Monday, 10 May 2010

North Korea


၁၁၇။မြောက်ကိုရီးယား
(North Korea)
နောက်ခံသမိုင်းအကျဉ်း
ရှည်လျားလှသော သမိုင်းတလျောက် လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။ ရုရှ -ဂျပန်စစ်ပွဲအပြီး ၁၉၀၅ ခုနှစ်တွင် ဂျပန်သိမ်းပိုက်ခဲ့သည်။ ငါးနှစ်ကြာပြီးနောက် ဂျပန်က ကျွန်းဆွယ်တစ်ခုလုံးကို ကျုးကျော်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးသောအခါ ကိုရီးယား မြောက်ဘက် အခြမ်း ခွဲထွက်ခဲ့ပြီး ဆိုဗီယက်ထောက်ပံ့သော ကွန်မြူနစ်အစိုးရ အုပ်ချုပ်ခဲ့သည်။ အမေရိကန်ထောက်ခံသော ကိုရီးယားတောင်ဘက်ခြမ်း (Republic of Korea)ကို သိမ်းပိုက်ရန် ဆင်နွဲခဲ့သော ကိုရီးယားစစ်ပွဲ (1950 – 53 ) စစ်ပွဲ ရှုံးနိမ့်ပြီးနောက် မြောက်ကိုရီးယား(DPRK) သည် သမ္မတကင်းအီဆန်း (Kim Il Sung) ဦးဆောင်၍ ပြည်ပ လွှမ်းမိုးမှုများကို ဖယ်ရှား၍ အမှီအခိုကင်းသော သံတမန်ရေးနှင့် စီးပွားရေး ပေါ်လစီကို အပေါ်ယံမျှ ကျင့်သုံးခဲ့သည်။ ပြုံးယမ်း၏ထိန်းချုပ်မှုအောက်တွင် ကိုရီးယားနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးကို အဓိက နိုင်ငံရေးဦးတည်ချက်အဖြစ်ထားကာ မြောက်ကိုရီးယား (DPRK) သည် အစိုးရ၀ါဒ ဖြန့်ချီရေး ၊ ခေတ်နောက်ကျသော နိုင်ငံရေး ၊ စီးပွားရေး ၊ စစ်ရေး စသည် ပေါ်လစီများ အသုံးပြု၍ အမေရိကန်ပြည်ထောင်စုအပေါ် အစွမ်းကုန်ခြိမ်းခြောက်ခဲ့သည်။ 1980 တွင် ကင်အီဆန်း၏ သားဖြစ်သူ ကင်ဂျုံအီ (Kim jang Il) ကို ၎င်း၏ သမ္မတ ရာထူးအတွက် တရားဝင်ဆက်ဆံသူ အဖြစ် ရွေးချယ်ခဲ့ပြီး ၁၉၉၄ ခုနှစ် ၎င်းသေဆုံးချိန်အထိ နိုင်ငံရေး နှင့် အုပ်ချုပ်ရေး တွင် တိုးတက်အောင်ဆောင်ရွက်ခဲ့သည်။ဆယ်စုနှစ်များစွာ စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းမှုများ ။ သံယံဇာသများကို အလွှဲသုံးမှုများကြောင့် မြောက်ကိုရီးယားသည် ၁၉၉၀ နှစ် များမှစ၍ တိုင်းပြည်လူထု အခြေခံစားဝတ်နေရေးအတွက် နိုင်ငံတကာ အကူအညီများအပေါ် မှီခိုနေရလျက် ရှိသည်။မြောက်ကိုရီးယား၏ စစ်ရေးအရရန်စမှု ၊ စစ်လက်နက်နှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများ အမြောက်အများ ပွားများလာခြင်း ၊ တာဝေးပစ်ဒုံးပျံများ တိုးတက်လာမှု၊ အစုလိုက်အပြုံလိုက်သေစေသော လက်နက်အစီအစဉ်များ စစ်အင်အားအဆမတန် စုဆောင်းမှုစသည့် အစဉ်အလာများရှိခြင်းကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနှင့် စိုးရိမ်ဖွယ် ဖြစ်လျက်ရှိသည်။ ၂၀၀၂ ဒီဇင်ဘာလတွင် (DPRK) သည် ၁၉၉၄ တွင် အမေရိကန်ပြည်ထောင်စုနှင့် ချုပ်ဆိုထားသောပလူတိုနီယံ အခြေပြု အစီအစဉ်ကို ရပ်တန့်၍ လုံးဝဖျတ်သိမ်းရန် သဘောတူ ညီချက်ကိုချိုးဖောက်၍ နူကလီးယားလက်နက်ထုတ်လုပ်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရပြီးနောက် နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ (International Atomic Energy Agency – IAEA) မှ လေ့လာစောင့်ကြည့်ရေး တာဝန်ရှိသူများကို နှင်ထုတ်ခဲ့သည်။ ၂၀၀၃ ဇန်န၀ါရီလတွင် မြောက်ကိုရီးယားသည် နူကလီးယား လက်နက်မပြန့်ပွားရေး စာချုပ် (Non – Proliferation Treaty) မှ နှုတ်ထွက်ကြောင်းကြေငြာခဲ့သည်။ ၂၀၀၃ ခုနှစ်လယ်တွင် နူကလီးယား လောင်စာအတောင့် သန့်စင်ရေးလုပ်ငန်း အောင်မြင်ပြီဖြစ်ကြောင်း ပြုံးယမ်းမှ ကြေငြာခဲ့သည်။ ဆက်လက်၍ နူကလီးယားလက်တုံ့ပြန်နိုင်စွမ်း (Nuclear Deterrent) အဆင့်သို့ ရောက်ရှိပြီးဖြစ်ကြောင်းထုတ်ဖေါ်ခဲ့သည်။ ၂၀၀၃ ဩဂုတ်လတွင် မြောက်ကိုရီးယား ၊ တရုတ် ၊ ဂျပန် ၊ ရုရှ ၊ တောင်ကိုရီးယား နှင့် အမေရိကန် ပြည်ထောင်စု စသည့် ခြောက်နိုင်ငံပါဝင်ပြီး မြောက်ကိုရီးယား၏ နူကလီးယား အစီအစဉ်းနှင့် ပတ်သက်၍ မတိုးသာ ၊ မဆုတ်သာ သည့် တွေ့ဆုံးဆွေးနွေးမှုစတင်ခဲ့သည်။ ၂၀၀၅ နိုဝင်ဘာလတွင် အဆိုပါ ခြောက်နိုင်ငံ ဆွေးနွေးပွဲမှ မြောက်ကိုရီးယားနှုတ်ထွက်ခဲ့သည်။ ထို့နောက် ဇူလိုင်လတွင် တိုက်ချင်းပစ်ဒုံးပျံ စမ်းသပ်ပစ်ခတ်ခဲ့ပြီး ၂၀၀၆ အောက်တိုဘာတွင်ခြောက်နိုင်ငံဆွေးနွေးပွဲသို့ မြောက်ကိုရီးယားပြန်လည်ပါဝင်လာခဲ့ပြီး နူကလီးယား ဖျက်သိမ်းရေးသဘောတူစာချုပ်နှစ်ခုတွင် လက်မှက်ရေးထိုးခဲ့သည်။ ၂၀၀၆ ဒီဇင်ဘာ (၁၃) ပဏာမ လှုပ်ရှားမှု သဘောတူညီချက်အရ ၂၀၀၇ ခုဇူလိုင်တွင် ရောင်ဗြွန် (Yong byon) ရှိ နူကလီးယား ဓါတ်ပေါင်းပို သုံးခုကို ပိတ်ခဲ့သည်။ ၂၀၀၇ အောက်တိုဘာ (၃) ဒုတိယအဆင့်သဘောတူညီချက်အရ ယင်းဓါတ်ပေါင်းဖိုသုံးခုကို ဖျက်သိမ်းရန်နှင့် ၎င်း၏ နူကလီးယား အစီအစဉ်များနှင့် ပတ်သက်၍ မှန်ကန်ပြည့်စုံသော ကြေငြာချက်တစ်ခု နှစ်ကုန်တွင် ထုတ်ပြန်ပေးရန် ပြုံးယမ်းက ကတိပေးခဲ့သည်။ အမေရိကန် နူကလီးယား ကျွမ်းကျင်သူများ၏ အကူအညီဖြင့် ၂၀၀၇ ခုနှစ် အကုန်ပိုင်းလောက်တွင် အထက်ပါ နူကလီးယား ဖြုတ်သိမ်းရေး လုပ်ငန်းများ ပြီးစီးခဲ့ပြီးဖြစ်သည်။ ၂၀၀၇ ဒီဇင်ဘာလတွင် နူကလီးယား လောင်စာတောင့်များစတင်၍ ဖျက်သိမ်းခဲ့ပြီး ၂၀၀၈ ဇွန်လတွင် နူကလီးယားဖျက်သိမ်းမှု အစီအစဉ်များကို ကြေငြာခဲ့သည်။

ပထ၀ီ အနေအထား
တည်နေရာ
အရှေ့အာရှ။ ကိုရီးယား ကျွန်းဆွယ်မြောက်ဘက်ခြမ်း တွင် တည်ရှိ၍ ကိုရီးယားပင်လယ်အော် ၊ ဂျပန်ပင်လယ် တို့နှင့် ထိစပ်။ တရုတ်နှင့် တောင်ကိုရီးယားကြား။

မြေပုံအညွှန်း
အာရှ ။

ဧရိယာ
ကုန်းမြေ - 120,410 sq km
ရေ - 130 sq km
စုစုပေါင်း - 120,540 sq km

ထိစပ်နယ်မြေ
တရုတ် - 1416 km
တောင်ကိုရီးယား - 238 km
ရုရှ - 19 km

ကမ်းရိုးတန်း
2,495 km

ရာသီဥတု
အပူချိန်မျှတ၍ နွေရာသီတွင် မိုးရွာသွန်း။

မြေမျက်နှာသွင်ပြင်
အများအားဖြင့် တောင်တန်းများ တောင်ကုန်းများရှိပြီး မက်စောက်ကျဉ်းမြောင်းသော တောင်ကြားများဖြင့် ပိုင်းခြားထား ၊ အနောက်ဘက်တွင် ကျယ်ပြန့်သောကမ်းရိုးတန်းမြေပြန့်ရှိ၍ အရှေ့ဘက်တွင် ပြတ်တောင်သောကမ်းရိုးတန်းမြေပြန့်ရှိ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ဂျပန်ပင်လယ် - 0 m
အမြင့်ဆုံးအပိုင်း ပိတူစန်တောင်ထွက် - 2,744 m

သဘာဝအရင်းအမြစ်
ကျောက်မီးသွေး ၊ ခဲ ၊ အဖြိုက်နက် ၊ သွပ်၊ ဂရပ်ဖိုက်ခဲနက် ၊ မဂ္ဂနိဆိုက် ၊ သံရိုင်ကြေးနီ ၊ ရွှေ ၊ သံတိုက်ကျောက် ၊ ဆား ၊ ဖလူရိုစပါး ၊ ရေအားလျှပ်စစ်။

လူ့အရင်းအမြစ်
လူဦးရေ 22,665,343 (2009)
လူဦးရေတိုးနှုန်း 0.42 %
မွေးဖွားနှုန်း 14.64 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 7.29 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 61.23 နှစ်
မ - 66.53 နှစ်
စုစုပေါင်း - 63.81 နှစ် (2009)

လူမျိုး
ကိုရီးယား ။

တိုင်းရင်းသားလူမျိုး
မရှိ ။ (တရုတ်နှင့် ဂျပန်လူမျိုး အနည်းငယ်ရှိ)

ကိုးကွယ်မှု
ဗုဒ္ဓဘာသာ ၊ ကွန်ဖြူးရှပ်ဝါဒ ။ ခရစ်ယာန် နှင့် ချွန်ဒိုဂျိုဘာသာဝင်အနည်းငယ် ။

ဘာသာစကား
ကိုရီးယား ။

မြို့တော်
ပြုံယမ်း (Pyongyang)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites