နောက်ခံသမိုင်းအကျဉ်း။ ။
၁၆ ရာစုအတွင်းက စပန္နီယက်လူမျိုးများစတင်တွေ့ရှိခဲ့ပြီး ၁၇ ရာစုအလယ်ခန့်တွင် ဗြိတိသျှတို့ဝင်ခဲ့သည်။ ၁၆၆၇ တွင်ဒတ်ခ်ျ ကိုလိုနီဖြစ်လာခဲ့သည်။ ၁၈၆၃ တွင် ကျွန်စံနစ်ဖျက် သိမ်းလိုက်ပြီးနောက် အိန္ဒိယ နှင့် ဂျာဗားမှအလုပ်သမားများကို ခေါ်ဆောင်လာခဲ့ကြသည်။ ၁၉၇၅ တွင် နယ်သာလန်ထံမှ လွတ်လပ်ရေးရရှိခဲ့သည်။ လွတ်လပ်ရေးရပြီး ငါးနှစ်အကြာတွင် စစ်အုပ်ချုပ်ရေးမှ အရပ်သားအုပ်ချုပ်ရေးသို့ပြောင်းလဲခဲ့ပြီး ဆိုရှယ်လစ်သမ္မတနိုင်ငံအဖြစ် ကြေငြာခဲ့သည်။ ၁၉၈၇ အထိ အရပ်သားအစိုးရများ အဆက်ဆက်အုပ်ချုပ်ခဲ့ကြပြီး နိုင်ငံ တကာမှဖိအားပေးမှုများကြောင့် ဒီမိုကရေစီရွေးကောက်ပွဲကျင်းပခဲ့သည်။ ၁၉၉၀ တွင် စစ်တပ် က အရပ်သားအစိုးရကိုဖြုတ်ချခဲ့သည်။ သို့သော် ၁၉၉၁ တွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခြင်းခံရသော ပါတီ လေးခုပါဝင်သောတပ်ဦးသစ်ညွန့်ပေါင်းပါတီ အာဏာရရှိခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ညွန့်ပေါင်းပါတီကို ၈ ပါတီအထိတိုးချဲ့ခဲ့သည်။
ပထဝီအနေအထား။ ။
တည်နေရာ။ တောင်အမေရိကတိုက် မြောက်ပိုင်း၊ မြောက်အတ္တလန္တိတ်သမုဒ္ဒရာနှင့်ထိစပ်၊
ပြင်သစ် ဂူအီနာ နှင့် ဂူယာနာတို့ကြား။
မြေပုံအညွှန်း။ တောင်အမေရိကတိုက်
ဧရိယာ။ ကုန်းမြေ = ၁၅၆ ၀၀၀ sq km
ရေ = ၇ ၈၂၀ sq km
စုစုပေါင်း = ၁၆၃၈၂၀ sq km
ထိစပ်နယ်မြေ။ ဘရာဇီး ၅၉၃ km၊ ပြင်သစ် ဂူအီနာ ၅၁၀ km၊ ဂူယာနာ ၆၀၀ km
ကမ်းရိုးတန်း။ ၃၈၆ km
ရာသီဥတု။ အပူပိုင်းဒေသ။ ကုန်သည်လေတိုက်ခတ်မှုကြောင့် ရာသီဥတုမျှတ။
မြေမျက်နှာသွင်ပြင်။ လှိုင်းထသော တောင်ကုန်းများ။ ရေငံပေါက်ညွန်အိုင်များရှိသော ကျဉ်း
မြောင်း ကမ်းရိုးတန်းမြေပြန့်။်
မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ ကမ်းရိုးတန်းမြေပြန့်တစ်နေရာရှိ အမည်မရှိနေရာတစ်ခု = - ၂ m
အမြင့်ဆုံးအပိုင်း။ ဂျူလီယာနာ ထိပ်စွန်း = ၁၂၃၀ m
သဘာဝအရင်းအမြစ်။ သစ်၊ ရေအားလျှပ်စစ်၊ ငါး၊ ခါအိုလင် ကြွေ၊ ပုစွန်၊ ရွှေ၊ နီကယ် အနည်း
ငယ်၊ ကြေးနီ၊ ပလက်တီနမ်၊ သံရိုင်း။
လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၄၈၁ ၂၆၇ ဦးရေ (၂၀၀၉)
လူဦးရေများပြားမှုကမ္ဘာ့အဆင့် = ၁၂၄
လူဦးရေတိုးနှုန်း။ ၁.၁၀၃ % (၂၀၀၉)
မွေးဖွားနှုန်း။ ၁၆.၈/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း။ ၅.၅၁/၁၀၀၀ ဦးရေ (၂၀၀၉)
ပျမ်းမျှအသက်။ ကျား = ၇၁ နှစ်
မ = ၇၆.၆၅ နှစ်
စုစုပေါင်း = ၇၃.၇၃ နှစ် (၂၀၀၉)
လူမျိုး။ ဆူရင်နိမ်း
တိုင်းရင်းသားလူမျိုး။ ဟိန္နူနီစတန် ၃၇ %၊ ခရီအိုး ၃၁ %၊ ဂျာဗား ၁၅ %၊ မာရွန်း ၁၀ %၊
အမေရင်ဒီးယန်း ၂ %၊ တရုတ် ၂ %၊ လူဖြူ ၁ %၊ အခြား ၂ %
ကိုးကွယ်မှု။ ဟိန္နူ ၂၇.၄ %၊ ပရိုတက်စတင့် ၂၅.၂ %၊ ရိုမန်ကက်သလစ် ၂၂.၈ %
မွတ်စလင် ၁၉.၆ %၊ တိုင်းရင်းသားရိုးရာဓလေ့ကိုးကွယ်မှု ၅ %
ဘာသာစကား။ ဒတ်ခ်ျ (ရုံးသုံး)၊ အင်္ဂလိပ်၊ ဆရာနန် တွန်ဂို၊ ကာရစ်ဘီယံ ဟိန္နူနီစတန်
ဂျာဗား။
မြို့တော်။ ပါရာမာရီဘို (Paramaribo)



0 comments:
Post a Comment