Monday, 10 May 2010

Republic of Iceland


၁၀၀။အိုက်စလန်(Iceland)
Republic of Iceland
နောက်ခံသမိုင်းအကျဉ်း
(၉) ရာစု နှောင်းပိုင်း နှင့် (၁၀) ရာစု များအတွင်း နော်ဝေ နှင့် ဆဲလ်တစ် (စကော့တစ် နှင့် အိုင်းရစ်) လူမျိုးများ ၀င်ရောက်အခြေချနေထိုင်ခဲ့ကြသည်။ ၉၃၀ ခုနှစ်တွင် ကမ္ဘာ့အစေားဆုံး အောက် လွှတ်တော် ညီလာခံ(the Althing) ကျင်းပခဲ့သည်။ နှစ်ပေါင်း ၃၀၀ ကျော် လွတ်လပ်သော နိုင်ငံအဖြစ်ရပ်တည်ခဲ့ပြီး နော်ဝေ နှင့် ဒိန်းမတ်တို့၏အုပ်စိုးမှုခံခဲ့ရသည်။ ၁၈၇၅ တွင် အက်ခရာ မီးတောင်ပေါက်ကွဲမှုကြောင့် စီးပွားရေး အကြီးအကျယ် ကျဆင်းခဲ့ပြီး ငတ်မှု ဒဏ်ခံစားရသည်။ နောက်ထပ် ၂၅ နှစ်ကြာသည်အထိ အိုက်စလန်တို့ ကနေဒါ နှင့် အမေရိကသို့ပြောင်းရွှေ့ အခြေချ ခဲ့ကြသည်။ ၁၈၇၄ တွင် ဒိန်းမတ်ကကန့်သတ် ဟုမ္မရူးပေးခဲ့ပြီး ၁၉၄၄ တွင်လုံးဝ လွတ်လပ်ရေး ပေးခဲ့သည်။စာပေတက်မြောက်မှု ၊ပျှမ်မျှသက်တမ်း ၊လူထုစည်းလုံးမှု ကဏ္ဍများတွင် ကမ္ဘာ့ အဆင့်မီ နိုင်ငံတစ်နိုင်ငံဖြစ်၏။

ပထ၀ီ အနေအထား
တည်နေရာ
မြောက်ပိုင်းဥရောပ ။ ဂရင်းလန်းပင်လယ်နှင့် မြောက်အတ္တလန္တိတ်သမုဒ္ဒရာကြား။
ဗြိတိန် နိုင်ငံ၏ အနောက်မြောက်ဘက်။

ဧရိယာ
ကုန်းမြေ - 100,250 sq km
ရေ - 2,750 sq km
စုစုပေါင်း - 103,000 sq km

ထိစပ်နယ်မြေ
မရှိ

ကမ်းရိုးတန်း
4,970 km

ရာသီဥတု
အပူအအေးမျှ။ မြောက်အတ္တလန္တိတ်သမုဒ္ဒရာစီးကြောင်း၏ပြုပြင်မှုကြောင့် သမ
မျှတသောရာသီဥတုရှိ။ လေထန်သော၍သင့်သင့်သောဆောင်းရာသီ။
မှုန်မှိုင်းအေးမြသော နွေရာသီ။

မြေမျက်နှာသွင်ပြင်
ပြန့်ပြူးသော မြေပြန့်တွင်တောင်များ ရေခဲပြင်များ ပြန့်ကျဲတည်ရှိ။ ကမ်းရိုးတန်း
တစ်လျောက်အတွင်းဘက်သို့နက်ရှိုင်းစွာတိုးဝင်ရေလက်ကြားများပင်လယ်ကွေ့မျာရှိ။

သဘာဝအရင်းအမြစ်
ငါး၊ရေအားလျှပ်စစ် ၊ သဘာဝဘူမိအပူစွမ်းအင်၊ဒိုင်ယာတိုမိုက်ကျောက်။

လူ့အရင်းအမြစ်
လူဦးရေ 304,367 (2008)
လူဦးရေတိုးနှုန်း 0.783 % (2008)
မွေးဖွားနှုန်း 13.5 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 6.81 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 78.42 နှစ်
မ - 82.76 နှစ်
စုစုပေါင်း - 80.55 နှစ် (2008)

လူမျိုး
အိုက်စလန်

တိုင်းရင်းသားလူမျိုး
နော့(စ်) နှင့် ဆဲယ့်လူမျိုးများမှ
ဆင်းသက်မျိုးဆက် - 94 %
နိုင်ငံခြားသား - 6 %

ကိုးကွယ်မှု
အိုက်စလန်စကား အင်္ဂလိပ် ၊ နော်ဒစ် ၊ ဂျာမန်။

မြို့တော်
ရေစ့်ယာဗစ် (Rey Kjavik)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites