Tuesday, 4 May 2010

Republic of Korea


၁၁၈။တောင်ကိုရီးယား(South Korea)
Republic of Korea
နောက်ခံသမိုင်းအကျဉ်း
လွတ်လပ်သော ကိုရီးယားနိုင်ငံအဖြစ် ထောင်စုနှစ်ပေါင်းများစွာကြာအောင် တည်ရှိခဲ့သည်။ (၇)ရာစုတွင် ပေါင်းစည်းခဲ့သော ယခင်ကိုးရီးယားနိုင်ငံတော်သုံးခုသည် (၂၀)ရာစုအထိနိုင်ငံတစ်နိုင်ငံတည်းအဖြစ် ပေါင်းစည်းတည်ရှိခဲ့သည်။ ၁၉၀၅ ခုနှစ် ကိုရီးယား ဂျပန်စစ်ပွဲပြီးနောက် ဂျပန်ဩဇာခံနိုင်ငံဖြစ်လာပြီး ၁၉၁၀ တွင် ကိုလိုနီအဖြစ် သိမ်းပိုက်ခြင်းခံခဲ့ရသည်။ ၁၉၄၅ တွင် ဂျပန်တို့ အမေရိကန်ကိုစစ်ရှုံးသောအခါ လွတ်လပ်ရေးပြန်လည် ရရှိခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် ကိုရီးယား သမ္မတနိုင်ငံ (Republic of Korea – ROK) ကိုရီးယားကျွန်းဆွယ်၏ တောင်ဘက်အခြမ်းတွင်ပေါ်ပေါက်လာခဲ့ပြီး မြောက်ဘက်အခြမ်းတွင် ကွန်မြူနစ်အစိုးရ (DORK) ပေါ်ပေါက်လာခဲ့သည်။ ၁၉၅၉ - ၅၃ ကိုရီးယားစစ်ပွဲအတွင်း အမေရိကန်နှင့် ကုလသမဂ္ဂတပ်များက (ROK) ဘက်မှ တောင်ကိုရီးယားကို ကာကွယ်တိုက်ခိုက်ပေးခဲ့ပြီး တရုတ်နှင့်ဆိုဗီယက်တို့က (DPRK) ကိုထောက်ပံ့ပေးခဲ့ကြသည်။ ၁၉၅၃ တွင် အပစ်အခတ်ရပ်ဆဲရေး စာချုပ်ချုပ်ဆိုခဲ့သည်။ ၃၈ လတ္တီတွဒ်ခန့်တွင် စစ်မဲ့ဇုံထား၍ ကိုရီးယားကျွန်းဆွယ်ကို ပိုင်းခြားထားခဲ့သည်။ ထို့နောက်ပိုင်းတွင် တောင်ကိုရီးယားသည် စီးပွားရေးလျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး တစ်ဦးချင်းဝင်ငွေ တစ်ဆင့်တွင် မြောက်ကိုရီးယားထက် (၁၄) ဆ သာလွန်ခဲ့သည်။ ၃၂ နှစ်ကြာစစ်အုပ်ချုပ်ရေးပြီးနောက် ၁၉၉၃ တွင် တောင်ကိုရီးယာ၏ ပထမဆုံး အရပ်သား သမ္မတအဖြစ် ကင်ရောင်ဆစ် (Kim Young Sam) ဖြစ်လာခဲ့သည်။ ယခုအခါ ခေတ်မှီ၍ ဒီမိုကရေစီ အပြည့်အ၀ထွန်းကားသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာသည်။ ၂၀၀၀ ဇွန်လတွင် သမိုင်းတွင် ပထမဦးဆုံးအကြိမ်အဖြစ် တောင် နှင့် မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ ကျင်းပ၍ တောင်ကိုရီးယား သမ္မတ ကင်ဒေးယုံ (Kim Dae Jung) နှင့် မြောက်ကိုရီယား သမ္မတ ကင်ဂျုံအီ (Kim Jing Il) တို့ တွေ့ဆုံခဲ့ကြသည်။ ၂၀၀၇ ခုနှစ်အောက်တိုဘာလတွင် ဒုတိယ အကြိမ်မြောက် တွေ့ဆုံမှုအဖြစ် တောင်ကိုရီးယား သမ္မတ ရိုးမူးဟွန် (Roh Moo hyun) နှင့် မြောက်ကိုရီးယား ခေါင်းဆောင် တို့ တွေ့ဆုံခဲ့ကြသည်။၂၀၀၈ ဖေဖေါ်ဝါရီတွင် သမ္မတ လီမြောင်ဘက် (Lee Myung bak) တက်လာပြီးနောက် မြောက်ကိုရီးယား၏ ပြင်းထန်သော စကားလုံးထိုးနှက်မှုများနှင့် မနှစ်မြို့မှုများကြောင့် တောင်နှင့်မြောက်ကိုရီးယားဆက်ဆံရေးခပ်တန်းတန်း ဖြစ်လျက်ရှိ၏။

ပထ၀ီ အနေအထား
တည်နေရာ
အရှေ့အာရှ ။ကိုးရီးယားကျွန်းဆွယ်တောင်ပိုင်း။ ဂျပန်ပင်လယ်နှင့်ပင်လယ်ဝါကြား။

မြေပုံအညွှန်း
အာရှ ။

ဧရိယာ
ကုန်းမြေ - 98,190 sq km
ရေ - 290 sq km
စုစုပေါင်း - 98,480 sq km

ထိစပ်နယ်မြေ
မြောက်ကိုရီးယား - 238 km

ကမ်းရိုးတန်း
2,413 km

ရာသီဥတု
အပူအအေးမျှတ ။ နွေရာသီတွင် မိုးရာသီထက် မိုးပိုမို။

မြေမျက်နှာသွင်ပြင်
အများအားဖြင့် တောင်ကုန်းများ တောင်တန်းများ အနောက်ဘက်နှင့်တောင်ဘက်တွင် ကျယ်ပြန့်သော ကမ်းရိုးတန်းလွင်ပြင်များ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ဂျပန်ပင်လယ် - 0 m
အမြင့်ဆုံးအပိုင်း ဟာလာ - ဆန် - 1950 m

သဘာဝအရင်းအမြစ်
ကျောက်မီးသွေး ၊ အဖြိုက်နက်၊ ဂရပ်ဖိုက်ခဲနက်၊ မော်လစ်ဘဒီနမ်၊ခဲ၊လျှပ်စစ်ဓါတ်ထုတ်ယူနိုင်ဖွယ်ရေအရင်းအမြစ်။

လူ့အရင်းအမြစ်
လူဦးရေ 48,508,972 (2009)
လူဦးရေတိုးနှုန်း 0.266 % (2009)
မွေးဖွားနှုန်း 9.09 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 5.73 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 75.45 နှစ်
မ - 82.22 နှစ်
စုစုပေါင်း - 78.72 နှစ် (2009)

လူမျိုး
ကိုရီးယား

တိုင်းရင်းသားလူမျိုး
မရှိ

ဘာသာစကား
ကိုရီးယား

ကိုးကွယ်မှု
ခရစ်ယာန် - 26.3%
ဗုဒ္ဓဘာသာ - 23.2 %
အခြား(သို့) အမည်မသိ - 1.3 %
ဘာသာမဲ့ - 49.3 %

မြို့တော်
ဆိုးလ် (Seoul)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites