Tuesday, 11 May 2010

Georgia


၈၂။ဂျော်ဂျီယာ
(Georgia)

နောက်ခံသမိုင်း အကျဉ်း
ယနေ့ ဂျော်ဂျီ နိုင်ငံသည် ရှေးဟောင်း ဘုရင့်နိုင်ငံတော်များဖြစ်သော ခေါလစစ် နှင့် ကာတ္တလီ - အိုင်ဘီရီးယားတို့ဖြစ်ကြသည်။ ခရစ်သက္ကရာဇ် ပထမရာစုအတွင်း ရိုမန်တို့၏ ဩဇာလွှမ်းမိုးမှု အောက်ကျရောက်ခဲ့သည်။ ၃၃၀ ခုနှစ်များအတွင်း ခရစ်ယာန်ဘာသာသည် နိုင်ငံတော် ဘာသာဖြစ်လာခဲ့သည်။ ပါရှန်း ၊ အာရပ် နှင့် တာစ့် တို့၏ ကျူးကျော်မှုများပြီးနောက် ၁၁ ရာစုမှ ၁၃ ရာစု အထိ ဂျော်ဂျီယာ ရွှေခေတ်ဖြစ်ခဲ့ပြီး ၁၂၃၆ တွင် မွန်ဂို ကျူးကျော်မှုခံရသည်။ ထို့နောက် အော်တိုမန် နှင့် ပါရှား အင်ပါယာနှစ်ခုမှဂျော်ဂျီယားဒေသအပေါ်ဩဇာလွှမ်းမိုးနိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြသည်။ (၁၉) ရာစု အရောက်တွင် ဂျော်ဂျီယာသည် ရုရှအင်ပါယာသို့သွတ်သွင်း ခြင်းခံခဲ့ရသည်။ ရုရှ တော်လှန်ရေးပြီးနောက် ၁၉၁၈ မှ ၁၉၂၁ အထိ သုံးနှစ်မျှ လွတ်လပ်ရေးရရှိပြီး ၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံ ပြိုကွဲသွားချိန်အထိ ပြည်ထောင်စုအတွင်း အဓမ္မ သွတ်သွင်းခြင်းခံခဲ့ရသည်။ ၂၀၀၃ ခုနှစ် နိုဝင်ဘာလအတွင်း တည်ဆဲဂျော်ဂျီယာအစိုးရ၏ အမျိုးသား ဥပဒေလွှတ်တော် ရွေးကောက်ပွဲအပေါ် ကြိုးကိုင် ချယ်လှယ်ရန် ကြိုးပမ်းမှုကြောင့် လူထုအုံကြွမှုကြီး ပေါ်ပေါက်လာခဲ့ပြီး ၁၉၉၅ ခုနှစ်ကတည်းက သမ္မတတာဝန် ယူထားသော အက်ဒွါ့ ရှီဗါ့နတ်ဇီ နှုတ်ထွက်ပေးခဲ့ရသည်။ ၂၀၀၄ ခုနှစ် ရွေးကောက်ပွဲတွင် မိုက်ခီးဆားကက်ရှ်ဗီး (Mikheil Saakashvil) က အပြတ်အသတ် အနိင်ရရှိပြီး ၎င်း၏ အမျိုးသားလှုပ်ရှားမှုပါတီ(Nstional Mouemenf party) နှင့်အတူအာဏာ ရလာခဲ့သည်။ လွတ်လပ်ရေးရပြီးကတည်းက စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် ဒီမိုကရေစီ ဖေါ်ဆောင်ရေးလုပ်ငန်းများတွင် တိုးတက်မှု ရရှိခဲ့သည်။ သို့သော် အက်ခါဇီးယား နှင့် တောင်အိုဆက်ရှား ခွဲထွက်နယ်မြေနှစ်ခု ကို ရုရှက ထောက်ပံ့အားပေးထားသဖြင့် တိုးတက်မှုအတွက် အတားအဆီး ဖြစ်လျက်ရှိ ခဲ့သည်။ ၂၀၀၈ ခုနှစ် နွေရာသီအတွင်းက ရုရှ နှင့် ခွဲထွက်ရေးသမားတို့၏ အဖျက်အမှောက် လုပ်ငန်းများအား ဩဂုတ်လ အစောပိုင်းတွင် ဂျော်ဂျီယာအစိုးရက စစ်ရေးအရပြန်လည်တိုက်ခိုက်မှုကြောင့် ရုရှ က ခွဲထွက်နယ်မြေ များကို သိမ်းပိုက်ခဲ့ရုံသာမက ဂျော်ဂျီယာ နယ်မြေများကိုပါ သိမ်းယူခဲ့သည်။ ဂျော်ဂျီယာနယ်မြေများအပေါ်မှ ရုရှတပ်များပြန်လည်ရုပ်သိမ်းပေးခဲ့ပြီး ၂၀၀၈ ဩဂုတ်လ နှောင်းပိုင်းတွင် အက်ခါဇီးယား နှင့် တောင်အိုဆက်ရှား နယ်မြေများကို လွတ်လပ်ရေး နယ်မြေများအဖြစ် ရုရှက တစ်ဖတ်သတ် အသိအမှတ်ပြုပေးခဲ့သည်။ ဤလုပ်ဆောင် ချက်အပေါ် ကမ္ဘာ့နိုင်ငံ အများစုနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများကအပြင်းအထန်ပြစ်တင် ရှုတ်ချခဲ့ ကြသည်။

