Tuesday, 11 May 2010

Republic of Guatemala


၈၉။ဂွါတီမာလာ(Guatemala)
Republic of Guatemala

နောက်ခံသမိုင်းအကျဉ်း
ပထမ ထောင်စုနှစ်အတွင်း ဂွါတီမာလာ နှင့် ပတ်ဝန်းကျင်ဒေသများတွင် မာယာယဉ်ကျေးမှု ထွန်းကားခဲ့သည်။ စပိန် ကိုလိုနီ အဖြစ်နှစ်ပေါင်း သုံးရာသီနီးပါးကြာမြင့်ပြီးနောက် ၁၈၂၁ တွင် ဂွါတီမာလာ လွတ်လပ်ရေးရခဲ့သည်။ (၂၀) ရာစု ဒုတိယ ရာစုဝက်အတွင်း စစ်အစိုးရများနှင့် အရပ်ဘက် အစိုးရများ အုပ်ချုပ်ခဲ့ပြီး (၃၆) နှစ်ကြာသူပုန်ထမှုများကို တိုက်ခိုက်ခဲ့ရသည်။ ၁၉၉၆ တွင် ပဋိပက္ခများ အဆုံးသတ်သွားစေရန် အစိုးရနှင့်သူပုန်များ ငြိမ်းချမ်းရေးစာချုပ်လက်မှတ်ရေးထိုးခဲ့ကြသည်။ သို့သော် ပဋိပက္ခများအတွင်း လူပေါင်းတစ်သိန်းကျော် သေဆုံးခဲ့ရပြီး တစ်သန်းခန့်ဒုက္ခသည် ဖြစ်ခဲ့သည်။

ပထ၀ီ အနေအထား
တည်နေရာ
အမေရိက အလယ်ပိုင်း ။ မြောက်ပစိဖိတ် သမုဒ္ဒရာ နှင့် ထိစပ်။
အယ်ဆယ်ဗါဒေါ နှင့် မက္ကဆီကို နိုင်ငံများကြား။ဟွန်ဒူးရပ် ပင်လယ်ကွေ့ နှင့်ထိစပ်။
ဘရာဇီး နိုင်ငံများ ကြား။

ဧရိယာ
ကုန်းမြေ - 108,430 sq km
ရေ - 460 sq km
စုစုပေါင်း - 108,890 sq km

ထိစပ်နယ်မြေ
ဘယ်လစ်ဇီ - 266 km
အယ်ဆယ်ဗါဒေါ - 203 km
ဟွန်းဒူးရပ် - 256 km
မက္ကဆီကို - 962 km

ကမ်းရိုးတန်း
400 km

ရာသီဥတု
အပူပိုင်းဒေသ ၊ မြေနိမ့်ပိုင်းတွင်ပူပြင်းစိုစွတ်။ ကုန်းမြင့်ဒေသတွင် အအေးပို။

မြေမျက်နှာသွင်ပြင်
တောင်ပေါများ၍ကျဉ်းမြောင်းသော ကမ်းရိုးတန်းမြေပြန့်။
လှိုင်းထသော ထုံကျောက်မြေပြန့်လွင်ပြင်။

မျက်နှာပြင်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ပစိဖိတ်သမုဒ္ဒရာ - 0m
အမြင့်ဆုံးအပိုင်း ဗိုလ်ကန်တာဂျူမူကိုတောင် - 4,211 m

သဘာဝအရင်းအမြစ်
ရေနံ ၊ နီတယ် ၊ရှားပါးသစ် ၊ငါး ၊ ပီကေကော်စေး ၊ ရေးအားလျှပ်စစ်။

လူ့အရင်းအမြစ်
လူဦးရေ 13,002,206 (2008)
လူဦးရေတိုးနှုန်း 2.11 % (2008)
မွေးဖွားနှုန်း 28.55 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 5.19 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 68.22 နှစ်
မ - 71.86 နှစ်
စုစုပေါင်း - 69.99 နှစ် (2008)

လူမျိုး
ဂွါတာမာလန်

တိုင်းရင်းသားလူမျိုး
မက္ကဆီကို နှင့် ဥရောပ - 59.4 %
ကေအိခ်ျ - 18.4 %
မမ် - 7.9 %
ကျူအက်ချီ - 6.3 %
မာယာ - 8.6 %
မာယာမဟုတ်သာဒေသခံတိုင်းရင်းသား - 0.2 %
အခြား - 0.1 %

ကိုးကွယ်မှု
ရိုမန်ကက်သလစ် ၊ပရိုတက်စတင့် ၊တိုင်းရင်းသားရိုးရာ ၊
မာယာယုံကြည်ကိုကွယ်မှုများ။

ဘာသာစကား
စပိန် - 60 %
အမေရင်ဒီးယန်း - 40 %

မြို့တော်
ဂွါတာမာလာ (Guatemala)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites