Sunday, 23 May 2010

အာရပ်စော်ဘွားများပြည်ထောင်စု (United Arab Emirates)


နောက်ခံသမိုင်းအကျဉ်း။ ။
၁၉ ရာစုအတွင်း ရှိတ်စော်ဘွားပြည်နယ် ၇ ခုပါဝင်သော ပါရှန်းပင်လယ်ကွေ့ထရူရှယ် ပြည်ထောင်စု (Trucial States of the Persian Gulf) ကိုဖွဲ့စည်း၍ ဗြိတိသျှက ကာကွယ်ရေးနှင့် နိုင်ငံခြားရေးကိစ္စရပ်များကို တာဝန်ယူထားခဲ့သည်။ ၁၉၇၁ တွင် ယင်းတို့ထဲမှပြည်နယ်ခြောက်ခုပူးပေါင်း၍ အာရပ်စော်ဘွားများပြည်ထောင်စု ဟူ၍ ဖွဲ့စည်းခဲ့သည်။ ၎င်းတို့မှာ အဘူဇာဘီ၊ အက်ဂ်ျမန်၊ အယ်ဖူဂျေရား၊ အက်ရှ် ရှရီခါ၊ ဒူဘေး၊ အမ် အယ်လ် ခေဝိန်းတို့ဖြစ်ကြပြီး ၁၉၇၂ တွင် ရာစ် အယ်ဂျာ ခေမာ(Ra’s al Khaymah) က စုစည်းခဲ့သည်။ အာရပ်စော်ဘွား များနိုင်ငံ၏ တစ်ဦးချင်းဝင်ငွေမှာဥရောပနိုင်ငံများထက်သာလွန်သည်။ ရေနံသံယံဇာတပေါကြွယ်ဝခြင်းနှင့် ကောင်း မွန်သောနိုင်ငံခြားရေးမူဝါဒများထားရှိခြင်းကြောင့် ဒေသတွင်းကိစ္စရပ်များတွင် အရေးပါသောကဏ္ဍမှပါဝင်လျှက်ရှိ သည်။ နှစ်ပေါင်း သုံးဆယ်ကျော်ခန့် ရေနံနှင့် ကမ္ဘာ့စီးပွားရေး က ယူအေအီးကို စီးပွားရေးဖွံ့ဖြိုးတိုးတက်စေခဲ့ သည်။ သို့သော် ၂၀၀၈-၀၉ တွင် ရေနံဈေးနှုန်းများကျဆင်းခြင်း၊ အိမ်ခြံမြေဈေးများကျဆင်းခြင်းနှင့် နိုင်ငံတကာ ဘဏ္ဍာရေးအခက်အခဲများကြောင့် ယူအေအီး စီးပွားရေးထိခိုက်ခဲ့သည်။

ပထဝီအနေအထား။ ။
တည်နေရာ။ အရှေ့အလယ်ပိုင်း။ အိုမန်ပင်လယ်ကွေ့၊ ပါရှန်းပင်လယ်ကွေ့တို့နှင့်ထိစပ်။ အိုမန်နှင့် ဆော်ဒီ နိုင်ငံ
တို့ကြား
မြေပုံအညွှန်း။ အရှေ့အလယ်ပိုင်း
ဧရိယာ။ ကုန်းမြေ = ၈၃ ၆၀၀ sq km
ရေ = ၀ sq km
စုစုပေါင်း = ၈၃ ၆၀၀ sq km
ထိစပ်နယ်မြေ။ အိုမန် ၄၁၀ km။ ဆော်ဒီအာရေးဗျ ၄၅၇ km
ရာသီဥတု။ ကန္တာရရာသီဥတု။ အရှေ့ဘက်ရှိတောင်များတွင် အနည်းငယ်အေး

မြေမျက်နှာသွင်ပြင်။ ပြန့်ပျူး၍ ကန္တာရဆန်သောကမ်းရိုးတန်း မြေပြန့်မှာ လှိုင်းထသောသဲတောင်ကုန်းများနှင့်
အနောက်ဘက်သဲကန္တာရသို့ ဆက်စပ်သွား
မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ ပါရှန်းပင်လယ်ကွေ့ = ၀ m
အမြင့်ဆုံးအပိုင်း။ ဂျာဘယ် ရီဘာ = ၁၅၂၇ m
သဘာဝအရင်းအမြစ်။ ရေနံ။ သဘာဝဓါတ်ငွေ့

လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၄ ၉၇၅ ၅၉၃ ဦးရေ (၂၀၁၀)
လူဦးရေများပြားမှုကမ္ဘာ့အဆင့် = ၁၁၄
လူဦးရေတိုးနှုန်း။ ၃.၅၆၁ % (၂၀၁၀)
မွေးဖွားနှုန်း။ ၁၅.၉၈ % (၂၀၁၀)
ပျမ်းမျှအသက်။ ကျား = ၇၃.၇၅ နှစ်
မ = ၇၉.၀၁ နှစ်
စုစုပေါင်း = ၇၆.၃၂ နှစ် (၂၀၁၀)
လူမျိုး။ အီမာရတီ
တိုင်းရင်းသားလူမျိုး။ အီမာရတီ ၁၉ %။ အခြားအာရပ်နှင့် အီရန် ၂၃ %။ တောင်အာရှသား ၅၀ %။ အခြား နိုင်ငံ
ခြားသားများ ၈ %
ကိုးကွယ်မှု။ မွတ်စလင် ၉၆ %(ရှီးအိုက် ၁၆ %)။ အခြား ၄ %
ဘာသာစကား။ အာရပ် (ရုံးသုံး)။ ပါရှန်း။ အင်္ဂလိပ်။ ဟင်ဒီ။ အူရဒူ
မြို့တော်။ အဘူဒါဘီ (Abu Dhabi)

ယူကရိန်း (Ukraine)


နောက်ခံသမိုင်းအကျဉ်း။ ။
ယူကရိန်းသည် ၁၀ ရာစုနှင့် ၁၁ ရာစုအတောအတွင်း ဥရောပတွင်အကြီးဆုံးနှင့် အင်အားအကောင်းဆုံးဖြစ် သောပထမဆုံးသောအရှေ့ဘက် ဆဲလ်ဗစ် ပြည်နယ်အလယ်ပိုင်းရှိ ကျီဗန်ရပ်စ် ဖြစ်သည်။ ပြည်တွင်း ပဋိပက္ခများ နှင့်မွန်ဂိုတို့၏ကျူးကျော်မှုများကြောင့်အင်အားချိနဲ့လာပြီး လစ်သူယေးနီးယားမင်းသားအုပ်ချုပ်ခံ နယ်မြေအဖြစ် သိမ်းသွင်းခြင်း ခံရပြီး ပိုလန်-လစ်သူယေးနီးယား ဓနသဟာယနိုင်ငံအတွင်းပါဝင်လာခဲ့သည်။ ကျီဗန်ရပ်စ် ယဉ်ကျေး မှုနှင့် ဘာသာရေးလွှမ်းမိုးမှုများကြောင့်နောက်ပိုင်းရာစုနှစ်များတွင် ယူကရိန်းအမျိုးသားရေဝါဒီ ပေါ်ပေါက်လာခဲ့ သည်။ ၁၇ ရာစု အလယ်ခန့်တွင်ပိုလန်တို့ကို ဆန့်ကျင်သောဆူပူအုံကြွမှုများ ဖြစ်ပွားပြီးနောက်ပိုင်းတွင်ယူကရိန်း နိုင်ငံသစ် ကော့ဆက်ဟတ်မန်နိတ်ကို ထူထောင်ခဲ့ကြသည်။ မက်စကိုဗိုက်(Muscovite) ကဖိအားပေးမှုများရှိသော် လည်း နောက်ထပ်နှစ်ပေါင်း ၁၀၀ ကျော်အောင် ဟတ်မန်နိတ် တို့ကိုယ်ပိုင်အုပ်ချုပ်ရေးတည်ရှိခဲ့သည်။ ၁၈ ရာစု နှောင်းပိုင်းကာလတွင် ယူကရိန်းတိုင်းရင်သားနယ်မြေကို ရုရှအင်ပါယာက သွတ်သွင်းခဲ့သည်။ ၁၉၁၇ တွင်ရုရှ၌ ဇာ ဘုရင်ပြုတ်ကျပြီးနောက် ၁၉၁၇ မှ ၁၉၂၀ အထိတိုတောင်းသော လွတ်လပ်ရေးကာလတစ်ခုရှိခဲ့သည်။ သို့သော် ရုရှ၏ ပြန်လည်သိမ်းပိုက်မှုကို ခံခဲ့ရပြီး ၁၉၂၁ မှ ၂၂ အထိတစ်ကြိမ်၊ ၁၉၃၂ မှ ၃၃ အထိတစ်ကြိမ် ငတ်မွတ်ခေါင်းပါး မှုဒဏ်ကိုခံခဲ့ရပြီး လူပေါင်း ၈ သန်းခန့်သေဆုံးခဲ့ရသည်။ ၁၉၉၁ တွင် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသောအခါ လွတ်လပ်ရေးရရှိခဲ့သော်လည်း ဗဟိုဦးစီးစံနစ်၏ အမွေဆိုးများ၊ ချစားမှုများကြောင့် စီးပွါးရေးပြုပြင်ပြောင်းလဲမှု၊ ပုဂ္ဂလိကပိုင်ပြုမှုနှင့် အရပ်သားလွတ်လပ်ခွင့် စသည်တို့ကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် အတွက် ဒီမိုကရေစီရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု မရေရာခဲ့ပေ။ ၂၀၀၄ နှစ်ကုန်ပိုင်းတွင် လိမ္မော်ရောင်တော်လှန်ရေးခေါ် လူထုဆန္ဒပြမှုကြီးပေါ်ပေါက်လာပြီး အစိုးရက နိုင်ငံတကာလေ့လာစောင့်ကြည့်ခွင့်ပေးသော ရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးခဲ့သည်။ ထိုရွေးကောက်ပွဲကို မသန့်ရှင်းရွေးကောက်ပွဲဟူ၍သတ်မှတ်ခဲ့ပြီး ပြုပြင်ပြောင်းလဲရေးသမား ဗစ်တာယူရှက်ချင်ကို အနိုင်ရရှိခဲ့သည်။ နောက်ပိုင်းတွင် ယူရှက်ချင်ကို၏ အုပ်စုတွင်း အကွဲအပြဲများ ပေါ်ပေါက် လာပြီး ပါလီမန်ရွေး ကောက်ပွဲတွင် ပြိုင်ဘက်ဗစ်တာ ယန်နူကိုဗစ်ကိုရှုံးနိမ့်ကာ ၂၀၀၆ သြဂုတ်လတွင် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ နိုင်ငံရေးအခက်အခဲများကြောင့် ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲကို၂၀၀၇ နွေဦးပေါက်တွင် စောစီးစွာကျင်းပခဲ့ရပြီးလိမ္မော်ရောင်ညွန့်ပေါင်းခေါင်းဆောင်အဖြစ် ၂၀၀၇ ဒီဇင်ဘာတွင် ယူလီယာ တိုင်မိုရှန်ကို ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ၂၀၁၀ ဖေဖေါ်ဝါရီလတွင်ကျင်းပသော ရွေးကောက်ပွဲတွင် ဗစ်တာ ယန်နိုကိုဗူယစ် ရွေးကောက်တင်မြှောက်ခံသမ္မတဖြစ်လာပြီး လေ့လာအကဲခတ်သူများကနိုင်ငံတကာအဆင့်မီ ရွေး ကောက်ပွဲဖြစ်ကြောင်း သုံးသပ်ခဲ့ကြသည်။ နောက်လတွင် ရာဒါက ယူလီယာ တိုင်မိုရှန်ကို အပေါ်အယုံအကြည် မရှိ အဆိုကိုထောက်ခံခဲ့ပြီး သူမကိုဝန်ကြီးရာထူးမှနုတ်ထွက်ခိုင်းခဲ့သည်။

ပထဝီအနေအထား။ ။
တည်နေရာ။ အရှေ့ဥရောပ။ ပင်လယ်နက်နှင့်ထိစပ်။ ပိုလန်နှင့် ရိုမေးနီးယားနိုင်ငံတို့ကြား။ အနောက်ဘက်တွင်
မော်လ်ဒိုဗာနှင့် အရှေ့ဘက်တွင် ရုရှနိုင်ငံတို့ရှိ။
မြေပုံအညွှန်း။ ဥရောပ
တည်နေရာ။ ကုန်းမြေ = ၅၇၉ ၃၃၀ sq km
ရေ = ၂၄ ၂၂၀ sq km
စုစုပေါင်း = ၆၀၃ ၅၅၀ sq km
ထိစပ်နယ်မြေ။ ဘီလာရုစ် ၈၉၁ km။ ဟန်ဂေရီ ၁၀၃ km။ မော်လ်ဒိုဗာ ၉၄၀ km။ ပိုလန် ၄၂၈ km။ ရိုမေးနီးယား
(တောင်) ၁၇၆ km။ ရိုမေးနီးယား (အနောက်တောင်) ၃၆၂ km။ ရုရှ ၁၅၇၆ km။ ဆလိုဗက်
ကီးယား ၉၀ km
ရာသီဥတု။ အပူအအေးမျှတသော ဥရောပကုန်းမရာသီဥတု။ တောင်ဘက် ခရီမီယာကမ်းခြေတွင် မြေထဲပင်လယ်
ရာသီဥတု။ မိုးရေချိန်အလွန်နည်း။ အနောက်ဘက်နှင့် မြောက်ဘက်တွင် မိုးရေချိန်အမြင့်မားဆုံး။
အရှေ့ဘက်နှင့် အရှေ့တောင်ဘက်တွင် မိုးရေချိန်လျော့ကျ။ ဆောင်းရာသီ၌ ပင်လယ်နက်တလျောက်
အအေးပို၍ ကုန်းတွင်းပိုင်းဘက်တွင် အအေးသာမန်မျှသာရှိ။
မြေမျက်နှာသွင်ပြင်။ အများအားဖြင့် မြေသြဇာကောင်းမွန်သော စတက်မျက်ခင်းလွင်ပြင်နှင့် ကုန်းမြင့်လွင်ပြင်များရှိ။
အနောက်ဘက်တွင် ကာပက်သီယန် တောင်များရှိ။ တောင်ဘက်ဖျားတွင် ခရီမီယံ ကျွန်းဆွယ်
မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ ပင်လယ်နက် ၀ m
အမြင့်ဆုံးအပိုင်း။ ဟိုရာဟိုဗာလာ ၂၀ ၆၁ m
သဘာဝအရင်းအမြစ်။ သံရိုင်း။ ကျောက်မီးသွေး။ မန်ဂနိစ်။ သဘာဝဓါတ်ငွေ့။ ရေနံ။ ဆား။ ဆာလ်ဖာ။ ဂရက်ဖိုက်။
တိုက်တေနီယံ။ မဂ္ဂနီဆီယံ။ ခါအိုလင်။ နီကယ်။ မာကျူရီ။ သစ်။ စိုက်ပျိုးမြေ
လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၄၅ ၄၁၅ ၅၉၆ ဦးရေ (၂၀၁၀)
လူဦးရေများပြားမှုကမ္ဘာ့အဆင့် = ၂၇
လူဦးရေတိုးနှုန်း။ - ၀.၆၁၉ % (၂၀၁၀)
မွေးဖွားနှုန်း။ ၉.၆၂/၁၀၀၀ ဦးရေ (၂၀၁၀)
သေဆုံးနှုန်း။ ၁၅.၇/၁၀၀၀ ဦးရေ (၂၀၁၀)
ပျမ်းမျှအသက်။ ကျား = ၆၂.၅၆ နှစ်
မ = ၇၄.၇၄ နှစ်
စုစုပေါင်း = ၆၈.၄၆ နှစ် (၂၀၁၀)
လူမျိုး။ ယူကရိန်း
တိုင်းရင်းသားလူမျိုး။ ယူကရိန်း ၇၇.၃ %။ ရုရှ ၁၇.၃ %။ ဘီလာရုစ် ၀.၆ %။ မော်လ်ဒိုဗန် ၀.၅ %။ ခရီမီယံတာတာ
ဝ.၅ %။ ဘူလ်ဂေးရီးယန်း ၀.၄ %။ ဟန်ဂေရီယန်း ၀.၃ %။ ပိုလန် ၀.၃ %။ ဂျူး ၀.၂ %
အခြား ၁.၈%
ဘာသာစကား။ ယူကရိန်းနီးယန်း အော်သိုဒေါ့ - ကိဗ် ပက်ထရီယာခိတ် ၅၀.၄ %။ ယူကရိန်းနီးယန်းအော်သိုဒေါ့ -
မော်စကို ပက်ထရီယာခိတ် ၂၆.၁ %။ ယူကရိန်းနီးယန်း ဂရိ ကက်သိုလစ် ၈ %။ ယူကရိန်း နီးယန်း
အော်တိုစက်ဖလပ်စ် အော်သိုဒေါ့ ၇.၂ %။ ရိုမန် ကက်သိုလစ် ၂.၂ %။ ပရိုတက်စတင့် ၂.၂ %။
ဂျူး ၀.၆ %။ အခြား ၃.၂ %
မြို့တော်။ ကိဗ် (Kyiv = Kiev)

ယူဂန္ဓာ (Uganda)


နောက်ခံသမိုင်းအကျဉ်း။ ။
ယူဂန္ဓာရှိမတူညီသောနိုင်ငံရေးစံနစ်၊ မတူညီသော ယဉ်ကျေးမှုများရှိသော တိုင်းရင်းသားအမျိုးမျိုးတို့ကိုစု စည်း၍ ဗြိတိသျှတို့က ကိုလိုနီနယ်မြေဖွဲ့စည်းခဲ့သည်။ ၁၉၆၂ တွင်လွတ်လပ်ရေးရသောအခါ အဆိုပါ ကွဲပြားခြား နားမှုများကြောင့် နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်တည်ထောင်ရာတွင် အတားအဆီးဖြစ်လာခဲ့သည်။ အာဏာရှင် အိုက်ဒီအေမင် (Ide Amen) လက်ထက်တွင် ဆန့်ကျင်သူ ၃၀၀ ၀၀၀ ခန့်အသတ်ခံခဲ့ရသည်။ မီလ်တွန် အိုဘီတီ (Milton Obete 1980-85) လက်ထက်တွင် ပြည်တွင်းစစ်ပေါ်ပေါက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ဖြစ်ပွားခဲ့၍ နောက်ထပ်လူ ၁၀၀ ၀၀၀ ခန့် ထပ်မံသေဆုံးခဲ့ပြန်သည်။ ၁၉၈၆ ခုနှစ်မှစ၍ ယိုဝီရီ မူဆီဗီနီ(Yoweri Museveni) အုပ်ချုပ်ခဲ့ ရာ နိုင်ငံတည်ငြိမ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိလာခဲ့သည်။ ၁၉၉၀ခုနှစ်များတွင်သမ္မတ ရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲများ မကျင်းပရန် ကြေငြာချက်ထုတ်ခဲ့သည်။ ၂၀၀၉ ဇန်နဝါရီလတွင် ၂၀၀၉ ဇန်နဝါရီလတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ၂၀၀၉-၁၀ အတွက်ယာယီအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ခဲ့ သည်။

ပထဝီအနေအထား။ ။
တည်နေရာ။ အာဖရိကတိုက် အရှေ့ပိုင်း။ ကင်ညာနိုင်ငံ၏ အနောက်ဘက်။
မြေပုံအညွှန်း။ အာဖရိက။
ဧရိယာ။ ကုန်းမြေ = ၁၉၇ ၁၀၀ sq km
ရေ = ၄၃ ၉၃၈ sq km
စုစုပေါင်း = ၂၄၁ ၀၃၈ sq km
ထိစပ်နယ်မြေ။ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ၇၆၅ km။ ကင်ညာ ၉၃၃ km။ ရဝမ်ဒါ ၁၆၉ km။
ဆူဒန် ၄၃၅ km။ တန်ဇန်းနီးယား ၃၉၆ km
ရာသီဥတု။ အပူပိုင်းဒေသရာသီဥတု။ မိုးရွာသွန်းလေ့ရှိသောခြောက်သွေ့ရာသီ နှစ်ခု (ဒီဇင်ဘာလမှ ဖေဖေါ်ဝါရီ။
ဇွန်လမှ သြဂုတ်)
မြေမျက်နှာသွင်ပြင်။ အများအားဖြင့် ကုန်းမြင့်လွင်ပြင်ဖြစ်ပြီး တောင်စောင်းများရှိ။
မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ အဲလ်ဘတ် ရေကန် ၆၂၁ m
အမြင့်ဆုံးအပိုင်း။ စတန်လေ တောင်ရှိ မာဂီရီတာတောင်ထိပ် ၅၁၁၀ m
သဘာဝအရင်းအမြစ်။ ကြေးနီ။ ကိုဘော့။ ရေအားလျှပ်စစ်။ ထုံးကျောက်။ ဆား။ စိုက်ပျိုးမြေ။ ရွှေ

လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၃၂ ၃၆၉ ၅၅၈ ဦးရေ
လူဦးရေများပြားမှု ကမ္ဘာ့အဆင့်။ ၂၄
လူဦးရေတိုးနှုန်း။ ၂.၆၉၂ % (၂၀၀၉)
မွေးဖွားနှုန်း။ ၄၇.၈၄/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း။ ၁၂.၀၉/၁၀၀၀ ဦးရေ (၂၀၀၉)
ပျမ်းမျှအသက်။ ကျား = ၅၁.၆၆ နှစ်
မ = ၅၃.၈၁ နှစ်
စုစုပေါင်း = ၅၂.၇၂ နှစ် (၂၀၀၉)
လူမျိုး။ ယူဂန္ဓာ
တိုင်းရင်းသားလူမျိုး။ ဘာဂန္ဓာ ၁၆.၉ %။ ဘန်ယာကိုးလ် ၉.၅ %။ ဘာဆိုဂါ ၈.၄ %။ အစ်တီဆို ၆.၄ %။
လန်ဂျီ ၆.၁ %။ အာခိုလီ ၄.၇ %။ ဘာဂီဆူ ၄.၆ %။ လဂ်ဘာရာ ၄.၂ %။ ဘန်ညိုရို ၂.၇ %
အခြား ၂၉.၆ %
ကိုးကွယ်မှု။ ရိုမန်ကက်သိုလစ် ၄၁.၉ %။ ပရိုတက်စတင့် ၄၂ %
ဘာသာစကား။ အင်္ဂလိပ် (ရုံးသုံး)။ ဂန္ဓာ သို့မဟုတ် လဂ္ဂန္ဓာ။ အခြား နိုင်ဂျာ-ကွန်ဂို ဘာသာစကားများ။
နိုင်လို-ဆာဟာရန် ဘာသာစကားများ။ ဆွာဟီလီ။ အာရပ်
မြို့တော်။ ကမ်ပါလာ (Kampala)

တူဗာလူ (Tuvalu)


နောက်ခံသမိုင်းအကျဉ်း။ ။
၁၉၇၄ တွင်ဗြိတိသျှကိုလိုနီဖြစ်သော ဂီလ်ဘတ်(Gilbert) နှင့် အီလိုက်စ်(Ellice) ကျွန်းများပေါ်ရှိ တိုင်းရင်း သားလူမျိုးများလူမျိုးကွဲပြားခြားနားမှုကြောင့် အီလိုက်စ်ကျွန်းများပေါ်ရှိ ပိုလီနေးရှင်းတိုင်းရင်းသားများက ဂီလ်ဘတ် ကျွန်းများပေါ်ရှိ မိုက်ခရိုနေးရှင်းတိုင်းရင်းသားများနှင့် ခွဲထွက်ရန် မဲပေးခဲ့ကြသည်။ နောက်နှစ်တွင်အီလိုက်ကျွန်းများ သည် ဗြိတိသျှကိုလိုနီတူဗာလူ၏ သီးခြားအုပ်ချုပ်သောဒေသဖြစ်လာခဲ့သည်။ ၁၉၇၈ တွင် လွတ်လပ်ရေးရခဲ့သည်။
၂၀၀၀ ပြည့်နှစ်တွင် တီဗွီ အမည်ဖြင့် အင်တာနက်နယ်မြေတစ်ခုကို ၁၂ ကြာငှားရမ်းအသုံးပြုရေးအတွက် စာချုပ် ချုပ်ဆိုနိုင်ရန် ဆွေးနွေးခဲ့ကြသည်။

ပထဝီအနေအထား။ ။
တည်နေရာ။ အိုးရှင်းနီးယား။ တောင်ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ သန္တာကျွန်းကိုးကျွန်းပါဝင်သော ကျွန်းအုပ်စု။
ဟာဝိုင်အီမှ သြစတြေးလျ သို့သွားရာခရီးလမ်းတစ်ဝက်တွင် တည်ရှိ။
မြေပုံအညွှန်း။ အိုးရှင်းနီးယား
ဧရိယာ။ ကုန်းမြေ = ၂၆ sq km
ရေ = ၀ qs km
စုစုပေါင်း = ၂၆ sq km
ထိစပ်နယ်မြေ။ ၀ km
ကမ်းရိုးတန်း။ ၂၄ km
ရာသီဥတု။ အပူပိုင်းဒေသရာသီဥတု။
မြေမျက်နှာသွင်ပြင်။ မျက်နှာပြင်နိမ့်ကျပြီး ကျဉ်းမြောင်းသော သန္တာကျွန်းများ
မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ ပစိဖိတ်သမုဒ္ဒရာ = ၀ m
အမြင့်ဆုံးအပိုင်း။ အမည်မရှိနေရာ နေရာတစ်ခု = ၅ m
သဘာဝအရင်းအမြစ်။ ငါး

လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၁၂ ၃၇၃ ဦးရေ (၂၀၀၉)
လူဦးရေများပြားမှုကမ္ဘာ့အဆင့် = ၂၂၃
လူဦးရေတိုးနှုန်း။ ၁.၆၁၆ % (၂၀၀၉)
မွေးဖွားနှုန်း။ ၂၃.၁၁/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း။ ၆.၉၅/၁၀၀၀ ဦးရေ (၂၀၀၉)
ပျမ်းမျှအသက်။ ကျား = ၆၆.၉၉ နှစ်
မ = ၇၁.၇ နှစ်
စုစုပေါင်း = ၆၉.၂၉ နှစ် (၂၀၀၉)
လူမျိုး။ တူဗာလူယန်
တိုင်းရင်းသားလူမျိုး။ ပိုလီနေးရှင်း ၉၆ %။ မိုက်ခရိုနေရှင်း ၄ %
ကိုးကွယ်မှု။ တူဗာလူ အသင်းတော် (ကွန်ဂရီဂေးရှင်းနယ်လစ်) ၉၇ %။ ခုနှစ်ရက်မြောက်နေ့မျှော်လင့်ခြင်း
အသင်းတော် ၁.၄ %။ ဘာဟာအီ ၁ %။ အခြား ၀.၆ %
ဘာသာစကား။ တူဗာလူယန်။ အင်္ဂလိပ်။ ဆာမိုအန်။ ကီရီဘာတီ
မြို့တော်။ ဖူနာဖူတီ (Funafuti)ျ

တာ့ခ် နှင့် ကိုင်ကို့စ်ကျွန်းများ (Turks and Caicos Islands)

နောက်ခံသမိုင်းအကျဉ်း။ ။
၁၉၆၂ အထိ အဆိုပါကျွန်းများသည် ဗြိတိသျှ၏ ဂျမေကာ ကိုလိုနီနိုင်ငံ အဖြစ်တည်ရှိခဲ့သည်။ ၁၉၆၂ တွင် ဂျမေကာလွတ်လပ်ရေးရသောအခါ ဂျမေကာမှခွဲထွက်၍ ဗြိတိသျှ အုပ်ချုပ်ခံဖြစ်လာခဲ့သည်။ ၁၉၆၅ မှ ၁၉၇၃ အထိ ဘဟားမား က တာဝန်ယူကြီးကြပ်ခဲ့ရသည်။ ဘဟားမား လွတ်လပ်ရေးရသောအခါ ၁၉၇၃ တွင် ကိုယ်ပိုင်အစိုးရ ဖြင့် အုပ်ချုပ်ခွင့်ရရှိခဲ့သည်။ ၁၉၈၂ တွင် လွတ်လပ်ရေးပေးရန် သဘောတူညီခဲ့သော်လည်း မူဝါဒပြောင်းလဲသွားပြီး ဗြိတိသျှ၏ ပင်လယ်ရပ်ခြားနယ်မြေတစ်ခုအဖြစ်သာ ဆက်လက်တည်ရှိနေသည်။

ပထဝီအနေအထား။ ။
တည်နေရာ။ ကာရစ်ဘီယံ။ မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းနှစ်ကျွန်း။ ဘဟားမား ၏အရှေ့တောင်
ဘက်။ ဟေတီနိုင်ငံ ၏မြောက်ဘက်။
မြေပုံအညွှန်း။ အမေရိကတိုက်အလယ်ပိုင်းနှင့် ကာရစ်ဘီယံ။
ဧရိယာ။ ကုန်းမြေ = ၉၄၈ sq km
ရေ = ၀ sq km
စုစုပေါင်း = ၉၄၈ sq km
ထိစပ်နယ်မြေ။ မရှိ
ကမ်းရိုးတန်း။ ၃၈၉ km
ရာသီဥတု။ အပူပိုင်းဒေသရာသီဥတု။ ကုန်သည်လေတိုက်ခတ်မှုကြောင့် သမမျှတသော ရာသီဥတုရှိ။
နေပူ၍ အတော်အတန်ခြောက်သွေ့
မြေမျက်နှာသွင်ပြင်။ နိမ့်၍ ပြန့်သော ထုံးကျောက်မြေ။ ရွှံ့ညွန်တောများနှင့် ဒီရေတောများ အနှံ့အပြားရှိ။
မျက်နှာပြင် အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ ကာရစ်ဘီယန် ပင်လယ် = ၀ m
အမြင့်ဆုံးအပိုင်း။ ဘလူးတောင်ကုန်း = ၄၉ m
သဘာဝအရင်းအမြစ်။ ကျောက်ပုစွန်တုပ်။ ခရုသင်းခရုခွံ

လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၂၂ ၉၄၂ ဦးရေ (၂၀၀၉)
လူဦးရေများပြားမှုကမ္ဘာ့အဆင့် = ၃၂
လူဦးရေတိုးနှုန်း။ ၂.၅၆၃ % (၂၀၀၉)
မွေးဖွားနှုန်း။ ၂၀.၇၉/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း။ ၄.၁၈/၁၀၀၀ ဦးရေ (၂၀၀၉)
ပျမ်းမျအသက်။ ကျား = ၇၃.၁၂ နှစ်
မ = ၇၇.၈၃ နှစ်
စုစုပေါင်း = ၇၅.၄၂ နှစ် (၂၀၀၉)
လူမျိုး။ သီးသန့်အမည်မရှိ
တိုင်းရင်းသားလူမျိုး။ လူမည်း ၉၀ %။ သွေးနှော၊ ဥရောပ သို့မဟုတ် မြောက်အမေရိကသား ၁၀ %
ကိုးကွယ်မှု။ ဘက်ပတစ် ၄၀ %။ အင်္ဂလီကန် ၁၈ %။ မက်သိုဒစ် ၁၆ %။ ဘုရားသခင်အသင်းတော် ၁၂ %
အခြား ၁၄ %
ဘာသာစကား။ အင်္ဂလိပ် (ရုံးသုံး)
မြို့တော်။ ဂရန်း တာ့ခ် (ကော့ခ်ဘန်း တောင်း)
Grand Turk (Cockburn Town)

တာ့ခ်မန်နစ္စတန် (Turkmenistan)


နောက်ခံသမိုင်းအကျဉ်း။ ။
အရှေ့ပိုင်းတာ့ခ်မန်နစ္စတန်သည် ပါရှန်း ခူရာဆန်ပြည်နယ်၏ အစိတ်အပိုင်းအဖြစ် ရာစုနှစ်ပေါင်း များစွာ တည်ရှိခဲ့သည်။ အလယ်ခေတ် မာ့ဗ်မြို့(ယခု မေရီ) သည်အစ္စလာမ်ကမ္ဘာ၏ မြို့ကြီးများထဲတွင် တစ်မြို့အပါအဝင် ဖြစ်ပြီး ပိုးလမ်းမကြီးတွင် အရေးပါသောတစ်ထောက်နားမြို့ဖြစ်သည်။ ၁၈၆၅ မှ ၁၈၈၅ အထိ ရုရှ ကကျူးကျော် သိမ်းပိုက်ခဲ့သည်။ ၁၉၂၄ တွင် ဆိုဗီယက်သမ္မတနိုင်ငံတွင်ပါဝင်ခဲ့သည်။ ၁၉၉၁ တွင် ဆိုဗီယက်ယူနီယံပြိုကွဲသော အခါ လွတ်လပ်ရေးရခဲ့သည်။ ဟိုက်ဒရိုကာဗွန်/သဘာဝဓါတ်ငွေ့သိုက်များပေါကြွယ်ဝစွာရှိခြင်းကြောင့် အကယ်၍ ကျယ်ကျယ်ပြန့်ပြန့်ထုတ်ယူရောင်းချနိုင်စွမ်းရှိခဲ့လျှင် နိုင်ငံစီးပွားရေးတိုးတက်၍ဖွံ့ဖြိုးလာနိုင်သည်။ တာ့ခ်မန်နစ္စ တန် အစိုးရအနေဖြင့်လည်း ရုရှ၏ ရေနံဓါတ်ငွေ့ရောင်းချလျှက်ရှိသော ပိုက်လိုင်းကွန်ယက်ကိုကျော်၍ ၎င်း၏ ဓါတ် ငွေ့များကို ရောင်းချနိုင်မည့်နည်းလမ်းများကိုရှာဖွေလျှက်ရှိသည်။ ရာသက်ပန်သမ္မတ စပါမူရတ် နိုင်ယာဇို (Saparmurat Nyyazow) ဒီဇင်ဘာ ၂၀၀၆ တွင်ကွယ်လွန်သောအခါ ၂၀၀၇ ဖေဖေါ်ဝါရီလ၌ ပထမဦးဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်သူအများပါဝင်သော သမ္မရွေးကောက်ပွဲကိုကျင်းပခဲ့သည်။ သမ္မတ နိုင်ယာဇိုလက်ထက်တွင် ဒုတိယ သမ္မတအဖြစ်တာဝန်ထမ်းဆောင် ခဲ့သူ ဂါဘန်ဂူလီ ဘာဒီမူဟာမဲဒိုး (Gurbanguly Berdimuhamedow) သမ္မတ ဖြစ်လာခဲ့သည်။

ပထဝီအနေအထား။ ။
တည်နေရာ။ အာရှတိုက် အကယ်ပိုင်း။ ကက်စပီယံပင်လယ်နှင့်ထိစပ်။ အီရန် နှင့်ကာဇက်စတန်နိုင်ငံများကြား။
မြေပုံအညွှန်း။ အာရှ
ဧရိယာ။ ကုန်းမြေ = ၄၆၉ ၉၃၀ sq km
ရေ = ၁၈ ၁၇၉ sq km
စုစုပေါင်း = ၄၈၈ ၁၀၀ sq km
ထိစပ်နယ်မြေ။ အာဖဂန်နစ္စတန် ၇၄၄ km။ အီိရန် ၉၉၂ km။ ကာဇက်စတန် ၃၇၉ km။ ဥဇဘက်ကစ္စတန် ၁ ၆၂၁
Km
ကမ်းရိုးတန်း။ ကက်စပီယန်ပင်လယ် ကမ်းရိုးတန်း ၁၇၆၈ km
ရာသီဥတု။ အပူလျော့ပိုင်းကန္တာရ ရာသီဥတု
မြေမျက်နှာသွင်ပြင်။ ပြန့်ပျူးသော၊ လှိုင်းထသော သဲကန္ကာရတွင် သဲတောင်ကုန်းများက တောင်များဆီသို့ မြင့်
တက်သွား။ အီရန်နှင့် နယ်စပ်တွင်တောင်များ။ အနောက်ဘက်တွင်ကက်စပီပင်လယ်နှင့်
ထိစပ်
မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ ဗပ္ပါဒီနာ အက်ချနာရာ = -၈၁ m
အမြင့်ဆုံးအပိုင်း။ ဂိုရာ အိုင်ရီဘာဘာ = ၃၁၃၉ m
သဘာဝအရင်းအမြစ်။ ရေနံ။ သဘာဝဓါတ်ငွေ့။ ဆာလဖာ။ ဆား။

လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၄ ၈၈၄ ၈၈၇ ဦးရေ (၂၀၀၉)
လူဦးရေတိုးနှုန်း။ ၁.၁၄၁ % (၂၀၀၉)
မွေးဖွားနှုန်း။ ၁၉.၆၉/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း။ ၆.၃၁/၁၀၀၀ ဦးရေ (၂၀၀၉)
ပျမ်းမျှအသက်။ ကျား = ၆၄.၉၄ နှစ်
မ = ၇၀.၉၅ နှစ်
စုစုပေါင်း = ၆၇.၈၇ နှစ် (၂၀၀၉)

လူမျိုး။ တာ့ခ်မန်
တိုင်းရင်းသားလူမျိုး။ တာ့ခ်မန် ၈၅ %။ ဥဇဘက် ၅ %။ ရုရှ ၄ %။ အခြား ၆ % (၂၀၀၉)
ကိုးကွယ်မှု။ မွတ်စလင် ၈၉ %။ အရျှေ့တိုင်း အော်သိုဒေါ့ ၉ %။ အမည်မသိ ၂ %
ဘာသာစကား။ တာ့ခ်မန် (ရုံးသုံး) ၇၂ %။ ရုရှ ၁၂ %။ ဥဇဘက် ၉ %။ အခြား ၇ %
မြို့တော်။ အက်ရှဘက် (Ashkhabad)

တူရကီ (Turkey) Republic of Turkey


နောက်ခံသမိုင်းအကျဉ်း။ ။
ယနေ့တူရကီနိုင်ငံတော်ကို အော်တိုမန်အင်ပါယာပြိုကွဲပြီးနောက် အင်နာတိုလီယန်လူမျိုးအကြွင်းအကျန် တို့၏အမျိုးသားခေါင်းဆောင် မူစတာဖါ ကီမယ် (Mustafa Kemal) ကတည်ထောင်ခဲ့သည်။ နောက်ပိုင်းတွင် သူ့ကို “တာ့ခ် တို့၏ဖခင်”ဟုအဓိပ္ပါယ်ရ သော အတာတာ့ခ်(Ataturk) ဟူသောဘွဲ့ဖြင့်ဂုဏ်ပြုခဲ့သည။ ၎င်း၏ အာဏာရှင်စံနစ်ဖြင့် အုပ်ချုပ်မှုအောက်တွင် လူမှုရေး၊ တရားရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကျယ်ကျယ်ပြန့် ပြန့်ဆောင်ရွက်ခဲ့သည်။ တစ်ပါတီ အုပ်ချုပ်ရေးပြီးနောက် ၁၉၅၀ တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပခဲ့ သည်။ အတိုက်အခံ ဒီမိုကရက်တစ်ပါတီကအနိုင်ရရှိခဲ့ပြီး ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းပေးခဲ့သည်။ ထိုအချိန်မှစ၍ နိုင်ငံရေး ပါတီများအများအပြားပေါ်ပေါက်လာခဲ့သည်။ သို့သော် ၁၉၆၀၊ ၁၉၇၁၊ ၁၉၈၀ ခုနှစ် များတွင် စစ်တပ်မှ ကြားဖြတ်အာဏာသိမ်းယူမှုများပေါ်ပေါက်ခဲ့သည်။ အာဏာသိမ်းယူသည့်အကြိမ်တိုင်း နောက်ဆုံးတွင် အရပ်သား အစိုးရထံအာဏာပြန်လည်အပ်နှင်းခဲ့သည်သာဖြစ်၏။ ၁၉၉၇ တွင် အစ္စလာမ္မစ်ဝါဒီအစိုးရကို ဖြုတ်ချရန်စစ်တပ်က ကူညီခဲ့ရသည်။ ယင်းအာဏာသိမ်းမှုကို ခေတ်သစ်လွန်အာဏာသိမ်းမှု ဟူ၍အမည်ပေးခဲ့သည်။ ၁၉၇၄ တွင် ဆိုက်ပရပ်ကို ဂရိတို့သိမ်းယူမည့်အရေးမှကာကွယ်ပေးရန် တူရကီစစ်တပ်ကြားဝင်ခဲ့ပြီး “မြောက်ပိုင်းဆိုက်ပရပ် တူရကီသမ္မနိုင်ငံ” ကို တူရကီအစောင့်ရှောက်ခံနိုင်ငံအဖြစ် မိမိဘာသာသတ်မှတ်ခဲ့သည်။ ကာဒစ်အလုပ်သမားပါတီ (Kurdistan Worker’s Party – PKK) ခေါ် ကာဒစ်လူထုညီလာခံပါတီ (People’s Congress of Kurdistan or Kingra-Gel –KGK) က ၁၉၈၄ တွင် သူပုန်ထခဲ့ရာ တူရကီစစ်တပ်နှင့်တိုက်ခိုက်မှုတွင် လူပေါင်း ၃၀ ၀၀၀ ကျော် သေဆုံးခဲ့သည်။ ၁၉၉၉ တွင် သူပုန်ခေါင်းဆောင်ကိုဖမ်းဆီးမိခဲ့ရာ နောက်လိုက်အများအပြား အီရတ်နိုင်ငံမြောက် ပိုင်းသို့ထွက်ပြေးဝင်ရောက်ခဲ့ကြသည်။ ၂၀၀၄ တွင်KGKကအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ရပ်စဲကြောင်း ကြေငြာခဲ့ရာ အစိုးရကအပြင်းအထန်တိုက်ခိုက်ခဲ့သည်။ ၁၉၄၅ တွင် ကုလသမဂ္ဂသို့ဝင်ရောက်ခဲ့ပြီး ၁၉၅၂ တွင် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။ ၂၀၀၉-၁၀ တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင်ယာယီအဖွဲ့ဝင်နိုင်ငံအ ဖြစ်တာဝန်ယူလျက်ရှိသည်။ ၁၉၆၄ တွင် ဥရောပ အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။ လွန်ခဲ့သောဆယ်စုနှစ်များ အတွင်း ဒီမိုကရေစီ နှင့်စီးပွားရေး တောင့်တင်းခိုင်မာမှုအတွက် ပြုပြင်ပြောင်းလဲမှုများစွာဆောင်ရွက်ခဲ့သည်။ ၂၀၀၅ ခုနှစ်အတွင်းက ဥရောပသမဂ္ဂသို့ဝင်ရောက်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။

ပထဝီအနေအထား။ ။
တည်နေရာ။ ဥရောပတိုက် အရှေ့တောင်ဘက် နှင့် အာရှတိုက်အနောက်တောင်ဘက်။ ပင်လယ်နက်နှင့်ထိစပ်။
ဘူလ်ဂေးရီးယားနှင့် ဂျော်ဂျီယာ နိုင်ငံတို့ကြား။ အီဂျီယန်ပင်လယ်၊ မြေထဲပင်လယ်တို့နှင့်ထိစပ်။
ဂရိ နှင့် ဆီးရီးယားနိုင်ငံများကြား
မြေပုံအညွှန်း။ အရှေ့အလယ်ပိုင်း
ဧရိယာ။ ကုန်းမြေ = ၇၆ ၆၃၂ sq km
ရေ = ၁၃ ၉၃၀ sq km
စုစုပေါင်း = ၇၈၃ ၅၆၂ sq km
ထိစပ်နယ်မြေ။ အာမေးနီးယား ၂၆၈ km။ အဇာဘိုင်ဂျန် ၉ km။ ဘူလ်ဂေရီးယား ၂၄၀ km။ ဂျော်ဂျီးယား ၂၅၂ km။
ဂရိ ၂၀၆ km။ အီရန် ၄၉၉ km။ ဆီးရီးယား ၈၂၂ km။
ကမ်းရိုးတန်း။ ၇ ၂၀၀ km
ရာသီဥတု။ အပူအအေးမျှတ။ ပူ၍ခြောက်သွေ့သော နွေရာသီ။ မျှတစိုစွတ်သော ဆောင်းရာသီ။ အတွင်းပိုင်းတွင်
ရာသီဥတုအနည်းပို၍ ဆိုးဝါး။
မြေမျက်နှာသွင်ပြင်။ အလယ်ပိုင်း အင်နာတိုလီယာ ကုန်းမြင့်လွင်ပြင်။ ကျဉ်းမြောင်းသော ကမ်းရိုးတန်းမြေပြန့်။
တောင်တန်းပေါများ
မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ မြေထဲပင်လယ် ၀ m
အမြင့်ဆုံးအပိုင်း။ အာရာရတ် တောင်ထွတ် ၅၁၆၆ m
သဘာဝအရင်းအမြစ်။ ကျောက်မီးသွေး။ သံရိုင်း။ ကြေးနီ။ ခရိုမီယံ။ ခနောက်စိမ်း။ မာကျူရီ။ ရွှေ။ ဘာရိုက်။
ဘော်ရိတ်အက်ဆစ်။ ဆယ်လက်တိုက်(စထရွန်တီယမ်)။ အီမာရီ။ မျောကျောက်။ ထုံး
ကျောက်။ မက်ဂနီဆိုဒ်။ စကျင်ကျောက်။ ပါလိုက်။ ပျူမိုက်။ ကန့်။ ရွှံ့စေး။ စိုက်ပျိုးမြေ။
ရေအားလျှပ်စစ်
လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၇၆ ၈၀၅ ၅၂၄ ဦးရေ
လူဦးရေများပြားမှုကမ္ဘာ့အဆင့် = ၁၇
လူဦးရေတိုးနှုန်း။ ၁.၃၁၂ % (၂၀၀၉)
မွေးဖွားနှုန်း။ ၁၈.၆၆/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း။ ၆.၁/၁၀၀၀ ဦးရေ(၂၀၀၉)
ပျမ်းမျှအသက်။ ကျား = ၇၀.၁၂ နှစ်
မ = ၇၃.၈၉ နှစ်
စုစုပေါင်း = ၇၁.၉၆ နှစ် (၂၀၀၉)
လူမျိုး။ တာ့ခ်
တိုင်းရင်းသားလူမျိုး။ တာကစ် ၇၀-၇၅%။ ကာဒစ် ၁၈ %။ အခြား ၇-၁၂ %
ကိုးကွယ်မှု။ မွတ်စလင် ၉၉.၈% (ဆွန်နီအများစု)။ အခြား ၀.၂ % (ခရစ်ယာန် နှင့် ဂျူးအများစု)
ဘာသာစကား။ တာကစ် (ရုံးသုံး)။ ကာဒစ်။ အခြား လူမျိုးစုဘာသာစကားများ
မြို့တော်။ အင်ကာရာ (Ankara)

Sunday, 16 May 2010

တူနီးရှား (Tunisia) Tunisian Republic


နောက်ခံသမိုင်းအကျဉ်း။ ။
ပြင်သစ်နှင့်အီတလီတို့ တူနီးရှားကို သိမ်းပိုက်ရန် အပြိုင်ကြိုးပမ်းခဲ့ကြပြီး ၁၈၈၁ တွင် ပြင်သစ်ကသိမ်း ပိုက်လက်အောက်ခံပြုခဲ့သည်။ ပထမ ကမ္ဘာစစ်ပြီးနောက်ပိုင်း ဆယ်စုနှစ်များတွင် လွတ်လပ်ရေးလှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့ပြီး ၁၉၅၆ တွင် တူနီးရှားကို လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် ပြင်သစ်က အသိအမှတ်ပြုခဲ့ သည်။ နိုင်ငံ၏ ပထမဦးဆုံးသမ္မတဖြစ်သူ ဟာဘစ် ဘော်ဂူအီဘာ (Habib Bourguiba) တစ်ပါတီ စံနစ်ဖြင့်အုပ်ချုပ် ခဲ့သည်။ ဘော်ဂူအီဘာ သည်နိုင်ငံကို ၃၁ နှစ်ကြာမျှအုပ်ချုပ်ခဲ့ပြီး အစ္စလာမ္မစ် အခြေခံဝါဒီများကို နှိပ်ကွပ်ပြီး အမျိုး သမီးအခွင့်အရေးများကို ပြဌာန်းခဲ့သဖြင့် အခြားအာရပ်နိုင်ငံများနှင့်မတူတစ်မူထူးခြားခဲ့သည်။ ၁၉၈၇ နိုဝင်ဘာလ တွင် ဘော်ဂူအီဘာကို ဖယ်ရှားပြီး ဇိုင်း အယ်လ် အဘီဒိုင်း ဘင်အလီ (Zine el Abidine Ben Ali) ကသွေးမြေမကျ အာဏာသိမ်းခဲ့သည်။ တစ်ကြိမ်လျှင် ငါးနှစ်သက်တမ်းရှိသော သမ္မတ အဖြစ် ဘင်အလီ သည် ယခုအခါ ၎င်း၏ ငါး ကြိမ်မြောက်သက်တမ်း အဖြစ် တည်ရှိဆဲဖြစ်၏။ တူနီးရှားသည် ကာလကြာရှည်စွာပင် ၎င်း၏အိမ်နီးချင်းနိုင်ငံများ နှင့်အဆက်အဆံမပြုခဲ့ပေ။ ပြည်တွင်း၌လည်း အတွေးအမြင် ပွင့်လင်းမှုရှိသော နိုင်ငံရေးအုပ်စုများကို ခေါင်းထောင် ခွင့်မပြုချေ။

ပထဝီအနေအထား။ ။
တည်နေရာ။ အာဖရိကတိုက် မြောက်ပိုင်း။ မြေထဲပင်လယ်နှင့်ထိစပ်။ အယ်ဂျီးရီးယားနှင့် လစ်ဗျားနိုင်ငံများကြား
မြေပုံအညွှန်း။ အာဖရိက
ဧရိယာ။ ကုန်းမြေ = ၁၅၅ ၃၆၀ sq km
ရေ = ၈ ၂၅၀ sq km
စုစုပေါင်း = ၁၆၃ ၆၁၀ sq km
ထိစပ်နယ်မြေ။ အယ်ဂျီးရီးယား ၉၆၅ km။ လစ်ဗျား ၄၅၉ km
ကမ်းရိုးတန်း။ ၁ ၁၄၈ km
ရာသီဥတု။ မြောက်ပိုင်းတွင် မျှတ၍ မိုးရွာလေ့ရှိသော ဆောင်းတွင်းနှင့် ပူပြင်း၍ ခြောက်သွေ့သော နွေရာသီ
တောင်ဘက်တွင် ကန္တာရရာသီဥတု
မြေမျက်နှာသွင်ပြင်။ မြောက်ဘက်တွင် တောင်များရှိ။ ပူပြင်းခြောက်သွေ့သော အလယ်ပိုင်းမြေပြန့်။ တောင်ဘက်
ကန္တာရမှာ ဆာဟာရနှင့် ဆက်စပ်လျှက်ရှိ။
မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ ရှတ် အယ် ဂါဆာ - -၁၇ m
အမြင့်ဆုံးအပိုင်း။ ဂျက်ဘယ် အက် ချမ်ဘီ = ၁ ၅၄၄ m
သဘာဝအရင်းအမြစ်။ ရေနံ။ ဖေါ့စဖိတ်။ သံရိုင်း။ ခဲ။ သွပ်။ ဆား

လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၁၀ ၄၈၆ ၃၃၉ (၂၀၀၉)
လူဦးရေတိုးနှုန်း။ ၀.၉၈ % (၂၀၀၉)
မွေးဖွားနှုန်း။ ၁၅.၄၂/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း။ ၅.၂/၁၀၀၀ ဦးရေ (၂၀၀၉)
ပျမ်းမျှအသက်။ ကျား = ၇၃.၉၈ နှစ်
မ = ၇၇.၇ နှစ်
စုစုပေါင်း = ၇၅.၇၈ နှစ် (၂၀၀၉)
လူမျိုး။ တူနီးရှား
တိုင်းရင်းသားလူမျိုး။ အာရပ် ၉၈%။ ဥရောပ ၁%။ ဂျူးနှင့် အခြား ၁ %
ကိုးကွယ်မှု။ မွတ်စလင် ၉၈ %။ ခရစ်ယာန် ၁ %။ ဂျူးနှင့် အခြား ၁ %
ဘာသာစကား။ အာရပ်၊ ပြင်သစ်
မြို့တော်။ တျူးနစ် ( Tunis)

ထရီနီဒတ် နှင့် တိုဘာဂို (Trinidad and Tobago) Republic of Trinidad and Tobago


နောက်ခံသမိုင်းအကျဉ်း။ ။
စပိန်တို့ဦးစွာ ကိုလိုနီပြုခဲ့ပြီး ၁၉ ရာစုအစောပိုင်းတွင် ဗြိတိသျှလက်အောက်သို့ကျရောက်ခဲ့သည်။ ၁၈၃၄ တွင် ကျွန်စံနစ်ဖျက်သိမ်းလိုက်ခြင်းကြောင့်ကျွန်း၏ သကြားထုတ်လုပ်ရေးလုပ်ငန်းများထိခိုက်ခဲ့ရသည်။ ထို့ကြောင့် ၁၈၄၅ မှ ၁၉၁၇ ကြားတွင်အိန္ဒိယမှ အလုပ်သမားများကို ငှားရမ်းခေါ်ယူခဲ့ရသည်။ ထိုအခါ သကြားလုပ်ငန်းသာမက ကိုးကိုး လုပ်ငန်းကိုပါ တိုးချဲ့လုပ်ကိုင်နိုင်ခဲ့သည်။ ၁၉၁၀ တွင် ထရီနီဒတ်ကျွန်းပေါ်၌ ရေနံရှာတွေ့သောအခါ ထွက် ကုန်တစ်ခုထပ်တိုးလာခဲ့သည်။ ၁၉၆၂ တွင် လွတ်လပ်ရေးရရှိခဲ့သည်။ ရေနံနှင့် သဘာဝဓါတ် ငွေ့အလျံပယ်ပေါများစွာထုတ်လုပ်နိုင်သောကြောင့် ကာရစ်ဘီယံဒေသရှိကြွယ်ဝသောနိုင်ငံများတွင် တစ်နိုင်ငံအပါအဝင်ဖြစ်သည်။ တိုဘာဂိုကျွန်းပေါ်တွင် လည်းခရီးသွားလုပ်ငန်းမြှင့်တင်ရေးကိုဆောင်ရွက်လျက်ရှိသည်။ လတ်တလောတွင် အကြမ်းဖက်ရာဇဝတ် မှုများ မြင့်မားလာခြင်းကိုအစိုးရကကိုင်တွယ်လျက်ရှိသည်။

ပထဝီအနေအထား။ ။
တည်နေရာ။ ကာရစ်ဘီယံ။ ကာရစ်ဘီယံပင်လယ်နှင့် အတ္တလန္တိတ် သမုဒ္ဒရာကြား။ ဗင်နီဇွဲလား၏ အရှေ့မြောက်
ဘက်
မြေပုံအညွှန်း။ အမေရိကအလယ်ပိုင်းနှင့် ကာရစ်ဘီယံ
ဧရိယာ။ ကုန်းမြေ = ၅ ၁၂၈ sq km
ရေ = ၀ sq km
စုစုပေါင်း = ၅ ၁၂၈ sq km
ထိစပ်နယ်မြေ။ မရှိ
ကမ်းရိုးတန်း။ ၃၆၂ km
ရာသီဥတု။ အပူပိုင်းဒေသရာသီဥတု။ ဇွန်လမှ ဒီဇင်ဘာလအထိ မိုးရာသီ
မြေမျက်နှာသွင်ပြင်။ တောင်ကုန်းအနည်းငယ် နှင့် တောင်နိမ့်များရှိပြီး အများအားဖြင့်မြေပြန့်
မျက်နှာပြင်အမြင့်ကွာခြားချက်။
အနိမ့်ဆုံးအပိုင်း။ ကာရစ်ဘီယံပင်လယ် ၀ m
အမြင့်ဆုံးအပိုင်း။ အယ် ဆာရို ဒယ်လ် အပရီပို ၉၄၀ m
သဘာဝအရင်းအမြစ်။ ရေနံ။ သဘာဝဓါတ်ငွေ့။ ကတ္တရာ

လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၁ ၂၂၉ ၉၅၃ ဦးရေ (၂၀၀၉)
လူဦးရေကြီးမားမှုကမ္ဘာ့အဆင့်။ ၁၅၅
လူဦးရေတိုးနှုန်း။ - ၀.၁၀၂ % (၂၀၀၉)
မွေးဖွားနှုန်း။ ၁၄.၃၆/၁၀၀၀ဦးရေ (၂၀၀၉)
သေဆုံးနှုန်း။ ၈.၁၁/၁၀၀၀ ဦးရေ (၂၀၀၉)
ပျမ်းမျှအသက်။ ကျား = ၆၇.၉၈ နှစ်
မ = ၇၃.၈၂ နှစ်
စုစုပေါင်း = ၇၀.၈၆ နှစ် (၂၀၀၉)
လူမျိုး။ ထရီနီဒတ်။ တိုဘားဂိုး
တိုင်းရင်းသားလူမျိုး။ အိန္ဒိယ ၄၀ %။ အာဖရိကန် ၃၇.၅ %။ သွေးနှော ၂၀.၅ %။ အခြား ၁.၂ %။ အမျိုးအမည်
မသိ ၀.၈ %
ကိုးကွယ်မှု။ ရိုမန်ကက်သိုလစ် ၂၆ %။ ဟိန္ဒူ ၂၂.၅ %။ အင်္ဂလီကန် ၇.၈ %။ ဘက်ပတစ် ၇.၂ %။ ပန်တယ်ကို
စတယ် ၆.၈ %။ မွတ်စလင် ၅.၈ %။ ခုနှစ်ရက်မြောက်နေ့မျှော်လင့်ခြင်းအသင်းတော် ၄ %။ အခြား
ခရစ်ယာန် ၁၀.၈ %။ အမည်မသိ ၁.၄ %။ ဘာသာမဲ့ ၁.၉ %
ဘာသာစကား။ အင်္ဂလိပ် (ရုံးသုံး)။ ကာရစ်ဘီယံ ဟင်ဒူစတန်နီ။ ပြင်သစ်။ စပိန်။ တရုတ်
မြို့တော်။ ပို့ထော့စပိန် (Port-of-Spain)

တွန်ဂါ (Tomga) Kingdom of Tonga


နောက်ခံသမိုင်းအကျဉ်း။ ။
တွန်ဂါသည် ပစိဖိတ် နိုင်ငံများထဲတွင် ပါဝင်သောကျွန်းစုနိုင်ငံ တစ်ခုဖြစ်ပြီး တိုင်းရင်းသားရိုးရာအုပ်ချုပ်မှု ကိုထိမ်းသိမ်းထားသောနိုင်ငံဖြစ်သည်။ မိတ်ဆွေကျွန်းစု (The Friendly Islands) ဟုအမည်တွင် သော တွန်ဂါ ကျွန်းစုသည် ၁၈၄၅ တွင် ပိုလီနေးရှင်း နိုင်ငံတော်ထဲတွင် စုစည်းပါဝင်ခဲ့သည်။ ၁၈၇၅ တွင် စည်းမျဉ်းခံဘုရင်စံနစ် ကို ကျင့်သုံးခဲ့ပြီး ၁၉၀၀ တွင် ဗြိတိသျှအကာအကွယ်အောက်သို့ရောက်ရှိခဲ့သည်။ ၁၉၇၀ တွင် ဗြိတိသျှအကာ ကွယ်အောက်မှ နုတ်ထွက်ခဲ့ပြီး ဓနဿဟာယ နိုင်ငံများအုပ်စုတွင် ပါဝင်ခဲ့သည်။ ပစိဖိတ်ဒေသတွင် တွန်ဂါနိုင်ငံ သည် ဘုရင်စံနစ်ကျင့်သုံးသော တစ်ခုတည်းသောနိုင်ငံဖြစ်သည်။

ပထဝီအနေအထား။ ။
တည်နေရာ။ အိုးရှင်းနီယား။ တောင်ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းစု။ ဟာဝိုင်အီမှ နယူးဇီလန်သို့ သွား လမ်းခရီး
သုံးပုံ နှစ်ပုံခန့်တွင်ရှိ
မြေပုံအညွှန်း။ အိုးရှင်းနီးယား
ဧရိယာ။ ကုန်းမြေ = ၇၁၇ sq km
ရေ = ၃၀ sq km
စုစုပေါင်း = ၇၄၇ sq km
ထိစပ်နယ်မြေ။ မရှိ
ကမ်းရိုးတန်း။ ၄၁၉ km
ရာသီဥတု။ အပူပိုင်းဒေသရာသီဥတု။ ကုန်သည်လေတိုက်ခတ်မှုကြောင့် သမမျှတ။ ဒီဇင်ဘာမှ မေလအထိ နွေး
ထွေးသောရာသီ။ မေလမှ ဒီဇင်ဘာလအထိ အေးမြသောရာသီ
မြေမျက်နှာသွင်ပြင်။ ကျွန်းအများစုမှာ ထုံးကျောက်အောက်ခံဖြင့် အပေါ်လွှာသန္တာကျောက်တန်းဖြင့်ဖွဲ့စည်းထား။
အခြားကျွန်းများမှာ မီးတောင်ကျောက်အောက်ခံလွှာတွင် အပေါ်ယံထုံးကျောက်ဖြစ်သည်
မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ ပစိဖိတ်သမုဒ္ဒရာ ၀ m
အမြင့်ဆုံးအပိုင်း။ ကာအိုကျွန်းပေါ်ရှိ အမည်မသိနေရာတစ်ခု ၁၀၃၃ m
သဘာဝအရင်းအမြစ်။ ငါး။ မြေသြဇာကောင်းမွန်သောမြေ

လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၁၂၀ ၈၉၈ ဦးရေ (၂၀၀၉)
လူဦးရေများပြားမှုကမ္ဘာ့အဆင့် = ၉၁
လူဦးရေတိုးနှုန်း။ ၁.၄၈၂ % (၂၀၀၉)
မွေးဖွားနှုန်း။ ၁၉.၈၄/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း။ ၅.၀၂/၁၀၀၀ ဦးရေ (၂၀၀၉)
ပျမ်းမျှအသက်။ ကျား = ၆၈.၁၈ နှစ်
မ = ၇၃.၄၁ နှစ်
စုစုပေါင်း = ၇၀.၇၃ နှစ် (၂၀၀၉)
လူမျိုး။ တွန်ဂါ
တိုင်းရင်းသားလူမျိုး။ ပိုလီနေးရှင်း။ ဥရောပ
ကိုးကွယ်မှု။ ခရစ်ယာန်
ဘာသာစကား။ တွန်ဂါ။ အင်္ဂလိပ်
မြို့တော်။ နူကူအာလိုဖါ (Nuku’alofa)

တိုကီလူး (Tokelau)


နောက်ခံသမိုင်းအကျဉ်း။ ။
ပတ်ဝန်းကျင်ကျွန်းများမှ လူမျိုးစုများဦးစွာပထမအခြေချနေထိုင်ခဲ့ကြသည်။ ၁၈၈၉ တွင်ဗြိတိသျှ လက် အောက်ခံဖြစ်လာခဲ့သည်။ ၁၉၂၅ တွင် နယူးဇီလန်၏ အုပ်ချုပ်မှုအောက်တွင် ထားရှိခဲ့သည်။ ၂၀၀၆ နှင့် ၂၀၀၇ ခုနှစ်များတွင် နယူးဇီလန်၏အုပ်ချုပ်မှုအောက်မှခွဲထွက်ရေးအတွက် ကြိုးပမ်းရာအောင်မြင်မှုမရခဲ့ပေ။

ပထဝီအနေအထား။ ။
တည်နေရာ။ အိုးရှင်းနီးယား။ တောင်ပစိဖိတ်သမုဒ္ဒရာအတွင်း ကျွန်းငယ် သုံးခုပါကျွန်းစု။ နယူးဇီလန် မှ ဟာဝိုင်အီ
ကြား လမ်းခုလပ်။
မြေပုံအညွှန်း။ အိုရှင်းနီးယား
ဧရိယာ။ ကုန်းမြေ = ၁၂ sq km
ရေ = ၀ sq km
စုစုပေါင်း = ၁၂ sq km
ထိစပ်နယ်မြေ။ မရှိ
ကမ်းရိုးတန်း။ ၁၀၁ km
ရာသီဥတု။ အပူပိုင်းဒေသရာသီဥတု။ ကုန်သည်လေတိုက်ခတ်မှုကြောင့် ရာသီဥတုသမမျှတ(ဧပြီလမှ နိုဝင်ဘာလ)
မြေမျက်နှာသွင်ပြင်။ ရေအိုင်ကြီးများကို သန္တာကျောက်တန်းများဖြင့်ဝန်းရံထား
မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ ပစိဖိတ်သမုဒ္ဒရာ = ၀ m
အမြင့်ဆုံးအပိုင်း။ အမည်မသိနေရာတစ်ခု = ၅ m
သဘာဝအရင်းအမြစ်။ မရှိ

လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၁၄၁၆ ဦးရေ (၂၀၀၉)
လူဦးရေများပြားမှုကမ္ဘာ့အဆင့် = ၂၃၂
လူဦးရေတိုးနှုန်း။ - ၀.၀၁၁ % (၂၀၀၉)
လူမျိုး။ တိုကီလူး
တိုင်းရင်းသားလူမျိုး။ ပိုလီနေးရှင်း
ကိုးကွယ်မှု။ ကွန်ဂရီရှင်နယ် ခရစ်ယာန်အသင်းတော် ၇၀ %
ရိုမန်ကက်သိုလစ် ၂၈ %
အခြား ၂ %
ဘာသာစကား။ တိုကီလူး။ အင်္ဂလိပ်
မြို့တော်။ မရှိ

တိုဂို (Togo) Togolese Republic


နောက်ခံသမိုင်းအကျဉ်း။ ။
ပြင်သစ်လက်အောက်ခံ ပြင်သစ်တိုဂိုလန်းသည် ၁၉၆၀ တွင် တိုဂို ဟူ၍ဖြစ်လာခဲ့သည်။ ၁၉၆၇ တွင် ဗိုလ်ချုပ်ဂနက်ဆင်ဘီ အီယာဒီမာ (Gen. Gnassingbe Eyadema) ကစစ်အုပ်ချုပ်ရေးဖြင့်တင်းကျပ်စွာအုပ်ချုပ်ခဲ့ သည်။ ၁၉၉၀ ခုနှစ်များတွင် ပါတီစုံအထွေထွေရွေးကောက်ပွဲများ ကျင်းပခဲ့သော်လည်း သမ္မတအီယာဒီမာ ၏ပါတီဖြစ်သော တိုဂိုလူထုအစည်းအရုံးပါတီ (Rally of the Togolese People-RPT) က ၁၉၆၇ မှ စ၍ နေရာအတော်များများကို လက်ဝါးကြီးအုပ်ထားသည်။ ၂၀၀၅ ဖေဖေါ်ဝါရီလတွင် သမ္မတ အီယာဒီမာ ကွယ်လွန် သောအခါ စစ်တပ်က ၎င်း၏သားဖြစ်သူ ဖေါင်ရီ ဂနက်ဆင်ဘီကို အာဏာအပ်နှင်းခဲ့သည်။ ထို့နောက် နှစ်လအကြာတွင် ပုံမှန်ရွေးကောက်ပွဲကျင်းပခဲ့သည်။ ထိုအခါမှစ၍ ဒီမိုကရက်တို့နေရာရလာခဲ့ပြီး ၂၀၀၇ အောက်တိုဘာ တွင်တိုဂို ၌် ပထမဦးဆုံးအကြိမ်လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲတစ်ရပ်ကိုကျင်းပနိုင်ခဲ့ သည်။ နှစ်အတော်ကြာ နိုင်ငံရေးမငြိမ်သက်မှုများနှင့် လူ့အခွင့်အရေး ချိုး ဖောက်မှုများအပေါ် မှဖိအားများ ကြောင့်နောက်ဆုံးတွင် တိုဂို ကိုနိုင်ငံတကာအသိုင်းအဝိုင်းအတွင်း ပြန်လည်လက်ခံခဲ့သည်။

ပထဝီအနေအထား။ ။
တည်နေရာ။ အာဖရိကတိုက်အနောက်ပိုင်း။ ဘန်နင် ကမ်းရိုးကွေ့နှင့်ထိစပ်။ ဘန်နင်နှင့် ဂါနာနိုင်ငံတို့ကြား
မြေပုံအ ညွှန်း။ အာဖရိက
ဧရိယာ။ ကုန်းမြေ = ၅၄ ၃၈၅ sq km
ရေ = ၂ ၄၀၀ sq km
စုစုပေါင်း = ၆၅ ၇၈၅ sq km
ထိစပ်နယ်မြေ။ ဘန်နင် ၆၄၄ km။ ဘာကီနာ ဖာဆို ၁၂၆ km။ ဂါနာ ၈၇၇ km
ရာသီဥတု။ အပူပိုင်းဒေသရာသီဥတု။ တောင်ပိုင်းတွင်စိုထိုင်းသောရာသီဥတု။ မြောက်ဘက်တွင် မိုးအတန်
အသင့်ခေါင်သော ရာသီဥတု
မြေမျက်နှာသွင်ပြင်။ မြောက်ဘက်တွင် အနည်းငယ်လှိုင်းထသောဆဗားနားမြက်ခင်း။ တောင်ဘက် ကုန်းမြင့်
လွင်ပြင်။ ရေအိုင်များ၊ ရွှံ့ညွန်တောများရှိသော ကမ်းရိုးတန်း မြေပြန့်
မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ အတ္တလန္တိတ် သမုဒ္ဒရာ ၀ m
အမြင့်ဆုံးအပိုင်း။ အာဂူးတောင်ထွတ် ၉၈၆ m
သဘာဝအရင်းအမြစ်။ ဖေါ့စဖိတ်။ ထုံးကျောက်။ စကျင်ကျောက်။ စိုက်ပျိုးမြေ

လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၆ ၀၃၁ ၈၀၈ ဦးရေ (၂၀၀၉)
လူဦးရေများပြားမှုကမ္ဘာ့အဆင့် = ၁၀၅
လူဦးရေတိုးနှုန်း။ ၂.၇၅၄ % (၂၀၀၉)
မွေးဖွားနှုန်း။ ၃၆.၄၉/၁၀၀၀ ဦးရေ
သေဆုံးနှုန်း။ ၈.၉၅/၁၀၀၀ ဦးရေ (၂၀၀၉)
ပျမ်းမျှ အသက်။ ကျား = ၅၇.၄ နှစ်
မ = ၆၁.၉၉ နှစ်
စုစုပေါင်း = ၅၉.၆၆ နှစ် (၂၀၀၉)
လူမျိုး။ တိုဂို
တိုင်းရင်းသားလူမျိုး။ အာဖရိက ၉၉%။ ဥရောပနှင့် ဆီးရီးယန်း-လဘနွန် ၁%
ကိုးကွယ်မှု။ ခရစ်ယာန် ၂၉ %။ မွတ်စလင် ၂၀ %။ တိုင်းရင်းသားရိုးရာဓလေ့ယုံကြည်ကိုးကွယ်မှု ၅၁ %
ဘာသာစကား။ ပြင်သစ်။ ယူး နှင့် မီနာ။ ခါဘိုင်း နှင့် ဒါဂွမ်ဘာ။
မြို့တော်။ လုမ်း (Lome)

Wednesday, 12 May 2010

တီမော-လက်စ်တဲ(အရှေ့တီမော) (Timor-Leste) Democratic Republic of Timor-Leste


နောက်ခံသမိုင်းအကျဉ်း။ ။
၁၆ ရာစုအစောပိုင်းတွင် ပေါ်တူဂီတို့တီမောကျွန်းတွင် ကုန်သွယ်ခဲ့ကြပြီး ၎င်းရာစု အလယ်ပိုင်းလောက်တွင် ကိုလိုနီပြုခဲ့သည်။ ဒတ်ခ်ျ တို့နှင့်မကြာခဏတိုက်ပွဲများဖြစ်ပွားလျှက် ရှိခဲ့ပြီး ၁၈၅၉ တွင်စာချုပ်တစ်ခုချုပ်ဆို၍ ကျွန်း၏အနောက်ဘက်ခြမ်းကို လက်လွှတ်ခဲ့ရသည်။
၁၉၄၂ မှ ၁၉၄၅ အထိပေါ်တူဂီပိုင်တီမောကိုဂျပန်တို့သိမ်းပိုက်ထားခဲ့သည်။ ထို့နောက်ဂျပန် တို့ ဒုတိယကမ္ဘာစစ်ရှုံးနိမ့်သွားသောအခါပေါ်တူဂီတို့ပြန်လည်၍ သြဇာအာဏာတည်ထောင်ခဲ့ သည်။ ၁၉၇၅ နိုဝင်ဘာ ၂၈ ရက်နေ့တွင် ပေါ်တူဂီတို့ ထံမှလွတ်လပ်ရေးကြေငြာပြီး ၉ ရက်အ ကြာတွင်အင်ဒိုနီးရှားတို့ကျူးကျော်သိမ်းပိုက်ခဲ့သည်။
၁၉၇၆ ဇူလိုင်လတွင် တီမောတီမာ(Timor Timur – East Timor) ပြည်နယ်တစ်ခုအဖြစ် အင် ဒိုနီးရှားနှင့် တရားဝင်ပေါင်းစည်းခဲ့သည်။ ထို့နောက် ငြိမ်းချမ်းရေး စာချုပ်တစ်ခုဖြစ်မြောက်ရေး အတွက်ဆယ်စုနှစ်နှစ်ခုမျှကြာအောင်ကြိုးပမ်းမှု မှာမအောင်မြင်ခဲ့ပေ။ ထိုအတောအတွင်း လူ ပေါင်း ၁၀၀ ၀၀၀ မှ ၂၅၀ ၀၀၀ ကြားသေဆုံးခဲ့ရသည်။ ၁၉၉၉ သြဂုတ်လ ၃၀ တွင်ကုလသမဂ္ဂ မှကြီးကြပ်၍ လူထုဆန္ဒခံယူပွဲတစ်ရပ်ကျင်းပပေးခဲ့သည်။ ဤတွင် တီမောလူမျိုးများကအင်ဒိုနီး ရှားမှခွဲထွက်ပြီး လွတ်လပ်ရေးရယူရန် တစ်ခဲနက်မဲပေးထောက်ခံခဲ့ကြသည်။ လူထုဆန္ဒခံယူပွဲ ပြီးနောက် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးတပ်များရောက်မလာမီကြားကာလတွင်လွတ်လပ် ရေးကိုမလိုလားသောလက်နက်ကိုင်များက အင်ဒိုနီးရှားစစ်တပ်၏ထောက်ပံ့မှုဖြင့်နိုင်ငံအဝှမ်း မြေလှန်ရေးဗျူဟာကိုလုပ်ဆောင်ခဲ့သည်။ လူပေါင်း ၁၄၀၀ ခန့်သုတ်သင်ခံခဲ့ရပြီး ၃၀၀ ၀၀၀ ခန့်တီမောအနောက်ဘက်သို့ ဒုက္ခသည်များအဖြစ်ထွက်ပြေးခိုလှုံခဲ့ရသည်။ အိမ်ယာများ၊ လယ်ရေသွင်းစံနစ်များ၊ လျှပ်စစ်ဓါတ်အားပေးတိုင်များ အားလုံးနီးပါး စသည့်တိုင်းပြည်၏ အခြေခံ အဆောက်အဦများအားလုံးနီးပါးဖျက်ဆီးခံခဲ့ရသည်။ ၁၉၉၉ စက်တင်ဘာ ၂၀ ရက် နေ့တွင် သြစတြေးလျတပ်များဦးဆောင် နိုင်ငံတကာငြိမ်းချမ်းရေးတပ်များ (International Force for East Timor) အရှေ့တီမောသို့ ရောက်ရှိလာပြီး အကြမ်း ဖက်မှုများအဆုံးသတ် ခဲ့သည်။၂၀၀၂ မေတွင် တီမော-လက်စ်တဲ ကို လွတ်လပ်သော အချုပ်အခြာအာဏာ ပိုင်နိုင်ငံအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုခဲ့သည်။
၂၀၀၆ ဧပြီလနှောင်းပိုင်းတွင် စစ်တပ်သပိတ်ပေါ်ပေါက်လာခဲ့ပြီး နိုင်ငံလုံခြုံရေးကို ခြိမ်းခြောက် ခဲ့ပြီး အေးချမ်းသာယာရေးကို ထိခိုက်ခဲ့သည်။ ဒီလီ (Dili) ၏တောင်းဆိုမှုဖြင့် သြစတြေးလျ ဦး ဆောင် နိုင်ငံတကာငြိမ်းချမ်းရေးထိမ်းသိန်းရေးတပ်ဖွဲ့ (International Stabilization Force) များ မေလနှောင်းပိုင်းတွင်ရောက်ရှိလာခဲ့သည်။ သြဂုတ်လတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ မှ ကုလသမဂ္ဂလူမျိုးပေါင်းစုံပါဝင်သော ငြိမ်းချမ်းရေးတပ်ဖွဲ့ (United Nation Integrated Mission in East Timor) ကို ဖွဲ့စည်းခဲ့သည်။ ၎င်းတွင် ရဲတပ် ဖွဲ့ဝင်ဦးရေ ၁၆၀၀ ကျော်ပါဝင် သည်။ ISF နှင့် UNMIT တို့ပူးပေါင်း၍ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်ခဲ့ပြီး ၂၀၀၇ ဧပြီ လနှင့် ဇွန်လတွင် သမ္မတနှင့် ပါလီမန်ရွေးကောက်ပွဲများကို ငြိမ်းချမ်းစွာကျင်းပနုင်ခဲ့သည်။
၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလတွင် သူပုန်အုပ်စုတစ်စုက သမ္မတနှင့် ဝန်ကြီးချုပ်ကိုတိုက်ခိုက်ရန် ကြိုးပမ်းမှုမအောင်မြင်ခဲ့ပေ။ ၂၀၀၈ ခုနှစ် တွင် သူပုန်ခေါင်းဆောင်ကို သုတ်သင်နိုင်ခဲ့ပြီး သူပုန် အများအပြားလက်နက်ချခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများပြီးဆုံးသွားချိန်မှစ၍ လွတ်လပ်ရေး နှောင်းပိုင်း အရှည်လျားဆုံးသော နိုင်ငံတော်တည်ငြိမ်အေးချမ်းသည့်ကာလဖြစ်သည်။

ပထဝီအနေအထား။ ။
တည်နေရာ။ အရှေ့တောင်အာရှ။ သြစတြေးလျ အနောက်မြောက်ပိုင်း အင်ဒိုနီးရှားကျွန်းစု၏
လက်ဆာဆန်းဒန်း ကျွန်းများအရှေ့ဘက်စွန်း။
မြေပုံအညွှန်း။ အရှေ့တောင်အာရှ
ဧရိယာ။ ကုန်းမြေ = ၁၄ ၈၇၄ sq km
ရေ = ဝ sq km
စုစုပေါင်း = ၁၄ ၈၇၄ sq km
ထိစပ်နယ်မြေ။ အင်ဒိုနီးရှား ၂၂၈ km
ကမ်းရိုးတန်း။ ၇၀၆ km
ရာသီဥတု။ အပူပိုင်းဒေသရာသီဥတု။ ပူပြင်း စိုစွတ်။ မိုးရာသီနှင့် နွေရာသီ။
မြေမျက်နှာသွင်ပြင်။ တောင်ထူထပ်။
မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ တီမောပင်လယ်၊ ဆာဗူး ပင်လယ်၊ ဘန်ဒါ ပင်လယ် ၀ m
အမြင့်ဆုံးအပိုင်း။ ဖိုဟိုတာတာမိုင်လူး ၂၉၆၃ m
သဘာဝအရင်းအမြစ်။ ရွှေ။ ရေနံ။ သဘာဝဓါတ်ငွေ့။ မန်ဂနိ။ စကျင်ကျောက်။

လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၁ ၁၃၁ ၆၁၂
လူဦးရေများပြားမှုကမ္ဘာ့အဆင့် = ၁၅၆
လူဦးရေတိုးနှုန်း။ ၂.၀၂၇ % (၂၀၀၉)
မွေးဖွားနှုန်း။ ၂၆.၂၅/၁၀၀၀ (၂၀၀၉)
သေဆုံးနှုန်း။ ၅.၉၈/၁၀၀၀ (၂၀၀၉)
ပျမ်းမျှအသက်။ ကျား = ၆၄.၉၂ နှစ်
မ = ၆၉.၇၅ နှစ်
စုစုပေါင်း = ၆၇.၂၇ နှစ်
လူမျိုး။ တီမော
တိုင်းရင်းသားလူမျိုး။ သြစတြိုနေရှင်း (မာလာယို-ပိုလီနေရှင်း)။ ပါပူအန်း။ တရုတ်အနည်းငယ်
ကိုးကွယ်မှု။ ရိုမန်ကက်သိုလစ် ၉၈ %။ မွတ်စလင် ၁ %။ ပရိုတက်စတင့် ၁ %
ဘာသာစကား။ တက်တမ် (ရုံးသုံး)။ ပေါ်တူဂီ (ရုံးသုံး)။ အင်ဒိုနီးရှား။ အင်္ဂလိပ်
မြို့တော်။ ဒီလီ (Dili)

ထိုင်း (Thailand) Kingdom of Thailand


နောက်ခံသမိုင်းအကျဉ်း။ ။
ထိုင်းဘုရင့်နိုင်ငံတော်ကို ၁၄ ရာစု အလယ်ပိုင်းခန့်တွင် စတင်တည်ထောင်ခဲ့သည်။ ၁၉၃၉ ခုနှစ်အထိ ဆိုင်ယမ် ဟုအမည်တွင်ပြီး အရှေ့တောင်အာရှတွင်ဥရောပနိုင်ငံများ၏ လက်အောက်သို့မကျရောက်ဖူးခဲ့သောတစ်ခုတည်းသောနိုင်ငံဖြစ်၏။ ၁၉၃၂ ခုနှစ်တွင် သွေး မြေမကျတော်လှန်ရေးတစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် စည်းမျဉ်းခံဘုရင်စံနစ်ကိုပြောင်းလဲကျင့်သုံး ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းဂျပန်နှင့်မဟာမိတ်ဖွဲ့ခဲ့ပြီး နောက်ပိုင်း အမေရိကန်နှင့် မဟာ မိတ်ဖြစ်လာခဲ့သည်။ ၂၀၀၆ စက်တင်ဘာလတွင်စစ်တပ်မှအာဏာသိမ်းယူခဲ့ပြီး ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ် (Thaksin Chinnawat) ကိုဖြုတ်ချခဲ့သည်။ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလတွင် ကြားဖြတ်အစိုးရက ရွေးကောက်ပွဲကျင်းပပေးခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို လိုလား သော ပြည်သူ့အင်အားပါတီ (People’s Power Party – PPP) သည် ညွန့်ပေါင်းအစိုးရ၏ အင်အားအကြီးဆုံးပါတီဖြစ်လာခဲ့သည်။ သက်ဆင် ကိုမလိုလားသော ဒီမိုကရေစီအတွက်ပြည် သူ့မဟာမိတ်ပါတီ (People’s Alliance for Democracy-PAD) က ဦးစီး၍ ၂၀၀၈ မေလတွင် စတင်၍ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြသည်။ ထို့နောက် သြဂုတ်လတွင် ဝန်ကြီးချုပ်ရုံးနှင့် ဘန်ကောက်ရှိ နိုင်ငံတကာလေဆိပ်နှစ်ခုကို သိမ်းပိုက်ထားခဲ့ကြသည်။ ၂၀၀၈ ဒီဇင်ဘာတွင် တရားရုံး၏ဆုံးဖြတ်ချက်အရ ppp ပါတီနှင့် အပေါင်းအပါ ပါတီနှစ်ခုကို ရွေးကောက်ပွဲ လိမ်လည်မှုဖြင့်ဖျက်သိမ်းခဲ့သဖြင့် PAD တို့ ဆန္ဒပြပွဲများရုတ်သိမ်းခဲ့သည်။်ဒီမိုကရက်တစ်ပါတီ မှ ညွန့်ပေါင်းအစိုးရသစ်တပ်ရပ်ထပ်မံဖွဲ့စည်းခဲ့သည်။ ထိုအစိုးရသစ်တွင် အဘီဆစ် ဝက်ချာချီဝါ (Abhisit Wetchachiwa) ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ၂၀၀၈ အောက်တိုဘာတွင် ချစားမှုဖြင့် မျက်ကွယ်စီရင်ချက်ချထားရာ နိုင်ငံခြားတွင် ထွက်ပြေးတိမ်းရှောင်နေရာမှ ၎င်းကို ထောက်ခံသူများအား နိုင်ငံခြားမှနေ၍ လှုံ့ဆော်ပေးလျှက်ရှိသည်။ သက်ဆင်ကိုထောက်ခံသူ များကလည်း အာဏာရှင်ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီရေအတွက် ညီညွတ်သောတပ်ဦး အဖွဲ့ (United Front for Democracy Against Dictatorship – UDD) ကို ဖွဲကစည်းပြီး ၂၀၀၉ ဧပြီလတွင်လူထုလှုပ်ရှားမှုများဆောင်ရွက်ခဲ့သည်။ ဖူကစ် တွင် ကျင်းပရန်ရှိသော အာဆီယံ အစညးဝေးပွဲကို ပိတ်ပစ်ခဲ့ရသည်။ ၂၀၁၀ အစောပိုင်းတွင် သက်ဆင်၏ပိုင်ဆိုင်မှု အများအပြား ကိုယာယီထိန်းသိမ်းရန် အမိန့်ချမှတ်ခဲ့သည်။ ၂၀၀၄ ဇန်နဝါရီလမှစတင်၍လည်း ထိုင်းတောင် ပိုင်း မလေးရှားနှင့်ထိုင်းနယ်စပ်ရှိ ပြည်နယ်များမှ ခွဲထွက်ရေးမွတ်ဆလင် များ၏ အကြမ်းဖက် မှုများကြောင့် ထောင်နှင့်ချီ၍သေဆုံးမှုများဖြစ်ပွားလျှက်ရှိပြီး အကြမ်းဖက်မှုများဆက်လက်ဖြစ် ပွားလျှက်ရှိသည်။

ပထဝီအနေအထား။ ` ။
တည်နေရာ။ အရှေ့တောင်အာရှ။ ကပ္ပလီပင်လယ်၊ ထိုင်းပင်လယ်ကွေ့တို့နှင့်ထိစပ်။ မြန်မာ
နိုင်ငံ၏ အရှေ့တောင်ဘက်။
မြေပုံအ ညွှန်း။ အရှေ့တောင်အာရှ
ဧရိယာ။ ကုန်းမြေ = ၅၁၀ ၈၉၀ sq km
ရေ = ၂ ၂၃၀ sq km
စုစုပေါင်း = ၅၁၃ ၁၂၀ sq km
ထိစပ်နယ်မြေ။ မြန်မာ ၁၈၀၀ km။ ကမ္ဘောဒီးယား ၈၀၃ km။ လာအို ၁၇၅၄ km။ မလေးရှား
၅၀၆ km။
ကမ်းရိုးတန်း။ ၃၂၁၉ km
ရာသီဥတု။ အပူပိုင်းဒေသရာသီဥတု။ မိုးရွာသော၊ နွေးထွေးသော၍ တိမ်ထူထပ်သော
အနောက်တောင်မုတ်သုံရာသီ (မေလ အလယ်မှ စက်တင်ဘာလအထိ)။
ခြောက်သွေ့သော၊ အေးမြသော အရှေ့မြောက်မုတ်သုံရာသီ (နိုဝင်ဘာလမှ မတ်
လလယ်အထိ)။ တောင်ပိုင်းတွင် အမြဲပူ၍ စိုထိုင်း။
မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ ထိုင်းပင်လယ်ကွေ့ ၀ m
အမြင့်ဆုံးအပိုင်း။ ဒွိုင်အင်သာနွန် ၂၅၇၆ m
သဘာဝအရင်းအမြစ်။ သံဖြူ။ ရော်ဘာ။ သဘာဝဓါတ်ငွေ့။ အဖြိုက်နက်။ တန်တေလန်။ ခဲ။
ငါး။ ဂျစ်ပဆမ်ကျောက်။ လစ်ဂနိုက်။ ဖလူအိုရိုက်။ စိုက်ပျိုးမြေ

လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၆၅ ၉၉၈ ၄၃၆ ဦးရေ
လူဦးရေများပြားမှုကမ္ဘာ့အဆင့် = ၂၀
လူဦးရေတိုးနှုန်း။ ၀.၆၂၆ % (၂၀၀၉)
မွေးဖွားနှုန်း။ ၁၃.၃၈/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း။ ၇.၁၂/၁၀၀၀ ဦးရေ (၂၀၀၉)
ပျမ်းမျှအသက်။ ကျား = ၇၀.၇၇ နှစ်
မ = ၇၅.၅၅ နှစ်
စုစုပေါင်း = ၇၃.၁ နှစ် (၂၀၀၉)
လူမျိုး။ ထိုင်း (Thai)
တိုင်းရင်းသားလူမျိုး။ ထိုင်း ၇၅ %။ အခြား ၁၁ %
ကိုးကွယ်မှု။ ဗုဒ္ဓဘာသာ ၉၄.၆ %။ ခရစ်ယာန် ၀.၇ %။ အခြား ၀.၁ %
ဘာသာစကား။ ထိုင်း။ တိုင်းရင်းသားမျိုးနွယ်စု နှင့် ဒေသခံစကားများ
မြို့တော်။ ဘန်ကောက် (Bangkok)

တာဂျစ်ကစ္စတန် (Tajikistan) Republic of Tajikistan


နောက်ခံသမိုင်းအကျဉ်း။ ။
၁၈၆၀ ခုနှစ်များနှင့် ၁၈၇၀ ခုနှစ်များတွင် ရုရှတို့ကတာဂျစ်လူမျိုးများကိုအုပ်ချုပ်ခဲ့ သည်။ ၁၉၁၇ ရုရှတော်လှန်ရေးပြီးနောက် အာရှအလယ်ပိုင်းတွင်ရုရှတို့အားနည်းသွားခဲ့သည်။
ဘောရှီဘစ်တို့ကထိုဒေသကိုထိန်းချုပ်ထားသော်လည်း ပြိုင်ဆိုင်မှုများစွာရင်ဆိုင်ရပြီး ၂၉၂၅ အထိ အပြည့်အဝပြန်လည်တည်ထောင်နိုင်ခြင်းမရှိခဲ့ပေ။ မျက်မှောက်ခေတ် ဆဒ် (Sughd) ပြည်နယ်မှ ဒေသတော်တော်များများမှာ တာဂျစ်ဆိုဗီယက်ဆိုရှယ်လစ်သမ္မနိုင်ငံ တည်ထောင် ရန်အတွက် ၁၉၂၉ ခုနှစ်တွင် ဥဇဘက်ဆိုဗီယက်ဆိုရှယ်လစ်သမ္မတ နိုင်ငံမှ လွှဲပြောင်းရယူခဲ့ ခြင်းဖြစ်၏။ ဆဒ်ပြည်နယ်တွင် ဥဇဘက်တိုင်းရင်းသားတို့သည် အတော်အတန်အားကောင်း သောလူမျိုးများဖြစ်သည်။ ၁၉၉၁ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားသောအခါတာဂျစ်ကစ္စတန် လွတ်လပ်ရေးရခဲ့သည်။ ၁၉၉၂ မှ ၁၉၉၇ အထိပြည်တွင်းအုပ်စုများနှင့်ပြည်တွင်းစစ်ဖြစ်ပွားခဲ့ သည်။ လွန်ခဲ့သောနှစ်များအတွင်းလုံခြုံရေးနှင့်ပတ်သက်၍ ပြဿနာမရှိခဲ့သော်လည်း ဆိုဗီ ယက်မှခွဲထွက်လာခဲ့သောနိုင်ငံများထဲတွင်အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံဖြစ်၏။ နေတိုးအုပ်စုများ အာဖဂန်နစ္စတန် သို့စတင်ဝင်ရောက်လာသောအချိန်မှစ၍ နိုင်ငံတကာ၏အာရုံစိုက်ခြင်းကိုခံရ ပြီး ကာလကြာရှည်စွာတည်ငြိမ်မှုရှိခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါ်က်လာကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာကာ လုံခြုံရေးအထောက်အပံ့များလည်းရရှိခဲ့သည်။
တာဂျစ်ကစ္စတန်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးသို့ဝင်ရောက်နိုင်ရန်ကြိုးပမ်းလျှက်ရှိပြီး ငြိမ်းချမ်းရေးအတွက်ပူးပေါင်းဆောင်ရွက်လျှက်ရှိ၏။

ပထဝီအနေအထား။ ။
တည်နေရာ။ အာရှအလယ်ပိုင်း။ တရုတ်နိုင်ငံအနောက်ဘက်။
မြေပုံအ ညွှန်း။ အာရှ
ဧရိယာ။ ကုန်းမြေ = ၁၄၁ ၁၅၀ sq km
ရေ = ၂ ၅၉၀ sq km
စုစုပေါင်း = ၁၄၃ ၁၀၀ sq km
ထိစပ်နယ်မြေ။ အာဖဂန်နစ္စတန် ၁၂၀၆ km။ တရုတ် ၄၁၄ km။ ကာဂျစ္စတန် ၈၇၀ km။
ဥဇဘက်ကစ္စတန် ၁၁၆၁ km
ကမ်းရိုးတန်း။ မရှိ (ကုန်းတွင်းပိတ်)
ရာသီဥတု။ အလယ်ပိုင်းလတ္တီကျု ဥရောပကုန်းမ ရာသီဥတု။ ပူပြင်းသောနွေရာသီ။ သမမျှတ
သောဆောင်းရာသီ။ ပါးမားတောင်တွင် မိုးအတန်အသင့်ခေါင်ပြီး ဝန်ရိုးစွန်းရာသီ
ဥတု။
မြေမျက်နှာသွင်ပြင်။ ပါးမားနှင့် အယ်လေးတောင်များက မြေမျက်နှာ၏အတော်များများကို ယူ
ထားသည်။ မြောက်ဘက်တွင် အနောက်ဘက် ဖာဂါနာတောင်ကြားနှင့်
အနောက်တောင်ဘက်တွင် ကိုဖာနီဟွန်နှင့် ဗက်ခက်ရှ် တောင်ကြားများ။
မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ ဆာဒါယာ (ဆာဒါယို) ၃၀၀ m
အမြင့်ဆုံးအပိုင်း။ ကျူလိုင် အစ္စမွိုင်လီ ဆိုမိုနီ ၇၄၉၅ m
သဘာဝအရင်းအမြစ်။ ရေးအားလျှပ်စစ်။ ရေနံအနည်းငယ်။ ယူရေနီယံ။ ကျောက်မီးသွေးညို။
ခဲ။ သွပ်။ ခနောက်စိမ်း။ အဖြိုက်။ ငွေ။ ရွှေ။

လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၇ ၃၄၉ ၁၄၅ ဦးရေ(၂၀၀၉)
လူဦးရေများပြားမှု ကမ္ဘာ့အဆင့် = ၉၆
လူဦးရေတိုးနှုန်း။ ၁.၈၇၈ %
မွေးဖွားနှုန်း။ ၂၆.၉/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း။ ၆.၈၃/၁၀၀၀ ဦးရေ (၂၀၀၉)
ပျမ်းမျှအသက်။ ကျား = ၆၂.၂၉ နှစ်
မ = ၆၈.၅၂ နှစ်
စုစုပေါင်း = ၆၅.၃၃ နှစ် (၂၀၀၉)
လူမျိုး။ တာဂျစ်စတန်နီ
တိုင်းရင်းသားလူမျိုး။ တာဂျစ် ၇၉.၉ %။ ဥဇဘက် ၁၅.၃ %။ ကာဂျဇ် ၁.၁ %။ အခြား ၂.၆ %
ကိုးကွယ်မှု။ ဆွန်နီမွတ်စလင် ၈၅ %။ ရှီးအိုက်မွန်စလင် ၅ %။ အခြား ၁၀ %
ဘာသာစကား။ တာဂျစ် (ရုံးသုံး)။ ရုရှဘာသာစကားကို အစိုးရနှင့် စီးပွားရေးလုပ်ငန်းများတွင်
တွင်ကျယ်စွာအသုံးပြုကြသည်။
မြို့တော်။ ဒတ်ရှ်ဟန်ဘီ (Dushanbe)

တန်ဇန်းနီးယား (Tanzania) United Republic of Tanzania


နောက်ခံသမိုင်းအကျဉ်း။ ။
၁၉၆၀ ခုနှစ်များအစောပိုင်းကာလတွင် ဗြိတိသျှထံမှ လွတ်လပ်ရေးရပြီးမကြာမီ တန်ဂန်ရီကာနှင့် ဇန်ဇီဘာနယ်နှစ်ခုပူပေါင်း၍ ၁၉၆၄ တွင် တန်ဇန်းနီးယား နိုင်ငံဟူ၍တည် ထောင်ခဲ့သည်။ ၁၉၉၅ တွင် တစ်ပါတီစံနစ်ချုပ်ငြိမ်း၍ ၁၉၇၀ မှစ၍ တစ်ကြိမ်တစ်ခါမျှမကျင်းပ ဖူးသေးသော ဒီမိုကရေစီရွေးကောက်ပွဲကျင်းပခဲ့သည်။ ဇန်ဇီဘာ ကိုယ်ပိုင်အုပ်ချုပ်ရေး ပြဿနာနှင့် လူထုမကျေမနပ်မှုများကြောင့်ရွေးကောက်ပွဲကို နှစ်ကြိမ်ပြန်လည်ကျင်းပခဲ့ရ သည်။ ထိုရွေးကောက်ပွဲသည် မှန်ကန်မှုမရှိကြောင်း လေ့လာသုံးသပ်သူများကဝေဖန်ခဲ့ကြ သော်လည်း လက်ရှိအုပ်ချုပ်သောပါတီိကသာ အနိုင်ရရှိခဲ့သည်။

ပထဝီအနေအထား။ ။
တည်နေရာ။ အာဖရိကအရှေ့ပိုင်း။ အိန္ဒိယသမုဒ္ဒရာနှင့်ထိစပ်။ ကင်ညာနှင့် မိုဇမ်ဘစ်နိုင်ငံတို.
ကြား။
မြေပုံအညွှန်း။ အာဖရိက
ဧရိယာ။ ကုန်းမြေ = ၈၈၅ ၈၀၀ sq km
ရေ = ၆၁ ၅၀၀ sq km
စုစုပေါင်း = ၉၄၇ ၃၀၀ sq km
ထိစပ်နယ်မြေ။ ဘူရန်ဒီ ၄၅၁ km။ ဒီမိုကရက်တစ်ကွန်ဂိုသမ္မတနိုင်ငံ ၄၅၉ km။ ကင်ညာ ၇၆၉
Km။ မာလာဝီ ၄၇၅ km။ ရဝမ်ဒါ ၂၁၇ km။ ယူဂန္ဓာ ၃၉၆ km။ ဇမ္ဘီယာ ၃၃၈
Km
ကမ်းရိုးတန်း။ ၁၄၂၄ km
ရာသီဥတု။ ကမ်းရိုးတန်းတလျှောက် အပူပိုင်းဒေသရာသီဥတု။ ကုန်းမြင့်ဒေသတွင် အပူချိန်မျှ
မြေမျက်နှာသွင်ပြင်။ ကမ်းရိုးတန်းတလျှောက် မြေပြန့်။ အလယ်ပိုင်းကုန်းမြင့်လွင်ပြင်။ မြောက်
နှင့် တောင်ဘက်တွင် ကုန်းမြင့်ဒေသ။
မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ အိန္ဒိယသမုဒ္ဒရာ ၀ m
အမြင့်ဆုံးအပိုင်း။ ကီလီမန်ဂျာရို ၅၈၉၅ m
သဘာဝအရင်းအမြစ်။ ရေအားလျှပ်စစ်။ သံဖြူ။ ဖေါ့စဖိတ်။ သံရိုင်း။ ကျောက်မီးသွေး။ စိန်။ ရွှေ
သဘာဝဓါတ်ငွေ့။ နီကယ်။
လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၄၁ ၀၄၈ ၅၃၂ ဦးရေ
လူဦးရေများပြားမှုကမ္ဘာ့အဆင့် = ၃၀
လူဦးရေတိုးနှုန်း။ ၂.၀၄ % (၂၀၀၉)
မွေးဖွားနှုန်း။ ၃၄.၂၉ % (၂၀၀၉)
သေဆုံးနှုန်း။ ၁၂.၅၉ % (၂၀၀၉)
ပျမ်းမျှအသက်။ ကျား = ၅၀.၅၆ နှစ်
မ = ၅၃.၅၁ နှစ်
စုစုပေါင်း = ၅၂.၀၁ %
လူမျိုး။ တန်ဇန်းနီးယန်း
တိုင်းရင်းသားလူမျိုး။ ကုန်းမအာဖရိက ၉၉ % ။ အခြား ၁ %
ကိုးကွယ်မှု။ ခရစ်ယာန် ၃၀ %။ မွတ်စလင် ၃၅ %။ တိုင်းရင်းသားရိုးရာဓလေ့ယုံကြည်ကိုး
ကွယ်မှု ၃၅ %။
ဘာသာစကား။ ကီဆွာဟီလီ သို့မဟုတ် ဆွာဟီလီ (ရုံးသုံး)။ ကီအန်ဂူဂျာ။ အင်္ဂလိပ်။ အာရပ်။
အခြား ဒေသခံစကားများ
မြို့တော်။ ဒါအက်စ်ဆာလာမ်း (Dar es Salaam)

Tuesday, 11 May 2010

French Polynesia


၇၇။ ပြင်သစ် ပိုလီနေရှား
(French Polynesia)

နောက်ခံသမိုင်း အကျဉ်း
(၁၉) ရာစု အတွင်းက ပြင်သစ်သည် ပိုလီနေရှားကျွန်းစုများကို ကျူးကျော်သိမ်းပိုက်ခဲ့သည်။ နူကလီးယား စမ်းသပ်မှုကို (၃) နှစ်ကြာဆိုင်းငံ့ထားပြီးနောက် ၁၉၉၅ စက်တင်ဘာလ တွင် မူရူရိုအာကျွန်းပေါ်၌ နူကလီးယား စမ်းသပ်မှုကြောင့် ဆန္ဒပြမှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွါးခဲ့သည်။ ၁၉၉၆ ဇန်န၀ါရီလ တွင် စမ်းသပ်မှုများကို ရွှေ့ဆိုင်းထားခဲ့သည်။ မကြာသေးမီ နှစ်များအတွင်းက ပြင်သစ်ပိုလီနေရှား ကျွန်းများကို ကိုယ်ပိုင်အုပ်ချုပ်ရေး အတော်အတန် ပေးအပ်ခဲ့သည်။

ပထ၀ီ အနေအထား
တည်နေရာ
အိုးရှင်းနီးယား ။တောင်ပစိဖိတ် သမုဒ္ဒရာ အတွင်းရှိ ကျွန်းစု။ တောင်အမေရိကတိုက်နှင့်
ဩစတြေးလျ ကြားလမ်းခုလပ်။


မြေပုံအညွှန်း
အိုရှင်းနီးယား ။


ဧရိယာ
ကုန်းမြေ - 3,660 sq km
ရေ - 507 sq km
စုစုပေါင်း - 4167 sq km


ထိစပ်နယ်မြေ
မရှိ ။

ကမ်းရိုးတန်း
2525 km

ရာသီဥတု
အပူပိုင်းဒေသရာသီဥတု ဖြစ်သော်လည်း အပူအအေးမျှတ။

မြေမျက်နှာသွင်ပြင်
မျက်နှာပြင်ကြမ်းတမ်းသော ကျွန်းကြီးများနှင့် သန္တာကျောက်တန်း ကျွန်းနိမ့်များ ရောနှောတည်ရှိ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ပစိဖိတ်သမုဒ္ဒရာ - 0 m
အမြင့်ဆုံးအပိုင်း အော်ရိုဟီနာတောင် - 2,241 m


သဘာဝအရင်းအမြစ်
သစ် ၊ ငါး ၊ ကိုဗော့သတ္တု ၊ရေအားလျှပ်စစ်။

လူ့အရင်းအမြစ်
လူဦးရေ 283,019 (2008)
လူဦးရေတိုးနှုန်း 1.425 % (2008)
မွေးဖွားနှုန်း 16.16 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 4.67 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 74.07 နှစ်
မ - 79.08 နှစ်
စုစုပေါင်း - 76.51 နှစ် (2008)


လူမျိုး
ပြင်သစ် ပိုလီနေရှန်း

တိုင်းရင်းသားလူမျိုး
ပိုလီနေးရှန်း - 78 %
တရုတ် - 12 %
ဒေသခံပြင်သစ် - 6 %
ပြင်သစ်ပြည်မ - 4 %


ကိုးကွယ်မှု
ပရိုတက်စတင့် - 54 %
ရိုမန်ကက်သလစ် - 30 %
အခြား - 10 %
ဘာသာမဲ့ - 6 %


ဘာသာစကား
ပြင်သစ် - 61.1 % (ရုံးသုံး)
ပိုလီနေးရှန်း - 31.4 % (ရုံးသုံး)
အာရှဘာသာစကားများ - 102 %
အခြား - 0.3 %
အမည်မသိ - 6 %


မြို့တော်
ပါပီးတီး (Pupeete)

French Southern and Antartic Lands


၇၈။ ပြင်သစ်တောင်ပိုင်းနှင့် အန္တာတိတ်နယ်မြေများ
(Franch Southern And Antartic Lands)
ပင်လယ်ရပ်ခြား ပြင်သစ်ပိုင် နယ်မြေ


နောက်ခံသမိုင်းအကျဉ်း

၁၈၇၁ တွင် ကျွန်းပေါ်၌ ရက်တို နွားမွေးမြူရေး စမ်းသပ်လုပ်ကိုင်ခဲ့သည်။ ၁၉၄၉ တွင် ပြင်သစ်မိုးလေ၀သ တိုင်းတာရေးစခန်းတစ်ခု တည်ထောင်ခဲ့ပြီး ယနေ့ တိုင်အသုံးပြုလျက်ရှိ၏ ၁၈၉၃ တွင် စိန့်ပေါကျွန်းကို ပြင်သစ်ပိုင်အဖြစ် ကြေငြာခဲ့သည်။ ၁၈၄၃ မှ ၁၉၁၄ အထိ ငါး ဖမ်း လုပ်ငန်းလုပ်ကိုင်ရာကျွန်းတစ်ကျွန်း ဖြစ်ခဲ့သည်။ ၁၉၂၈ တွင် ပုဇွန်ထုပ်စည်သွတ်ဗူး လုပ်ငန်းလုပ်ကိုင်ခဲ့ပြီး ၁၉၃၁ ခုနှစ် ကုမ္မဏီ ဒေ၀ါလီခံသောအခါ အလုပ်သမားခုနှစ်ဦး ကျွန်းပေါ်တွင် စွန့်ပစ်ထားခြင်းခံရသည်။ ၁၉၃၄ ကယ်ဆယ်ရေးအဖွဲ့ရောက်ရှိလာချိန်တွင် နှစ်ဦးသာ အသက်ရှင်လျက်ကျန်ခဲ့သည်။ ခရိုဇက်ကျွန်းများသည် ခရိုဇက် မြေပြန့်လွင်ပြင်မှ ကြီးမားကျယ်ပြန့်သော ကျွန်းစုကြီးတစ်ခု ဖြစ်သည်။ ခရိုဇက်ကျွန်းများကို အဓိကအားဖြင့် အပိုင်းနှစ်ပိုင်းခွဲခြားနိုင်သည်။ အောက်(စ်)ခိုခွန်ကျွန်း ၊ အပေါ်ထရီကျွန်းငယ်များ ၊ ပင်ဂိုအင်ကျွန်း ၊ဘရစ်ခန့် ဒီအယ်ဟီးရိုးအင်း သန္တာကျောက်တန်းများ ပါဝင်သော အယ်အော့ ဆီဒန်တယ် (အနောက်) ပိုင်းနှင့် ဒီအက်(စ်) ကျွန်း ဒီလာပိုဆက်ရှင်းကျွန်းတို့ပါဝင်သော အယ်အောရီယန်တယ် (အရှေ့) တို့ဖြစ်ကြသည်။ ၁၇၇၂ တွင် ပြင်သစ်က ၎င်းကျွန်းများကို တွေ့ရှိပြီး ပိုင်နက်အဖြစ် သတ်မှတ်ခဲ့သည်။ ပင်လယ်ဖျံဖမ်းခြင်းနှင့် ဝေလငါး ဖမ်းခြင်းလုပ်ငန်းများအတွက် အသုံးပြုခဲ့သည်။ မူလက မာဒါကာစတာ အုပ်ချုပ်မှုအောက်တွင်ရှိခဲ့ပြီး ၁၉၅၅ တွင် (TAAF) ၏ နယ်မြေအစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။ ကာဂူလင်းကျွန်းများကို ၁၇၇၂ တွင် တွေ့ရှိခဲ့ပြီး ကျွန်းကြီးတစ်ကျွန်းနှင့် ကျွန်းငယ် ၃၀၀ ခန့်ပါဝင်သည်။ သိပ္ပံပညာရှင် ၅၀ မှ ၁၀၀ ခန့် ပါဝင်သော စူးစမ်း လေ့လာရေးအဖွဲ့တစ်ဖွဲ့သည် ကျွန်းပေါ်ရှိ အော့(စ်) ဖရန်စစ် ကျွန်းတွင် အမြဲနေထိုင်လျက်ရှိသည်။ အက်ဒီ လိုင်းနယ်မြေသည် (TAAF) ၏ တစ်ခုတည်းသော တီးတည် မတည်ရှိသော နယ်မြေဖြစ်ပြီး အန္တာတိတ်ဒေသ အတွင်းပါဝင်သည်။ ၎င်းကိုအမေရိကန် အစိုးရက ပြင်သစ်ပိုင်အဖြစ် အသိအမှတ်မပြုချေ။ ဘက်ဆက်ဒါအင်ဒီယား ထုံးအိုင်ပေါက်သန္တာကျွန်းကို ၁၈၉၂ ခုနှစ် ကတည်းက ပြင်သစ်က ပိုင်ဆိုင်ခဲ့သည်။ သန္တာကျောက်တန်းများဖြင့် ၀န်းရံလျက်ရှိသော မီးတောင်ကျောက်ကျွန်းတစ်ကျွန်းဖြစ်ပြီး ဒီရေမြင့်တက်လာချိန်တွင် ရေလွှမ်းလေ့ရှိသည်။

ဥရောပကျွန်းသည် သစ်ပင်ထူထပ်သော ကျွန်းတစ်ကျွန်းဖြစ်ပြီး ၁၈၉၇ ခုနှစ် ကတည်းက ပြင်သစ်က ပိုင်ဆိုင် ခဲ့သည်။ ကျွန်းစောင့်တပ်ငယ်တစ်ခု ချထားပြီး မိုးလေ၀သ လေ့လာရေးစခန်းတွင် တာဝန်ထမ်းဆောင် လျက်ရှိသည်။ ဂလိုရီရိုဆို ကျွန်းများတွင် အသီးအနှံပေါကြွယ်ဝသော သန္တာကျွန်းနှစ်ကျွန်းနှင့် ကျောက်ဆိုင် ကျွန်းသုံးကျွန်းပါဝင်သည် ၁၈၉၂ ခုနှစ် ကတည်းက ပြင်သစ်ပိုင်ဆိုင်ခဲ့သည်။ ဂလိုရီးယု ကျွန်းပေါ်တွင် ကျွန်းစောင့် တပ်တစ်ခုရှိပြီး မိုးလေ၀သနှင့် ရေဒီယိုစခန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ဟွန်ဒီနိုဗာ ကျွန်းကို ၁၅ ရာစု အတွင်းက ကျော်ကြားသော စပိန်ရေကြောင်းစွန့်စားရှာဖွေသူ တစ်ဦး၏အမည်ကို အစွဲပြုမှည့်ခေါ်ထားခြင်းဖြစ်ပြီး ၁၈၉၇ ခုနှစ်ကတည်းက ပြင်သစ်ပိုင်ဆိုင်ခဲ့သည်။ မြေဩဇာ အဖြစ်သုံးသော ပင်လယ်ငှက်ချေးနှင့် ဖေါ့စဖိတ် ရှာဖွေရန် ကျွန်းပေါ်သို့ သွားရောက်ကြသည်။ လက်ရှိတွင် ကျွန်းစောင့်တပ်ငယ် တစ်တပ်မှ မိုးလေ၀သနှင့် ဇလ ဗေဒစခန်းတစ်ခုတွင် တာဝန်ထမ်းဆောင်ရှိသည်။ ထရိုမယ်လင် ကျွန်းကို ၁၇၇၆ တွင် ပြင်သစ်က ရှာဖွေတွေ့ရှိခဲ့သည်။ ၁၈၁၄ တွင် ရီယူနီယံကျွန်း၏ တရားစီရင်ရေးအောက်သို့ ရောက်ရှိခဲ့သည်။ လက်ရှိတွင် ပင်လယ်လိပ်ကြီးများ ဘေးမဲ့နယ်မြေ အဖြစ်သတ်မှတ်ထားပြီး အရေးကြီးသော မိုးလေ၀သနှင့် ဇလဗေဒ စခန်း တစ်ခု ထားရှိသည်။

ပထ၀ီ အနေအထား
တည်နေရာ
အာဖရိကတိုက် အရှေ့ဘက်။ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း ရှိကျွန်းများ ၊ အချို့ကျွန်းများသည် မာဒါကာစတာ အနီးတွင်ရှိပြီး အချို့မှာ အာဖရိက၊ အန္တာတိတ်နှင့် ဩစတြေးလျတိုက်များတွင် အကွာအဝေး အချိုးညီစွာ တည်ရှိသည်။

မြေပုံအညွှန်း
အာန္တာတိက ဒေသ။ အာဖရိက။

ဧရိယာ အကျယ်အ၀န်း
အမ်စတာဒမ် ကျွန်း ။
ကုန်းမြေ - 55 sq km
ရေ - 0 sq km
စုစုပေါင်း - 55 sq km

စိန့်ပေါကျွန်း
ကုန်းမြေ - 7 sq km
ရေ - 0 sq km
စုစုပေါင်း - 7 sq km

ခရိုဗက်ကျွန်းများ
ကုန်းမြေ - 352 sq km
ရေ - 0 sq km
စုစုပေါင်း - 352 sq km

ကာဂူလင်း ကျွန်းများ
ကုန်းမြေ - 7,215 sq km
ရေ - 0 sq km
စုစုပေါင်း - 7,125 sq km

ဘက်ဆက်ဒါအိန္ဒိယ (အက်ပါဆက် ကျွန်းများ)
ကုန်းမြေ - 0.2 sq km
(ထုံးအိုင်) ရေ - 79.8 sq km
စုစုပေါင်း - 80.0 sq km

ဥရောပ ကျွန်း (အက်ပါဆက်ကျွန်းများ )
ကုန်းမြေ - 28sq km
ရေ - 0 sq km
စုစုပေါင်း - 28 sq km

ဂလိုရီရိုဆိုကျွန်းများ (အက်ပါဆက်ကျွန်းများ)
ကုန်းမြေ - 5 sq km
ရေ - 0 sq km
စုစုပေါင်း - 5 sq km

ဟွန်ဒီနိုဗာကျွန်း (အက်ဆက်ပါကျွန်းများ)
ကုန်းမြေ - 44 sq km
ရေ - 0 sq km
စုစုပေါင်း - 4.4 sq km


ထရိုမယ်လင်ကျွန်းများ (အက်ပါဆက်ကျွန်းများ)
ကုန်းမြေ - 1 sq km
ရေ - 0 sq km
စုစုပေါင်း - 1 sq km

ထိစပ်နယ်မြေ
မရှိ။

ကမ်းရိုးတန်း
အမ်စတာဒမ် - 28 km
ကာဂူလင်ကျွန်းများ - 2,800 km
ဘက်ဆက်ဒါအိန္ဒိယ - 35.2 km
ဥရောပ ကျွန်း - 22.2 km
ဂလိုရီရိုဘိုကျွန်းများ - 35.2 km
ဟွန်ဒီနိုဗာကျွန်း - 42.1 km
ထရိုမယ်လင်ကျွန်း - 3.7 km

ရာသီဥတု
အမ်စတာဒမ် နှင့် စိန့်ပေါ - အနောက်လေအမြဲတိုက်ပြီး စိုထိုင်း ဆမြင့်မားသော သမုဒ္ဒရာပိုင်း ရာသီဥတု။
ခရိုဇက်ကျွန်းများ = လေထန် ၊ အေးမြ ၊ စိုစွတ် ၊ တိမ်ထူ ။ကာဂူလင်ကျွန်းများ = သမုဒ္ဒရာပိုင်းရာသီဥတု ။ အေးမြ ၊ အုံ့မှိုင်း ၊ လေထန်။ အက်ပါဆက်ကျွန်းများ = အပူပိုင်းဒေသရာသီဥတု။

မြေမျက်နှာသွင်ပြင်
အမ်စတာဒမ် = မီးတောင်ကျွန်းဖြစ်ပြီး မတ်စောက်သော ကမ်းရိုးတန်းကမ်းပါးပြတ်များရှိ။ မီးတောင်၏ အလယ် ပိုင်းကြမ်းပြင်သည်ကြီးမားကျယ်ပြန့်သောမြေပြန့်ဖြစ်၏ စိန့်ပေါ = သုံးမြှောင့်ပုံသဏ္ဍာန်ရှိ။ မီးတောင်၏အထွဋ်ပိုင်း ဖြစ်။ အရှေဘက်ခြမ်းတွင်ကျောက်စိုင်ထူထပ်သော မတ်စောက်ကမ်းပါးများရှိ။ ရေပူစမ်းများစိမ့်ထွက်လျက်ရှိ။ ခရိုဇက်ကျွန်းများ = ခရိုဇက် လွင်ပြင်မှဖြစ်လာသော ကျွန်းစုဖြစ်၍ ကျွန်းအုပ်စု နှစ်စု ခွဲထား။ကာဂူလင်ကျွန်းများ = ကာဂူလင်ကျွန်း၏ အတွင်းပိုင်းတွင် မြင့်မားသောတောင်များနှင့် ကြမ်းတမ်းသောမျက်နှာ သွင်ပြင်ရှိ။ တောင်ကုန်း များ တောင်ကြားများ နှင့် မြေပြန့်များရှိပြီး ကမ်းခြေမှ ကျွန်းဆွယ်များတိုးထွက်လျက်ရှိ။ ဘက်ဆက်ဒါအိန္ဒိယ = ထုံးအိုင်ပေါက်သန္တာကျောက်ကျွန်း ၊ ဒီရေမြင့်တက်ချိန် ရေလွှမ်းမိုး ၊ (၁၅) မီတာအနက်ရှိ ထုံးရေအိုင်။ဥရောပကျွန်း ၊ဂလိုရီရိုဆိုကျွန်းများ ၊၊ ဟွန်ဒီနိုဗာကျွန်း = နိမ့်၍ပြန့်ပြူးညီညာ ၊ သဲသောင်ထူ။ ထရို မယ်လင်ကျွန်း = နိမ့်၍ပြန့်ပြူးညီညာ၊သဲသောင်ထူ။ မီးတောင်ထိပ်ဖြစ်နိုင်ဖွယ်ရှိ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အိန္ဒိယသမုဒ္ဒရာ - 0 m
အမြင့်ဆုံးအပိုင်း အမ်စတာဒမ်ကျွန်းပေါ်ရှိ ဒီလာဒိုက်တောင် - 867 m

သဘာဝအရင်းအမြစ်
ငါး ၊ ကျောက်ပုဇွန် ။ ဂလိုရီရိုဆိုကျွန်းများနှင့် ထရိုမယ်လင်ကျွန်း ပေါ်တွင် ပင်လယ်ငှက်ချေး ၊
ဖေါ့စဖိတ် နှင့် အုန်းသီး များထွက်ရှိ။

လူ့အရင်းအမြစ်
ကျွန်းစောင့်တပ်များ ၊ သုတေသနပြုသိပ္ပံပညာရှင်များမှလွှဲ၍အခြေချနေထိုင်သူမရှိ။

Gabonese Republic


၇၉။ဂါဘွန်(Gabon)
Gabonese Republic

နောက်ခံသမိုင်း အကျဉ်း
၁၉၆၀ တွင် ပြင်သစ်ထံမှ လွတ်လပ်ရေးရပြီးကတည်းက အာဏာရှင်သမ္မတနှစ်ဦးသာ အုပ်ချုပ်လာခဲ့ သည်။ လက်ရှိသမ္မတ အယ်ဟာ့ဂ်ျအိုမာဘွန်ဂိုအွန်ဒင်ဘာ (El Hadi Omsr Bongo Ondimba) သည် ကမ္ဘာ ပေါ်တွင် သက်တမ်းအရှည်ဆုံး ခေါင်းဆောင်များထဲတွင် တစ်ဦးအပါအ၀င်ဖြစ်၏။ တိုင်းပြည်၏ နိုင်ငံရေးတွင် နှစ် ပေါင်း လေးဆယ်ခန့်လွှမ်းမိုးထားခဲ့သည်။ ၁၉၉၀ နှစ်များအစောပိုင်းကသမ္မတ ဘွန်ဂိုသည် အမည်ခံပါတီစုံရွေး ကောက်ပွဲနှင့် အခြေခံဥပဒေတစ်ခုပြုလုပ်ခဲ့သည်။ သို့သော် ၂၀၀၂ -၀၃ ဒေသတွင်းရွေးကောက်ပွဲများနှင့် ၂၀၀၅ ခုနှစ် သမ္မတရွေးကောက်ပွဲများအတွင်း မသမာသူများရှိကြောင်း စွပ်စွဲမှုများက ဂါဘွန်နိုင်ငံ၏ နိုင်ငံရေးအားနည်း ချက်များကို မီးမောင်ထိုးပြခဲ့သည်။ ဂါဘွန် အတိုက်အခံအင်အားစုများတွင်လည်း အားနည်းချက်များ ၊ မညီညွှတ် မှုများ ရှိ၍ လက်ရှိအစိုးရပေါ်တွင် ဘဏ္ဍာရေးအရ မှီခိုနေရသည်။ နိုင်ငံရေး အခြေအနေတိုးတက်ကောင်း မွန်ခြင်း မရှိသော်လည်း လူဦးရေနည်းပါးခြင်း သဘာဝအရင်းအမြစ် ပေါကြွယ်ဝခြင်း နိုင်ငံခြားအကူအညီများ ရှိနေခြင်း တို့ကြောင့် ဂါဘွန်သည် အာဖရိက နိုင်ငံများတွင် အတော်အတန် စီးပွားရေးကောင်းမွန်၍ တည်ငြိမ်သောနိုင်ငံတစ် နိုင်ငံ ဖြစ်သည်။



ပထ၀ီ အနေအထား
တည်နေရာ
အနောက်အာဖရိက ။ အီကွေတာဒေသတွင် အတ္တလန္တိတ်သမုဒ္ဒရာနှင့် ထိစပ်။
ကွန်ဂို သမ္မတ နိုင်ငံနှင့် အီကွေကိုရီယယ် ဂူနီးယား နိုင်ငံတို့ကြား။


မြေပုံအညွှန်း
အာဖရိက

ဧရိယာ
ကုန်းမြေ - 257,667 sq km
ရေ - 10,000 sq km
စုစုပေါင်း - 267,667 sq km


ထိစပ်နယ်မြေ
ကင်မရွန်း - 298 km
ကွန်ဂိုသမ္မတနိုင်ငံ - 1,903 km
အီကွေတိုရီယယ်ဂူနီးယား - 350 km


ကမ်းရိုးတန်း
885 km

ရာသီဥတု
အပူပိုင်းဒေသရာသီဥတု ၊ အမြဲတမ်းပူပြင်းစိုထိုင်း။

မြေမျက်နှာသွင်ပြင်
ကျဉ်းသောကမ်းရိုးတန်းမြေပြန့်။ အတွင်းပိုင်းတောင်ကုန်းထူထပ်။ အရှေ့ဘက်နှင့် တောင်ဘက်တွင် ဆဗားနားမြက်ခင်းလွင်ပြင်။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အတ္တလန္တိတ် သမုဒ္ဒရာ - 0 m
အမြင့်ဆုံးအပိုင်း အစ်ဘောင်ဂျီတောင် - 1,575 m


သဘာဝအရင်းအမြစ်
ရေနံ ၊ သဘာဝဓါတ်ငွေ့ ၊ စိန် ၊ နီယိုဘီယမ် ၊ သတ္တု ၊ မန်ဂနိ၊ ယူရေနီယံ ၊ရွှေ ၊ သစ် ၊ သံရိုင်း ၊ ရေအားလျှပ်စစ်။

လူ့အရင်းအမြစ်
လူဦးရေ 1,485,832 (2008)
လူဦးရေတိုးနှုန်း 1.945 % (2008)
မွေးဖွားနှုန်း 35.75 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 12.59 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 52.5 နှစ်
မ - 54.57 နှစ်
စုစုပေါင်း - 53.52 နှစ် (2008)


လူမျိုး
ဂါဘွန်နိ

တိုင်းရင်းသားလူမျိုး
ဖန်း ၊ ဘာပေါင်နူး ၊ဇီဘီ နှင့် အိုဘန်ဘား လူမိျုးစု တို့ပါဝင်သော ဘန်တူလူမျိုး။
အခြားအာဖရိကန်များ ဥရောပသားများ - 154,000 ဦးရေ


ကိုးကွယ်မှု
ခရစ်ယာန် - 55 % - 75 %
သဘာဝတရားကိုးကွယ်မှု ၊ မွတ်စလင် - 1 % အောက်

ဘာသာစကား
ပြင်သစ် (ရုံးသုံး) ၊ဖန် ၊ မိုင်ယင်း ၊ဇီဘီ ၊ဘာပေါင်နူ ၊ အက်စကီရာ ၊ဘန်ဂျီဘီ။

မြို့တော်
လစ်ဘရီဗီလီ (Libreville)

Republic of Gambia


၈၀။ဂမ္ဘီရာ(Gambia)
Republic of Gambia

နောက်ခံသမိုင်း အကျဉ်း
၁၉၆၅ တွင် ဗြိတိန်ထံမှ လွတ်လပ်ရေးရခဲ့သည်။ ပထ၀ီအနေအထားအရ ဆီနီဂေါ နိုင်ငံက ပတ်လည်ဝန်း ပတ်ထားသည်။ ၁၉၈၂ မှ ၁၉၈၉ အထိ ဆီနီဂမ္ဘီရာပြည်ထောင်စုအဖြစ် နေထိုင်ခဲ့သည်။ ၁၉၉၁ တွင် နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ် ချုပ်ဆိုခဲ့ကြသည်။ သို့သော် ထိုအချိန် မှစ၍ မကြာခဏဆိုသလို တင်းမာမှုများဖြစ်ပေါ်လေ့ရှိခဲ့သည်။ ၁၉၉၄ တွင် ရာယာအေဂျေဂျေ ဂျမ္မီဦးဆောင်သောစစ်တပ်မှ အာဏာသိမ်းယူခဲ့ပြီင်္း သမ္မတ ကိုဖယ်ရှား၍နိုင်ငံရေးလှုပ်ရှားမှုများကို ပိတ်ပင်ထားခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ သစ်တစ်ရပ်ရေးဆွဲပြီး ၁၉၉၆ တွင် ရွေးကောက်ပွဲကျင်းပခဲ့သည်။ ထို့နောက် ၁၉၉၇ တွင် ပါလီမန် ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး မည်ကာမတ္တ အရပ်သားအစိုးရ အုပ်ချုပ်ရေး အသွင်သို့ပြောင်းလဲခဲ့သည်။ နောက်ဆုံးကျင်းပခဲ့သော ၂၀၀၆ ခုနှစ်ရွေးကောက်ပွဲအပါအ၀င် နောက်ပိုင်းကျင်းပသော ရွေးကောက်ပွဲအားလုံးတွင် ဂျမ္မီကသာ သမ္မတ အဖြစ် အနိုင်ရရှိခဲ့သည်။


ပထ၀ီ အနေအထား
တည်နေရာ
အနောက်အာဖရိက ။ မြောက်အတ္တလန္တိတ် သမုဒ္ဒရာ နှင့် ဘီနီဂေါတို့ ဖြင့်ထိစပ်။

မြေပုံအညွှန်း
အာဖရိက

ဧရိယာ
ကုန်းမြေ - 10,000 sq km
ရေ - 1300 sq km
စုစုပေါင်း - 11,300 sq km

ထိစပ်နယ်မြေ
ဆီနီဂေါ - 740 km

ကမ်းရိုးတန်း
80 km

ရာသီဥတု
အပူပိုင်းဒေသရာသီဥတု ၊ ဇွန်လမှ နိုဝင်ဘာလ အထိ ပူသောမိုးရာသီ ၊နိုဝင်ဘာမှ မေလ အထိ
အအေးပိုသော ခြောက်သွေ့ရာသီ။

မြေမျက်နှာသွင်ပြင်
ဂမ္ဘီရာ မြစ်ရေလွှမ်းမိုးသော မြေပြန့်လွင်ပြင်၏ဘေးတွင် တောင် ကုန်းနိမ့်အနည်းငယ်ရှိ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အတ္တလန္တိတ် သမုဒ္ဒရာ - 0 m
အမြင့်ဆုံးအပိုင်း အမည်မရှိ နေရာတစ်ခု - 53 m

သဘာဝအရင်းအမြစ်
ငါး ၊ တိုက်တေနီယံ ၊သံဖြူ ၊ ဇိုင်ကွန်ကျောက် ၊ ဆီလီကာ ၊ သဲ ၊ ရွှံ့စေး ၊ ရေနံ ။

လူ့အရင်းအမြစ်
လူဦးရေ 1,735,464 (2008)
လူဦးရေတိုးနှုန်း 2.742 % (2008)
မွေးဖွားနှုန်း 38.36 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 11.47 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 53.06 နှစ်
မ - 56.9 နှစ်
စုစုပေါင်း - 54.95 နှစ် (2008)


လူမျိုး
ဂမ္ဘီရန်

တိုင်းရင်းသားလူမျိုး
အာဖရိကန် - 99 %
အခြားလူမျိုး - 1 %

ကိုးကွယ်မှု
မွတ်စလင် - 90 %
ခရစ်ယာန် - 8 %
ဒေသခံရိုးရာယုံကြည်မှု - 2 %

ဘာသာစကား
အင်္ဂလိပ် (ရုံးသုံး ) ၊ မန်ဒင်ကာ ၊ ၀ူးလု ၊ ဖူလာ ၊ အခြားဒေသိယစကားများ။

မြို့တော်
ဘန်ဂျူး ( Banjul )

Gaza Strip


၈၁။ဂါဇာကမ်းမြောင်
(Gaza Strip)
နောက်ခံသမိုင်း အကျဉ်း
၁၉၉၃ စက်တင်ဘာ အစ္စရေး - ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့တို့၏ ကြားဖြတ်ကိုယ်ပိုင် အစိုးရအစီ အစဉ် အခြေခံစည်းမျဉ်း ကြောငြာချက်အရ အနောက်ဘက်ကမ်း နှင့် ဂါဇာကမ်းမြှောင် ဒေသတို့တွင် ပါလက် စတိုင်း ကိုယ်ပိုင်အုပ်ချုပ်မှုအသွင် ကူးပြောင်းရေးကာလ တစ်ရပ် ဖြစ်ပေါ်လာခဲ့သည်။ ၁၉၉၄ မေလ မှ ၁၉၉၉ စက်တင်ဘာလအတွင်း သဘောတူညီချက် စာချုပ်များစွာချုပ်ဆိုခဲ့ပြီး အစ္စရေးက ပါလက်စတိုင်း အာဏာပိုင် (Palestinian Autherity – PA) အဖွဲ့သို့ ပါလက်တိုင်း လူမျိုးများ အခြေချအနောက်ဘက်ကမ်းနှင့် ဂါဇာကမ်းမြောင်ဒေသတို့ အတွက်လုံခြုံရေးနှင့် လူထုတာဝန်များလွှဲပြောင်းပေးခဲ့သည်။ အနောက်ဘက်ကမ်းနှင့် ဂါဇာကမ်း မြောင်ဒေသ အမြဲတမ်းတည်ငြိမ်သော အခြေအနေများရရှိစေရန် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နေစဉ် အစ္စရေးက ပါလက်စတိုင်း ထိန်းချုပ်ဒေသအများအပြားကို ပြန်လည်သိမ်းပိုက်ခဲ့မှုကြောင့် ၂၀၀၀ ခုနှစ် စက်တင်ဘာလတွင် ပါလက်စတိုင်း အုံကြွမှု (Intifada) ဖြစ်ပေါ်လာခြင်းကြောင့် စေ့စပ်ပွဲများ ရပ်ဆိုင်းသွားခဲ့သည်။ ၂၀၀၃ ဧပြီ လ တွင် အမေရိကန်ပြည်ထောင်စု ဥရောပ သမဂ္ဂ ၊ ကုလသမဂ္ဂ နှင့် ရုရှတို့ပါဝင်သောလေးပွင့်ဆိုင်အဖွဲ့က အစ္စရေးနှင့်ဒီမိုကရက်တစ် ပါလက်စတိုင်း ယူသော ဦးဆောင် ပါတီ နှစ်ရပ်ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများအပေါ် အခြေခံ၍ ၂၀၀၅ ခုနှစ် ပဋိပက္ခများ ပြေလည်သွားစေရန် ရည်ရွယ်၍ လမ်းပြမြေပုံတစ်ခု ရေးဆွဲဖေါ်ဆောင်ခဲ့သည်။ နှစ်ဘက်စလုံးက ၎င်းတို့ပေးထားသော ကတိက၀တ်များကို ပျက်ကွက်ခဲ့ကြပြီး တစ်ဖက်နှင့် တစ်ဖက် အကြမ်းဖက်မှုများ ၊ စွပ်စွဲမှုများ ရှိခဲ့သည့်အတွက် အမြဲတမ်း အခြေအနေအပေါ် သဘောတူညီချက် ရရှိရေးအတွက်ရည်ရွယ်ထားသောအချိန်သတ်မှတ်ချက်ကို အကန့်အသတ်မရှိရွှေ့ဆိုင်းထားခဲ့သည်။ ၂၀၀၄ ခုနှစ်နှောင်းပိုင်းတွင် ပါလက်စတိုင်း ခေါင်းဆောင် ယာဆာအာရာဖတ် ကွယ်လွန်ပြီးနောက် မာမွတ်အာ့ဘတ်ကို (PA) ခေါင်းဆောင်အဖြစ် ၂၀၀၅ ဇန်န၀ါရီလ တွင် ရွေးချယ်ခဲ့သည်။ နောက်တစ်လ အကြာတွင် ငြိမ်းချမ်းရေး တိုးတက်ရေးအတွက် အစ္စရေးနှင့် (PA) တို့သည် ရှမ်းအယ် - ရှီးအိုက် သဘောတူညီချက်များ ကိုလက်ခံခဲ့သည်။ ၂၀၀၅ စက်တင်ဘာလ တွင် အစ္စရေးသည် ဂါဇာ ကမ်းမြောင်ဒေသ နှင့် အနောက်ဘက်ကမ်းရှိ အစ္စရေး လူမျိုးများ ၊ စစ်သားများ ၊စစ်တပ်များ ကို မိမိသဘော နှင့် မိမိရုပ်သိမ်းထွက်ခွါပေးခဲ့သည်။

သို့ သော် ပင်လယ်ပြင် ၊ လေကြောင်း နှင့် ဂါဇာဝင်ပေါက် ထွက်ပေါက် အများစု ကို ထိန်းချုပ်ထားလျက်ရှိသည်။ ၂၀၀၅ နိုဝင်ဘာလတွင် PA - အစ္စရေး သဘောတူညီချက် အရ PA နှင့် အီဂျစ် ပူးတွဲထိန်းချုပ်၍ ဂါဇာနှင့် အီဂျစ်ကြားရှိ ရာဖာ နယ်စပ် ထွက်ပေါက် ကိုပြန်လည်ဖွင့်လှစ်ရန် အတည်ပြုခဲ့သည်။ ၂၀၀၆ ခုနှစ် ဇန်န၀ါရီတွင် အစ္စလာမ် ခုခံရေးလှုပ်ရှားမှု ပါတီ (သို့) ဟားမတ် (Islamic Resistance Movemenf , Hamas) က ပါလက်စတိုင်း ဥပဒေပြု ကောင်စီ (Palestinion Legislative Council – PLC) တွင် အနိုင်ရရှိခဲ့သည်။ ဟားမတ် ဦးဆောင်အစိုးရကို နိုင်ငံတကာအသိုင်းအ၀ိုင်းက အသိအမှတ်ပြုရန် ငြင်းဆိုခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းက အစ္စရေးတည်ရှိမှုကို လက်မခံခြင်း ၊ အကြမ်းဖက်မှုများ ရပ် တန့်ပစ်ရန် မလိုလားခြင်း ၊ အစ္စရေး နှင့် PA ၏ ယခင်ငြိမ်းချမ်းရေး သဘောတူညီချက်များကို မလိုက်နာခြင်း စသည့်အချက်များကြောင့်ဖြစ်၏ ၂၀၀၆ ခုနှစ် မတ်လ တွင် PA အစိုးရ တွင် ဟားမတ် အာဏာရရှိလာသည်။ သို့သော် သမ္မတ အာ့ဘတ် (Abbas) အနေနှင့် စီးပွားရေးပိတ်ဆို့ထားမှု ဖယ်ရှားပေးနိုင်စေရန် နိုင်ငံတကာ အသိုင်းအ၀ိုင်း မှ လက်ခံနိုင်လောက်သည့် နိုင်ငံရေးလုပ်ဆောင်ချက်များနှင့် ဆွေးနွေးညှိနှိုင်းမှုများ အားနည်းခဲ့ သည်။ PLC အဖွဲ့ဝင် အများအပြား ဖမ်းဆီးထိန်းသိမ်းထားပြီး ကျန်သောအဖွဲ့ဝင်များကိုလည်း ခရီးသွားလာမှု ကန့် သတ်ထားသောကြောင့် ဟားမတ် PLC အနေနှင့် ၂၀၀၆ ခုနှစ်တစ်နှစ်လုံး စည်းဝေးနိုင်ခြင်းမရှိခဲ့ပေ။၂၀၀၆ ခုနှစ် နှင့် ၂၀၀၇ ခုနှစ် အစေားပိုင်းတွင် ဖါတာ (Fatah) နှင့် ဟားမတ် ထောက်ခံသူများကြား အကြမ်းဖက်မှု များဖြစ်ပွားခဲ့ပြီး ပါလက်စတိုင်း အမြောက်အများ သေဆုံးဒါဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့သည်။ ၂၀၀၇ ဖေဖေါ်ဝါရီလ တွင် သမ္မတ အာ့ဘက် နှင့် ဟားမတ် ပါတီ နိုင်ငံရေးဗျူရို အကြီးအကဲ မစ်ရှယ်တို့ ဆော်ဒီအာရေဗျ နိုင်ငံ၌ မက္ကာ သဘောတူညီချက် ( Macca Agreement) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ၎င်း၏ရလဒ်အနေနှင့် ဟားမတ် ပါတီဝင် အစ္စမေး ဟာနီယာ ဦးဆောင်သည့် ပါလက်စတိုင်း ညီညွတ်ရေးအစိုးရ (Polesstinian Notional Unity Government – NUG) ဖွဲ့စည်းခဲ့သည်။ သို့သော်ဂါဇာကမ်းမြောင်ဒေသ အတွင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ် ပွားလျက်ရှိပြီး ဇွန်လ တွင် ဟားမတ်လက်နက်ကိုင်များက ဂါဇာဒေသအတွင်းရှိ စစ်တပ်နှင့်အစိုးရဌာနဆိုင်ရာအားလုံးကို အကြမ်းဖက်နည်းဖြင့် ထိန်းချုပ်ထားနိုင်ခဲ့သည်။ အာ့ဘက်သည် NUG ကိုဖျက်သိမ်းခဲ့ပြီး သမ္မတ အမိန့် အာဏာကို အသုံးပြု၍ လွတ်လပ်သော ဆာယမ်ဖေးယတ် (Salam Fayyad ) ဦးဆောင်သော PA အစိုးရ ကို အနောက်ဘက်ကမ်းတွင် တည်ထောင်ခဲ့သည်။ ဟားမတ်သည် NVG ဖျက်သိမ်းခဲ့မှုကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး ဖာတာအုပ်စု နှင့် စကားပြောရန် ကမ်းလှမ်းခဲ့သည်။ သို့သော် အာ့ဘက်က ဂါဇာ ကမ်းမြှောင်ဒေသတွင် (PA) အုပ်ချုပ်မှုကို ပြန်လည်အသက်သွင်းရန် ဟားမတ်၏ သဘောတူညီမှုမရမချင်း ၊ ဖေးယတ် ဦးဆောင် အနောက် ဘက် ကမ်းအစိုးရ ကို အသိအမှတ်မပြုမချင်း စေ့စပ်ညှိနှိုင်းမှုများ မလုပ်ဟုဆိုသည်။ ဖေးယတ်နှင့်PAအစိုးရတို့သည် အနောက်ဘက်ကမ်းဒေသတွင် အခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် လုံခြုံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ရှေးဦးစွာ ဆောင်ရွက်ခဲ့သည်။ အစ္စရေး ၀န်ကြီးချုပ် အိုလမတ် (Olmert) နှင့် အာဘက်တို့တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပါလက်စတိုင်း အကျဉ်းသား အချို့ပြန်လွှတ်ပေးရန်နှင့် ထိန်းသိမ်းခံအကောက်ခွန်ဘဏ္ဍာငွေများ ပြန်လည်ပေးအပ်ရန် သဘောတူညီခဲ့သည်။ ၂၀၀၇ နိုဝင်ဘာလအတွင်းက အမေရိကန်နိုင်ငံ မေရီလင်းပြည်နယ် ၊ အန္နာပိုလစ်မြို့တွင် ကျင်းပသော နိုင်ငံတကာ အစည်းအဝေးတွင် ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်း
မှုများပြန်လည်ပြုလုပ်ရန်နှင့်အပြီးသတ်ငြိမ်းချမ်းရေးအဖြေရရှိအောင်ဆောင်ရွက်နိုင်ရန် သဘောတူညီခဲ့သည်။



ပထ၀ီအနေအထား
တည်နေရာ
အရှေ့အလယ်ပိုင်း ။ မြေထဲပင်လယ်နှင့် ထိစပ်။ အီဂျစ်နှင့် အစ္စရေးနိုင်ငံများကြား။

မြေပုံအညွှန်း
အ ရှေ့အလယ်ပိုင်း ။

ဧရိယာ
ကုန်းမြေ - 360 sq km
ရေ - 0 sq km
စုစုပေါင်း - 360 sq km

ထိစပ်နယ်မြေ
အီဂျစ် - 11 km
အစ္စရေး - 151 km
စုစုပေါင်း - 162 km

ကမ်းရိုးတန်း
40 km

ရာသီဥတု
အပူအအေးမျှတ ။ မျှတသောဆောင်းရာသီ ၊ ခြောက်သွေ့၍နွေးထွေးသော နွေရာသီ။

မြေမျက်နှာသွင်ပြင်
ပြန့်ပြူးညီညာရာမှသည် လှိုင်းတွန့်သောမြေမျက်နှာ။ သဲနှင့် သဲတောင်ကုန်းများ၊ရှိသော ကမ်းရိုးတန်းမြေပြန့်။

မျက်နှာပြင်အမြင့်ခြာနားချက်
အနိမ့်ဆုံးအပိုင်း မြေထဲပင်လယ် - 0 m
အမြင့်ဆုံးအပိုင်း အဘူအော်ဒါ - 105 m

သဘာဝအရင်းအမြစ်
စိုက်ပျိုးမြေ ၊ သဘာဝဓါတ်ငွေ့။

လူ့အရင်းအမြစ်
လူဦးရေ 1,500,202 (2008)
လူဦးရေတိုးနှုန်း 3.422 % (2008)
မွေးဖွားနှုန်း 37.75 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 3.53/1000ဦးရေ(2008)
ပျှမ်းမျှအသက် ကျား - 71.6 နှစ်
မ - 74.83 နှစ်
စုစုပေါင်း - 73.16 နှစ် (2008)

လူမိျုး
ပါလက်စတိုင်း

တိုင်းရင်းသားလူမျိုး
မွတ်စလင် - 99.3 %
ခရစ်ယာန် - 0.7 %

ဘာသာစကား
အာရပ် ၊ ဟီဘရူး ၊ အင်္ဂလိပ်။

မြို့တော်
သတ်မှတ်ထားခြင်းမရှိ။

Georgia


၈၂။ဂျော်ဂျီယာ
(Georgia)

နောက်ခံသမိုင်း အကျဉ်း
ယနေ့ ဂျော်ဂျီ နိုင်ငံသည် ရှေးဟောင်း ဘုရင့်နိုင်ငံတော်များဖြစ်သော ခေါလစစ် နှင့် ကာတ္တလီ - အိုင်ဘီရီးယားတို့ဖြစ်ကြသည်။ ခရစ်သက္ကရာဇ် ပထမရာစုအတွင်း ရိုမန်တို့၏ ဩဇာလွှမ်းမိုးမှု အောက်ကျရောက်ခဲ့သည်။ ၃၃၀ ခုနှစ်များအတွင်း ခရစ်ယာန်ဘာသာသည် နိုင်ငံတော် ဘာသာဖြစ်လာခဲ့သည်။ ပါရှန်း ၊ အာရပ် နှင့် တာစ့် တို့၏ ကျူးကျော်မှုများပြီးနောက် ၁၁ ရာစုမှ ၁၃ ရာစု အထိ ဂျော်ဂျီယာ ရွှေခေတ်ဖြစ်ခဲ့ပြီး ၁၂၃၆ တွင် မွန်ဂို ကျူးကျော်မှုခံရသည်။ ထို့နောက် အော်တိုမန် နှင့် ပါရှား အင်ပါယာနှစ်ခုမှဂျော်ဂျီယားဒေသအပေါ်ဩဇာလွှမ်းမိုးနိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြသည်။ (၁၉) ရာစု အရောက်တွင် ဂျော်ဂျီယာသည် ရုရှအင်ပါယာသို့သွတ်သွင်း ခြင်းခံခဲ့ရသည်။ ရုရှ တော်လှန်ရေးပြီးနောက် ၁၉၁၈ မှ ၁၉၂၁ အထိ သုံးနှစ်မျှ လွတ်လပ်ရေးရရှိပြီး ၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံ ပြိုကွဲသွားချိန်အထိ ပြည်ထောင်စုအတွင်း အဓမ္မ သွတ်သွင်းခြင်းခံခဲ့ရသည်။ ၂၀၀၃ ခုနှစ် နိုဝင်ဘာလအတွင်း တည်ဆဲဂျော်ဂျီယာအစိုးရ၏ အမျိုးသား ဥပဒေလွှတ်တော် ရွေးကောက်ပွဲအပေါ် ကြိုးကိုင် ချယ်လှယ်ရန် ကြိုးပမ်းမှုကြောင့် လူထုအုံကြွမှုကြီး ပေါ်ပေါက်လာခဲ့ပြီး ၁၉၉၅ ခုနှစ်ကတည်းက သမ္မတတာဝန် ယူထားသော အက်ဒွါ့ ရှီဗါ့နတ်ဇီ နှုတ်ထွက်ပေးခဲ့ရသည်။ ၂၀၀၄ ခုနှစ် ရွေးကောက်ပွဲတွင် မိုက်ခီးဆားကက်ရှ်ဗီး (Mikheil Saakashvil) က အပြတ်အသတ် အနိင်ရရှိပြီး ၎င်း၏ အမျိုးသားလှုပ်ရှားမှုပါတီ(Nstional Mouemenf party) နှင့်အတူအာဏာ ရလာခဲ့သည်။ လွတ်လပ်ရေးရပြီးကတည်းက စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် ဒီမိုကရေစီ ဖေါ်ဆောင်ရေးလုပ်ငန်းများတွင် တိုးတက်မှု ရရှိခဲ့သည်။ သို့သော် အက်ခါဇီးယား နှင့် တောင်အိုဆက်ရှား ခွဲထွက်နယ်မြေနှစ်ခု ကို ရုရှက ထောက်ပံ့အားပေးထားသဖြင့် တိုးတက်မှုအတွက် အတားအဆီး ဖြစ်လျက်ရှိ ခဲ့သည်။ ၂၀၀၈ ခုနှစ် နွေရာသီအတွင်းက ရုရှ နှင့် ခွဲထွက်ရေးသမားတို့၏ အဖျက်အမှောက် လုပ်ငန်းများအား ဩဂုတ်လ အစောပိုင်းတွင် ဂျော်ဂျီယာအစိုးရက စစ်ရေးအရပြန်လည်တိုက်ခိုက်မှုကြောင့် ရုရှ က ခွဲထွက်နယ်မြေ များကို သိမ်းပိုက်ခဲ့ရုံသာမက ဂျော်ဂျီယာ နယ်မြေများကိုပါ သိမ်းယူခဲ့သည်။ ဂျော်ဂျီယာနယ်မြေများအပေါ်မှ ရုရှတပ်များပြန်လည်ရုပ်သိမ်းပေးခဲ့ပြီး ၂၀၀၈ ဩဂုတ်လ နှောင်းပိုင်းတွင် အက်ခါဇီးယား နှင့် တောင်အိုဆက်ရှား နယ်မြေများကို လွတ်လပ်ရေး နယ်မြေများအဖြစ် ရုရှက တစ်ဖတ်သတ် အသိအမှတ်ပြုပေးခဲ့သည်။ ဤလုပ်ဆောင် ချက်အပေါ် ကမ္ဘာ့နိုင်ငံ အများစုနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများကအပြင်းအထန်ပြစ်တင် ရှုတ်ချခဲ့ ကြသည်။

ပထ၀ီ အနေအထား
တည်နေရာ
အနောက်တောင်အာရှ ။ ပင်လယ်နက်နှင့်ထိစပ် ။ တူရကီ နှင့် ရုရှနိုင်ငံတို့အကြား။

မြေပုံအညွှန်း
အာရှ ။

ဧရိယာ
ကုန်းမြေ - 69,700 sq km
ရေ - 0 sq km
စုစုပေါင်း - 69,700 sq km

ထိစပ်နယ်မြေ
အာမေနီးယား - 164 km
အဇာဘိုင်ဂျန် - 322 km
ရုရှ - 723 km
တူရကီ - 252 km

ရာသီဥတု
နွေးထွေး၍သာယာသောရာသီဥတုရှိ။ ပင်လယ်နက်ကမ်းခြေတွင် မြေထဲပင်လယ် နှင့် တူသော ရာသီဥတုရှိ။


မြေမျက်နှာသွင်ပြင်
မြောက်ဘက်တွင် ကော့ကေးဆပ် တောင်ကြီးများ နှင့် တောင်ဘက်တွင် ကော့ကေးဆပ်တောင်ငယ်များရှိ၍ အလွန်တောင်ထူထပ်။ အနောက်ဘက်တွင်ကော်စီဒါ မြေနိမ့်ပိုင်းသည် ပင်လယ်နက်သို့ဆင်းသက်သွားသည်။ အရှေ့ဘက်တွင် မက္ခဗာရီမြစ်ဝှမ်း။ တောင်ကုန်းများခြေရင်းဖြစ်သောကော်စီဒါ မြေနိမ့်ဒေသသည် တောင်ကြား မြစ်ရေလွှမ်းရာမြေပြန့်ဖြစ်၍ မြေဩဇာ အထူးကောင်းမွန်။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ပင်လယ်နက် - 0 m
အမြင့်ဆုံးအပိုင်း မတ္တ ရှက္ခဟာရာတောင် - 5,210 m

သဘာဝအရင်းအမြစ်
သစ်တော ၊ ရေအားလျှပ်စစ် ၊ မန်ဂနိသတ္တုသိုက် ၊ သံရိုင်း ၊ ကြေးနီ ၊ကျောက်မီးသွေး နှင့် ရေနံ အနည်းငယ် ၊ လက်ဖက် နှင့် ရှောက် ၊သံမရာစိုက်ပျိုးနိင်သော ကမ်းခြေ မြေဆီလွှာ နှင့် ရာသီဥတု။

လူ့အရင်းအမြစ်
လူဦးရေ 4,630,841 (2008)
လူဦးရေတိုးနှုန်း 0.325 % (2008)
မွေးဖွားနှုန်း 10.62 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 9.15 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 73.21 နှစ်
မ - 80.26 နှစ်
စုစုပေါင်း - 76.61 နှစ် (2008)

လူမျိုး
ဂျော်ဂျီယန်း

တိုင်းရင်းသားလူမျိုး
ဂျော်ဂျီယန်း - 83.8 %
အေဇီရီ - 6.5 %
အာမေးနီးယန်း - 5.7 %
ရုရှ - 1.5 %
အခြား - 2.5 %

ကိုးကွယ်မှု
အော့သိုဒေါ့ - 83.9 %
မွတ်စလင် - 9.9 %
အာမေးနီးယန်း - ဂျော်ဂျီယန်း - 3.9 %
ကက်သလစ် - 0.8 %
အခြား - 0.8 %
ဘာသာမဲ့ - 0.7 %

ဘာသာစကား
ဂျော်ဂျီယန်း - 71 % (ရုံးသုံး) ၊ရုရှ - 9 %
အာမေးနီးယန်း - 7 % ၊ အေဇီရီး - 6 %
အခြား - 7 %

မြို့တော်
တီဘီလီဆီ (T ‘ bilisi)

Federal Republic of Genmany


၈၃။ဂျာမဏီ(Germany)
Federal Republic of Genmany
နောက်ခံသမိုင်းအကျဉ်း
ဥရောပ၌စီးပွားေးရးအတောင့်တင်းဆုံးနိုင်ငံဖြစ်ပြီး လူဦးရေဒုတိယအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သော ကြောင့် ဥရောပ ၏ စီးပွားရေး နိုင်ငံရေး ကာကွယ်ရေး အဖွဲ့အစည်းများတွင် အရေးပါသော အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်၏ (၂၀) ရာစု ၏ ပထမရာစုဝက် အတွင်း ဥရောပအင်းအားကြီးများ ပြိုင်ဆိုင်ကြရာတွင် ဂျာမဏီသည် ကမ္ဘာစစ်ကြီး နှစ်ခုစလုံးတွင် ရှုံးနိမ့်ခဲ့ပြီး ၁၉၄၅ တွင် မဟာမိတ်အင်အားစုများ ဖြစ်ကြသော အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် နှင့် ဆိုဗီယက်ယူနီယံ တို့၏ သိမ်းပိုက်ယူငင်ခြင်းကိုခံခဲ့ရသည်။ စစ်အေးခေတ် ပေါ်ပေါက်လာခြင်းနှင့်အတူ ၁၉၄၉ တွင် ဂျာမဏီနှစ်ခြမ်းကွဲခဲ့သည်။ ပြည်ထောင်စုသမ္မတဂျာမဏီ နိုင်ငံ (အနောက်ဂျာမဏီ) (Federal Republic ofGermany – FRG) နှင့် ဂျာမဏီ ဒီမိုကရက်တစ်သမ္မတနိုင်ငံ (အရှေ့ဂျာမဏီ) (Germany Democratic Republic – GDR) ဟူ၍ ဖြစ်ကြသည်။ ထို့နောက်အနောက်ဂျာမဏီသည် အနောက်အုပ်စု၏ အဓိက စီးပွားရေးနှင့်လုံခြုံရေး အဖွဲ့အစည်းများဖြစ်သော ဥရောပ သမဂ္ဂ (EU) (ယခင် EC)နှင့်နေတိုးအဖွဲ့များသို့ ၀င်ရောက်ခဲ့ပြီး အရှေ့ဂျာမဏီက ဆိုဗီယက် ဦးဆောင်သော ၀ါဆောပဋိဥာဉ် အဖွဲ့ထဲ၌ ရှေ့တန်း၌ ပါဝင်ခဲ့သည်။ ဆိုဗီယက်ယူနီယံကျဆုံး၍ စစ်အေးတိုက်ပွဲပြီးဆုံးသွားသောအခါ ၁၉၉၀ တွင် ဂျာမဏီနှင့် နှစ်နိုင်ငံပြန်လည်ပေါင်းစည်းခဲ့သည်။ ထိုအချိန်မှစ၍ ဂျာမဏီနိုင်ငံသည် ဘဏ္ဍာရေးတောင့်တင်းလာခဲ့ပြီး အရှေ့တိုင်းကုန်ထုတ်စွမ်းအားရှိ၍ အနောက်တိုင်း လူမှု အဆင့်အတန်းနှင့်အမီ လုပ်ခလစာရရှိခဲ့သည်။ ၁၉၉၉ ဇန်န၀ါရီလတွင် ဂျာမဏီ နှင့် ဥရောပ သမဂ္ဂ ၀င်အခြား (၁၀) နိုင်ငံတို့သည် ဥရောပဘုံကြေးစနစ် (Euro) ကို စတင်အသုံးပြုခဲ့သည်။


ပထ၀ီ အနေအထား
တည်နေရာ
ဥရောပ အလယ်ပိုင်း ။ မြောက်ပင်လယ် ၊ဘောလတစ် ပင်လယ်တို့နှင့်ထိစပ်။နယ်သာလန်နှင့် ပိုလန်နိုင်ငံ တို့ကြား။ဒိန်းမတ်နိုင်ငံ၏တောင်ဘက်။

မြေပုံအညွှန်း
ဥရောပ

ဧရိယာ
ကုန်းမြေ - 349,223 sq km
ရေ - 7,798 sq km
စုစုပေါင်း - 357,021 sq km

ထိစပ်နယ်မြေ
သြစတြီးယား - 784 km
ဘယ်လဂျီယံ - 167 km
ချက်သမ္မတ - 646 km
ဒိန်းမတ် - 68 km
ပြင်သစ် - 154 km
လူဇင်ဘတ် - 138 km
နယ်သာလန် - 577 km
ပိုလန် - 456 km
ဆွမ်ဇါလန် - 334 km

ကမ်းရိုးတန်း
2,389 km

ရာသီဥတု
အပူအအေးမျှတ၍ ပင်လယ်ပိုင်းရာသီဥတု။ အေးမြ ၊တိမ်ထူ ၊ စိုစွတ်သောဆောင်းရာသီ နှင့် နွေရာသီ တို့ရှိ။ အဲပ်စ် တောင်တန်းမြောက်ပိုင်းဆင်ခြေ လျှောဆီမှ ဖာန်း(Foehn) လေ တိုက်ခတ်လေ့ရှိ။

မြေမျက်နှာသွင်ပြင်
မြောက်ဘက်မြေနိမ့်ပိုင်း ။ အလယ်ပိုင်းတွင်ကုန်းမြင့် ။ တောင်ဘက်တွင် ဘာဗာရီးယန်းအဲပစ်တောင်တန်းများရှိ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း နျူအန်ဒေါ့ဘိုင်းဝီလ်စတာ - (-3.54 m)
အမြင့်ဆုံးအပိုင်း ဇာတ်စပစ်တီ - 2,963 m

သဘာဝအရင်းအမြစ်
ကျောက်မီးသွေး ၊ ကျောက်မီးသွေးညို ၊ သဘာဝဓါတ်ငွေ့ ၊သံရိုင်း ၊ကြေးနီ ၊ နီတယ် ၊ ယူရေနီယမ် ၊ ပြာဓါတ် ၊ ဆား ၊ဆောက်လုပ်ရေး ပစ္စည်းများ၊ သစ် စိုက်ပျိုးမြေ။

လူ့အရင်းအမြစ်
လူဦးရေ 82,369,552 (2008)
လူဦးရေတိုးနှုန်း - 0.044 % (2008)
မွေးဖွားနှုန်း 8.18 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 10.8 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 76.11 နှစ်
မ - 82.26 နှစ်
စုစုပေါင်း - 79.1 နှစ် (2008)

လူမျိုး
ဂျာမန်

တိုင်းရင်းသားလူမျိုး
ဂျာမန် - 91.5 %
တူရကီ - 2.4 %
အခြား - 6.1 %

ကိုးကွယ်မှု
ပရိုတက်စတင့် - 34 %
ရိုမန်ကက်သလစ် - 34 %
မွတ်စလင် - 3.7 %
ဘာသာစွဲမရှိ(သို့) အခြား - 28.3 %

ဘာသာစကား
ဂျာမန်

မြို့တော်
ဘာလင် (Berlin)

Republic of Ghana


၈၃။ ဂါနာ(Ghana)
Republic of Ghana

နောက်ခံသမိုင်းအကျဉ်း
ဂါနာနိုင်ငံသည် ဗြိတိသျကိုလိုနီ ဂိုလ်ကိုစ့် (Gold Coast) နှင့် ကုလသမဂ္ဂအစောင့်ရှောက်ခံ တိုဂိုလန်း (Togoland) တို့ ပေါင်းစပ်ထားခြင်းဖြစ်သည်။ ၁၉၅၇ တွင် ဂါနာသည် ဆာဟာရ တောင်ပိုင်းအာဖရိကနိုင်ငံတွင် ပထမဆုံး လွတ်လပ်ရေးရသောနိုင်ငံဖြစ်လာခဲ့သည်။ ဂါနာနိုင်ငံတွင် အာဏာသိမ်းမှုများအကြိမ်ကြိမ်ဖြစ်ပွားခဲ့ သည်။ ၁၉၈၁ တွင် ဗိုလ်ကြီး ဂျယ်ရီ ရော်လင်း (Lt. Jerry Rawlings) အာဏာရရှိလာသောအခါ နိုင်ငံရေး ပါတီ များကို ဖျက်သိမ်းပစ်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်ရေးဆွဲပြီးနောက် ၁၉၉၂ တွင် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကျင်းပခဲ့ပြီး ရော်လင်း အနိုင်ရရှိခဲ့သည် ။ ၁၉၉၆ တွင် ဒုတိယ သက်တမ်းအတွက်ထပ်မံအနိုင်ရရှိ သော်ခဲ့လည်း အခြေခံဥပဒေအရ ၂၀၀၀ ခုနှစ်တွင် ကျင်းပသည့်ရွေးကောက်ပွဲတွင် တတိယသက်တမ်းအတွက် ထပ်မံရွေးချယ်ခွင့် မရှိတော့ပေ။ ၎င်း နေရာတွင်ဂျွန်ကူးဖျော် (John Kufuor) က ဆက်ဆံခဲ့ပြီး ၂၀၀၄ ခုနှစ် ရွေး ကောက်ပွဲတွင်လည်း ဒုတိယသက်တမ်းအတွက် ထပ်မံရွေးချယ်ခံခဲ့ရသည်။ ၂၀၀၈ ဒီဇင်ဘာတွင် ကျင်းပသည့် ရွေးကောက်ပွဲတွင် ထပ်မံရွေးချယ်ခံခွင့်မရှိတော့ပေ။

ပထ၀ီ အနေအထား
တည်နေရာ
အနောက်အာဖရိက ။ ဂူနီးယား ပင်လယ်ကွေ့နှင့် ထိစပ်။ ကို့ဒီအိုင်ဗိုရီ နှင့် တိုဂို နိုင်ငံတိုကြား ။

မြေပုံအညွှန်း
အာဖရိကတိုက်

ဧရိယာ
ကုန်းမြေ - 230,940 sq km
ရေ - 8,520 sq km
စုစုပေါင်း - 239,460 sq km

ထိစပ်နယ်မြေ
ဘာကီနာ ဖါဆို - 594 km
ကို့ဒီအိုင်ဗိုရီ - 668 km
တိုဂို - 877 km

ကမ်းရိုးတန်း
539 m

ရာသီဥတု
အပူပိုင်းရာသီဥတု။ နွေးထွေး၍ အရှေ့တောင်ဘက်ကမ်းရိုးတန်းတလျောက် အတော်အတန်ခြောက်သွေ့။ အနောက်တောင်ဘက်တွင် ပူပြင်း ။ စိုစွတ်။မြောက်ပိုင်းတွင် ပူ၍ ခြောက်သွေ့။

မြေမျက်နှာသွင်ပြင်
အများအားဖြင့် မြေနိမ့်လွင်ပြင်များဖြစ်၍ တောင်ဘက်အလယ်ပိုင်းတွင် ပြတ်တောင်းလွင်ပြင်။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အတ္တလန္တိတ် သမုဒ္ဒရာ - 0 m
အမြင့်ဆုံးအပိုင်း အက်ဖါဂျာတို - 860 m

သဘာဝအရင်းအမြစ်
ရွှေ ၊ သစ် ၊ မှန်ဖြတ်စိန် ၊ ဘောက်ဇိုက်သတ္တု ၊ မန်ဂနိ သတ္တု ၊ ငါး ၊သားရေ ၊ ရေအားလျှပ်စစ် ၊
ရေနံ ၊ ငွေ ၊ဆား ၊ ထုံးကျောက်။

လူ့အရင်းအမြစ်
လူဦးရေ 23,382,848 (2008)
လူဦးရေတိုးနှုန်း 1.982 % (2008)
မွေးဖွားနှုန်း 29.22 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 9.39 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 58.65 နှစ်
မ - 60.35 နှစ်
စုစုပေါင်း - 59.49 နှစ် (2008)

လူမျိုး
ဂါနာနီးယန်း

တိုင်းရင်းသားလူမိျုး
အက်ခန်း - 45.3 %
မိုး - ဒက်ဘွန်း - 15.2 %
အွီး - 11.7 %
ဂါ - ဒန်းဖီး - 7.3 %
ဂူအန်း - 4 %
ဂါမာ - 3.6 %
ဂရူဆီ - 2.6 %
မန်ဒီ - ဘူဆန်ဂါ - 1 %
အခြားလူမျိုးစုများ - 1.9 %
အခြား - 7.8 %

ကိုးကွယ်မှု
ခရစ်ယာန် - 68.8 %
မွတ်စလင် - 15.9 %
ရိုးရာကိုးကွယ်မှု- 8.5 %
အခြား - 0.7 %
ဘာသာမဲ့ - 6.1 %

ဘာသာစကား
အဆန်တီ - 14.8 %
အွီး - 12.7 %
ပန်တီ - 9.9 %
ဘိုရွန် - 4.6 %
ဒက်ဂွန်ဘာ - 4.3 %
ဒန်မီ - 4.3 %
ဒါဂါတီ - 3.7 %
အက္ခယမ်း - 3.4 %
ဂါ - 3.4 %
အက္ခ၀ါပမ်း - 2.9 %
အခြား - 36.1 % (အင်္ဂလိပ် - ရုံးသုံး - အပါဝင်)

မြို့တော်
အာခရာ(Accra)

Share

Twitter Delicious Facebook Digg Stumbleupon Favorites