နောက်ခံသမိုင်းအကျဉ်း။ ။
ပထမကမ္ဘာစစ်ပြီးနောက် ယခင်အော်တိုမန်အင်ပါယာဖြစ်သော ဆီးရီးယားမြောက် ဘက်ခြမ်းပြည်နယ် ကို ပြင်သစ်တို့ အုပ်ချုပ်ခွင့်ရခဲ့သည်။ အဆိုပါနယ်မြေကို ပြင်သစ်တို့က ၁၉၄၆ ခုနှစ်အထိအုပ်ချုပ်ပြီးနောက်လွတ်လပ်ရေးပေးခဲ့သည်။ လွတ်လပ်ရေး ပထမဆယ်စုနှစ် အတွင်း စစ်တပ်မှ အကြိမ်ကြိမ်အာဏာသိမ်းခဲ့ပြီး နိုင်ငံရေးမတည်ငြိမ်ခဲ့ပေ။ ၁၉၅၈ ဖေဖေါ်ဝါရီလ တွင် ဆီးရီး ယားတို့အီဂျစ်နှင့်ပေါင်း၍ပြည်ထောင်စုအာရပ်သမ္မတ နိုင်ငံ တည် ထောင်ခဲ့သည်။ ၁၉၆၁ စက်တင်ဘာလတွင် နှစ်ပြည်ထောင် ကွဲသွားပြီး ဆီးရီးယားက ဆီးရီးယားအာရပ်သမ္မတ နိုင်ငံပြန်လည်တည်ထောင်ခဲ့သည်။ ၁၉၇၀ နိုဝင်ဘာလတွင် လူနည်းစု အယ်လာဝိုက် အုပ်စု ( Alawite sect)နှင့် ဆိုရှယ်လစ်ဘာ့သ် ပါတီ (Ba’th) ပါတီဝင် ဟာဖစ်ဇ် အယ်လ်အာဆက် (Hafiz al-Asad) က သွေးမြေမကျအာဏာသိမ်းခဲ့ပြီး နိုင်ငံရေး တည်ငြိမ်အောင်ဆောင်ရွက်ခဲ့သည်။ ၁၉၆၇ အစ္စရေး-ဆီးရီးယား စစ်ပွဲပြီးနောက် ဂိုလန်ဟိုက် (Golan Hights)နယ်ကို အစ္စရေးထံပေးအပ်ခဲ့ရသည်။ ၁၉၉၀ နှစ်များအတွင်း ၎င်းဒေသပြန် လည်ပေးအပ်ရေးအတွက် အစ္စရေးနှင့်ဆီးရီးယားတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်ခဲ့ကြ သည်။ သမ္မတ အယ်လ် အာဆက် သေဆုံးပြီးနောက် ၎င်း၏သားဖြစ်သူ ဘာရှားအယ်အာဆက် (Bashar al-Asad) ကို ၂၀၀၀ ဇူလိုင်လ လူထုဆန္ဒခံယူပွဲရလဒ်အရ အများသဘောတူ သမ္မတတင်မြှောက်ခဲ့သည်။ ၁၉၇၆ ခုနှစ်ကတည်းက လက်ဘနွန်တွင် တပ် စွဲထားသော ဆီးရီးယားစစ်တပ်ကို ၂၀၀၅ ဧပြီလတွင် ပြန်လည်ဆုတ်ခွါပေးခဲ့သည်။ ၂၀၀၆ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လအတွင်း အစ္စရေးနှင့် ဟဇ်ဘိုလာတို့ပဋိပက္ခဖြစ်ပွားရာ ဆီးရီးယား က ၎င်း၏စစ်တပ်များကို တပ်လှန့်ထားသော်လည်း မဟာမိတ်ဖြစ်သော ဟဇ်ဘိုလာဘက်မှ တိုက်ရိုက်ပါဝင်ကူညီခြင်းမပြုခဲ့ပေ။ ၂၀၀၇ မေလတွင် အယ်လ်အာဆက် ကို ၎င်း၏ဒုတိယ သမ္မတသက်တမ်းအဖြစ် ပြန်လည်ရွေးကောက်တင်မြှောက်ခဲ့ကြသည်။
ပထဝီအနေအထား။ ။
တည်နေရာ။ အရှေ့အလယ်ပိုင်း။ မြေထဲပင်လယ်နှင့်ထိစပ်။ လက်ဘနွန်နှင့် တူရကီနိုင်ငံတို့
ကြား။
မြေပုံအညွှန်း။ အရှေ့အလယ်ပိုင်း။
ဧရိယာ။ ကုန်းမြေ = ၁၈၃ ၆၃၀ sq km
ရေ = ၁ ၅၅၀ sq km
စုစုပေါင်း = ၁၈၅ ၁၈၀ sq km
ထိစပ်နယ်မြေ။ အီရတ် ၆၀၅ km၊ အစ္စရေး ၇၆ km၊ ဂျော်ဒန် ၃၇၅ km၊ လက်ဘနွန် ၃၇၅ km
တူရကီ ၈၂၂ km
ကမ်းရိုးတန်း။ ၁၉၃ km
ရာသီဥတု။ အများအားဖြင့် သဲကန္တာရ။ ပူ၍ခြောက်သွေ့သော နွေရာသီ(ဇွန်လမှ သြဂုတ်လ)
ကမ်းရိုးတန်းတစ်လျောက် မိုးရွာလေ့ရှိသော ဆောင်းရာသီ(ဒီဇင်ဘာလမှ ဖေဖေါ်
ဝါရီလ)။ ဒမတ်စကတ်တွင် အချိန်အပိုင်းအခြားအလိုက်နှင်းခဲကျလေ့ရှိသော
အေးသောရာသီဥတုရှိ။
မြေမျက်နှာသွင်ပြင်။ မိုးအတန်အသင့်ခေါင်သော ကန္တာရဆန်သော ကုန်းမြင့်လွင်ပြင်။
ကျဉ်းမြောင်းသော ကမ်းရိုးတန်း လွင်ပြင်။ အနောက်ဘက်တွင်
တောင်များရှိ။
မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ တိုက်ဘာရီးယက်စ် ရေကန်အနီးရှိ နေရာတစ်ခု = - ၂၀၀ m
အမြင့်ဆုံးအပိုင်း။ ဟာမွန်တောင် = ၂၈၁၄ m
သဘာဝအရင်းအမြစ်။ ရေနံ၊ ဖေါ့စဖိတ်၊ ခရုမ်း နှင့် မန်ဂနိရိုင်း၊ အက်စဖက်၊ သံရိုင်း၊
ကျောက်ဆား၊ စကျင်ကျောက်၊ ဂျစ်ပဆမ်ကျောက်၊ ရေအား
လျှပ်စစ်။
လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၂၁ ၇၆၂ ၉၇၈ ဦးရေ
လူဦးရေများပြားမှုကမ္ဘာအဆင့် = ၅၂
လူဦးရေတိုးနှုန်း။ ၂.၀၀၆ % (၂၀၀၉)
မွေးဖွားနှုန်း။ ၂၅/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း။ ၃.၇၂/၁၀၀၀ ဦးရေ (၂၀၀၉)
ပျမ်းမျှအသက်။ ကျား = ၇၁.၈၇ နှစ်
မ = ၇၆.၇ နှစ်
စုစုပေါင်း = ၇၄.၂၂ နှစ် (၂၀၀၉)
လူမျိုး။ ဆီးရီးယန်း
တိုင်းရင်းသားလူမျိုး။ အာရပ် ၉၀.၃ %။ ကာ့ဒ်။ အာမေးနီးယန်း။ အခြား ၉.၇ %
ကိုးကွယ်မှု။ ဆွန်နီမွတ်စလင် ၇၄ %
မွတ်စလင် ၁၆ %
ခရစ်ယာန် ၁၀ %
ဂျူး
ဘာသာစကား။ အာရပ် (ရုံးသုံး)၊ ကာဒစ်၊ အာမေးနီးယန်း၊ အာရာမိုက်၊ ဆာကက်ရှန်း
မြို့တော်။ ဒမတ်စကတ် (Damadcus)



0 comments:
Post a Comment