Tuesday, 11 May 2010

Heard Islands and Mc Donal Islands


၉၅။ဟာ့ဒ်ကျွန်းနှင့် မက်ဒေါ်နယ်ကျွန်းများ(Heard Islands and Mc Donal Islands)
ဩစတြေးလျ ပိုင်နက် (Territeny of Australia)

နောက်ခံသမိုင်းအကျဉ်း
အန္တာတိကအနီး အဆိုပါလူသူနေထိုင်ခြင်းမရှိသော ကျက်တီးမြေကျွန်းများကို ၁၉၄၇ တွင် ဗြိတိန်က ဩစတြေးလျသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ပင်လယ်ဖျံနှင့် ငှက်မျိုးစုံများပေါကြွယ်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ကို ထိန်းသိမ်းရေးနယ်မြေ အဖြစ်သတ်မှတ်ထားသည်။

ပထ၀ီ အနေအထား
တည်နေရာ
အိန္ဒိယသမုဒ္ဒရာ ။ မာဒါကာစကာမှ အန္တာတိက သို့အသွား ခရီးသုံးပုံနှစ်ပုံခန့်တွင်တည်ရှိ။

မြေပုံအညွှန်း
အန္တာတိက ဒေသ။

ဧရိယာ
ကုန်းမြေ - 412 sq km
ရေ - 0 sq km
စုစုပေါင်း - 412 sq km

ထိစပ်နယ်မြေ
မရှိ ။

ကမ်းရိုးတန်း
101.9 km

ရာသီဥတု
အန္တာတိက ရာသီဥတု ။

မြေမျက်နှာသွင်ပြင်
ဟာ့ဒ် ကျွန်း - 80 % ခန့် ရေခဲလွှမ်း။ ကွင်းပြောင်များနှင့် တောင်များ။
(Big Ben) ဘစ်ဘင်း တောင်ထုကြီးတစ်ခု နှင့် (Mawson Peak) မော်ဆွန် မီးတောင် တစ်ခုရှိ။မက်ဒေါ်နယ် ကျွန်းများ - သေးငယ်၍ ကျောက်ဆောင်ပေါများ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အိန္ဒိယသမုဒ္ဒရာ - 0 m
အမြင့်ဆုံးအပိုင်း ဘစ်ဘင်တောင်ထုပေါ်ရှိ မော်ဆွန် မီးတောင်ထွဋ် - 2,745 m

သဘာဝအရင်းအမြစ်
ငါး ။

လူ့အရင်းအမြစ်
မရှိ ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites