၉၂။ဂူနီးယား - ဘစ်ဆူ(Guinea – Bissau)
Republic of Guinea – Bissau
Republic of Guinea – Bissau
နောက်ခံသမိုင်းအကျဉ်း
၁၉၄၇ တွင် ပေါ်တူဂီ တို့ထံမှ လွတ်လပ်ရေးရပြီးကတည်းက နိုင်ငံရေးနှင့်စစ်ရေးအရ မငြိမ်သက်မှုများ တောက် လျှောက်ဖြစ်ပွားခဲ့သည်။ ၁၉၈၀ တွင် စစ်တပ် အာဏာသိမ်းခဲ့ပြီး ဘာနာဒိုနီနို ဗီအဲရာ (Bernardo NinoVieira) အာဏာရှင် သမ္မတ ဖြစ်လာခဲ့သည်။ ဈေးကွက်စီးပွားရေးစနစ်နှင့် ပါတီစုံ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရန် ရည်ရွယ်ချက်ရှိသော်လည်း ဗီအဲရာအစိုးရသည် နိုင်ငံရေးအတိုက်အခံများနှင့် ပြိုင်ဘက်များအပေါ် ဖိနှိပ် ချုပ်ခြယ်ထားခဲ့သည်။ ၁၉၈၀ ခုနှစ်များနှင့် ၁၉၉၀ ခုနှစ်များအတွင်းက ဗီအဲရာ ကိုဖြုတ်ချပစ်၍ အာဏာသိမ်းရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ၁၉၉၄ တွင် ကျင်းပသော ဂူနီယာ - ဘစ်ဆူး၏ ပထမဆုံး ရွေးကောက်ပွဲတွင် ဗီအဲရာက အနိုင်ရရှိခဲ့သည်။ တပ်တွင်း ပုန်ကန်မှုကြောင့် ၁၉၉၈ တွင်ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီး၁၉၉၉ မေလတွင် ဗီအဲရာ ဖယ်ရှားပေးခဲ့ရသည်။ ၂၀၀၀ ခုနှစ် ဖေဖေါ်ဝါရီလတွင် သန့်ရှင်းမျှတသော ရွေးကောက်ပွဲကျင်းပ၍ ကြားဖြတ်အစိုးရမှ အတိုက်အခံခေါင်းဆောင် ကွန်ဘာယာလာ (CumbaYala) ကို ရွေးကောက်ခံ သမ္မတ အဖြစ်အာဏာလွှဲပြောင်းပေးခဲ့သည်။ သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ပြီး ၂၀၀၃ ခုနှစ် စက်တင်ဘာလတွင် စစ်တပ်မှ သွေးမြေမကျ အာဏာသိမ်းခဲ့ပြီး သမ္မတယာလာကို ဖယ်ရှားခဲ့သည်။ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဟန်ရစ်(ခ်)ရိုဆာ (Henrigue Rasa) ကြားဖြတ်အစိုးရ သမ္မတ ဖြစ်လာခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အမျိုးသားပြန်လည်စည်းလုံး ညီညွှတ်မှုရှိရန် ဆောက်ရွက်ပေးမည် ဟူသော ကတိက၀က်များနှင့်အတူ သမ္မတဟောင်း ဗီအဲရာ ကို ပြန်လည်ရွေးကောက် တင်မြောက်ခဲ့သည်။
ပထ၀ီ အနေအထား
တည်နေရာ
အာဖရိက အနောက်ပိုင်း ၊ မြောက်အတ္တလန္တိတ်သမုဒ္ဒရာ နှင့် ထိစပ်။
ဂူနီးယား နှင့် ဆီနီဂေါ နိုင်ငံများကြား။
မြေပုံအညွှန်း
အာဖရိက
ဧရိယာ
ကုန်းမြေ - 28,000 sq km
ရေ - 8,120 sq km
စုစုပေါင်း - 36,120 sq km
ထိစပ်နယ်မြေ
ဂူနီးယား - 386 km
ဆီနီဂေါ - 338 km
ကမ်းရိုးတန်း
350 km
ရာသီဥတု
အပူပိုင်းဒေသ ရာသီဥတု။ အများအားဖြင့်ပူ၍စိုထိုင်း။ မုတ်သုံမိုးရာသီ (ဇွန်လ မှ နိုဝင်ဘာလ အထိ) အနောက်တောင်လေ တိုက်ခတ်။ ခြောက်သွေ့ရာသီ (ဒီဇင်ဘာလ မှ မေ) တွင် အရှေ့မြောက် ဟာမက်တန်လေပူ တိုက်ခတ်။
မြေမျက်နှာသွင်ပြင်
နိမ့်သော ကမ်းရိုးတန်းမြေပြန့်မှ အရှေ့ဘက် ဆဗားနားမြက်ခင်းသို့မြင့်တက်သွား။
မျက်နှာအမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အတ္တလန္တိတ်သမုဒ္ဒရာ။
အမြင့်ဆုံးအပိုင်း နိုင်ငံ အရှေ့မြောက်စွန်းရှိ မည်မရှိနေရာတစ်ခု - 300 m
သဘာဝအရင်းအမြစ်
ငါး၊ သစ် ၊ ဖေါ့စဖိတ် ၊ ဘောက်ဇိုက်သတ္တု ၊ ရွှံ့စေး၊ နှမ်းဖက်ကျောက် ၊ ထုံကျောက်
ထုတ်ယူသုံးစွဲခြင်းမရှိသော ရေနံ။
လူ့အရင်းအမြစ်
လူဦးရေ 1,503,182 (2008)
လူဦးရေတိုးနှုန်း 2.035 % (2008)
မွေးဖွားနှုန်း 36.4 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 16.05 / 1000 ဦးရေ (2008)
ပျှမ်းပျှအသက် ကျား - 45.71 နှစ်
မ - 49.39 နှစ်
စုစုပေါင်း - 47.52 နှစ် (2008)
လူမျိုး
ဂူနီးယန်း
တိုင်းရင်းသားလူမျိုး
အာဖရိကန် - 99 %
ဥရောပ နှင့် မူလတိုလူမျိုး - 1 % အောက်
ကိုးကွယ်မှု
မွတ်စလင် - 50 %
လူမျိုးစုယုံကြည်ကိုးကွယ်မှုများ - 40 %
ခရစ်ယာန် - 10 %
ဘာသာစကား
ပေါ်တူဂီ (ရုံးသုံး) ၊ခရီယိုအူလို ၊ အာဖရိက စကားများ ။
မြို့တော်
ဘစ်ဆူ (Bissau)
တည်နေရာ
အာဖရိက အနောက်ပိုင်း ၊ မြောက်အတ္တလန္တိတ်သမုဒ္ဒရာ နှင့် ထိစပ်။
ဂူနီးယား နှင့် ဆီနီဂေါ နိုင်ငံများကြား။
မြေပုံအညွှန်း
အာဖရိက
ဧရိယာ
ကုန်းမြေ - 28,000 sq km
ရေ - 8,120 sq km
စုစုပေါင်း - 36,120 sq km
ထိစပ်နယ်မြေ
ဂူနီးယား - 386 km
ဆီနီဂေါ - 338 km
ကမ်းရိုးတန်း
350 km
ရာသီဥတု
အပူပိုင်းဒေသ ရာသီဥတု။ အများအားဖြင့်ပူ၍စိုထိုင်း။ မုတ်သုံမိုးရာသီ (ဇွန်လ မှ နိုဝင်ဘာလ အထိ) အနောက်တောင်လေ တိုက်ခတ်။ ခြောက်သွေ့ရာသီ (ဒီဇင်ဘာလ မှ မေ) တွင် အရှေ့မြောက် ဟာမက်တန်လေပူ တိုက်ခတ်။
မြေမျက်နှာသွင်ပြင်
နိမ့်သော ကမ်းရိုးတန်းမြေပြန့်မှ အရှေ့ဘက် ဆဗားနားမြက်ခင်းသို့မြင့်တက်သွား။
မျက်နှာအမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အတ္တလန္တိတ်သမုဒ္ဒရာ။
အမြင့်ဆုံးအပိုင်း နိုင်ငံ အရှေ့မြောက်စွန်းရှိ မည်မရှိနေရာတစ်ခု - 300 m
သဘာဝအရင်းအမြစ်
ငါး၊ သစ် ၊ ဖေါ့စဖိတ် ၊ ဘောက်ဇိုက်သတ္တု ၊ ရွှံ့စေး၊ နှမ်းဖက်ကျောက် ၊ ထုံကျောက်
ထုတ်ယူသုံးစွဲခြင်းမရှိသော ရေနံ။
လူ့အရင်းအမြစ်
လူဦးရေ 1,503,182 (2008)
လူဦးရေတိုးနှုန်း 2.035 % (2008)
မွေးဖွားနှုန်း 36.4 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 16.05 / 1000 ဦးရေ (2008)
ပျှမ်းပျှအသက် ကျား - 45.71 နှစ်
မ - 49.39 နှစ်
စုစုပေါင်း - 47.52 နှစ် (2008)
လူမျိုး
ဂူနီးယန်း
တိုင်းရင်းသားလူမျိုး
အာဖရိကန် - 99 %
ဥရောပ နှင့် မူလတိုလူမျိုး - 1 % အောက်
ကိုးကွယ်မှု
မွတ်စလင် - 50 %
လူမျိုးစုယုံကြည်ကိုးကွယ်မှုများ - 40 %
ခရစ်ယာန် - 10 %
ဘာသာစကား
ပေါ်တူဂီ (ရုံးသုံး) ၊ခရီယိုအူလို ၊ အာဖရိက စကားများ ။
မြို့တော်
ဘစ်ဆူ (Bissau)



0 comments:
Post a Comment