Saturday, 8 May 2010

ဆွာဇီလန် (Swaziland) Kingdom of Swaziland




နောက်ခံသမိုင်းအကျဉ်း။ ။
၁၉ ရာစုနှောင်းပိုင်းတွင် အာဖရိကတောင်ပိုင်း ဆွာဇီ ကို ဗြိတိသျှတို့က ကိုယ်ပိုင်အုပ် ချုပ်ရေးပေးခဲ့သည်။ ၁၉၆၈ တွင်လွတ်လပ်ရေးပေးခဲ့သည်။ ၁၉၉၀ တွင် ကျောင်းသား၊ အလုပ် သမား အုံကြွမှုပေါ်ပေါက်လာခဲ့ပြီး ကမ္ဘာ့နောက်ဆုံးသော သက်ဦးဆံပိုင် ဘုရင် အမ်ဆွာတီ ၃
ကို ဖိအားပေးပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို လက်ခံရန်၊ ဒီမိုကရေစီကျင့်သုံးရန် တောင်းဆို ခဲ့ကြသည်။ ၂၀၀၆ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ရေးဆွဲပြဌာန်းခဲ့သည်။ သို့သော် နိုင်ငံ ရေးပါတီများ တည်ထောင်ခွင့်မပေးသေးပေ။ ၂၀၀၆ နှစ်လည်ခန့်တွင် အာဖရိကန် ညီညွတ်သော ဒီမိုကရက်ပါတီက တရားဝင် နိုင်ငံရေးပါတီတစ်ရပ်တည်ထောင်ရန်ကြိုးပမ်းရာ မအောင်မြင်ခဲ့ပေ။၂၀၀၇ တွင် အစိုးရနှင့် တိုးတက်သောအုပ်စုများကြား ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပတ်သက်၍ဆွေးနွေးပွဲမအောင်မြင်ခဲ့ပေ။ မကြာသေးမီအချိန် က ဆွာဇီလန်၏ HIV/ AIDS ကူးစက်မှုနှုန်းသည် ဘော့ဆွာနာ ထက် သာလွန်သွားပြီဖြစ်၏။

ပထဝီအနေအထား။ ။
တည်နေရာ။ တောင်အာဖရိက၊ တောင်အာဖရိကနှင့် မိုဇမ်ဘစ်နိုင်ငံတို့ကြား
မြေပုံအညွှန်း။ အာဖရိကတိုက်
ဧရိယာ။ ကုန်းမြေ = ၁၇ ၂၀၄ sq km
ရေ = ၁၆၀ sq km
ထိစပ်နယ်မြေ။ မိုဇမ်ဘစ် ၁၀၅ km၊ တောင်အာဖရိက ၄၃၀ km
ကမ်းရိုးတန်း။ မရှိ (ကုန်းတွင်းပိတ်)
ရာသီဥတု။ အပူပိုင်းရာသီဥတု မှ အပူအအေးမျှတသောရာသီဥတု အမျိုးမျိုးရှိ
မြေမျက်နှာသွင်ပြင်။ အများအားဖြင့် တောင်များနှင့် တောင်ကုန်းများရှိ။ ပြေပြစ်သော
ကုန်းစောင်း မြေပြန့်
မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း = ဂရိတ် အူဆူတူမြစ် ၂၁ m
အမြင့်ဆုံးအပိုင်း= အမ်လမ်ဘီ ၁၈၆၂ m
သဘာဝအရင်းအမြစ်။ ကျောက်ဂွမ်း၊ ကျောက်မီးသွေး၊ ရွှံ့စေး၊ ကက်ဆီတာရိုက်၊ သစ်တော၊
ရွှေနှင့် စိန်အနည်းငယ်၊ ဆောက်လုပ်ရေးသုံးကျောက်၊ ပေါင်ဒါမှုန့်
ထုတ်လုပ်ရာတွင်သုံးသော တဲ့လ် ကျောက်။
လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၁ ၃၃၇ ၁၈၆ ဦးရေ
လူဦးရေတိုးနှုန်း။ ၁.၃၀၇ % (၂၀၀၉)
မွေးဖွားနှုန်း။ ၂၈.၀၉/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း။ ၁၅.၀၃/၁၀၀၀ဦးရေ (၂၀၀၉)
ပျမ်းမျှအသက်။ ကျား = ၄၇.၈၅ နှစ်
မ = ၄၇.၈၅ နှစ်
စုစုပေါင်း = ၄၇.၈၅ နှစ် (၂၀၀၉)
လူမျိုး။ ဆွာဇီ
တိုင်းရင်းသားလူမျိုး။ အာဖရိကန် ၉၇ %၊ ဥရောပ ၃ %
ကိုးကွယ်မှု။ ဇိုင်ယွန်နစ် ၄၀ %၊ ရိုမန်ကက်သိုလစ် ၂၀ %၊ အခြား ၃၀ %
ဘာသာစကား။ အင်္ဂလိပ် ၊ ဆီဆွာတီ (ရုံးသုံး)
မြို့တော်။ အမ်ဘာဘိန်း (Mbabane)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites