Monday, 10 May 2010

Island of Man


၁၀၇။ မန်းကျွန်း
(Island of Man)
နောက်ခံသမိုင်းအကျဉ်း
ဟက်ဘရစ်ကျွန်းစုအတွင်းရှိ နော်ဝေဂျီယံ ပိုင်ဆိုင်သော ကျွန်းတစ်ကျွန်းဖြစ်ခဲ့ပြီး (၁၃) ရာစု တွင် စကော့တလန်သို့ လွှဲပြောင်းပေးခဲ့သည်။ ၁၇၆၅ တွင် ဗြိတိန်လက်အောက်သို့ကျရောက်ခဲ့သည်။ ယခုအခါ ပျောက်ကွယ် လုနှီးပါး မန့်(စ်) ဂီးလစ် ဘာသာစကား ပြန်လည်ထွန်းကားရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ မန်းကျွန်းနိုင်ငံသည် ဗြိတိသျှ အမှီခိုခံ နိုင်ငံတစ်နိုင်ငံအဖြစ်ရှိသော်လည်း ဗြိတိန်၏ အစိတ်အပိုင်းတစ်ခု မဟုတ်ပေ။ သို့သော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးနှင့် နိုင်ငံတကာ မျက်နှာစာတွင် တာဝန်ယူထားလေသည်။

ပထ၀ီ အနေအထား
တည်နေရာ
အနောက်ဥရောပ။အိုင်းရစ်ပင်လယ်အတွင်း။ အိုင်ယာလန်နှင့် ဗြိတိန်နိုင်ငံတို့ကြား။

မြေပုံအညွှန်း
ဥရောပ ။

ဧရိယာ
ကုန်းမြေ - 572 sq km
ရေ - 0 sq km
စုစုပေါင်း - 572 sq km

ထိစပ်နယ်မြေ
မရှိ ။

ကမ်းရိုးတန်း
160 km

ရာသီဥတု
အပူချိန်မျှတ ။ အေးမြသောနွေရာသီနှင့် သမမျှတသော ဆောင်းရာသီ ။
တစ်နှစ်တွင် သုံးပုံတစ်ပုံခန့်အုံ့ဆိုင်း။

မြေမျက်နာသွင်ပြင်
တောင် နှင့်မြောက်ရှိတောင်ကုန်းများကိုအလယ်ပိုင်း
တောင်ကြားဒေသဖြင့်ပိုင်းခြားထား။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အိုင်းရစ်ပင်လယ် - 0 m
အမြင့်ဆုံးအပိုင်း စနီးပဲ - 621 m

သဘာဝအရင်းအမြစ်
မရှိ ။

လူ့အရင်းအမြစ်
လူဦးရေ 76,220 (2008)
လူဦးရေတိုးနှုန်း 0.509 %
မွေးဖွားနှုန်း 10.86 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 11.02 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 74.46 နှစ်
မ - 82.32 နှစ်
စုစုပေါင်း - 78.8 နှစ် (2008)

လူမျိုး
မန့်(စ်)

တိုင်းရင်းသားလူမျိုး
မန့်(စ်) ၊ ဘရစ်တန်

ကိုးကွယ်မှု
အင်္ဂလီကန်၊ရိုမန်ကက်သလစ်၊မက်သဒစ်၊ဘတ်ပတစ်၊
ပရက်စဘိုင်တာရီးယန်း၊မိတ်ဆွေသင်းဖင်း။

ဘာသာစကား
အင်္ဂလိပ် ၊မန့်(စ်)ဂီးလစ်

မြို့တော်
ဒေါက်ဂလပ်(Douglas)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites