဖြောင့်မှန် တရားမျှတသော ဆုံးဖြတ်ချက်များ ပေးနိုင်ရန် အမက်ဒေါသထွက်နေသော လူထု၏ အလိုဆန္ဒလွှမ်းမိုးမှုတို့မှလည်း ကင်းလွတ်ရပေမည်။ ယင်းသို့ဖြစ်လာနိုင်စေရန် နည်းအမျိုးမျိုးကို အသုံးပြုသောကြောင့် တရားသူကြီးများကို ခန့်အပ်ရာ၌လည်းကောင်း၊ ဖြုတ်ချရာ၌လည်းကောင်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူညီကြချေ။

တရားသူကြီးများခန့်အပ်ပုံ

၁) တရားသူကြီးများကို ပြည်သူလူထုက ရွေကောက်တင်မြောက်ခြင်း။
၂) ဥပဒေပြုအဖွဲ့က ရွေးကောက်တင်မြှောက်ခြင်း။
၃) ရွေးချယ်ရေးဌာနက ရွေးချယ်ခန့်အပ်ခြင်း။

၁)အမေရိကန်ပြည်ထောင်စုမှ များစွာသော ပြည်နယ်တို့တွင် တရားသူကြီးများကို ပြည်သူများကိုယ်တိုင် ရွေးကောက် တင်မြောက်ကြသည်။ ဤနည်းသည် အာဏာခွဲဝေသောစနစ် (Seperation Of power) နှင့် ကိုက်ညီသောကြောင့် ဒီမိုကရေစီကျသောနည်းဟူ၍ ယူဆကြ၏။ သို့ရာတွင် ၄င်းနည်း၌ ချွင်းချက်များရှိနေသည်ကို အောက်ပါအတိုင်း တွေ့ရှိရပေသည်။

(က)သာမန်မဲဆန္ဒရှင်တို့သည် တရားရေးရာများနှင့် စပ်လျဉ်းပြီး နားမလည်ကြသောကြောင့် တရားသူကြီးလောင်းတို့၏ တကယ့်အရညအချင်းများကို သိနိုင်ကြလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် မဲဆန္ဒရှင်တို့သည် တရားရေးရာနှင့် စပ်လျဉ်းပြီး အရည်အချင်းပြည့်ဝသော သူထက် ထင်ပေါ်ကျော်စောသူကို ရွေးကောက်တင်မြောက်ကြပေလိမ့်မည်။

(ခ)တရားသူကြီးများကို ရွှေးကောက်တင်မြှောက်လျှင် နိုင်ငံရေးပါတီတို့မှ ပုဂ္ဂိုလ်များဝင်ရောက် အရွှေးခံကြပေလိမ့်မည်။ အကျင့် သီလသမာဓိတို့နှင့် ပြည့်စုံကြပြီး ပါတီနိုင်ငံရေးနှင့် ကင်းရှင်းသော ပုဂ္ဂိုလ်များအနေဖြင့် ကင်းရှင်းသော ပုဂ္ဂိုလ်များအနေဖြင့် တရားသူကြီး ရွှေးကောက်ပွဲတွင် ၀င်ရောက်ပြိုင်ဆိုင်လိုကြမည် မဟုတ်ပေ။ ထို့ကြောင့် တရားသူကြီးကောင်းများ မရရှိနိုင်ပဲ ပါတီသံယောဇဉ်ဖြင့် မျက်နှာလိုက်တတ်သော နိုင်ငံရေးရာသူကြီးများ ကြီးစိုးသည့်အောက်တွင် ပြည်သူတို့ဒုက္ခရောက်ကြရပေလိမ့်မည်။

(၂)အမေရိကန်ပြည်ထောင်စု၏ တချို့ သောပြည်နယ်များတွင် တရားသူကြီးများကို ဥပဒေပြုအဖွဲ့ အရွှေးအကောက် တင်မြှောက်ကြသည်။ ဆွစ်ဇာလန်ပြည်ထောင်စု တရားသူကြီးများကိုလည်း ပြည်ထောင်စုဥပဒေပြုအဖွဲ့က ရွှေးကောက်တင်မြှောက်ရ၏။ ဥပဒေပြုအဖွဲ့မှ အမတ်များသည် မဲဆန္ဒရှင် လူထုထက်အရည်အချင်းရှိသောကြောင့် ၄င်းအဖွဲ့မှ ရွှေးကောက် တင်မြှောက်သော တရားသူကြီးများသည် မဲဆန္ဒရှင် ပြည်သူတို့က ရွှေးကောက်တင်မြောက်သော တရားသူကြီးများထက် အဆင့်အတန်းမြင့်လိမ့်မည်ဟု ယုံကြည်ယူဆကြသည်။ သို့ရာတွင် အောက်ပါအတိုင်း ချို့ ယွင်းချက်တစ်ခုကို တွေ့ရှိရသည်။

ဥပဒေပြုအဖွဲ့တွင် အာဏာရပါတီ၏ အမတ်ဦးရေက အများစုဖြစ်နေသောကြောင့် အာဏာရပါတီသည် ၄င်း၏ဥပဒေပြုအဖွဲ့မှ အမတ်များကို အသုံးချပြီး မှန်ကန်စွာ ဆုံးဖြတ်နိုင်မှ အရည်အချင်း ပြည့်ဝမှုတိုပါတီကို သစ္စာရှိသော သူများကိုသာ တရားသူကြီး များအဖြစ်ဖြင့် ရွှေးကောက်တင်မြှောက်ကြပေလိမ့်မည်။ ပါတီမှ မြှောက်စားလိုက်သော တရားသူကြီးသည် ပါတီအတွက်သာ အဓိကားပြုမူလုပ်ဆောင်ကြမည်ဖြစ်သောကြောင့် တရားသူကြီးများတွင် ရှိအပ်သော

(၁) မျက်နှာမလိုက်ခြင်း။
(၂)ရိုးသားဖြောင့်မတ်ခြင်း။
(၃) သန့်ရှင်းစင်ကြယ်ခြင်း။
(၄)လွတ်လပ်ခြင်း အစရှိသော အရည်အချင်းများကို ဖျက်ဆီးပစ်ကြပေလိမ့်မည်။ ယင်းသို့သော တရားသူကြီးများ လက်အောက်ရှိ ပြည်သူလူထုသည် "ကျားသနားမှ နွားချမ်းသာ" ဘ၀မျိုးတွင် ကျရောက်နေကြရပေလိမ့်မည်။

(၃)အထက်ဖော်ပြပါ အကြောင်းများကြောင့် မျက်မှောက်ခေတ် နိုင်ငံအများအပြားတွင် တရားသူကြီးများကို အုပ်ချုပ်ရေးဌာနက ခန့်အပ်သော နည်းကို အသုံးပြုကြသည်။ ဤနည်းမှာလည်း ပါတီသံယောဇဉ် ကင်းနိုင်သော နည်းတစ်ရပ်မဟုတ်သေးပေ။ သို့ရာတွင် ပထမနည်းတိုးတက်မှု ကောင်းမွန်ကြောင်း လက်တွေ့အားဖြင့် တွေ့ရှိကြရပေမည်။ တရားစီရင်ရေး ဌာနနှင့် စပ်လျဉ်းပြီး ဤမျှနှင့် ကျေနပ်နိုင်စရာ အကြောင်းမရှိပေ။

ထို့ကြောင့်ပြည်သူတို့ တရားမျှတမှု အပြည့်အ၀ခံစား နိုင်စေရန် အောက်ဖော်ပြပါ နည်းများကို အသုံးပြုကြပေသည်။

(၁)ကမ္ဘာ့နိုင်ငံတိုင်းလိုတွင်ရှိကြသော တရားသူကြီးတို့၏ တရားသူကြီးသက်တမ်းသည် အမြဲတမ်းဖြစ်ကြ၏ တရားသူကြီးတစ်ယောက်သည် အကျင့်သီလပျက်ပြီး လာဘ်စားခြင်း စသောတရားဥပဒေ တစ်ခုခုကိုမျှ ချိုးဖောက်ခြင်းမရှိလျှင် ၄င်း၏ရာထူးမှာ ရာသက်ပန်တည်မြဲနိုင်သည်။ တရားသူကြီး တစ်ယောက်သည် ကောင်းစွာကျင့်ကြံပြုမှု နေသမျှ ၄င်းကိုမည်သူကမျှ ဖြုတ်မချနိုင်ပေ။ ထို့ကြောင့် တရားသူကြီးသည် ပြည်သူတို့အပေါ် "တရားမိုး" ရွာသွန်းဖြိုးနိုင်ပေလိမ့်မည်။

(၂)တရားသူကြီးများ တရားဆုံးဖြတ်ရာတွင် လွတ်လပ်မှုနှင့် လုံခြုံမှုရှိစေရန် ၄င်းတရားသူကြီးများကို ခန့်အပ်နိုင်သူနှင့် ဖြုတ်ချနိုင်သူကို တစ်ဦးစီထားရှိရပေသည်။ များစွာသော နိုင်ငံများတွင် တရားသူကြီးများကို အုပ်ချုပ်ရေးဌာနကသာ ခန့်အပ်လေ့ရှိသည်။ ၄င်းတရားသူကြီးများတွင် အပြစ်ရှိလာသောအခါ ဥပဒေပြုအဖွဲ့က ဖြုတ်ချရ၏ အမေရိကန်တွင် ဆီးနိတ်၏ သဘောတူညီချက်ဖြင့် သမ္မတကပြည်ထောင်စု တရားသူကြီးကို ခန့်အပ်ရသည်။ တရားသူကြီးအနေဖြင့် အပြစ်တစ်စုံတစ်ရာကို ကျူးလွန်လျှင် စွဲချက်တင်၍ ဥပဒေပြုအဖွဲ့က ဖြုတ်ချနိုင်သည်။

အင်္ဂလန်နိုင်ငံတွင်မှု လွှတ်တော်ချုပ်တရားသူကြီးများကို ချန်ဆယ်လာ၏ အကြံပေးတင်ပြချက် အတိုင်းဘုရင်ခန့်အပ်ရသည်။ ချန်ဆယ်လာကို တရားသူကြီး ချုပ်အနေဖြင့် ယူဆကြသည်။ တရားသူကြီးများကို လွှတ်တော်နှစ်ရပ်ပေါင်းက ဖြုတ်ချနိုင်သည်။

(၃)တရားမျှတသော ဆုံးဖြတ်ချက်များ ပေးနိုင်ရန် တရားသူကြီးများအတွက် အရေးကြီးဆုံးသော အချက်မှာ စိတ်ရူးပေါက်နေသော ပြည်သူတို့၏ အလိုဆန္ဒလွှမ်းမိုးမှုမှ ကင်းလွတ်ရန်ပင်ဖြစ်သည်။ ဆိုလိုသည်မှာ ပြည်သူတို့အနေဖြင့် မမှန်မကန် မကောင်းသော ဆုံးဖြတ်ချက်ဟု ယူဆန္ဒနေကြသော်လည်း တရားသူကြီးအနေဖြင့် ၄င်းမှန်သည်ထင်ရာကို ရဲရဲဝံ့ဝံ့ဆုံးဖြတ်ဆုံးဖြတ်ချက် ပေးဝံ့ရန်ပင်ဖြစ်သည်။ တရားသူကြီး တစ်ယောက်အနေဖြင့် ပြည်သူလူထု အလိုဆန္ဒလွမ်းမိုးခံရပါမှု "မြည်းတစ်ကောင်နှင့် သားဖ နှစ်ယောက်" ပုံပြင်ကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့်တရား သူကြီးများအပေါ် ပြည်သူဆန္ဒ လွှမ်းမိုးမှုမရှိနိုင်စေရန် တရားသူကြီးများကို ရွှေးကောက်တင်မြောက်ခြင်း မပြုအပ်ပေ သို့မှသာလျှင် တရားသူကြီးတို့၏ တရားဆုံးဖြတ်ချက်များသည် ပြည်သူတို့၏ စိတ်ရူးပေါက်သော အလိုဆန္ဒများ လွှမ်းမိုးခြင်းတို့မှ ကင်းလွန်ပြီးတရားမျှတ နိုင်ပေမည်။

(၄)တရားသူကြီးများကို အဆင့်အတန်းမြင့်မားစွာ နေထိုင်စေရန် လုံလောက်သောလစာ ပေးထားသင့်ပေသည်။ သို့မှသာလျှင် လာဘ်စား၍ မျက်နှာလိုက်ဆုံးဖြတ်ပေးမှုတို့မှ ကင်းလွတ်နိုင်ပေမည်။

(၅)တရားသူကြီးများကို ခန့်အပ်ရာတွင်လည်း ပါတီသံယောဇဉ်ရှိသူများကို မခန့်အပ်ဘဲ ရိုးသားဖြောင့်မတ်၍ အရည်အချင်းရှိသော ပုဂ္ဂိုလ်များကို ခန့်အပ်သင့်သည်။


Political Science Part (38)

သမ္မတအာဏာကိုကန့်သတ်ချက်များ

ကမ္ဘာပေါ်တွင်ရှိသော အုပ်ချုပ်ရေးဌာနတို့၏ အာဏာများထဲတွင် အမေရိကန်အုပ်ချုပ်ရေးဌာနမှ အမေရိကန် သမ္မတအုပ်ချုပ်ရေး ဌာနမှ အမေရိကန်သမ္မတ၏ အုပ်ချုပ်ရေးအာဏာသည် တန်ခိုးပါဝါအကြီးဆုံးဖြစ်သည်။ သို့ရာတွင် အမေရိကန် သမ္မတအာဏာမှာလည်း အကန့်အသတ်မရှိသော အာဏာမဟုတ်ချေ။ သမ္မတအာဏာကို ကန့်သတ်ထားကြ၏ ယင်းသို့ ကန့်သတ်မထားလျှင် သမ္မတလည်း အာဏာရှင်ဖြစ်လာပေမည်။ ထို့ကြောင့် အောက်ဖော်ပြပါအတိုင်း အမေရိကန် သမ္မတ၏ အာဏာများကို ကန့်သတ်ထားပေသည်။

၁) ဒုတိယဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ချက်အရ မည်သည့်ပုဂ္ဂိုလ်မျှ အမေရိကန်သမ္မတအဖြစ် နှစ်ကြိမ်ထက်ပို၍ ဖြစ်နိုင်ခွင့်မရှိပေ။

သို့ရာတွင် အမေရိကန်လွတ်လပ်ရေးရရှိသော ၁၇၈၃ မှ စ၍ ယနေ့သမ္မတ ဂျွန်ဆင်လက်ထက်အထိ အမေရိကန် သမ္မတပေါင်း ၃၆ ယောက်ရှိသည့်အနက် "၃၁" ကြိမ်မြောက်ဖြစ်သော သမ္မရူးစဘဲတ် (Roosevelt) သည် ၁၉၃၃ ခုနှစ်မှစ၍ ၁၉၄၅ ခုနှစ်အထိ သမ္မတဖြစ်ခဲ့သောကြောင့် နှစ်ကြိမ်ထက်ပို၍ သမ္မတဖြစ်ခဲ့ရသည်ကို တွေ့ရှိရသည်။ ယင်းသို့ ကန့်သတ်ချက်ထက် အကြိမ်ပို၍ သမ္မဖြစ်ရခြင်းမှာ ၄င်းသမ္မတနှစ်ကြိမ်သက်တမ်းအတွင်း ဒုတိယကမ္ဘာစစ်ဖြစ်သောကြောင့်ပင် ဖြစ်သည်။

၂) သမ္မတသည် အုပ်ချုပ်ရေးဌာန၏ အာဏာပိုင်ဖြစ်သော်လည်း ဥပဒေပြုအဖွဲ့ကို ဖျက်သိမ်းနိုင်ခွင့်မရှိပေ။ ဥပဒေပြုအဖွဲ့အနေဖြင့်လ်း သမ္မတကို ဖြုတ်မချနိုင်သောကြောင့် အုပ်ချုပ်ရေးဌာနနှင့် ဥပဒေပြုဌာနတို့သည် အကြမ်းအားဖြင့် တန်ခိုးအာဏာတူမျှသည်။ သို့ရာတွင် သမ္မတ၏ အပြည်ပြည်ဆိုင်ရာ စာချုပ်များည် စီးနိတ်လွှတ်တော်က သဘောတူမှသာလျှင် အတည်ဖြစ်နိုင်သည်။ ထို့ကြောင့် အမေရိကန်သမ္မတသည် အပြည်ပြည်ဆိုင်ရာ စာချုပ်များကို ၄င်း၏သဘောအတိုင်း ချုပ်ဆိုနိုင်ခွင့် မရှိပေ။

၃) သမ္မတသည် အုပ်ချုပ်ရေးကိစ္စမှန်သမျှ တာဝန်ယူ၍ ဆောင်ရွက်ရသော်လည်း ၄င်းအုပ်ချုပ်ရေး ကိစ္စများနှင့် စပ်လျဉ်း၍ ငွေသုံးစွဲခွင့်ကိုမူ ဥပဒေပြုအဖွဲ့က ချုပ်ကိုင်ထားပေသည်။ ထို့ကြောင့် သမ္မတသည် ဥပဒေပြုအဖွဲ့၏ ခွင့်ပြုချက်ရမှသာလျှင် အုပ်ချုပ်ရေး၊ စီမံကန်းစသည်တို့အတွက် ငွေကြေးသုံးစွဲရပေသည်။

အမေရိကန်သမ္မတအုပ်ချုပ်ရေးစနစ်၏ ကောင်းကျိုးများ


၁) ပါလီမန်အုပ်ချုပ်ရေးစနစ်တွင် မတွေ့ရှိနိုင်သော ကောင်းကျိုးများကို သမ္မတအုပ်ချုပ်ရေးစနစ်တွင် တွေ့ရှိနိုင်သည်။ အုပ်ချုပ်ရေးဌာနသည် ဥပဒေပြုဌာနနှင့် လုံးဝကင်းလွှတ်နေခြင်းသည် သမ္မအုပ်ချုပ်ရေးစနစ်၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ အုပ်ချုပ်ရေးအဖွဲ့သည် ဥပဒေပြုအဖွဲ့နှင့် ကင်းလွှတ်နေသောကြောင့် ပြည်တွင်းစစ်များနှင့် လုပ်ကြံမှုများဖြစ်နိုင်သည်။

၃) ဥပဒေကို အခြေအနေနှင့် လိုက်လျောကိုက်ညီအောင် ပြုစုပြဌာန်းရန် အလွန်အရေးကြီးသည်။ ယင်းသို့အခြေအနေနှင့် လိုက်လျောကိုက်ညီအောင် ပြုစုပြဌာန်းခွင့် ရှိမှသာလျှင် ဖြစ်နိုင်ပေမည်။ ပါလီမန်အုပ်ချုပ်ရေးစနစ်တွင် အုပ်ချုပ်ရေးဌာနမှ ကက်ဘိနက်အဖွဲ့ဝင် ၀န်ကြီးအားလုံးတို့သည် ဥပဒေပြုအမတ်များ ဖြစ်ကြသောကြော့် ဥပဒေပြုအဖွဲ့တွင် လမ်းညွှန်ကော်မတီသဖွယ် ဖြစ်နေ၏။ ထိုကြောင့် တိကျပြတ်သားသော ဥပဒေများ၊ အခြေအနေနှင့် ဟပ်မိသောဥပဒေများ၊ တကယ်တမ်းလိုအပ်သည့် လုံးဝင်းလွတ်နေကြသည့်အလျောက် အခြေအနေနှင့် ဟပ်မိသော ဥပဒေများကိုလည်း ပြုစုနိုင်လိမ့်မည် မဟုတ်ပေ။ ထိုကြောင့် အုပ်ချုပ်ရေးစက်ယန္တယားတွင် ချွတ်ယွင်းချက်များဖြစ်ပေါ်နိုင်သည်။

၎) သမ္မတအုပ်ချုပ်ရေးစနစ်ကို အသုံးပြုသော နိုင်ငံအစစ် အုပ်ချုပ်ရေးသမားတို့နှင့် ရုပ်ပြအုပ်ချုပ်ရေးသမားတို့ (National And Real Executive) မှာ ကွဲပြားခြားနားမှု မရှိချေ။ သမ္မတသည် အာာပိုင်အုပ်ချုပ်ရေးသမား ဖြစ်သကဲ့သို့ ရုပ်ပြအုပ်ချုပ်ရေးသမားလည်းဖြစ်သည်။ ထို့ကြောင့် သမ္မတသည် အာဏာပိုင် အုပ်ချုပ်ရေးသမား တစ်ယောက်အနေဖြင့် တိုင်းပြည်အုပ်ချုပ်ရေး စက်ယန္တရားကို မောင်နှင်နေရပြီး၊ တစ်ဘက်တွင်လည်း အာဏာမပိုင်သော ရုပ်ပြအုပ်ချုပ်ရေးသမား တစ်ယောက်အနေဖြင့် အရေးမကြီးသော အခမ်းအနား ပွဲလမ်းသဘင် ကပွဲ၊ ပြပွဲများ ဖွင်ပေးခြင်း အဆောက်အဦးအုပ်မြစ်ချခြင်း စသောအလုပ်များကို ပြုလုပ်ရပေသည်။ ယင်းသို့ ရုပ်ပြအုပ်ချုပ်ရေးသမား ပြုလုပ်ရမည့် ကစ္စအ၀၀ကို ဆောင်ရွက်နေရခြင်းဖြင့် အုပ်ချုပ်ရေး လုပ်ငန်းများ လစ်ဟင်းစေနိုင်သည်။

Political Science Part (37)

သမ္မတအုပ်ချုပ်ရေး

သမ္မတအုပ်ချုပ်ရေးဆိုသည်မှာ သတ်မှတ်ထားသော အုပ်ချုပ်ရေးကာလ သက်တမ်းတွင်း ဥပဒေပြု အဖွဲ့ကသော်လည်းကောင်း ပြည်သူများကသော်လည်းကောင်း ဖြုတ်ချ၍မရသော "ခိုင်မြဲသည့် အုပ်ချုပ်ရေး" (Fixed Executive) ပင်ဖြစ်သည်။

သမ္မတအုပ်ချုပ်ရေး၏ ထင်ရှားသောလက္ခဏာများ

၁) သမ္မတအုပ်ချုပ်ရေးစနစ်တွင် အုပ်ချုပ်ရေးဌာန၏ အကြီးအကဲဖြစ်သူ သမ္မတသည် ရုပ်ပြအုပ်ချုပ်ရေးသမား မဟုတ်ပေ။ ထို့ကြောင့် ၄င်းကိုပြည်သူများသာလျှင် တိုက်ရိုက်ရွေးကောက်တင်မြှောက်ရသည်။

၂) သမ္မတကို ဥပဒပြုအဖွဲ့က တင်မြှောက်ခြင်းမဟုတ်ပဲ ပြည်သူများကသာ ရွေးကောက် တင်မြှောက်ခြင်း ဖြစ်သောကြောင့် သမ္မတသက်တမ်းသည် ဥပဒေပြုအဖွဲ့ပေါ်မူတည်ည်။ ဥပဒေပြုအဖွဲ့သည် သမ္မတကိုမကြိုက်သော်လည်း ဖြုတ်မချနိုင်ပေ။ ယင်းသို့ ဥပဒေပြုအဖွဲ့နှင့် လုံးဝင်းလွတ်နေခြင်းသည် သမ္မတကို အုပ်ချုပ်ရေးစနစ်၏ ထူးခြားချက်တစ်ရပ်ပင်ဖြစ်သည်။

၃) သမ္မတအုပ်ချုပ်ရေးနစ်တွင် အစစ်နှင့်ရုပ်ပြအုပ်ချုပ်သမားသည် ပုဂ္ဂိုလ်တစ်ဦးတည်းသာ ဖြစ်သည်။ သမ္မတသည် ရုပ်ပြအနေဖြင့် တိုင်းပြည်၏ အထွတ်အထိပ် ဖြစ်သကဲ့သို့ အစစ်အမှန်အုပ်အုပ်ချုပ်ရေးသမား အနေဖြင့် အုပ်ချုပ်ရေးဌာန၏ အကြီးမားဆုံးသော ပုဂ္ဂိုလ်လည်းဖြစ်သည်။

၎) သမ္မတအုပ်ချုပ်ရေးစနစ်တွင် သမ္မတကိုမဲဆန္ဒပေး၍ တင်မြှောက်ပြီှးလျှင် သတ်မှတ်ထားသော သမ္မတသက်တမ်းအတွင်းတွင် ဖြုတ်မချနိုင်တောပေ။

အမေရိကန်သမ္မတ

အမေရိကန်သမ္မတသည် ရုပ်ပြအုပ်ချုပ်ရေးသမားအနေဖြင့် အမေရိကန်ပြည်ထောင်စု၏ အထွတ်အထိပ်သမ္မတ ဖြစ်ပြီး အစစ်အမှန် အုပ်ချုပ်ရေးသမားအနေဖြင့် အမေရိကန်အုပ်ချုပ်ရေးဌာန အစိုးရအဖွဲ့၏အကြီးဆုံး တာဝန်အရှိဆုံး ပုဂ္ဂိုလ်လည်းဖြစ်သည်။ ထို့ကြောင့်ပင် အမေရိကန်သမ္မတကို ကမ္ဘာပေါ်တွင် တန်ခိုးအကြီးဆုံးသော အုပ်ချုပ်ရေးသမားဟု ယူဆကြသည်။

အမေရိကန်သမ္မတရွေးကောက်ပွဲ


မဲဆန္ဒရှင်လူထုသည် ကော်လိပ်တော်အရာရှိခေါ် ရွေးချယ်ရေးအဖွဲ့ (College of Electros) ကိုရွေးရောက် တင်မြှောက်ရသည်။ အမေရိကန် ဥပဒေပြုအဖွဲ့ (Congress) အမတ်ဦးရေ အပြည့်ရွေးကောက်ပြီး ၄င်းရွေးချယ်ရေးပေါ်အဖွဲ့မှ သမ္မတကို ရွေးကောက်တင်မြှောက်ရသည်။ ထို့ကြောင့် စာဆိုအားဖြင့် ပြည်သူလူထုသည် သမ္မကိသွယ်ဝိုက်၍ ရွေးကောက်တင်မြှောက်ကြရသည်။

သို့ရာတွင် ပါတီစနစ်ကို အသုံးပြုသောကြောင့် ရွေးချယ်ရေးကိုယ်စားလှယ်များက သမ္မတကို မရွေးချယ်သေးမီပင် မည့်သည့် သမ္မတအနိုင်ရရှိကြောင်း သိရှိနိုင်သည်။ ရွေးချယ်ရေး ကိုယ်စားလှယ်များသည် ရွေးကောက်ပွဲကာလ၌ပင် မိမိတို့ ရွေးချယ်ရေးကိုယ်စားလှဝ်အဖြစ် အရွေးးခံရပါက မည်သူ့ကိုသမ္မတ အဖြစ်ရွေးကောက်တင်မြှောက်ရန် မဲပေးပါမည်ဟု ကြေငြာထားကြလေသည်။ ထို့ကြောင့် အမေရိကန်သမ္မတ ရွေးကောက်ပွဲစနစ်ကို တိုက်ရိုက် ရွေးကောက်သောစနစ်ဟုပင် ယူဆရပေမည်။

အမေရိကန်သမ္မတ၏ တန်ခိုးပါဝါများ


အမေရီကန်သမ္မတသည် ၄င်း၏အစိုးရအဖွဲ့ဝင်များအဖြစ် ၄င်းကြိုက်သောသူများကို ရွေးချယ်ခွင့်ရှိသည်။ ပါတီမှ ပုဂ္ဂိုလ်များကိုသာ ရွေးချယ်ရမည်ဟု ကန့်သတ်ချက်မရှိပေ။ သင့်တောင်မည်ထင်သူ မည်သူ့ကိုမဆို ရွေးချယ်ခန့်ထားနိုင်သည်။ ဆီးနိတ်လွှတ်တော်အနေဖြင့်သာ သမ္မတရွေးချယ်ထားသူများကို အတည်ပြုပေးရသော်လည်း ပြင်းပယ်ခွင့်မရှိ။ ထို့ကြောင့် သမ္မတလက်ထဲတွင် အစိုးရအဖွဲ့ဝန်ကြီးများကို ကြိုက်သလို ခန့်ထားခွင့် ပြည်ထောင်စု တရားသူကြီးများကို ကြိုက်သလိုခန့်ထားခွင့် ပြည်ထောင်စုတရားသူကြီးများ ခန့်ထားခွင့်နှင့် အခြားရာထူးများ ခန့်ထားခွင့်အာဏာများ ရှိသည်။

(၂) အမေရိကန် သမ္မတသည် လက်နက်ကိုင်တပ်ပေါင်းစုံ၏ စစ်သေနာပတိ ဗိုလ်ချုပ်ကြီးဖြစ်သည်။ သမ္မတကိုစစ်ရေးစစ်ရာနှင့် စပ်လျဉ်းပြီး အကြံဥာဏ်ပေးရန် တပ်ပေါင်းစု အကြံပေးအဖွဲ့ချုပ် ရှိသော်လည်း သမ္မတသည် အကြံပေးချက်များကို လက်ခံလိုမှ လက်ခံနိုင်သည်။ မကြိုက်လျှင် ငြင်းပယ်နိုင်ပေသည်။ ထို့အပြင် ၄င်းအကြံပေးအဖွဲ့သည် သမ္မတက ခန့်အပ်ထားခြင်းသာ ဖြစ်သည်။ သမ္မ၌ အုပ်ချုပ်ရေးဌာနမှ မည်သူ့ကိုမဆို ဖြုတ်ချနိုင်သောအာဏာရှိသည်။ ဥပမာ ကိုးရီးယား စစ်ပွဲကာလတွင် အမေရိကန်သမ္မတသည် စစ်ဗိုလ်ချုပ် မက်အာသာကို ရာထူးမှ ဖယ်ရှားခဲ့ဖူးသည်။

(၃) အမေရိကန်သမ္မတနှင့် ဥပဒေပြုအဖွဲ့ကို ပါတီကရွေးချယ်ထားခြင်းဖြစ်သည်။ သမ္မတပါတီမှ အမတ်များ လွှတ်တော်ထဲတွင် အများစုဖြစ်နေပါက သမ္မတအနေဖြင့် ၄င်းကြံစည်ချက်များနှင့် ကိုက်ညီသော ဥပဒေများကို ပြုလုပ်စေခိုင်းနိုင်သည်။

ထို့ကြောင့် အမေရိကန်သမ္မတဥပဒေပြုခြင်းကို သြဇာလွှမ်းမိုးနိုင်သော တန်ခိုးပါဝါရှိသည်။ သမ္မတသက်တမ်း ၄ နှစ်ဖြစ်ပြီး ဆီးနိတ်အမတ်တို့၏ ၁/၃ နှင့် အောက်လွှတ်တော် အမတ်အားလုံးတို့ကို ၂ နှစ် ၁ ခါ အသစ်တစ်ဖန် ရွေးကောက်တင်မြောက်ရသောကြောင့် သမ္မတသက်တမ်းအတွင်း ဥပဒေပြုအဖွဲ့၌ ၄င်းသမ္မတ၏ ပါတီမှအမတ်များ လူနည်းစုဖြစ်သွားနိုင်သည်။ ယင်းသို့ဖြစ်လာပါမူ သမ္မတအနေဖြင့် ဥပဒေပြုအဖွဲ့အပေါ် သြဇာမရှိနိုင်၊ သို့ရာတွင် သမ္မတ၀ီလဆင်လက်ထက်၌ သမ္မတပါတီမှ အမတ်များ ဥပဒေပြုအဖွဲ့အတွင်း လူနည်းစုဖြစ်ခဲ့ရပြီးနော်က ယနေ့အထိမူ ထိုသို့မဖြစ်သေးပေ။ သမ္မတပါတီမှ အမတ်များသည် ဥပဒေပြုအဖွဲ့ထဲ၌ အမြဲတမ်းဖြင့် လူများစုဖြစ်၏။ ထို့ကြောင့် သမ္မတအနေဖြင့် ၄င်း၏ ၀ါဒလမ်းစဉ်နှင့် ကိုက်ညီသော ဥပဒေများကို ပြုလုပ်စေခိုင်းခြင်းဖြင့် သမ္မတသည် ဥပဒေပြုအဖွဲ့အပေါ် သြဇာလွှမ်းမိုးနိုင်ခြင်းသည် သမ္မတ၏ တန်ခိုးပါဝါ တစ်ခုပင်ဖြစ်သည်။

(၄) သမ္မတတွင် ဥပဒေပြုအဖွဲ့မှ ပြုလုပ်လိုက်သာ ဥပဒေများကို ဗီတို (Veto) ခေါ် တစ်ချက်လွှတ်အမိန့်အာဏာဖြင့် ပယ်ချနိုင်သော အာဏာရှိသည်။ သမ္မတသည် ဥပဒေပြုအဖွဲ့၌ ၄င်း၏ ပါတီမှ အမတ်များလူနည်းစု ဖြစ်နေသောကြောင့် ၄င်း၏၀ါဒလမ်းစဉ်နှင့် မကိုက်ညီသော ဥပဒေများကို ဥပဒေပြုအဖွဲ့က ပြုစုလျှင်ဗီဒိုအာဏာဖြင့် ပယ်ချနိုင်သည်။ သမ္မတက ဗီဒိုအာဏာဖြင့် ပယ်ချထားသော ဥပဒေကို လွှတ်တော်သို့ ပြန်လည်တင်ပြပြီး လွှတ်တော်နှစ်ခုစလုံးက ၂/၃ သော အမတ်များကထော်ကခံရန်မှာ ဖြစ်နိုင်ခဲသော ကိစ္စတစ်ရပ်သာဖြစ်သည်။ ထို့ကြောင့် သမ္မတသည် ဥပဒေပြုဗီတိုအာဏာ (Legislative Veto) သည် အလွန်ထက်မြက်သော အာဏာဖြစ်သည်။

(၅) သမ္မတသည် အုပ်ချုပ်ရေးဌာန၏ အာဏာပိုင်ဖြစ်သည့်အလျောက် ရှိပေသည်။ ဥပဒေပြုအဖွဲ့အနေဖြင့် နိုင်ငံခြားရေးဝါဒကိုမူချထားသော်လည်း စေ့စပ်ဆွေးနွေးရေး၊ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးပမာဏတို့သည် သမ္မတ၏ လက်ထဲ၌သာရှိကြ၏။ ထို့ပြင် ဥပဒေပြုအဖွဲ့ပသည် သမ္မတ၏အလိုဆန္ဒနှင့်ကိုက်ညီသော နိုင်ငံရေးဝါဒကိုသာ ချမှတ်လေ့ရှိ၏။ သမ္မတသည်စစ်ကြေငြာ နိုင်ခြင်းမရှိသော်လည်း စစ်ဖြစ်ရန်မလွှဲရှောင်သာဟု ယုံကြည်ပြီး စစ်ကြေငြာလိုလျှင် စေ့စပ်ပြောဆုမှုကို အဆုံးသတ်ခွင့်ရှိသည်။ ယင်းသို့ စေ့စပ်ပြောဆိုမှု ရုပ်သိမ်းပြီးသောအခါ ကွန်ဂရက်လွှတ်တော်ကသာ စစ်ကြေငြာရလေသည်။ ထို့ကြောင့် သမ္မတတွင် အပြည်ပြည်ဆက်ဆံရေးအာဏာနှင့် နိုင်ငံခြားရေးမူဝါဒချမှတ်ခွင့် အာဏာများလည်း ရှိသည်။

(၆) သမ္မတသည် ဥပဒေပြုလွှတ်တော်သို့ တက်ရောက်၍ ဥပဒေပြုခြင်း လုပ်ငန်းများကို မပြုလုပ်သော်လည်း ဥပဒေပြုအဖွဲ့အနေဖြင့် စည်းဝေးကျင်းပရန်လိုအပ်လျှင် စည်းဝေးခေါ်ယူကျင်းပစေသည်။ သို့ရာတွင် လိုအပ်ပါက အလိုရှိတိုင်း ခေါ်ယူကျင်းပစေခိုင်းနိုင်ပေသည်။

(၇) ၁၉၄၆ ခုနှစ် အနုမြူအင်အား အက်ဥပဒေ (The Atomic Energy Act of 1946 ) အရ အမေရိကန် သမ္မတတွင် အနုမြူဗုံးကို အသုံးပြုရန် နောက်ဆုံးအမိန့်ပေးခွင့်အာစာ ရှိသည်။

Political Science Part (36)

ပါလီမန်အုပ်ချုပ်ရေး စနစ်၏ ဆိုးကျိုးများ

၁) အုပ်ချုပ်ရေးအဖွဲ့သည် ဥပဒေပြုအဖွဲ့၏ အဓိကအစိတ်အပိုင်းဖြစ်သောကြောင့် ယင်းဥပဒေပြုအဖွဲ့၏ လွှမ်းမိုးမှုမှ လုံးဝကင်းလွခြင်းမရှိပေ။ အုပ်ချုပ်ရေးအဖွဲ့သည် ဥပဒေပြုအဖွဲ့မှ ပြုလုပ်ထားသော ဥပဒေများကို ကိုင်စွဲ၍ အုပ်ချုပ်နေရသော်လည်း အုပ်ချုပ်ရေးလုပ်ငန်း များကို ကောင်းစွာ ပြုလုပ်ဆောင်ရွက်နိုင်ရန် လွတ်လပ်မှုရှိရပေမည်။ အကယ်၍ လွတ်လပ်မှုမရှိလျှင် အုပ်ချုပ်ရေးလုပ်ငန်းတစ်ခုလုံးကို ဟိရိသြတ္တပ္ပကင်းသော နိုင်ငံရေးသမားတို့၏ ချယ်လယ်ခြင်းကို ခံရတတ်ပေသည်။

၂) ၀န်ကြီးချုပ်နှင့်တကွ ကက်ဘိနက်အဖွဲ့ဝင် ၀န်ကြီးများအားလုံးသည် ပါလီမန်အမတ်များသာ ဖြစ်သောကြောင့် ပါလီမန်အစည်းအဝေး ကျင်းပတိုင်း အစည်းအဝေးကို တက်ရောက်၍ ဥပဒေရေးရာ လုပ်ငန်းများကိုလည်း လုပ်ကြရပါပေသည်။ ထို့ကြောင့် ၄င်းတို့သည် ၄င်းတို့၏ အုပ်ချုပ်ရေးတာဝန်များ လစ်ဟင်းပြီး ပြည့်ဝကောင်းမွန်သော အုပ်ချုပ်ရေးသမားများ ဖြစ်မလာနိုင်ပေ။ ယင်းသို့ အုပ်ချုပ်ရေး ညံ့ဖျင်းစေနိုင်ခြင်းသည် ပါလီမန်အုပ်ချုပ်ရေး စနစ်၏ မကာင်းသော လက္ခဏာတစ်ရပ်ဖြစ်ပေသည်။

၃) ပါလီမန် အုပ်ချုပ်ရေးစနစ်တွင် အုပ်ချုပ်ရေးဌာနသည် ဥပဒေပြုအဖွဲ့ပေါ်၌ လုံးဝတည်ရှိနေသောကြောင့် ဥပဒေပြုအဖွဲ့အတွင်း ၀ါဒအမျိုးမျိုးအတွက် အငြင်းအခုန်ဖြစ်တိုင်း ပါဝင်နေရပေသည်။ ပြင်းပြင်ထန်ထန် ငြင်းခုန် ဆွေးနွေးခြင်းဖြင့် အစိုးရအဖွဲ့အတွင်း အရေးတော်ပုံများ ပေါ်ပေါက်ကာ မကြာခဏ အစိုးရအပြောင်းအလဲ ဖြစ်နိုင်သည်။ ယင်းသို့အရေးတော်ပုံများကို အကြောင်းပြု၍ အစိုးရအဖွဲ့ပြောင်းလဲနေခြင်းကြောင့် တိုင်းပြည်တိုးတက်မှုကို ထိခိုက်စေနိုင်ခြင်းသည်လည်း ပါလီမန်အုပ်ချုပ်ရေး စနစ်၏ ပြော့ကွက်တစ်ကွက်ပင်ဖြစ်သည်။

၎) ပါလီမန်အုပ်ချုပ်ရေး စနစ်တွင် အုပ်ချုပ်ရေးဌာန၏ သက်တမ်းသည် ဥပဒေပြုအဖွဲ့၏ သက်တမ်းအတိုင်းသာဖြစ်သည်။ အတိုက်အခံ အားကောင်းသောကြောင့် အယုံအကြည်မရှိ အဆိုတင်ကာ ၀န်ကြီးချုပ်ကို ဖြုတ်ချလျှင်ပင် အစိုးရအဖွဲ့ ပျက်ရပေသည်။ ထို့ကြောင့် ၀န်ကြီးချုပ်သည် တိုင်းပြည်အတွက် လုပ်စရာရှိသည်များကို ရဲဝံ့စွာမလုပ်ဝံ့ဘဲ မိမိရာထူးတည်မြဲရေးအတွက် ဥပဒေပြုအဖွဲ့ကို ချော့မြူနေရတတ်ပေသည်။ အစိုးရအဖွဲ့သည် အတိုက်အခံ ပါလီမန်အင်အားတောင့်နေလျှင် အမြဲအစဉ်ကြောက်ရွံ့ နေရတတ်သည်။ ထို့ကြောင့် အစိုးရအဖွဲ့သည် အတိုက်အခံ ပါတီများ ကြီးစိုးရာ ဥပဒေပြုအဖွဲ့ကို အဆန့်ကျင်ဝံ့ပေ။ ဥပဒေပြဌာန်း၏ သဘောဆန္ဒအတိုင်း လိုက်နာပြုမူ ဆောင်ရွက်ရတတ်၏ ဤနည်းဖြင့် အုပ်ချုပ်ရေးဌာနသည် ဥပဒေပြုအဖွဲ့၏ ကျေးကျွန်ဖွယ် ဖြစ်လာရပေတော့သည်။

၅) ပါလီမန်အုပ်ချုပ်ရေးစနစ်တွင် ၀န်ကြီးချုပ်သည် ၄င်း၏ပါတီအမတ်များထဲမှသာ ၀န်ကြီးများကို ရွေးချယ်ခန့်ထားရပေသည်။ ယင်းဝန်ကြီးချုပ်သည် မိမိပါတီအမတ်များထဲကသာ ၀န်ကြီးများကို ရွေးချယ်ခန့်ထားရသောကြောင့် ရွေးချယ်ခန့်ထားရေး နယ်ပယ်သည် ကျဉ်းမြောင်းလှ၏။ ယင်းသို့ ကျဉ်းမြောင်းသောကြောင့် တိုင်းပြည်ရှိ လူတော်ကောင်းများကို ၀န်ကြီးများ မခန့်အပ်နိုင်ပေ။ ထို့ကြောင့် အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ညံ့ဖျင်းစေနိုင်သည်။ သမ္မတ အုပ်ချုပ်ရေးစနစ်တွင်မူ တိုင်းပြည်ရှိ မည်သူ့ကိုမဆို ၀န်ကြီးအဖြစ် ခန့်အပ်နိုင်သောကြောင့် အရည်အချင်းပြည့်ဝသော အုပ်ချုပ်ရေးအဖွဲ့ဖြစ်လာသည်။ ပါလီမန်အုပ်ချုပ်ရေးအဖွဲ့တွင် ၀န်ကြီးချုပ်သည် အရည်အချင်းပြည့်ဝဆုံးသော ပုဂ္ဂိုလ်များကို ရွေးချယ်၍ အစိုးရအဖွဲ့ဝင် ၀န်ကြီးများအဖြစ် မခန့်အပ်နိုင်သည့်အပြင် အစိုးရအဖွဲ့သည် တိုင်းပြည်ကောင်းစာရေးဝါဒထက် ပါတီကောင်းစားရေး ၀ါဒကိုချမှတ်လုပ်ကိုင် တတ်သောကြောင့် မကောင်းပေ။

၆) ပါလီမန် ဒီမိုကရေစီစနစ်တွင် လူနှစ်ယောက်လောက်ဖြင့်လည်း ပါတီတစ်ခု တည်းထောင်နိုင်သောကြောင့် ပါတီတွေမှိုလို ပေါနိုင်သည်။ ထို့ကြောင့် ရွေးကောက်ပွဲတွင် မည်သည့်ပါတီမှ လွတ်လွတ်ကျွတ်ကျွတ် အနိုင်မရနိုင်ပေ။ ယင်းသို့ဖြစ်လာသောအခါ ပါတီအချင်းချင်း စေ့စပ်၍ ညွှန့်ပေါင်းအစိုးရဖွဲ့စည်းရတတ်ပေသည်။ ညွှန်ပေါင်းအစိုးရ၏ ထူးခြားသောအာဏာ တစ်ရပ်မှာ မခိုင်မြဲမှုပင်ဖြစ်၏။ ယင်းသို့ ခိုင်မြဲမှု မရှိသော အစိုးရလူမျိုး အနေဖြင့် တိုင်းပြည်အတွက် မည်ကဲ့သို့သောကောင်းကျိုးများကို ပြိုင်အံ့နည်း။ ပါလီမန်တွင်း စကားစစ်ပွဲများ အစိုးရအဖွဲ့ မကြာခဏသော အပြောင်းအလဲဖြင့်သာ အချိန်ကိုကုန်လွန်စေနိုင်ပေသည်။

၇) ပါလီမန် အုပ်ချုပ်ရေးစနစ်အရ ပါတီတိုင်း ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ခွင့်ရှိပေသည်။ ယင်းသို့ ပါတီအများအပြား ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခြင်းကြောင့် ပါတီတစ်ခုအနေဖြင့် အပြတ်အသတ်အနိုင်ရရန် ခဲယှဉ်းလှသည်။ ထို့ကြောင့် ပါတီကြားတစ်ခုသည် ပါတီလေးတစ်ခုနှင့်စေ့စပ်၍ အပေးအယူလုပ်ပြီး အစိုးရဖွဲ့စည်းလေ့ရှိ၏။ ယင်းသို့ဖြင့် အစိုးရဖွဲ့စည်းနိုင်အောင် အင်အားမရှိသော ပါတီကလေးများလည်း အစိုးရအာဏာကို ရရှိနိုင်ကြောင်း ထင်ရှားပေသည်။ ထို့ကြောင့်ပင် နိုင်ငံရေးလုပ်စားသော လူတန်းစားတစ်ရပ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

၈) ပါလီမန်စနစ်၏ အဓိကမကောင်းဆုံးသော အချက်မှာ ဆိုရှယ်လစ်နိုင်ငံ ထူထောင်၍ မရရှိနိုင်ခြင်းပင်ဖြစ်သည်။ ပါလီမန် ဒီမိုကရေစီနည်းဖြင့် ဆိုရှယ်လစ်ပါတီများ တိုင်းပြည်၏အာဏာကို ရရှိနိုင်သည်ကို ငြင်းဆန်ရန် အကြောင်းမရှိပေ။ ကမ္ဘာရာဇ၀င်ကို ကြည့်ပါက -

၁) ဆိုရှယ်လစ်ပါတီဖြစ်သော လေဘာပါတီသည်လည်းကောင်း။
၂) မြန်မာပြည် ဆိုရှယ်လစ်သည်လည်းကောင်း။
၃) ဆွီဒင် ဆိုရှယ်လစ်ပါတီသည်လည်းကောင်း။
၎) နယူးဇီလန် ဆိုရှယ်လစ်ပါတီသည်လည်းကောင်း။
၅) နော်ဝေးနိုင်ငံ ဆိုရှယ်လစ်ပါတီသည်လည်းကောင်း။

သက်ဆိုင်ရာ တိုင်းပြည်၏ အာဏာများကို ပါလီမန်ဒီမိုကရေစီနည်းဖြင့် ရယူခဲ့ကြပေသည်။ သို့ရာတွင် အထက်ဖော်ပြပါ နိုင်ငံများအနက်မှ မည်သည့်နိုင်ငံမျှ ဆိုရှယ်လစ်နိုင်ငံများ ဖြစ်မလာခဲ့ကြချေ။ အကြောင်းမှာ ဒီမိုကရေစီ ဆိုရှယ်လစ်များသည် အရင်းရှင်အဆောက်အအုံများကို ဖျက်ဆီးနိုင်စွမ်း မရှိကြသောကြောင့်ပင် ဖြစ်ပေသည်။

ဆိုရှယ်လစ်တကယ်တမ်း တည်ထောင်လိုလျှင် ဓနရှင်စနစ်ကို ပြတ်ပြတ်သားသား တိုက်ဖျက်ပစ်ရပေမည်။ ပါလီမန်စနစ်ကို တကယ်တမ်း တည်ထောင်၍ရနိုသည်ဟု ယူဆကြသော ဆိုရှယ်လစ်ခါခြင်ကောင်များသည် ဓနရှင်တောင်ကြီးများကို ဖြိုခွင်းနိုင်စွမ်း မရှိကြောင်း ရာဇ၀င်က ထင်ထင်ရှားရှား သက်သေပြခဲ့ပေပြီ။ ထို့ကြောင့် တကယ်တမ်းဆိုရှယ်လစ်နိုင်ငံ တည်ထောင်လိုပါက ပါလီမန်စနစ်ကို စွန့်ပစ်၍ ပြည်သူ့ ဒီမိုကရေစီ (၀ါ) ဒီမိုကရေစီသစ်နှင့် အစားထိုးရပေမည်။

Political Science Part (35)

ပါလီမန်အုပ်ချုပ်ရေးအဖွဲ့၏ ကော်းကျိုးများ

(၁) ပါလီမန်အုပ်ချုပ်ရေးအဖွဲ့ဖြစ်သော အစိုးရကို ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားရသော ဥပဒေပြုအဖွဲ့မှ အမတ်များက တိုက်ရိုက်ရွေးချယ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် အစစ်အမှန် အုပ်ချုပ်ရေးသမားကို ရုပ်ပြ အုပ်ချုပ်ရေးသမားနှင့် ခွဲခြားထားနိုင်ပေသည်။ နိုင်ငံတစ်နိုင်ငံတွင် မွေဆက်ခံသော အုပ်ချုပ်ရေးစနစ်အရ ဘုရင်စနစ်ကုလည်း ထားရှိလိုပြီး ဒီမိုကရေစီအခွင့်အရေးကိုလည်း ခံစားလိုသောအခါ ပါလီမန် အုပ်ချုပ်ရေးစနစ်သည် အသင့်တော်ဆုံးဖြစ်သည်။ အင်္ဂလန်တွင် ဓလေ့ထုံးထမ်း အစဉ်အလာအရ အမွေဆက်ခံခွင့်ရှိသော ဘုရင်စနစ်ကိုထားရှိပြီး ဒီမိုကရေစီလည်း ရရှိနေခြင်းမှာ ပါလီမန်အုပ်ချုပ်ရေးစနစ်ကို အသုံးပြုသောကြောင့်ပင်ဖြစ်သည်။ ယင်းသို့ ပါလီမန်အုပ်ချုပ်ရေးစနစ်ဖြင့်သာ ဘုရင်စနစ်ကို စောင့်ထိန်းထားနိုင်သောကြောင့် ပါလီမန်အုပ်ချုပ်ရေးစနစ်၏ ကောင်းသောလက္ခဏာတစ်ရပ်ပင်ဖြစ်သည်။

(၂) ပါလီမန်အုပ်ချုပ်ရေးစနစ်တွင် အစစ်နှင့်ရုပ်ပြအုပ်ချုပ်ရေးသမားသည် တစ်ဦးတည်းမဟုတ်သောကြောင့် ရုပ်ပြအုပ်ချုပ်ရေးသမား အနေဖြင့် အခမ်းအနား ပွဲလမ်းသဘင် ဆင်ယင်ကျင်းပပွဲများကို တက်ရောက်နိုင်ပေသည်။ ထို့ကြောင့် အစစ်အမှန် အုပ်ချုပ်ရေးသမား အနေဖြင့် အုပ်ချုပ်ရေးတာဝန်များကိုသာ ထမ်းဆောင်ရန် ရှိသောကြောင့် တာဝန်ကိုကျေပြွန်စွာ ထမ်းဆောင်နိုင်ပေသည်။

(၃) ပါလီမန်အုပ်ချုပ်ရေးစနစ်တွင် အစိုးရနှင့် ဥပဒေပြုအဖွဲ့မှာ အတူတူနှင့်အနူနူပင်ဖြစ်သည်။ အကြောင့်မှာ အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့်တကွ ၀န်ကြီးအားလုံးတို့သည် ဥပဒေပြုအဖွဲ့အမတ်များသာ ဖြစ်သောကြောင့်ပင် ထို့ပြင် အစိုးရ တစ်ဖွဲ့လုံးသည် အမြင်ဝါဒချင်းတူညီသော ပါတီတစ်ခုတည်းမှ ပုဂ္ဂိုလ်များဖြစ်နိုင်ပေသည်။ ထို့ကြောင့် ပြဿနာများကို ဖြေရှင်းရာတွင် သဘောကွဲလွဲချက် နည်းပါးစေပြီး စည်းလုံးညီညွတ်မှု ရရှိနိုင်သည့်အပြင် ဥပဒေပြုအဖွဲ့နှင့် အုပ်ချုပ်မှုအဖွဲ့တို့ အပြန်အလှန် ကူညီလုပ်ကိုင်ဆောင်ရွက် နိုင်ပေသည်။

(၄) အုပ်ချုပ်ရေးအဖွဲ့သည် ဥပဒေပြုအဖွဲ့၏ ဤအစိတ်အပိုင်းတစ်ခုဖြစ်သည်။ ထို့ပြင် အုပ်ချုပ်ရေးအဖွဲ့မှ လူများစုတို့၏ ခေါင်းဆောင်များဖြစ်ကြပေသည်။ ထို့ကြောင့် အုပ်ချုပ်ရေးအဖွဲ့သည် ဥပဒေပြုအဖွဲ့၏ ဦးဆောင်လမ်းညွှန် ကော်မတီအဖွဲ့တစ်ခုဖြစ်၏။ အုပ်ချုပ်ရေးအဖွဲ့သည် ဖြစ်ပေါ်နေသော အခြေအနေများနှင့် ဟပ်မိသောဥပဒေများကို ပြုစုပြဌာန်းနိုင်ရန် ဥပဒေပြုအဖွဲ့ကို လမ်းညွှန်နိုင်ပေသည်။ ယင်းသို့ ဥပဒေအဖွဲ့၌ လမ်းညွှန်ကော်မတီ တစ်ဖွဲ့တည်းရှိနေခြင်းသည်။ ကောင်းသောလက္ခဏာတစ်ရပ်ပင်ဖြစ်သည်။

(၅) ပါလီမန်အုပ်ချုပ်ရေးအဖွဲ့ကို ဥပဒေပြုအဖွဲ့က ရွေးကောက်တင်မြှောက်ဖွဲ့စည်းထားပြီး ၄င်းဥပဒေကို ပြည်သူလူထုက ရွေးကောက်တင်မြှောက်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထို့ကြောင့် ဥပဒေပြုအဖွဲ့သည် ပြည်သူလူထု ကိုယ်စား အုပ်ချုပ်ရေးအဖွဲ့ကို ကြိုးကိုင်ထိန်းချုပ်ထားနိုင်ပေသည်။ ဥပဒေပြုအဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့တို့ ပြဿနာတစ်ရပ်ပေါ်၌ သဘောကွဲလွဲ၍ ဖြေရှင်းမရဖြစ်သောအခါ ယင်းပြဿနာကို ပြည်သူလူထုကို လွဲအပ်ဖြေရှင်းနိုင်ပေသည်။ ပါလီမန်ကို ဖျက်သိမ်း၍ ရွေးကောက်ပွဲ အသစ်ကျင်းပခြင်းဖြင့် ဖြေရှင်းမရသော ပြဿနာပြေလည်နိုင်ခြင်းသည် ပါလိမန်အုပ်ချုပ်ရေးစနစ်၏ ကောင်းသောလက္ခဏာပင်ဖြစ်၏။

(၆) ပါလိမန်အုပ်ချုပ်ရေးစနစ်အရ အစိုးရအဖွဲ့ကို ပါလီမန်မှကိုယ်စားလှယ်များဖြင့်သာ ဖွဲ့စည်းထားသောကြောင့် တိုင်းပြည်ကို အရေးကြုံလာသောအခါ ၄င်းကြုံလာသောအရေးအခင်းနှင့် ကိုက်ညီသောအစိုးရသစ်တစ်ဖွဲ့ကို လျှင်မြန်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်သည်။ အစ္စရေး အရေးအခင်းပေါ်လာသောအခါ ဘာသာရေးသမားဝန်ကြီးချုပ်ကို ဖြုတ်ချ၍ စစ်ရေးကျွမ်းကျင်သူကို ၀န်ကြီးချုပ်တင်မြှောက်ပြီး အစိုးရအဖွဲ့သစ် တစ်ဖွဲ့ကို လွယ်ကူစွာဖွဲ့စည်းနိုင်သည်လည်း ပါလီမန်အုပ်ချုပ်ရေးစနစ် ကောင်းသောလက္ခဏာတစ်ရပ်ပင် ဖြစ်သည်။


Political Science Part (34)

ပါလီမန်အုပ်ချုပ်ရေး

ပါလီမန်အုပ်ချုပ်ရေးစနစ်သည် ပါတီစနစ်နှင့် ဥပဒေပြုရေးဌာနတို့ဖြင့် ဆက်သွယ်လျက်ရှိသည်။ အုပ်ချုပ်ရေးဌာန၏ အကြီးအကဲများ ဖြစ်ကြသော ၀န်ကြီးချုပ်နှင့်တကွ ၀န်ကြီးများသည် ဥပဒေပြုအဖွဲ့မှ ပါလီမန်များသာဖြစ်သည်။

ရွေးကောက်ပွဲတွင် အမတ်အများဆုံးရသော ပါတီက အစိုးရဖွဲ့ရသည်။ ထို့ကြောင့် ပါတီတစ်ခုသည် ရွေးကောက်ပွဲ၌ အမတ်များဆုံး အရွေးခံရသောကြောင့် အနိုင်ရရှိလျှင် ပါတီ၏ခေါင်းဆောင်ကို ၀န်ကြီးချုပ်အဖြစ် တင်မြှောက်ကြသည်။ ၀န်ကြီးချုပ်ကသာ ၄င်း၏ပါတီအမတ်များထဲမှ ၀န်ကြီးများခန့်အပ်ပြီး အစိုးရအဖွဲ့ကို ဖွဲ့စည်းသည်။ ယင်းသို့အောက်လွှတ်တော်အမတ်များကို စု၍အစိုးရဖွဲ့ထားသောကြောင့် ပါလီမန်အုပ်ချုပ်ရေးစနစ်တွင် အစိုးရနှင့်ဥပဒေပြုအဖွဲ့မှာ အတူတူနှင့် အနူနူပင်ဖြစ်သည်။

ပါလီမန်အုပ်ချုပ်ရေးတွင် ပါတီတစ်ခုတည်းမှ ပုဂ္ဂိုလ်များကိုစု၍ အစိုးရဖွဲ့ထားသောကြောင့် အမြင်ချင်းဝါဒချင်း တူညီကြသည်။ ထို့ကြောင့် စည်းလုံးညီညွှတ်မှုရရှိနိုင်သည်။ သို့ရာတွင် နှစ်ပါတီစနစ်ကို အသုံးမပြုပါက မည်သည့်ပါတီမျှ အမတ်အများစုဖြင့် လွတ်လွတ်ကျွတ်ကျွတ် အနိုင်မရရှိနိုင်သောကြောင့် ညွှန့်ပေါင်း အစိုးရအဖွဲ့စည်းရတတ်ပေသည်။ ယင်းသို့ဖြစ်လာလျှင် အမြင်ချင်းဝါဒချင်း တူသောသူများကိုစု၍ စည်းလုံးညီညွှတ်မှုမရှိနိုင်ပေ။

ပါလီမန်အုပ်ချုပ်ရေးစနစ်တွင် အစိုးရအဖွဲ့ကိုပြည်သူတို့က တိုက်ရိုက်ရွေးချယ်ခြင်း မဟုတ်ပေ။ ပြည်သူတို့က ရွေးကောက်တင်မြှောက်ထားသော ဥပဒေပြုအဖွဲ့ကသာ အစိုးရအဖွဲ့ကို ရွေးချယ်တင်မြှောက်ထားခြင်းဖြစ်သည်။ ထို့ကြောင့် အစိုးရွှအဖွဲ့သည် ဥပဒေပြုအဖွဲ့၏ လွှမ်းမိုးမှုများစွာ လွတ်လပ်ခြင်းမရှိပေ။ ထို့ကြောင့် ပါလီမန်အုပ်ချုပ်ရေးစနစ်ကို ဥပဒေပြုအဖွဲ့ကို တာဝန်ခံရသော အုပ်ချုပ်ရေးစနစ်ဟူ၍ နားလည်းထားသင့်သည်။

ပါလီမန်အုပ်ချုပ်ရေး၏ တတိယထူးခြားချက်မှာ အစိုးရ၏ သက်တမ်းသည် ပါလီမန်အပေါ်၌ တည်ရှိနေခြင်းပင် ဖြစ်သည်။ အကြောင်းမှာ အစိုးရအဖွဲ့မှ ပိုဂ္ဂိုလ်များသည် ဥပဒေပြုအဖွဲ့ဖြစ်သော ပါလီမန်သက်တမ်း ကုန်သည်နှင့် တစ်ပြိုင်နက် အစိုးရသက်တမ်းလည်း ကုန်ရပေသည်။ ထို့ပြင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် သဘောကွဲလွဲ၍ ပြဿနာတစ်ခုကို ဖြေရှင်းမရနိုင်လျှင်သော်လည်းကောင်း ၀န်ကြီးချုပ်သည် လွှတ်တော်ထဲ၌ အအမတ်အများစုတို့၏ ထောက်ခံမှုကိုမရရှိလျှင်သော်လည်းကောင်း လွှတ်တော်ကိုဖျက်သိမ်း၍ ရွေးကောက်ပွဲ အသစ် ကျင်းပရသည်။ ယင်းသို့ လွှတ်တော်ဖျက်သိမ်းသည်နှင့်အတူ အစိုးရသက်တမ်းလည်း ကုန်ဆုံးရပေတော့သည်။

Political Science Part (33)

အုပ်ချုပ်ရေးဌာန တန်ခိုးကြီးမားလှပုံ

အုပ်ချုပ်ရေးဌာန၏ အဓိက အလုပ်သည် ဥပဒေပြုအဖွဲ့မှ ပြုလုပ်လိုက်သော ဥပဒေများအတိုင်း တိုင်းပြည်ကို အုပ်လချုပ်ရန်ဖြစ်သည်။ ထို့ကြောင့် ယင်းဌာနသည် ဥပဒေပြုအဖွဲ့၏ လက်အောက်ခံဟု ယူဆရပေမည်။ သို့ရာတွင် ၂၀ ရာစုနှစ်မှစ၍ အုပ်ချုပ်ရေးအဖွဲ့၏ တန်ခိုးအာဏာများသည် ရှေးနိုင်ငံများထက် ကြီးများကျယ်ပြန့်လာသည့်အပြင် လူဦးရေလည်း အဆမတန် တိုးပွားများပြားလာသော ပြဿနာများ ပိုမိုရှုပ်ထွေးလာခြင်းကြောင့်ဖြစ်သည်။ အုပ်ချုပ်ရေးဌာနတန်ခိုးကြီးမားလာရခြင်းအကြောင်းကို ဆန်းစစ်ကြည့်ပါက အဓိက အကြောင်းနှစ်ချက်ကို တွေ့ရှိရပေမည်။ ၄င်းတို့မှာ -

(၁) မျက်မှောက်လူ့အဖွဲ့အစည်းသည် ကြီးမားလာသည့်အလျောက် ပြဿနာများလည်း များပြားရှုပ်ထွေါ်၏းလာပေသည်။ ထို့ကြောင့် ဥပဒေပြုအဖွဲ့အနေဖြင့် အခြေအနေအားလုံးနှင့် ကိုက်ညီသော ဥပဒေများကို ပြုလုပ်ရန် မဖြစ်နိုင်ပေ။ ယင်းသို့သော အကြောင်းအကြောင့် ဥပဒေအဖွဲ့သည် ဥပဒေများကို ယေဘုယျ သဘောအားဖြင့်သာ ပြုစုပြဌာန်းထားရပေသည်။ အုပ်ချုပ်ရေးဌာနသည် အခြေအနေအားလုံးနှင့် မဟပ်မိသော ယေဘုယျ ဥပဒေများကို အခြေအနေအားလုံးနှင့် ကိုက်ညီဟပ်မိအောင် ဥပဒေများကို ပြုပြင်ရန် တာဝန်သည် အုပ်ချုပ်ရေးဌာန၏ တာဝန်ပင်ဖြစ်သည်။ ထို့ပြင် အုပ်ချုပ်ရေးဌာနသည် ပြည်သူလူထုနှင့် အမြဲတစေ တွေ့ဆုံ ဆက်ဆက်နေရသော အဖွဲ့ဖြစ်၏။ ထို့ကြောင့် အုပ်ချုပ်ရေးဌာန၏ တန်ခိုးအာဏာများသည် တစ်နေ့တစ်ခြား ကြီးမားလာခဲ့ခြင်းဖြစ်ပေသည်။

အုပ်ချုပ်ရေးဌာန၏ တန်ခိုးအာဏာများ

၁) နိုင်ငံတကာ ဆက်ဆံရေးအာဏာ
၂) အုပ်ချုပ်ရေးအာဏာ
၃) စစ်ရေးအာဏာ
၎) တရားစီရင်ရေးအာဏာ
၅) ဥပဒေပြုရေးအာဏာ

မျက်မှောက်ခေတ်ကာလ အခြေအနေအရ မည်သည့်နိုင်ငံမျှ တစ်ကိုယ်တော်နိုင်ငံအဖြစ် ရပ်တည်၍ မဖြစ်နိုင်ပေ။ ထို့ကြောင့် နိုင်ငံခြားများနှင့် ဆက်ဆံရေးသံတမန်အမတ်များ ခန့်အပ်စေလွှတ်ခြင်း၊ ကူးသန်းရောင်းဝယ်ရေး ကိုယ်စားလှယ်များ စေလွှတ်ခြင်း၊ နိုင်ငံများနှင့် စာချုပ်ချုပ်ဆိုခြင်း နိုင်ငံရေးပရိယာယ် ကျွမ်းကျင်သော ပုဂ္ဂိုလ်များကို စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ စသည်တို့နှင့် စပ်လျဉ်းပြီး နိုင်ငံခြားသို့စေလွှတ်ခြင်း ပြုလုပ်ကြရသည်။

ဥပဒေပြုဌာနမှ ပြုလုပ်ပြဌာန်းထားသော ဥပဒေများကို တိုင်းသူ ပြည်သားတိုင်း ရိုသေလိုက်နာရန် တာဝန်သည် အုပ်ရေးဌာန၏ တာဝန်ဖြစ်သည်။ ဥပဒေစိုမိုးရေးအတွက် ထိရောက်စွာ ဆောင်ရွက်ရပေမည်။ ထို့ကြောင့် ပြည်ထဲရေး ဌာနအနေဖြင့် ရဲအဖွဲ့၊ မြို့ ပိုင်၊ သူကြီး၊ ဆယ်အိမ်ခေါင်း၊ အချုပ်ခန်း၊ ထောင်များ စသည်တို့ကို တည်ထောင်ဖွဲ့စည်းပြီး ဆောင်ရွက်ရပေမည်။ ဥပဒေကို မချိုးဖောက်အောင် ကာကွယ်သည့်အပြင် ဥပဒေချိုးဖောက်သော သူများကိုလည်း ထိုက်သင့်သောပြစ်ဒဏ်ပေးရသည်။

အုပ်ချုပ်ရေးဌာနအနေဖြင့် ပြည်တွင်းတွင် ဥပဒေစိုးမိုးစေ၍ ငြိမ်းချမ်းသာယာစေရုံဖြင့် တာဝန်ကျေမည်မဟုတ်ပေ။ အမျိုးသား လုံခြုံရေးအတွက် ပြည်ပအန္တရာယ်များဘေးမှ ကာကွယ်ရန် တာဝန်တစ်ရပ်လည်းရှိပေသည်။ ထို့ကြောင့် အုပ်ချုပ်ရေးဌာနအနေဖြင့် ပြည်ပအန္တရာယ်များကို ကာကွယ်ရန် ကြဉ်းတပ်၊ ရေတပ်များ ဖွဲ့စည်းထားနိုင်သော အာဏာများ ရှိရပေမည်။ ယင်းသို့ ပြည်တွင်းပြည်ပ အန္တရာယ်ဆိုးများဘေးမှ ကာကွယ်ရန် ကြည်း၊ ရေ၊ လေတပ်များ ဖွဲ့စည်းတည်ထောင်ခွင့် ရှိခြင်းသည် အုပ်ချုပ်ရေးဌာန၏ စစ်ရေးအာဏာပင်ဖြစ်သည်။

လူထုဒီမိုကရေစီ အခွင့်အရေးများ ရရှိခံစားစေနိုင်ရန် အစိုးရဌာနများဖြစ်ကြသော ဥပဒေပြုဌာန၊ အုပ်ချုပ်ရေးဌာန၊ တရားစီရင်ရးဌာနတို့ အာဏာကိုခွဲယူထားကြရုံဖြင့် မလုံလောက်ပေ။ လွှတ်လပ်မှုအပြည့်အ၀ ခံစားရန် ၄င်းဌာနများ "အချင်းချင်း အပြန်အလှန် ချုပ်ကိုင်မှု" (Check And Balance) တို့ကြောင့်ပင် ခေတ်သစ်နိုင်ငံတိုင်းတွင် လွတ်ငြိမ်းခွင့်အာဏာသည် အုပ်ချုပ်ရေးဌာန၌သာ တည်ရှိခြင်း ဖြစ်ပေသည်။ ( မြန်မာပြည်အုပ်ချုပ်ရေးဌာန၏ အထွတ်အထိပ်ဖြစ်သော သမတသည် တရားရုံးချုပ်မှ သေဒဏ်ပေးထားသူကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ဘူးသည်) ဤနည်းဖြင့် အုပ်ချုပ်ရေးဌာနသည် တရားစီရင်ရေးဌာနကို ချုပ်ကိုင်ထား၏။ ထို့ကြောင့် အုပ်ချုပ်ရေး ဌာန၌ တရားစီရင်ရေးအာဏာရှိသည်။

ဥပဒေပြုအဖွဲ့သည် ၄င်းသက်တမ်း တစ်လျောက်လုံး စုရုံးစည်းဝေးနေခြင်း မဟုတ်ပေ။ လွှတ်တော်အစည်းအဝေးများကို တစ်နှစ်တစ်ကြိမ်ခန့်သာ ကျင်းပလေ့ရှိသောကြောင့် အရေးပေါ်ကိစ္စများ ပေါ်ပေါက်လာသေအခါ ဥပဒေပြုအဖွဲ့အနေဖြင့် ဆောင်ရွက်ပါက များစွာ နှောက်နှေးကြန့်ကြာနေပေမည်။ ထို့ကြောင့် အရေးပေါ်ကိစ္စများ ပေါ်ပေါက်လာတိုင်း အုပ်ချုပ်ရေး အဖွဲ့ကသာ "အမိန့်ပြန်ထမ်း" များထုတ်၍ ဆောင်ရွက်ရပေသည်။ ယင်းအရေးပေါ် အမိန့်ပြန်ထမ်းများသည် ဥပဒေပြုအဖွဲ့မှ ပြုလုပ်ပြဌာန်းထားခြင်း မဟုတ်သော်လည်း ဥပဒေပြုအဖွဲ့မှ ပြုလုပ်ပြဌာန်းထားသော ဥပဒေများနှင့် မခြား တန်ခိုးထက်မြက်သည်။ နောင်အခါ လွှတ်တော်အစည်းအဝေး ကျင်းပစဉ် ယင်းအရေးပေါ် အမိန့်ပြန်တမ်းများကို တင်ပြ၍ အတည်ပြုစေခြင်းဖြင့် အမိန့်ပြန်ထမ်းများသည် ဥပဒေအဖြစ်ပြောင်းလဲလာသည်။

အုပ်ချုပ်ရေးအဖွဲ့သည် ဥပဒေပြုအဖွဲ့မှ ပြုစုထားသော ဥပဒေများကို ကိုင်စွဲ၍ လက်တွေ့ အုပ်ချုပ်လုပ်ကိုင်နေရသောကြောင့် လိုအပ်သောဥပဒေများ၊ မလိုအပ်သောဥပဒေများ၊ ချွတ်ယွင်းချက်ရှိသော ဥပဒေးများအကြောင်းကို ကောင်းစွသိရှိကြပေသည်။ ယင်းသို့ဖြစ်ရသည်မှာ အထင်နှင့်အမြင် ကွာခြင်းပင်ဖြစ်သည်။ အထင်သည် ထင်သမျှသာဖြစ်၍ မှားတတ်သည်။ အမြင်သည်သာ လက်တွေ့ကျသဖြင့် သစ္စာတရားမည်၏။ ဥပဒေပြုသမားများသည် အထင်သမားများ ဖြစ်ကြသည်။ အခြေအနေနှင့် ဟပ်မိမည်ထင်သော ဥပဒေများကိုပြုစုကြ၏။ အုပ်ချုပ်ရေးသမားများမှမူ အမြင်သများများဖြစ်ကြသဖြင့် ဥပဒေပြုအဖွဲ့မှပြုစုလိုက်သော ဥပဒေများအခြေအနေနှင့် ဟပ်မိ မဟပ်မိကို ကောင်းစွာသိရှိကြသည်။ ထို့ကြောင့် အုပ်ချုပ်ရေးဌာနသည် ဥပဒေပြုဌာနကို မည်သည့်ဥပဒေများလိုသည်၊ မည်သည့်ဥပဒေများကို မည်သို့ပြင်ဆင်ရန်လိုသည် စသဖြင့် အကြံဥာဏ်ပေး၍ တင်ပြရပေသည်။ ဥပဒေပြုအဖွဲ့အနေဖြင့်လည်း အုပ်ချုပ်ရေးဌာန၏ တင်ပြချက်များကို လေးစားလိုက်နာ၍ ပြုသင့်သောဥပဒေများကို ပြုစုပြဌာန်းပြီး ပြင်ဆင်သင့်သော ဥပဒေများကို ပြင်ဆင်ပေးရပေသည်။ ယင်းကဲ့သို့သောနည်းဖြင့် အုပ်ချုပ်ရေးဌာနသည် ဥပဒေများပြုစုသည်။ ထို့ကြောင့် အုပ်ချုပ်ရေးဌာန၌ ဥပဒေပြုခွင့်အာဏာလည်းရှိကြောင်း ထင်ရှားပေသည်။

Political Science Part (32)

အုပ်ချုပ်ရေးဌာန

အုပ်ချုပ်ရေးဌာနဆိုသည်မှာ ဥပဒေပြုအဖွဲ့မှ ပြုလုပ်သော တရားဥပဒေကို ကိုးကားကိုင်စွဲ၍ တရားဥပဒေစိုးမိုးရေးအတွက် ပြုလုပ်ဆောင်ရွက်ရသော အဖွဲ့တစ်ခု ဖြစ်သည်။

ကမ္ဘာပေါ်ရှိအုပ်ချုပ်ရေးဌာနတို့၏ တန်ခိုးအာဏာများမှာ တစ်ဌာနနှင့် တစ်ဌာနတို့များစွာ ကွဲပြားခြားနားခြင်း မရှိလှပေ။ သို့ရာတွင် အုပ်ချုပ်ရေးဌာန ဖွဲ့စည်းပုံမှာမူ တစ်တိုင်းပြည်နှင့် တစ်တိုင်းပြည်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူကြောင်း တွေ့ရသည်။

တစ်ချို့ နိုင်ငံများတွင် အမွေဆက်ခြင်းဖြင့် အုပ်ချုပ်ရေးဌာနတို့ ဖွဲ့စည်းပြီး တစ်ချို့ နိုင်ငံများတွင်မူ ရွေးကောက်၍ အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းကြပေသည်။ အင်္ဂလန်ဘုရင်နှင့် ဆွီဒင်ဘုရင်စသော အုပ်ချုပ်ရေးဌာနတို့၏ အကြီးအကဲများသည် အမွေဆက်ခံသူများ ဖြစ်ကြပေသည်။

အုပ်ချုပ်ရေးဌာနကို ရွေးကောက်တင်မြှောက် ဖွဲ့စည်းရာတွင်လည်း သုံးမျိုးသုံးစားကွဲပြားခြားနားနေသည်ကို အောက်ပါအတိုင်း တွေ့ရှိရပေသည်။

(၁) မဲဆန္ဒရှင်တို့က တိုက်ရိုက်ရွေးကောက်တင်မြှောက်ခြင်း။
(၂) ဥပဒေပြုအဖွဲ့က ရွေးကောက်တင်မြှောက်ခြင်း။
(၃) ရွေးချယ်ရေး ကိုယ်စားလှယ်အဖွဲ့ (Electoral Collage) ကရွေးကောက်တင်မြှောက်ခြင်း စသည်တို့ဖြစ်သည်။

ဂျာမဏီ "ဝေမာသမ္မနိုင်ငံ" နှင့် တစ်ချို့ သော တောင်အမေရိက နိုင်ငံများတွင် အုပ်ချုပ်ရေးဌာန၏ အကြီးအကဲဆုံးသော ပုဂ္ဂိုလ်မဲဆန္ဒရှင်များက တိုက်ရိုက်ရွေးကောက်တင်မြှောက်ကြသည်။ အိန္ဒိယ၊ ဂျပန်စသော နိုင်ငံများတွင်မူ အုပ်ချုပ်ရေးဌာန၏ အကြီးအကဲကို ဥပဒေအဖွဲ့ကသာ ရွေးကောက်တင်မြှောက်သည်။ အမေရိကန် ပြည်ထောင်စုတွင်မူ ပြည်နယ်တို့မှ မဲဆန္ဒရှင်များသည် စီးနိတ်အမတ်နှစ်ယောက်ကျစီနှင့် အောက်လွှတ်တော်အတွက် သက်ဆိုင်ရာ ပြည်နယ်တို့တွင် လူဦးရေအလိုက် အချိုးကျ ရွေးကောက်ခွင့်ရှိသော အမတ်များကိုသာ ရွေးကောက်တင်မြှောက်ရသည်။ ထို့ကြောင့် သွယ်ဝိုက်ရွေးကောက်နည်းဟုပင်ဆိုရပေမည်။ သို့ရာတွင် ပါတီစနစ်ကိုသာ အသုံးပြုသောကြောင့် သမ္မတကို ရွေးချယ် တင်မြှောက်ရသည်။ ထို့ကြောင့် သွယ်ဝိုက်ရွေးကောက်နည်းဟုပင် ဆိုရပေမည်။ သို့ရာတွင် ပါတီစနစ်ကို အသုံးပြုသောကြောင့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မည်သည့်ပါတီနိုင်လျင်မည်သူက ဖြစ်မည်ကို ကြိုတင်သိရှိထားကြသည်။ ထို့ကြောင့် ပါတီတစ်ခုမှ အမတ်လောင်းတစ်ယောက်ကို မဲပေးခြင်းသည်။ ၄င်းအမတ်လောင်း၏ ပါတီမှ သမ္မတလောင်းကို မဲပေးခြင်းပင်ဖြစ်တော့သည်။ ယင်းသို့ သဘောများကြောင့် စာဆိုအားဖြင့် အုပ်ချုပ်ရေးဌာန၏ အကြီးအကဲဖြစ်သော အမေရိကန် သမ္မတကို "ရွေးချယ်ရေးအဖွဲ့" (Electoral College) ရွေးကောက်သည်ဟု ဆိုသော်လည်း လက်တွေ့တွင် ပြည်သူတို့က တိုက်ရိုက်ရွေးကောက်တင်မြှောက်ခြင်းပင် ဖြစ်သည်။

အုပ်ချုပ်ရေးဌာနအမျိုးမျိုးအကြောင်း

အုပ်ချုပ်ရေးဌာနကို ပုံစံအားဖြင့် သုံးမျိုးသုံးစား လေ့လာသင့်ပေသည်။ ၄င်းတို့မှာ -

(၁) ရုပ်ပြအုပ်ချုပ်သူနှင့် အစစ်အမှန်အုပ်ချုပ်သူ
(၂) တစ်ဦးတစ်ယောက် အုပ်ချုပ်ခြင်းနှင့် အများစုက အုပ်ချုပ်ခြင်း
(၃) ပါလီမန်အုပ်ချုပ်ရေးနှင့် သမ္မတအုပ်ချုပ်ရေးတို့ဖြစ်သည်။

ရုပ်ပြအုပ်ချုပ်သည်မှာ ပုဂ္ဂိုလ်တစ်ယောက်သည် စာဆိုအားဖြင့် တိုင်းပြည်၏အထွတ်အထိပ် အကြီးအကဲ ဖြစ်သော်လည်း လက်တွေ့တွင်မူ အာဏာမရှိသူပင်ဖြစ်သည်။ အင်္ဂလန်ဘုရင်မသည်လည်းကောင်း ဂျပန်ဘုရင်နှင့် အိန္ဒိယ သမ္မတသည်လည်းကောင်း ရုပ်ပြအုပ်ချုပ်သူများသာ ဖြစ်ကြသည်။ တိုင်းပြည်အုပ်ချုပ်သော တကယ်အာဏာမှာ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများတွင် ပါဝင်သော အစိုးရအဖွဲ့၌သာ တည်ရှိသည်။ ထို့ကြောင့် ၄င်းအစိုးရအဖွဲ့သာလျှင် အစစ်အမှန် အုပ်ချုပ်သူများ ဖြစ်ကြသည်။ အင်္ဂလန်ဘုရင်နှင့် အိန္ဒိယသမ္မတစသောသူများသည် "စိုးမိုး၍ မအုပ်ချုပ်ရသော " ရုပ်ပြ အုပ်ချုပ်ရေးသများများ (Nominal Executive) သာဖြစ်ကြပြီး အစိုးရအဖွဲ့သည်သာလျှင် စိုးမိုးအုပ်ချုပ်ရသော အစစ်အမှန် အုပ်ချုပ်သူများ (Real Executive) ဖြစ်ကြသည်။

တစ်ဦးတစ်ယောက် အုပ်ချုပ်ရေးဆိုသည်မှာ အုပ်ချုပ်ရေးအာဏာအားလုံးကို တစ်ဦးတည်းက ချုပ်ကိုင်စီမံခန့်ခွဲ ဆောင်ရွက်ခြင်း ပင်ဖြစ်သည်။ အမေရကန်သမ္မတသည် အမေရိကန်ပြည်ထောင်စုကို အုပ်ချုပ်ရာ၌လည်းကောင်း တစ်ဦးတည်း၏ သဘောဆန္ဒအရ အုပ်ချုပ်ခြင်းပင် ဖြစ်သည်။ တစ်နည်းအားဖြင့် အမေရိကန်အုပ်ချုပ်ရေးအာဏာအားလုံး လိုလိုသည် အမေရိကန်သမ္မတလက်ထဲ၌သာ တည်ရှိပေသည်။ ထို့ကြောင့် အမေရိကန် အုပ်ချုပ်ရေးစနစ်သည် တစ်ဦးတစ်ယောက် အုပ်ချုပ်သောစနစ် (Single Executive) ဖြစ်သည်။

လူအများ သို့မဟုတ် လူတစ်စုအုပ်ချုပ်ခြင်း ဆိုသည်မှာ အုပ်ချုပ်ရေးအာဏာများကို လူအများ သို့မဟုတ် လူတစ်စုက ကိုင်ဆွဲအုပ်ချုပ်ခြင်းပင် ဖြစ်သည်။ ဆွစ်ဇလန်နိုင်ငံ၏ ပြည်ထောင်စုကောင်စီ (Federal Council) တွင် အုပ်ချုပ်ရေး အာဏာကို အညီအမျှပိုင်ဆိုင်သော လူ ၇ ဦး ပါဝင်သည်။ ယင်းကောင်စီက တိုင်းပြည်ကို စိုးမိုးသောကြောင့် ဆွစ်ဇာလန်နိုင်ငံအုပ်ချုပ်ရေးသည် "အများအုပ်ချုပ်ရေး" (Plural Executive) ဖြစ်သည်။

ပါလီမန်အုပ်ချုပ်ရေးဆိုသည်မှာ အုပ်ချုပ်ရေးအာဏာများကို ၀န်ကြီးချုပ်နှင့် ၀န်ကြီးများက ကိုင်ဆွဲ၍ အုပ်ချုပ်သော စနစ်ပင်ဖြစ်သည်။ ၄င်းဝန်ကြီးချုပ်နှင့်တကွ အစိုးရအဖွဲ့ ၀န်ကြီးအားလုံးကို ဥပဒေပြုအဖွဲ့ဖြစ်သော ပါလီမန် အမတ်များထဲမှ ရွေးကောက်တင်မြှောက်ထားခြင်း ဖြစ်သည်။ ထို့ကြောင်း ၄င်း "အုပ်ချုပ်ရေးမျိုးကို" ပါလီမန်တာဝန်ခံသော အုပ်ချုပ်ရေး (၀ါ) ပါလီမန်အုပ်ချုပ်ရေး (Parliamentary Executive) ဟူ၍ ခေါ်ဆိုကြသည်။

သမ္မတအုပ်ချုပ်ရေးတွင် အုပ်ချုပ်ရေးဌာန၏ အထွတ်အထိပ်ဖြစ်သောသမ္မတသည် ပါလီမန်နှင့် မည်သို့မည်မျှ မသက်ဆိုင်ပေ။ ပါလီမန်သည် သမ္မတကိုဖြုတ်ချခွင့်မရှိ။ ပါလီမန်အုပ်ချုပ်ရေးတွင်မူ ပါလီမန်သည် အယုံအကြည် မရှိအဆိုတင်၍ အစိုးရွှဖွဲ့ကို ဖြုတ်ချနိုင်သည်။ သမ္မတ အုပ်ချုပ်ရေးစနစ် (Presidential Executive) သည် ပါလီမန် အုပ်ချုပ်ရေးစနစ်ကဲ့သို့ ပါလီမန်နှင့် ရောယှက်မနေသောကြောင့် "ပါလီမန်ကို တာဝန်မခံသော အုပ်ချုပ်ရေး စနစ်" (Non Parliamentary Executive) ဟူ၍လည်း ခေါ်ဆိုနိုင်ပေသည်။ အမေရိကန် ပြည်ထောင်စုတွင် ဤစနစ်ကို အသုံးလျက်ရှိ၏။

Political Science Part (31)

တရုတ်ပြည်သူ့သမ္မတနိုင်ငံဥပဒေပြုလွှတ်တော်

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် အထက်လွှတ်တော် အောက်လွှတော်ဟူ၍ ဥပဒေပြုလွှတ်တော်မရှိပဲ တစ်ခုတည်းသာ ရှိသည်။ ၄င်းလွှတ်တော်ကို အမျိုးသားလွှတ်တော် (National People Congress) ဟူ၍ ခေါ်ဆိုပြီး အမတ်ပေါင်း "၁၂၂၆" ယောက်ဖြင့် ဖွဲ့စည်းထားသောကြောင့် ကမ္ဘာပေါ်တွင် အမတ်ဦးရေအများဆုံးသော လွှတ်တော်ပင်ဖြစ်သည်။ ၄င်းလွှတ်တော်ကို ပြည်နယ်များ၊ လက်နက်ကိုင် တပ်ဖွဲ့များ၊ မြူအဖွဲ့များနှင့် အဝေးရောက် တရုတ်အမျိုးသားတို့၏ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသောကြောင့် လူတန်းစားပေါင်းစုံ ပါဝင်သော လွှတ်တော်လည်း မည်ပေသည်။

အမတ်သက်တမ်း "၄" နှစ်ဖြစ်သော်လည်း မည်သည့်အမတ်ကိုမဆို ဆိုင်ရာမဲဆန္ဒနယ်က အချိန်မရွေးပြန်လည် ခေါ်ယူအစားထိုးနိုင်သည်။ ထို့ကြောင့် အမတ်တစ်ယောက်သည် ဆိုင်ရာမဲဆန္ဒရှင်တို့၏၏ အလိုဆန္ဒကို မဆန့်ကျင်ဝံ့ပေ။ ယင်းသို့ အမတ်သက်တမ်း မပြည့်မီ အမတ်မဖြစ်မှ ဆိုင်ရာမဲဆန္ဒရှင်တို့က ရုပ်သိမ်းခြင်းကို "ပြည်လည်ခေါ်ယူခြင်း" (Recall) ဟူ၍ မှတ်ယူနားလည်ကြသည်။

လွတ်တော် အစည်းအဝေးကို တစ်နှစ်တစ်ကြိမ်သာ စည်းဝေးသော်လည်း လွှတ်တော်အမတ် 1/5 ကစည်းဝေးကျင်းပရန် တောင်းဆိုလျှင် ကျင်းပပေးရသည်။ ထို့ပြင် လွှတ်တော်ကခန့်ထားသော ကော်မတီအနေဖြင့် အလိုဆန္ဒရှိလျင်လည်း လွှတ်တော်အစည်းအဝေး ကျင်းပနိုင်ပေသည်။ ဥပဒေပြုလွှတ်တော် တစ်ခုတည်း ရှိသည့်အလျောက် ဥပဒေအားလုံးကို ၄င်းဥပဒေပြုလွှတ်တော်ကသာ ပြုလုပ်ရသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ၂/၃ သောမဲဖြင့် ပြင်ဆင်နိုင်သည့်အပြင် စစ်ကျေညာခြင်း၊ စစ်ပြေငြိမ်းခြင်း၊ ရာထူးများခန့်ခြင်း ဖြုတ်ခြင်း၊ ၀န်ကြီးချုပ်နှင့် ဒုဝတ်ကြီးချုပ်တို့ကိုခန့်ခြင်း၊ လွှတ်တော်စတင် စည်းဝေးစဉ်သက်တမ်း ၄ နှစ်ရှိ ကော်မတီခန့်အပ်ခြင်းအစည်တို့ပြုလုပ်နိုင်သည်။

လွှတ်တော်ဖွဲ့စည်းလိုက်သောကော်မတီ၌ ...

(၁) ဥပဒေများ အဓိပ္ပါယ်တို့ကို ဖြေရှင်းပေးရခြင်း။
(၂) နိုင်ငံတွင်းဖွဲ့ စစ်ဥပဒေထုတ်ပြန်ရေး ဆုံးဖြတ်ရခြင်း။
(၃) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် မကိုက်ညီသောအစိုးရ၏ ပြုမှုချက်များကို တားဆီးနိုင်ခြင်း။
(၄) စစ်ပြေငြိမ်းစာချုပ်ကို အတည်ပြုနိုင်ခြင်း ပယ်ဖျက်နိုင်ခြင်း။

စသောအာဏာများရှိသည်။ ထို့ကြောင့် ယင်းကော်မတီမှာ တန်ခိုးအားဏာကြီးမားသော အဖွဲ့ပင်ဖြစ်ပေသည်။

လွှတ်တော်နှစ်ခု၏ကောင်းကျိုးများ

၁။ ဒုတိယလွှတ်တော်ထားရှိခြင်းကြောင့် တရားဥပဒေပြုစုရာ၌လည်းကောင်း၊ ပြင်ဆင်ရာ၌လည်းကောင်း၊ အလျင်အစိုလုပ်၍ မဖြစ်နိုင်ချေ။ တရားဥပဒေရေးရာများနှင့် စပ်လျဉ်းပြီး ချင့်ချင့်ချိန်ချိန်၊ ဆင်ဆင်ခြင်ခြင်၊ ဆေးဆေး လေးလေး ပြုလုပ်ရသဖြင့် အမှားနည်းပေမည်။ ထို့ပြင်ပါတီတစ်ခုကသော်လည်းကောင်း၊ လွှတ်တော် တစ်ခုကသော်လည်းကောင်း အာဏာရှင်ဆန်ဆန် ပြုလုပ်ရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် လွှတ်တော်နှစ်ခုထားခြင်းဖြင့် လူထု၏ လွတ်လပ်မှုကို လုံခြုံစိတ်ချရစေသည်။

၂။ လွှတ်တော်နှစ်ခုရှိခြင်းကြောင့် တစ်ခုနှင့်တစ်ခု အပြိုင်အဆိုင်သဘောရှိနေပေသည်။ ယင်းသို့ဖြစ်ခြင်းကြောင့် အစိုးရအဖွဲ့အနေဖြင့် လွတ်လပ်မှုရှိကာ တန်ခိုးအာဏာကြီးမားခွင့်ရရှိသည်။ တစ်နည်းအားဖြင့် အစိုးရအဖွဲ့သည် ပါလီမန်၏ ကျေးကျွန်သဖွယ်ဖြစ်မနေသောကြောင့် ဆောင်ရွက်စရာရှိသည်ကတို့ကို လျင်မြန်စွာ ဆောင်ရွက်နိုင်ပေမည်။ ယင်းသို့ အရေးကြီးသော ပြဿနာများကို လျင်မြန်စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် တိုင်းပြည်တိုးတက်မှု ရရှိပေသည်။

(၃) လွှတ်တော်နှစ်ခုထားရှိခြင်းကြောင့် အမြင်အမျိုးမျိုးရှိသောကြောင့် လူတန်းစားအသီးသီးတို့မှ ကိုယ်စားလှယ်များ လွှတ်တော်နှစ်ရပ်ထဲတွင် ပါဝင်ခွင့်ရရှိပေမည်။ ထို့ကြောင့် ဒီမိုကရေစီသဘောနှင့် ကိုက်ညီသည်။ ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်လျှင် လူမျိုးစုအသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်ခွင့်ရရှိစေရန် ဒုတိယလွှတ်တော်ရှိရပေမည်။

(၄) ဒုတိယလွှတ်တော်ရှိခြင်းကြောင့် တိုင်းပြည်၏ ပညာရှိကြီးများ အရည်အချင်းရှိပြီး လုပ်ရည်ကိုင်ရည်ရှိသော ပုဂ္ဂိုလ်များ၏ အကြံအဖန် လုပ်ရည်ကိုင်ရည်များကို ရရှိခြင်းဖြင့် တိုင်းပြည်တိုးတက်မှုရရှိနိုင်ပေသည်။

(၅) လွှတ်တော်နှစ်ခုရှိသောကြောင့် အောက်ဖော်ပြပါ လုပ်ငန်းများကို နိုင်နင်းစွာပြုလုပ်နိုင်သည်။ ၄င်းတို့မှာ ...

(၁) တရားဥပဒေပြုလုပ်ခြင်း။
(၂)ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုပြင်ဆင်ခြင်း။
(၃) ရွေးကောက်တော် အရာရှိများအဖြစ်ဆောင်ရွက်နိုင်ခြင်း၊ (Electoral Colleges)
(၄) အရေးကြီးသောပြဿနားအတွက် စုံစမ်းရေးကော်မတီခန့်၍ စုံစမ်းနိုင်ခြင်း။
(၅) ပြည်သူ့ဘဏ္ဍာထိန်းသိမ်းခြင်း။
(၆) တချို့ ဥပဒေအဖွဲ့တို့က အုပ်ချုပ်ရေးအာဏာကို သုံးစွဲရာထူးခန့်ခြင်း၊ အပြည်ပြည်ဆိုင်ရာ စာချုပ်များကို အတည်ပြုခြင်း။
(၇) တရားစီရင်ရေး အာဏာကိုအသုံးပြု၍ တရားစီရင်ခြင်း။
(၈) ပြည်သူလူထု၏ အသိတရားကို ထက်မြက်တိုးတက်မြင့်မားစေခြင်း စသောလုပ်ဆောင်ချက်များကို ပြုလုပ်နိုင်သည်။

လွှတ်တော်နှစ်ခုထားရှိခြင်း၏ ဆိုးကျိုးများ


၁။ အထက်လွှတ်တော်သည် တန်ခိုးပါဝါအထူးတလည်မရှိဘဲ၊ အောက်လွှတ်တော်နှင့် မခြားနားပါက လွှတ်တော်နှစ်ခု ထားရှိခြင်းသည် တိုင်းပြည်ဘဏ္ဍာတော်ကို ဖြုန်းတီးရာသာကျပေလိမ့်မည်။

၂။လွှတ်တော်နှစ်ခုထားရှိခြင်းသောကြောင့် ဥပဒေရေးရာ၊ အုပ်ချုပ်ရေးရာ၊ တရားစီရင်ရေးရာ အစရှိသော အုပ်ချုပ်ရေး စက်ယန္တယားကို မလိုလားအပ်သော နေရာများတွင် နှေးကွေးစေသည်။ လွှတ်တော်နှစ်ခု တစ်ခုနှင့်တစ်ခု သဘောချင်းမတိုက်ဆိုင်ပါက ဖြေရှင်းရန် အကြပ်အတည်း တွေ့ရှိစမြဲဖြစ်သည်။ အင်္ဂလန်တွင် လွှတ်တော်နှစ်ရပ် သဘောမတိုက်ဆိုင်ပါက အောက်လွှတ်တော်၏ ဤအဆိုပြုချက်ကို အထက်လွှတ်တော်က ဗီဒိုအာဏာသုံး၍ ဆိုင်းငံ့ထားနိုင်သည်။ သြစတေးလျတွင်မူ လွှတ်တော်ကိုဖျက်၍ ပြည်သူ့ဆန္ဒကော်ခံသည်။ ယင်းသို့မကြာခဏဖြစ်ပါက တိုင်းပြည်၏ တိုးတက်မှုကို ထိခိုက်နိုင်ပေသည်။

၃။ တိုင်းပြည်ငယ်၍ ယူနီတရီနိုင်ငံဖြစ်ကာ ပြည်သူပြည်သားတို့လည်း လူမျိုးစလေ့ထုံးစံ၊ သဘောအယူဝါဒ တူညီကြလျှင် လွှတ်တော်နှစ်ခုထားခြင်းဖြင့် အကျိုးမများနိုင်ပေ။ ထို့ကြောင့်ပင် နယူးဇီလန်နိုင်ငံသည် ၁၉၅၁ ခုနှစ်က အထက်လွှတ်တော်ကို ဖြတ်သိမ်းခဲ့ခြင်းဖြစ်သည်။ တောင်အာဖရိက တိုင်းပြည်၏ ပြည်နယ်အားလုံးတွင် လည်းကောင်း၊ ကနေဒါနိုင်ငံ၏ ပြည်နယ်နှစ်နယ်မှအပ ကျန်ပြည်နယ်များတွင် လည်းကောင်း အထက်လွှတ်တော်တို့ကို ဖျက်သိမ်းပြီးခဲ့ကြပေပြီ။

Share

Twitter Delicious Facebook Digg Stumbleupon Favorites