နောက်ခံသမိုင်းအကျဉ်း။ ။
၁၇ ရာစုအတွင်းက စစ်အင်အားကြီးဖြစ်ခဲ့သောဆွီဒင်သည် နောက်ရာစုနှစ် နှစ်စုနီးပါး ခန့်မည်သည့်စစ်ပွဲတွင်မျှပါဝင်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့်ကမ္ဘာစစ်ကြီးနှစ်ခုလုံးတွင်ကြားနေနိုင်ငံ အဖြစ် ထိခိုက်ဆုံးရှူံးမှုမရှိခဲ့ပေ။ ဆွီဒင်၏ အချိန်ကာလကြာမြင့်စွာအောင်မြင်လာခဲ့သောအရင်း ရှင်စီးပွားရေးစံနစ်သည် ၁၉၉၉ ခုနှစ်များတွင် အလုပ်လက်မဲ့နှုန်းမြင့်မားခြင်း၊ ၂၀၀၀-၀၂ နှင့် ၂၀၀၉ ခုနှစ်များတွင် ကမ္ဘာ့စီးပွားရေးကျဆင်းမှုများကြောင့် စီးပွားရေးလုပ်ငန်းအတော်များများ အခက်အခဲတွေ့ရပြီး အကြပ်အတည်းဆိုက်ခဲ့သည်။ သို့သော် လွန်ခဲ့သောနှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့သော အတွေ့အကြုံများအရ နိုင်ငံ၏စီးပွားရေးကို အခြေအနေနှင့်လိုက်လျော ညီထွေအောင် အပြောင်းအလဲများပြုလုပ်ဲနိုင်ခဲ့သည်။ ၁၉၉၅ တွင် ဥရောပသမဂ္ဂသို့ဝင်ရောင် ခဲ့သော်လည်း ယူရိုငွေကြေးသုံးစွဲရန် ၂၀၀၃ ခုနှစ်တွင် လူထုဆန္ဒခံယူပွဲကျင်းပခဲ့ရာ လူထုက ကန့်ကွက်မဲပေးခဲ့ကြသည်။
ပထဝီအနေအထား။ ။
တည်နေရာ။ ဥရောပမြောက်ပိုင်း၊ ဘောလ်တစ်ပင်လယ်၊ ဘို့နီးယားပင်လယ်ကွေ့၊ ကက်တီ
ဂတ်၊ စကက်ဂါရက် တို့နှင့်ထိစပ်။ ဖင်လန်၊ နော်ဝေ နိုင်ငံတို့နှင့်ထိစပ်
မြေပုံအညွှန်း။ ဥရောပ
ဧရိယာ။ ကုန်းမြေ = ၄၁၀ ၃၃၅ sq km
ရေ = ၃၉ ၉၆၀ sq km
စုစုပေါင်း = ၄၅၀ ၂၉၅ sq km
ထိစပ်နယ်မြေ။ ဖင်လန် ၆၁၄ km၊ နော်ဝေ ၁၆၁၉ km
ကမ်းရိုးတန်း။ ၃ ၂၁၈ km
ရာသီဥတု။ တောင်ပိုင်းတွင် ဆောင်းရာသီ၌ တိမ်ထူအေးမြပြီး နွေရာသီတွင် တိမ်အနည်းငယ်
ရှိပြီး မြောက်ပိုင်းတွင် အာတိတ်အောက်ပိုင်းဒေသရာသီဥတုမျိုးရှိ။
မြေမျက်နှာသွင်ပြင်။ အများအားဖြင့် လှိုင်းအနည်းငယ်ထသော မြေနိမ့်။ အနောက်ဘက်တွင်
တောင်များရှိ
မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ ခရစ္စတိန်းစတာ့ အနီးရှိ ဟမ္မာရှန် ရေအိုင် = -၂.၄ m
အမြင့်ဆုံးအပိုင်း။ ခက်ဘနီကိုက်စ် ၂၁၁၁ m
သဘာဝအရင်းအမြစ်။ သံရိုင်း၊ ကြေးနီ၊ ခဲ၊ သွပ်၊ ငွေ၊ အဖြိုက်နက်၊ ယူရေနီယံ၊ အာဆန်နစ်၊
မျောကျောက်၊ သစ်၊ ရေအားလျှပ်စစ်
လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၉ ၀၅၉ ၆၅၁ ဦးရေ (၂၀၀၉)
လူဦးရေများပြားမှု ကမ္ဘာ့အဆင့် = ၈၈
လူဦးရေတိုးနှုန်း။ ၀.၁၅၈ % (၂၀၀၉)
မွေးဖွားနှုန်း။ ၁၀.၁၃/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း။ ၁၀.၂၁/၁၀၀၀ ဦး/ရေ (၂၀၀၉)
ပျမ်းမျှအသက်။ ကျား = ၇၈.၅၉ နှစ်
မ = ၈၃.၂၆ နှစ်
စုစုပေါင်း = ၈၀.၈၆ နှစ် (၂၀၀၉)
လူမျိုး။ ဆွီဒစ်ရှ်
တိုင်းရင်းသားလူမျိုး။ ဖင်လန်၊ ယူဂိုဆလပ်၊ ဒိန်းမတ်၊ နော်ဝေဂျီယန်၊ ဂရိ၊ တာ့ခ်
ကိုးကွယ်မှု။ လူသီယန် ၈၇ % ၊ အခြား ၁၄ %
ဘာသာစကား။ ဆွီဒစ်ရှ်၊ ဆာမီနှင့် ဖင်လန်စကားပြော လူမျိုးအနည်းငယ်။
မြို့တော်။ စတော့လ်ခ်ဟုမ်း (Stockholm)



0 comments:
Post a Comment