Tuesday, 11 May 2010

Guam


၈၈။ဂူအမ်
(Guam)
နောက်ခံသမိုင်း အကျဉ်း
၁၈၉၈ တွင် ဂူအမ်ကို စပိန်မှအမေရိကန်ပြည်ထောင်စုသို့ လွှဲပြောင်းပေးခဲ့ရသည်။ ၁၉၄၁ တွင် ဂျပန်က သိမ်းပိုက်ခဲ့ပြီး နောက်သုံးနှစ် အကြာတွင် အမေရိကန်က ပြန်လည်ရယူခဲ့သည်။ ကျွန်းပေါ်တွင် စစ်စခန်းကားရှိကာ ပစိဖိတ်ဒေသတွင် နည်းဗျူဟာအရ အရေးပါသော စစ်အခြေစိုက် စခန်းတစ်ခုဖြစ်သည်။


ပထ၀ီ အနေအထား
တည်နေရာ
အိုးရှင်းနီးယား။ မြောက်းပစိဖိတ် သမုဒ္ဒရာ အတွင်းရှိကျွန်း ။ ဟာဂိုင်အီ မှဖီလစ်ပိုင်သို့အသွားခရီး
လေးပုံ သုံးပုံခန့်တွင်ရှိ။

မြေပုံအညွှန်း
အိုးရှင်းနီးယား

ဧရိယာ
ကုန်းမြေ - 5413 sq km
ရေ - 0 sq km
စုစုပေါင်း - 5413 sq km

ထိစပ်နယ်မြေ
0 km

ကမ်းရိုးတန်း
125.5 km

ရာသီဥတု
အပူပိုင်းပင်လယ် ၊ ယေဘုယျအားဖြင့် နွေးထွေး၍စိုထိုင်း အရှေ့မြောက်ကုန်သည်လေ တိုက်ခတ်မှုကြောင့် သမမျှတသော ရာသီဥတုရှိ။ ဇန်န၀ါရီလ မှ ဇွန်လ အထိခြောက်သွေ့ရာသီ ။ဂျူလိုင်လမှဒီဇင်ဘာလအထိမိုးရာသီ။ ရာသီလိုက် အပူချိန် အနည်းငယ်ပြောင်းလဲမှုရှိ။

မြေမျက်နှာသွင်ပြင်
မီးတောင်ကျွန်းသန္တာကျောက်တန်းများဖြင့်ဝန်းရံ၊ ပြန့်ပြူးညီညာသောသန္တာထုံးကျောက်လွင်ပြင်ရှိ။ မြောက်ဘက်တွင် မတ်စောက်သော ကမ်းရိုးတန်းကျောက်ကမ်းပါးများနှင့်ကျဉ်းမြောင်သောကမ်းရိုးတန်း
လွင်ပြင်များရှိ။အလယ်ပိုင်းတွင်တောင်ကုန်းနိမ့်များရှိ၍ တောင်ပိုင်းတွင်တောင်များရှိ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ပစိဖိတ် သမုဒ္ဒရာ - 0 m
အမြင့်ဆုံးအပိုင်း လမ်းလမ်းတောင် - 406 m

သဘာဝအရင်းအမြစ်
သဘာဝရေသတ္တ၀ါများ (ခရီးသွားလုပ်ငန်း) ငါးဖမ်းလုပ်ငန်း။

လူ့အရင်းအမြစ်
လူဦးရေ 175,877 (2008)
လူဦးရေတိုးနှုန်း 1.373 % (2008)
မွေးဖွားနှုန်း 18.37 / 1000 ဦးရေ
သေဆုံးနှုန်း 4.65 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 75.86 နှစ်
မ - 81.19 နှစ်
စုစုပေါင်း - 78.93 နှစ် (2008)

လူမျိုး
ဂူအမ်မန်နီယန်း

တိုင်းရင်းသားလူမျိုး
ချမ်မိုရို - 37.1 %
ဖိလိပိုင် - 26.3 %
အခြားပစိဖိတ်ကျွန်းသား - 11.3 %
လူဖြူ - 6.9 %
အခြားအာရှသား - 6.3 %
အခြားဒေသခံတိုင်းရင်းသားမျိုးနွယ်စု - 2.3 %
သွေးနှော - 9.8 %

ကိုးကွယ်မှု
ရိုမန်ကက်သလစ် - 85 % ၊ အခြား - 15 %

ဘာသာစကား
အင်္ဂလိပ် - 38.3%၊ ချမ်မိုရို - 22.2 % ၊ဖိလိပိုင် - 22.2 %
အခြားပစိဖိတ်ကျွန်းစကားများ - 6.8 % ၊
အာရှစကားများ - 7 %
အခြားဘာသာစကားများ - 3.5 %

မြို့တော်
ဟာဂက်နာ (အဂ္ဂါနာ) Hagatna ( Agana)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites