၁၁၀။ ဂျမေကာ(Jamaica)
နောက်ခံသမိုင်းအကျဉ်း ၁၄၉၄ တွင် ခရစ္စတိုဖါကိုလံဘတ်က ဂျမေကာကျွန်းကိုတွေ့ရှိခဲ့ပြီး (၁၆) ရာစု အစောပိုင်းတွင် စပိန်တို့ အခြေချနေထိုင်ခဲ့ကြသည်။ ရာစုနှစ်များစွာ ကျွန်းပေါ်တွင် အခြေချနေထိုင်ခဲ့ကြသော ဒေသခံတိုင်နိုအင်ဒီးယန်း လူမျိုးများ တဖြည်းဖြည်းပျောက်ကွယ်သွားကြပြီး အာဖရိက မှ လူမည်းကျွန်းများကို ခေါ်ဆောင်လာခဲ့ကြသည်။ ၁၆၅၅ တွင် အင်္ဂလိပ်တို့သိမ်းပိုက်ခဲ့ပြီး သကြား၊ ကိုကိုး နှင့် ကော်ဖီ လုပ်ငန်းများအတွက် စိုက်ခင်းများ လုပ်ကိုင်ခဲ့သည်။ ၁၈၃၄ တွင် ကျွန်စနစ်ဖျက်သိမ်းပြီး ကျွန်နှစ်သိန်းခွဲခန့်လွတ်မြောက်ခဲ့သည်။ အများစုမှာ အသေးစား လယ်ယာလုပ်ကိုင်သူများဖြစ်လာခဲ့ကြသည်။ ဂျမေကာသည် ဗြိတိန်ထံမှ တဖြည်းဖြည်းချင်း လွတ်လပ်ရေးရရှိလာခဲ့သည်။ ၁၉၅၈ တွင် အခြား ဗြိတိသျှကာရေဘီယံ ကိုလိုနီနိုင်ငံများနှင့်ပူးပေါင်း၍ အနောက် အိန္ဒိယပြည်ထောင်စု(Federation of the West Indies) တည်ထောင်ခဲ့သည်။ ၁၉၆၂ တွင် ပြည်ထောင်စုမှခွဲထွက်ပြီးအပြည့်အ၀ လွတ်လပ်ရေးရရှိခဲ့သည်။ ၁၉၇၀ ခုနှစ်များတွင် စီးပွားရေးကျဆင်းခဲ့ပြီး အပြိုင်အဆိုင်ဖြစ်လာသောလူဆိုးဂိုဏ်းများက ထိပ်သီး နိုင်ငံရေးပါတီများနှင့်ပူပေါင်းကာ နိုင်ငံတကာတွင် မူးယစ်ဆေးမှောင်ခိုခြင်း၊ငွေကြေးခ၀ါချခြင်းများ အကြီးအကျယ်ပြုလုပ်၍ အင်အားလည်း တောင့်တင်းလာခြင်း ကြောင့် အကြမ်းဖက်မှုများ အဆက်မပြတ် ဖြစ်ပွားခဲ့သည်။ အကြမ်းဖက်ရာဇ၀တ်မှုများ ။ မူးယစ်ဆေး ကူးသန်းရောင်းဝယ်မှုများနှင့် ဆင်းရဲမွဲတေမှုများသည် ယနေ့လက်ရှိ ဂျမေကာအစိုးရအတွက်ကြီးကျယ်သော ပြဿနာများဖြစ်၏။ သို့သော် ကျေးလက်ဒေသအများအပြားနှင့် အပန်းဖြေဒေသများတွင် အတော်အတန်လုံခြုံမှုရှိနေသဖြင့် နိုင်ငံစီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသည်။
ပထ၀ီအနေအထား
တည်နေရာ
ကာရစ်ဘီယံ ၊ ကာရစ်ဘီယံပင်လယ်အတွင်းရှိကျွန်း ၊ ကျူးဘားတောင်ဘက်။
မြေပုံအညွှန်း
အမေရိကအလယ်ပိုင်းနှင့် ကာရစ်ဘီယံ ။
ဧရိယာ
ကုန်းမြေ - 10,831 sq km
ရေ - 160 sq km
စုစုပေါင်း - 10,991 sq km
ထိစပ်နယ်မြေ
မရှိ ။
ကမ်းရိုးတန်း
1,022 km
ရာသီဥတု
အပူပိုင်းဒေသရာသီဥတု ၊ ပူ၍စိုစွတ် ၊ အတွင်းပိုင်းအပူချိန်မျှတ ။
မြေမျက်နှာသွင်ပြင်
တောင်ပေါများ ၊ ကျဉ်းမြောင်းပြတ်တောက်သော ကမ်းရိုးတန်း မြေပြန့်များ ။
မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ကာရစ်ဘီယန်ပင်လယ် - 0 m
အမြင့်ဆုံးအပိုင်း တောင်ပြာအထွတ် - 2,256 m
သဘာဝအရင်းအမြစ်
ဘောက်ဆိုက်သတ္တု ၊ ဂျစ်ပဆင်ကျောက် ၊ ထုံးကျောက်။
လူ့အရင်းအမြစ်
လူဦးရေ 2,825,928 (2009)
လူဦးရေတိုးနှုန်း 0.755 % (2008)
မွေးဖွားနှုန်း 20.04 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 6.37 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 71.83 နှစ်
မ - 75.3 နှစ်
စုစုပေါင်း - 73.53 နှစ် (2009)
လူမျိုး
ဂျမေကာ
တိုင်းရင်းသားလူမျိုး
လူမည်း - 91.2 %
သွေးနှော - 6.2 %
အခြား - 2.6 %
ကိုးကွယ်မှု
ပရိုတက်စတင့် - 62.5 %
ရိုမန်ကက်သလစ် - 2.6 %
အခြား - 14.2 %
ဘာသာမဲ့ - 20.9 %
ဘာသာစကား
အင်္ဂလိပ် ၊ အင်္ဂလိပ်ပါတွိုတ် ။
မြို့တော်
ကင်စတန် (Kingston)



0 comments:
Post a Comment