ပထ၀ီ အနေအထား
တည်နေရာ
အနောက်တောင်အာရှ ။ ပင်လယ်နက်နှင့်ထိစပ် ။ တူရကီ နှင့် ရုရှနိုင်ငံတို့အကြား။

မြေပုံအညွှန်း
အာရှ ။

ဧရိယာ
ကုန်းမြေ - 69,700 sq km
ရေ - 0 sq km
စုစုပေါင်း - 69,700 sq km

ထိစပ်နယ်မြေ
အာမေနီးယား - 164 km
အဇာဘိုင်ဂျန် - 322 km
ရုရှ - 723 km
တူရကီ - 252 km

ရာသီဥတု
နွေးထွေး၍သာယာသောရာသီဥတုရှိ။ ပင်လယ်နက်ကမ်းခြေတွင် မြေထဲပင်လယ် နှင့် တူသော ရာသီဥတုရှိ။


မြေမျက်နှာသွင်ပြင်
မြောက်ဘက်တွင် ကော့ကေးဆပ် တောင်ကြီးများ နှင့် တောင်ဘက်တွင် ကော့ကေးဆပ်တောင်ငယ်များရှိ၍ အလွန်တောင်ထူထပ်။ အနောက်ဘက်တွင်ကော်စီဒါ မြေနိမ့်ပိုင်းသည် ပင်လယ်နက်သို့ဆင်းသက်သွားသည်။ အရှေ့ဘက်တွင် မက္ခဗာရီမြစ်ဝှမ်း။ တောင်ကုန်းများခြေရင်းဖြစ်သောကော်စီဒါ မြေနိမ့်ဒေသသည် တောင်ကြား မြစ်ရေလွှမ်းရာမြေပြန့်ဖြစ်၍ မြေဩဇာ အထူးကောင်းမွန်။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ပင်လယ်နက် - 0 m
အမြင့်ဆုံးအပိုင်း မတ္တ ရှက္ခဟာရာတောင် - 5,210 m

သဘာဝအရင်းအမြစ်
သစ်တော ၊ ရေအားလျှပ်စစ် ၊ မန်ဂနိသတ္တုသိုက် ၊ သံရိုင်း ၊ ကြေးနီ ၊ကျောက်မီးသွေး နှင့် ရေနံ အနည်းငယ် ၊ လက်ဖက် နှင့် ရှောက် ၊သံမရာစိုက်ပျိုးနိင်သော ကမ်းခြေ မြေဆီလွှာ နှင့် ရာသီဥတု။

လူ့အရင်းအမြစ်
လူဦးရေ 4,630,841 (2008)
လူဦးရေတိုးနှုန်း 0.325 % (2008)
မွေးဖွားနှုန်း 10.62 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 9.15 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 73.21 နှစ်
မ - 80.26 နှစ်
စုစုပေါင်း - 76.61 နှစ် (2008)

လူမျိုး
ဂျော်ဂျီယန်း

တိုင်းရင်းသားလူမျိုး
ဂျော်ဂျီယန်း - 83.8 %
အေဇီရီ - 6.5 %
အာမေးနီးယန်း - 5.7 %
ရုရှ - 1.5 %
အခြား - 2.5 %

ကိုးကွယ်မှု
အော့သိုဒေါ့ - 83.9 %
မွတ်စလင် - 9.9 %
အာမေးနီးယန်း - ဂျော်ဂျီယန်း - 3.9 %
ကက်သလစ် - 0.8 %
အခြား - 0.8 %
ဘာသာမဲ့ - 0.7 %

ဘာသာစကား
ဂျော်ဂျီယန်း - 71 % (ရုံးသုံး) ၊ရုရှ - 9 %
အာမေးနီးယန်း - 7 % ၊ အေဇီရီး - 6 %
အခြား - 7 %

မြို့တော်
တီဘီလီဆီ (T ‘ bilisi)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites