Friday, 19 March 2010

Kingdom of Lesotho


၁၂၅။ လက်ဆိုသို(Lesotho)
Kingdom of Lesotho
နောက်ခံသမိုင်းအကျဉ်း
၁၉၆၆ တွင် ဗြိတိန်ထံမှ လွတ်လပ်ရေးရသောအခါ ဘက်ဆူတိုလန် (Basutoland) အမည်မှ လက်ဆိုသိုအမည်သို့ ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ လွတ်လပ်ရေးရပြီး ပထမနှစ် နှစ်ဆယ်အကြာ ဘက်ဆူတို အမျိုးသားပါတီမှအုပ်ချုပ်ခဲ့သည်။ ၁၉၉၀ တွင် ဘုရင်မိုးရှုးရှုး (Moshoeshoe) ကို တိုင်းပြည်နှင်ဒဏ်ပေးခဲ့သည်။ သို့သော် ၁၉၉၂တွင် ပြန်လည်ရောက်ရှိလာပြီး ၁၉၉၅ တွင် မူလဘုရင်နေရာ ပြန်လည်ရယူခဲ့သည်။ ခုနစ်နှစ်ကြာ စစ်အုပ်ချုပ်ရေး ပြီးနောက် ၁၉၉၃ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီအစိုးရတစ်ရပ်ပြန်လည်တည်မြောက်ခဲ့သည်။ ၁၉၉၈ တွင် အငြင်းပွားဖွယ် ရွေးကောက်ပွဲပြီးနောက် ပြင်းထန်သော ဆန္ဒပြမှုများ နှင့်တပ်တွင်းပုန်ကန်မှုများ ပေါ်ပေါက်လာခဲ့ပြီးအာဖရိက တောင်ပိုင်း ဖွံ့ဖြိုးရေး အဖွဲ့အစည်း (Southern African Developnent community) ၏ ဦးစီးဦးဆောင်မှုဖြင့် တောင်အာဖရိကနှင့် ဘော့ဆွာနာ နိုင်ငံများကြားဝင်မှုကြောင့် သွေးမြေကျခဲ့သည်။ ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ပြင်ဆင်ခဲ့ပြီး နိုင်ငံရေးအခြေအနေ အတော်အတန် တည်ငြိမ်ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ပါလီမန်ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာပြုလုပ်နိုင်ခဲ့သည်။ သို့သော် ၂၀၀၇ ဖေဖေါ်ဝါရီလ အမျိုးသားညီလာခံ ရွေးကောက်ပွဲတွင် ပါတီများအပြင်းအထန် ပြိုင်ဆိုင်ကြပြီး ရွေးကောက်ပွဲရလဒ်ကို မကျေနပ်သောပါတီများမှ ဆန္ဒပြမှုများပေါ်ပေါက်လာခဲ့သည်။

ပထ၀ီ အနေအထား
တည်နေရာ
တောင်အာဖရိက ။ တောင်အာဖရိကနိုင်ငံမှ ၀န်းရံထား။

မြေပုံအညွှန်း
အာဖရိက။

ဧရိယာ
ကုန်းမြေ - 30,355 sq km
ရေ - 0 sq km
စုစုပေါင်း - 30,355 sq km]

ထိစပ်နယ်မြေ
တောင်အာဖရိက - 909 km

ကမ်းရိုးတန်း
မရှိ (ကုန်းတွင်းပိတ်)

ရာသီဥတု
အပူအအေးမျှတ ။ အေး၍ခြောက်သွေ့သောဆောင်းရာသီ။ ပူ၍စိုစွတ်သော နွေရာသီ။

မြေမျက်နှာသွင်ပြင်
ကုန်းမြင့်လွင်ပြင်များ တောင်ကုန်းတောင်တန်းများ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အောရိန်းမြစ် နှင့် မက္ခာလန်းမြစ်ဆုံ - 14,00 m
အမြင့်ဆုံးအပိုင်း သာဘာနာ နတ္တလန်ယာနာ - 3,482 m

သဘာဝအရင်းအမြစ်
ရေ ၊ စိုက်ပျိုးမြေ နှင့် စားကျက်မြေ ၊ စိန် ၊ သဲ ၊ ရွှံ့စေး ၊ အိမ်ဆောင်ကျောက်။

လူ့အရင်းအမြစ်
လူဦးရေ 2,130,819 (2009)
လူဦးရေတိုးနှုန်း 0.116 % (2009)
မွေးဖွားနှုန်း 24.41 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 22.33 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 41.18 နှစ်
မ - 39.54 နှစ်
စုစုပေါင်း - 40.38 နှစ် (2009)
HIV / AIDS
ကူးစက်နှုန်း 23.2 % - (2007)
HAV / AIDS
ဝေဒနာရှင် 270,000 - (2007)
HIV / AIDS
သေဆုံးမှု 18,000 - (2007)

လူမျိုး
မိုဘိုသို

တိုင်းရင်းသားလူမျိုး
ဘိုသို - 99.7 %
ဥရောပ အာရှ နှင့် အခြား - 0.3 %

ကိုးကွယ်မှု
ခရစ်ယာန် - 80 %
တိုင်းရင်းသားမီရိုးဖရာကိုးကွယ်မှု - 20 %

ဘာသာစကား
ဆက်ဆိုသို ။ အင်္ဂလိပ် (ရုံးသုံး) ၊ ဇူးလူး ၊ ရှိုဆာ

မြို့တော်
မာဆီရူ (Maseru)

Liberia


၁၂၆။လစ်ဘားရီးယား (Liberia)
နောက်ခံသမိုင်းအကျဉ်း
အမေရိကန် လက်အောက်မှလွတ်မြောက်လာသော ကျွန်များနေထိုင်ပြီး ၁၈၂၂ တွင် လစ်ဘားရီးယား နိုင်ငံဖြစ်လာခဲ့သည်။ ၁၈၄၇ တွင် အမေရိကန် - လစ်ဘားရီးယား လူမျိုးများမှ သမ္မတနိုင်ငံထူထောင်ခဲ့သည်။ ၁၉၄၄ မှ၁၉၇၁ အထိ သမ္မတ ၀ီလီယံ တပ်မန် (William Tubman) အုပ်ချုပ်ခဲ့သည်။ ၎င်း လက်ထက်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ခဲ့ပြီး မူလအခြေချနေထိုင်သူများနှင့် ပြည်တွင်းနေထိုင်သူများကြား စီးပွားရေး၊ လူမှုရေး ၊နိုင်ငံရေးကွာဟချက်များအကြား ပေါင်းကူးပေးခဲ့သည်။ ၁၉၈၀ တွင် ဆမ်မြူရယ်ဒိုး (Samyel Doe) ဦးဆောင်သော စစ်တပ်မှအာဏာသိမ်းခဲ့ပြီး ဆယ်စုနှစ်တစ်ခုအကြာ အာဏာရှင်စံနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ ၁၉၈၉ ဒီဇင်ဘာတွင် ချားလ်စ်တေလာ (Charles Taylor) ဦးဆောင်၍ တော်လှန်ပုန်ကန်မှု ပေါ်ပေါက်လာခဲ့ပြီး ရှည်လျားသော ပြည်တွင်းစစ်အတွင်း Doe အသတ်ခံခဲ့ရသည်။ ၁၉၉၇ တွင် ပြည်တွင်းစစ်ရပ်စဲပြီး ရွေးကောက်ပွဲ ကျင်းပခဲ့ရာ တေလာ အာဏာရရှိခဲ့သည်။ သို့သော် ၂၀၀၀ ခုနှစ်တွင် တိုက်ခိုက်မှုများ ထပ်မံပေါ်ပေါက်လာခဲ့သည်။ ၂၀၀၃ ဩဂုတ်လတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ဖြင့် စစ်ပွဲပြီးဆုံးသွားခဲ့ပြီး သမ္မတ ချားလ်စ်တေလာ နှုတ်ထွက်ပေးခဲ့ရသည်။ထို့နောက် ၎င်း ကို ဆီအာရာ လီအွန် ပြည်တွင်းစစ်တွင်ပါဝင်ခဲ့မှုဖြင့် စစ်ရာဇ၀တ်ကောင်အဖြစ် နယ်သာလန်နိုင်ငံဟေ့ဂ်မြို့တွင် ရုံးတင်တရားစွဲခဲ့သည်။ ကြားဖြတ်အစိုးရမှ နှစ်နှစ်ကြာ အုပ်ချုပ်ခဲ့ပြီး ၂၀၀၅ ဒီမိုကရေစီ ရွေးကောက် ပွဲတွင် အီလန်ဂျွန်ဆင် ဆာလိဖ် (Ellen Johnson Sirleaf) အနိုင်ရရှိပြီး သမ္မတဖြစ်လာခဲ့သည်။ လစ်ဘားရီးယားရှိ ကုလသမဂ္ဂ စစ်တပ်များ နိုင်ငံအနှံ့ ဆက်လက်တည်ရှိနေခဲ့သော်လည်း လုံခြုံရေးအခြေအနေ ဆိုးရွားလျက်ရှိနေဆဲဖြစ်ပြီး စစ်ဒဏ်ကို အလူးအလဲခံစားရသည့်အတွက် လူမှုရေး၊စီးပွားရေး ပြန်လည်တည်ဆောက်ရန် နှစ်အတော်ကြာ အချိန်ယူရဦးမည် ဖြစ်သည်။

ပထ၀ီအနေအထား
တည်နေရာ
အနောက်အာဖရိက။ မြောက်အတ္တလန္တိတ်သမုဒ္ဒရာ နှင့် ထိစပ်။ ကို့ဒီအိုင်ဗိုရီနှင့် ဆီအာရာလီအွန် နိုင်ငံများအကြား။

မြေပုံအညွှန်း
အာဖရိက ။

ဧရိယာ
ကုန်းမြေ - 96,320 sq km
ရေ - 15,050 sq km
စုစုပေါင်း - 111,370 sq km

ထိစပ်နယ်မြေ
ဂူနီးယား - 563 km
ကို့ဒီအိုင်ဗိုရီ - 716 km
ဆီအာရာလီအွန် - 306 km
ကမ်းရိုးတန်း
579 km

ရာသီဥတု
အပူပိုင်းဒေသ ။ ပူ၍စိုစွတ်။ ခြောက်သွေ့သေ ဆောင်းရာသီတွင် နေ့ပူ ညအေး။စိုစွတ်၍ တိမ်ထူသော နွေရာသီတွင် မိုးသည်းထန်စွာမကြာခဏ ရွာသွန်း။]

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အတ္တလန္တိတ်သမုဒ္ဒရာ - 0 m
အမြင့်ဆုံးအပိုင်း ၀ူတိတောင် - 1,380 m

သဘာဝအရင်းအမြစ်
သံရိုင်း ၊ သစ် ၊ စိန် ၊ ရွှေ ၊ရေအားလျှပ်စစ်။

လူ့အရင်းအမြစ်
လူဦးရေ 3,441,790 (2009)
လူဦးရေတိုးနှုန်း 2.665 % (2009)
မွေးဖွားနှုန်း 42.62 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 21.45 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက်
ကျား - 40.71 နှစ်
မ - 43 နှစ်
စုစုပေါင်း - 41.84 နှစ် (2009)

လူမျိုး
လစ်ဘားရီးယန်း

တိုင်းရင်းသားလူမျိုး
ဒေသခံတိုင်းရင်း အာဖရိကန် - 95 %
အမေရိကန် - လစ်ဘားရီးယန်း - 2.5 %
ကွန်ဂို - 2.5 %

ကိုးကွယ်မှု
ခရစ်ယာန် - 40 %
မွတ်စလင် - 20 %
ရိုးရာယုံကြည်ကိုးကွယ်မှုများ - 40 %

ဘာသာစကား
အင်္ဂလိပ် - 20 % (ရုံးသုံး)
လူမျိုးစုစကားအမျိုး (၂၀)

မြို့တော်
မွန်ရိုဗီယား (Monrovia)

(libya)


၁၂၇။ လစ်ဗျား
(Libya)
နောက်ခံသမိုင်းအကျဉ်း
၁၉၁၁ တွင် တြိပိုလီ ဒေသတ၀ိုက်တွင် အော်တိုမန်တာ့တို့ကို ဖယ်ရှား၍ အီတလီတို့ဝင်ရောက်လာ ခဲ့သည်။ ထို့နောက် ၁၉၄၃ ခုနှစ် ဒုတိယကမ္ဘာစစ်တွင် ရှုံးနိမ့်သည့် အချိန်အထိ သိမ်းပိုက်ထားခဲ့သည်။ ကုလသမဂ္ဂ ကွပ်ကဲမှုအောက်သို့ ရောက်လာခဲ့ပြီး ၁၉၁၅ တွင် လစ်ဗျား လွတ်လပ်ရေးရရှိခဲ့သည်။ ၁၉၆၉ တွင် ကာနယ်မွမ်မား အဘူမင်ယာအယ် - ကဒါဖီ (Col.Muammar Abu Minyar Al – Qadhafi) ဦးဆောင်သော စစ်တပ်မှ အာဏာသိမ်းခဲ့ပြီး သူ့ကိုယ်ပိုင် တတိယစင်္ကြ၀ဠာ သီအိုရီ ခေါ် နိုင်ငံရေးစံနစ်တစ်ရပ် ကိုဖေါ်ဆောင်ခဲ့ သည်။ တိုင်းရင်းသား ဓလေ့ရိုးရာတို့မှ တစ်စိတ်တစ်ပိုးဆင်းသက်လာသော အစ္စလာမ်အယူအဆနှင့် ဆိုရှယ်လစ် အယူအဆတို့ ပူးပေါင်းထားသော စံနစ်ဖြစ်ပြီး လစ်ဗျားလူထု ကိုယ်တိုင် ဖေါ်ဆောင်ရမည်။ တိုက်ရိုက် ဒီမိုကရေစီ အသွင်တစ်ရပ်အနေနှင့် ယူဆရသည်။ ကဒါဖီ က သူ့ကိုယ်သူ တော်လှန်ပြောင်းလဲလာသော၊ အမြင်ကျယ်သော ခေါင်းဆောင်တစ်ဦးအဖြစ် ခံယူထားသည်။ ၁၉၇၀ နှင့် ၁၉၈၀ ခုနှစ်များတွင် ကဒါဖီသည် ရေနံမှ ရသော ငွေများ ဖြင့် ပြည်ပရှိ အကြမ်းဖက်သမားများ ၊အကြမ်းဖက်သမားကို ထောက်ပံ့၍ မာ့(ခ်စ်) အရင်းရှင်ဝါဒ ပျက်စီစေရန်နှင့် ၎င်း၏၀ါဒ ထွန်းကားလာစေရန် အားထုတ်ခဲ့သည်။ထို့ပြင် ၁၉၇၃ ခုနှစ်တွင် ချဒ် နိုင်ငံတောင်ပိုင်း အိုဇူးကုန်း မြောင်ဒေသကို တိုက်ခိုက်ခဲ့သည်။ သတ္တုအရင်းအမြစ်များ ရယူရန်နှင့် ချဒ်နိုင်ငံရေးအပေါ် လွှမ်းမိုးနိုင်ရန် ဖြစ်သည်။ သို့သော် ၁၉၈၇ ခုနှစ်တွင် ပြန်လည်တိုက်ထုတ်ခံခဲ့ရသည်။ စကော့တလန်ပြည် လော့ကာဘီတွင် Pan Am Flight 103 ဗုံးခွဲတိုက်ခံရပြီးနောက် ၁၉၉၂ တွင် ကုလသမဂ္ဂမှ ကဒါဖီအပေါ် နိုင်ငံရေးအရ ပိတ်ဆို့ အရေးယူခဲ့သည်။ ၁၉၉၀ ခုနှစ်များအတွင် ကဒါဖီသည် ဥရောပနိုင်ငံများနှင့် ဆက်ဆံရေး ပြန်လည် တည်ဆောက်ခဲ့သည်။ ၁၉၉၉ ဧပြီတွင် ပိတ်ဆို့အရေးယူမှုများ ဆိုင်းငံ့ထားခဲ့ပြီး ၂၀၀၃ စက်တင်ဘာတွင် လစ်ဗျားအစိုးရမှ လော့ကာဘီ ဗုံးဖေါက်ခွဲမှုတွင် တာဝန်ရှိကြောင်း ၀န်ခံပြီးသည့်နောက် အရေးယူမှုများ ဖယ်ရှားပေးခဲ့သည်။ ၂၀၀၃ ဒီဇင်ဘာတွင် အစုအပြုံလိုက် သေစေသော လက်နက်များထုပ်လုပ်မှု အစီအစဉ် ရပ်ဆိုင်းရန်နှင့် အကြမ်းဖက်ဝါဒ စွန့်လွတ်ကြောင်း လစ်ဗျားမှ ကြေငြာခဲ့သည်။ ထိုအချိန်မှစ၍ ကဒါဖီသည် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးပုံမှန် အခြေအနေရရှိရန် ကြိုးပမ်းလာခဲ့သည်။ အနောက်ဥရောပနိုင်ငံများမှ ခေါင်းဆောင်များနှင့် အလွှာအသီးသီးမှ စီးပွားရေးလုပ်ငန်းရှင်များကို လက်ခံတွေ့ဆုံခဲ့ပြီးနောက် ၎င်း၏ ပထမဦးဆုံး အနောက်ဆုံး ဥရောပခရီးစဉ်အဖြစ် ၁၅ နှစ်အတွင်း ၂၀၀၄ ဧပြီလတွင် ဘရပ်ဆဲ သို့ သွားရောက်ခဲ့သည်။ ၂၀၀၆ ဇွန်လတွင် အကြမ်းဖက်သမား ထောက်ပံ့နိုင်ငံ စာရင်းမှ အမေရိကန်က လစ်ဗျား ကို ပယ်ချပေးခဲ့သည်။၂၀၀၈ ခုနှစ် ဇန်န၀ါရီလတွင် ကုလသမဂ္ဂ ကောင်စီ၌ ၂၀၀၈-၀၉ အတွက် ယာယီအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ ၂၀၀၈ ဩဂုတ်လတွင် လော့ကာဘီး ဗုံးခွဲမှုများအပါအ၀င် နိုင်ငံရပ်ခြားတွင် သေဆုံးသော သို့မဟုတ် ဒဏ်ရာရရှိသော နှစ်နိုင်ငံစလုံးရှိလူများအတွက် လျော်ကြေးပေးရန် သဘောတူညီမှုတစ်ခုကို လစ်ဗျား နှင့် အမေရိကန်ပြည်ထောင်စုတို့ စာချုပ်ခဲ့ကြသည်။ ၂၀၀၈ အောက်တိုဘာလတွင် အမေရိကန် နိုင်ငံသား ထိခိုက်နစ်နာသူများအတွက် လျော်ကြေးပေးရန် 1.5 ဘီလီယံ ဒေါ်လာကို အမေရိကန်မှ လက်ခံရရှိခဲ့သည် ။နှစ်နိုင်ငံချစ်ကြည်ရေးအတွင် ကြီးစွာသော အထောက်အကူ ဖြစ်စေ ခဲ့သည်။ ၁၉၇၃ ခုနှစ်မှစ၍ ရပ်ဆိုင်းထားသော သံတမန် ဆက်ဆံရေးကို ၁၉၉၀ ဇန်န၀ါရီလတွင် ပြန်လည် စတင်ခဲ့သည်။


ပထ၀ီအနေအထား
တည်နေရာ အာဖရိကမြောက်ပိုင်း ၊ မြေထဲပင်လယ် နှင့်ထိစပ်။ အီဂျစ်နှင့် တူနီရှား နိုင်ငံများကြား။


မြေပုံအညွှန်း
အာဖရိက။

ဧရိယာ
ကုန်းမြေ 1,759,540 Sq km
ရေ 0 Sq km

ထိစပ်နယ်မြေ
အယ်လ်ဂျီးရီးယား 982 km
ချဒ် 1055 km
အီဂျစ် 1115 km
ဆူဒန် 383 km
နိုင်ဂျာ 354 km
တူနီရှား 459 km

ကမ်းရိုးတန်း
1770 km

ရာသီဥတု
ကမ်းရိုးတန်းတလျောက် မြေထဲပင်လယ်ရာသီဥတု။ ကုန်းတွင်းပိုင်းခြောက်သွေ့၍
ပြင်းထန်သော ကန္တာရရာသီဥတု။

မြေမျက်နှာသွင်ပြင်
အများအားဖြင့် လွင်တီးခေါင်။ ပြန့်ပြူးသောမြေပြန့်များနှင့် လှိုင်းတွန့်သော မြေပြန့်များ ။
ကုန်းမြင့်လွင်ပြင်များ ချိုင့်ဝှမ်းများ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ဆတ်ခက်ဂူဇေယီး - (-47) m
အမြင့်ဆုံးအပိုင်း ဘစ်ကူဘစ်တီ - 2267 m

သဘာဝအရင်းအမြစ်
ရေနံ ၊ ဓါတ်ငွေ့ ၊ ဂျစ်ပဆစ်ကျောက်။

လူ့အရင်းအမြစ်
လူဦးရေ 6310434 (2009)
လူဦးရေတိုးနှုန်း 2.17% (2009)
မွေးဖွားနှုန်း 25.15 / 1000 ဦးရေ (2009)
သေဆုံးနှုန်း 3.46 / 1000 ဦးရေ (2009)
ပျှမ်းမျှအသက် ကျား- 74.98 နှစ်
မ - 79.65 နှစ်
စုစုပေါင်း 77.26 နှစ် (2009)

လူမျိုး
လစ်ဗျား

တိုင်းရင်းသားလူမျိုး
ဘာဘာနှင့် အာရပ် 97%
အခြား 3%

ကိုးကွယ်မှု
ဆွန်နီမွတ်စလင် 97 %
အခြား 3%

ဘာသာစကား
အာရပ် ၊အီတလီ ၊ အင်္ဂလိပ်။

မြို့တော်
တြိပိုလီ (တာရာဘူးလ်)
Tripoli (Tarabulus)

Liechtenstein


၁၂၈။ လီချတန်စတိန်း

နောက်ခံသမိုင်းအကျဉ်း
မင်းသားအုပ်ချုပ်ခံ နယ်မြေအဖြစ် လီချတန်စတိန်းကို ရောမအင်ပါယာအတွင်း ၁၇၁၉ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ နပိုလီယန် စစ်ပွဲအတွင်း ပြင်သစ် နှင့် ရုရှ နှစ်နိုင်ငံစလုံးက သိမ်းပိုက်ခဲ့သည်။ ၁၈၀၆ ခုနှစ်တွင် အချုပ်အခြာပိုင် နိုင်ငံဖြစ်လာခဲ့ပြီင်္း ၁၈၁၅ တွင် ဂျာမန် ကွန်ဖက်ဒရေးရှင်းခေါ် ဂျာမန်အကျိုးတူ ဘုံအဖွဲ့သို့ ၀င်ရောက်ခဲ့သည်။ ၁၈၆၆ တွင် ၎င်းကွန်ဖက်ဒရေးရှင်း ပြိုကွဲသောအခါမှ လုံးဝလွတ်လပ်ရေးရရှိခဲ့သည်။ ပထမကမ္ဘာစစ်ကြီးပြီးသည်အထိ ဩစကြီးယားနှင့် အနီးကပ်ဆက်ဆံခဲ့သည်။ သို့သော် စီးပွားရေး အခြေအနေယိုယွင်းလာမှုကြောင့် ဒုတိယကမ္ဘာစစ် ဖြစ်ပွားချိန်မှစ၍ ဆွစ်ဇလန်၏ ငွေကြေးစံနစ်ထဲသို့ ၀င်ရောက်ခဲ့သည်။ စစ်အတွင်း၌ ကြားနေနိုင်ငံအဖြစ် နေခဲ့သည်။ တိုင်းပြည်တွင် အခွန်အကောက်လျှော့ပေါ့ထားမှုကြောင့် စီးပွားရေးတိုးတက်လာခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် ဘဏ်စံနစ် ဥပဒေပြဌာန်းချက်များတွင် အားနည်းချက်များရှိလာသဖြင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများကို အသုံးချ၍ ငွေကြေး ခ၀ါချမှု တိုက်ဖျက်ရေး ဥပဒေကို ပြဌာန်း၍ အကျိုးတူ ဥပဒေ အထောက်အပံ့စာချုပ်ကို အမေရိကန်ပြည်ထောင်စု နှု့် ချုပ်ဆို နိုင်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် စတင်အသက်ဝင်လာခဲ့ပြီးဖြစ်၏။

ပထ၀ီအနေအထား
တည်နေရာ
ဥရောပအလယိပိုင်း။ ဩစတြီးယား နှင့် ဆွစ်ဇလန် နိုင်ငံတို့အကြား။

မြေပုံအညွှန်း
ဥရောပ

ဧရိယာ
ကုန်းမြေ 160 sq km
ရေ 0 sq km
စုစုပေါင်း 160 sq km

ထိစပ်နယ်မြေ
ဩစတြီးယား 34.9 km
ဆွစ်ဇလန် 41.1 km

ကမ်းရိုးတန်း
မရှိ

ရာသီဥတု
ဥရောပ ကုန်းမရာသီဥတု။ ဆောင်းရာသီတွင် အေးမြ၍ တိမ်ထူထပ်ပြီး နှင်းကျ ၊ မိုးရွာလေ့ရှိ ၊
အေးမျရာမှ မျှတနွေးထွေးပြီး တိမ်ထူ၊ စိုထိုင်းသော နွေရာသီ။

မြေမျက်နှာသွင်ပြင်
တောင်ထူထပ်(အဲ့ပ်စ် တောင်တန်း) အနောက်ဘက် သုံးပုံတစ်ပုံရိုင်းတောင်ကြား။

သဘာဝအရင်းအမြစ်
ရေအားလျှပ်စစ် ထုတ်ယူနိုင်ဖွယ်ရှိ။ စိုက်ပျိုးမြေ။

လူ့အရင်းအမြစ်
လူဦးရေ 34761 (2009)
လူဦးရေတိုးနှုန်း 0.702% (2009)
မွေးဖွားနှုန်း 9.75/1000 ဦးရေ (2009)
သေဆုံးနှုန်း 7.42/1000 ဦးရေ (2009)
ပျှမ်းမျှအသက် ကျား - 76.59 နှစ်
မ - 83.53 နှစ်
စုစုပေါင်း - 80.06 နှစ် (2009)

လူမျိုး
လီချတန်စတိန်း

တိုင်းရင်းသားလူမျိုး
လီချတန်စတိန်း - 65.6%
အခြား - 34.4 %

ကိုးကွယ်မှု
ရိုမန်ကက်သလစ် - 76.2 %
ပရိုတက်စတင့် - 7 %
အမည်မသိ - 10.6 %
အခြား - 6.2 %

ဘာသာစကား
ဂျာမန် (ရုံးသုံး)
အလီမန်နစ် ဒေသိယဘာသာစကား။

မြို့တော်
ဗာဒုဇ် (Vaduz)

Lithuania


၁၂၉။ လစ်သူယေးနီးယား
(Lithuania)
နောက်ခံသမိုင်းအကျဉ်း
၁၂၃၆ ခုနှစ်တွင် မင်ဒူးဂတ် (Mindaugas) ၏ စုစည်းမှု အောက်တွင် ရှိခဲ့သည်။ နောက်ရာစုနှစ်အတွင်း မဟာမိတ်များ၏ အကူအညီဖြင့် လစ်သူယေးနီးယားသည် ယနေ့ဘီလာရုစ်နှင့် ယူကရိန်းနယ်မြေများအထိ ချဲ့ထွင်နိုင်ခဲ့သည်။ ၁၄ ရာစု နောက်ပိုင်းတွင် လစ်သူယေးနီးယားသည် ဥရောပတွင် နယ်ပယ်အကြီးမားဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်။ ၁၃၈၆ တွင် ပိုလန်နှင့်မဟာမိတ် ဖွဲ့ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံပေါင်းစည်း၍ တစ်ဦးတည်း အုပ်ချုပ်ခဲ့သည်။ ၁၅၆၉ တွင် ပိုလန်-လစ်သူယေးနီးယန်း စနသဟာရနိုင်ငံဟူ၍ နှစ်ပြည့်တစ်ပြည် ပေါင်းစည်းခဲ့စည်းခဲ့သည်။ ၁၇၉၅ အထိ ပေါင်းစည်းခဲ့ပြီး ပတ်ဝန်းကျင်နိုင်ငံများ၏ ဩဇာလွှမ်းမိုးမှု ဖိအားများကြောင့် ပြိုကွဲခဲ့သည်။ ပထမကမ္ဘာစစ်ကြီးအပြီးတွင် လစ်သူယေးနီးယား လွတ်လပ်ရေးရခဲ့ပြီး ၁၉၄၀ တွင် ရုရှမှကျူးကျော် သိမ်းပိုက်ခဲ့သည်။ ထိုကျူးကျော်မှုကို အမေရိကန်ပြည်ထောင်စုနှင့် တိုင်းပြည်အများအပြား ကလက်မခံခဲ့ပေ။ ၁၉၉၀ မတ်လ (၁၁) ရက်နေ့တွင် လစ်သူယေးနီးယားသည် ဆိုဗီယက်ရီပတ်ပလစ်၏ ပထမဦးဆုံး လွတ်လပ်ရေးကြေငြာသော နိုင်ငံဖြစ်လာခဲ့သည်။ သို့သော် ၁၉၉၁ စက်တင်ဘာလ မအောင်မြင်သော အာဏာသိမ်းမှု မဖြစ်ပွားခင်အချိန်အထိ ထိုကြေငြာချက်ကို မော်စကိုက အသိအမှတ်မပြုခဲ့ပေ။ ၁၉၉၃တွင် နောက်ဆုံးလက်ကျန် ရုရှစစ်တပ်များ ဆုတ်ခွာပေးခဲ့သည်။ ထို့နောက် အနောက်ဥရောပ အသိုင်းအ၀န်းသို့ ၀င်ရောက်ရေးအတွက် စီးပွားရေးတည်ဆောက်မှုများ ဆောင်ရွက်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် နေတိုး(NATO) နှင့်အီးယူ(EU)အဖွဲ့ များသို့ဝင်ရောက်ခဲ့သည်။

ပထ၀ီအနေအထား
တည်နေရာ
အရှေ့ ဥရောပ၊ ဘောလတစ်ပင်လယ်နှင့်ထိစပ်။ လတ်ဗီးယားနှင့်ရုရှနိုင်ငံများကြား။

မြေပုံအညွှန်း
ဥရောပ။

ဧရိယာ
စုစုပေါင်း - ၆၅,၃၀၀ sqkm

ထိစပ်နယ်မြေ
ဘီလာရုစ် - ၆၈၀ km
လတ်ဗီးယး - 576 km
ပိုလန် - ၉၁ km
ရုရှ - ၂၂၇ km

ကမ်းရိုးတန်း
၉၀ km

ရာသီဥတု
ပင်လယ်ပိုင်းရာသီဥတုနှင့် ဥရောပကုန်းမရာသီဥတုနှစ်အကြား။ စိုစွတ်မျှတသော ဆောင်းရာသီနှင့် နွေရာသီတို့ရှိ။

မြေမျက်နှာသွင်ပြင်
မြေနိမ့်၊ ရေအိုင်များပြန့်ကျဲတည်ရှိ။ မြေဆီကောင်းသောမြေ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း - ဘောလတစ်ပင်လယ် - ၀ m
အမြင့်ဆုံးအပိုင်း - ဂျူးဇာပိုင်းကယ်လနက် - ၂၉၉ - m

သဘာဝအရင်းအမြစ်
မြေဆွေးစိုင်။ စိုက်ပျိုးမြေ၊ ပယင်း။

လူ့အရင်းအမြစ်
လူဦးရေ - ၃,၅၅၅,၁၇၉% (၂၀၀၉)
လူဦးရေတိုးနှုန်း - ၀.၂၇၉ % (၂၀၀၉)
မွေးဖွားနှုန်း - ၉.၁၁/၁၀၀၀ ဦးရေ(၂၀၀၉)
သေဆုံးနှုန်း - ၁၁.၁၂/၁၀၀၀ ဦးရေ(၂၀၀၉)
ပျမ်းမျှအသက် - ကျား - ၆၉.၉၈ နှစ်
မ - ၈၀.၁ နှစ်
စုစုပေါင်း - ၇၄.၉ နှစ် (၂၀၀၉)

လူမျိုး
လစ်သူယေးနီးယန်း

တိုင်းရင်းသားလူမျိုးစု
လစ်သူယေးနီးယန်း - ၈၃.၄ %
ပိုလန် - ရုရှ ၆.၃ %
အခြားနှင့်အမည်မသိ - ၃.၆ %

ကိုးကွယ်မှု
ရိုမန်ကက်သလစ် - ၇၉ %
ရုရှအော်သိုဒေါ့ - ၄.၁%
ပရိုတက်စတင့် - ၁.၉ %
အခြားနှင့်အမည်မသိ - ၅.၅ %
ဘာသာမဲ့ - ၉.၅ %

ဘာသာစကား
လစ်သူယေးနီးယန်း (ရုံးသုံး) - ၈၂ %
ရုရှ - ၈%
ပိုလန် - ၅.၆ %
အခြားနှင့်အမည်မသိ - ၄.၄ %

မြို့ တော်
ဗီးလ်နီးယပ် (Vilnius)

luxebourg


၁၃၀။လူဇင်ဘတ်
(Luxebourg)
နောက်ခံသမိုင်းအကျဉ်း
၉၆၃ ခုနှစ်တွင် နိုင်ငံစတည်ထောင်ခဲ့သည်။ ၁၈၁၅ တွင် မြို့ စားအုပ်ချုပ်ခံနယ်မြေ ဖြစ်လာခဲ့ပြီး နယ်သာလန်လက် အောက်တွင် လွတ်လပ်သော ပြည်နယ်တစ်ခုအဖြစ် ရပ်တည်ခဲ့သည်။ ၁၈၃၉ တွင် နယ်မြေတစ်ဝက်ကျော်ကျော် ဘယ်လ်ဂျီယံမှ သိမ်းယူခဲ့သည်။ သို့သော် အခွင့်အရေး ပိုမိုပြည့်ဝသော ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရနယ်မြေတစ်ခု ဖြစ်ခဲ့ သည်။ ၁၈၆၇ တွင် ဂျာမဏီ၏ သိမ်းပိုက်မှုကို ခံခဲ့ရသည်။ ၁၉၄၈ တွင် ကြားနေမူဝါဒကို ရပ်ဆိုင်းပြီး ဘယ်လ်ဂျီယံ၊ နယ်သာလန်နှင့်လူဇင်ဘတ်သုံးနိုင်ငံပါဝင်သော ဘင်နီလပ် အကျိုးတူစီးပွားအဖွဲ့ (Benelun Customs Union)နှင့် နောက်နှစ်တွင် နေတိုးအဖွဲ့များသို့ဝင်ရောက်ခဲ့သည်။ ၁၉၅၇ တွင် ဥရောပဘုံဈေးအဖွဲ့ (နောက်ပိုင်းဥရောပသမဂ္ဂ) စတင်ဖွဲ့စည်းသော ခြောက်နိုင်ငံတွင် တစ်နိုင်ငံအပါအ၀င်ဖြစ်၏။ ၁၉၉၉ တွင် ဥရောပဘုံငွေကြေးစံနစ်သို့ဝင်ရောက် ခဲ့သည်။

ပထ၀ီအနေအထား
တည်နေရာ
အနောက်ဥရောပ၊ ဂျာမဏီနှင့်ပြင်သစ်အကြား။

မြေပုံအညွှန်း
ဥရောပ

ဧရိယာ
ကုန်းမြေ - ၂၅၈၆ sqkm
ရေ - ၀ sqkm
စုစုပေါင်း - ၂၅၈၆sqkm

ထိစပ်နယ်မြေ
ဘယ်လ်ဂျီယံ - ၁၄၈ km
ပြင်သစ် - ၇၃ km
ဂျာမဏီ - ၁၃၈ km

ကမ်းရိုးတန်း
မရှိ (ကုန်းတွင်းပိတ်)

ရာသီဥတု
ဥရောပ ကုန်းမရာသီဥတု။မျှတသော ဆောင်းရာသီ။ အေးမြသောနွေရာသီ။

မြေမျက်နှာသွင်ပြင်
လှိုင်းတွန့်သော ကုန်းမြင့်များနှင့် ကျယ်ဝန်း၍နိမ့်သောတောင်ကြားများ ။ မြောက်ပိုင်းတွင် ကုန်းမြင့်များနှင့် တောင် တန်းနိမ့်များ။ အရှေ့တောင်ဘက်ရေလွှမ်းမိုး မော့စယ်လီ မြေပြန့်သို့ မတ်စောက်လျောဆင်းသွားသော မြေမျက်နှာ သွင်ပြင်။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ဘူအာဂပလာ့ - ၅၅၉m
အမြင့်ဆုံးအပိုင်း မော့ဆယ်လီမြစ် - ၁၃၃ m

သဘာဝအရင်းအမြစ်
သံရိုင်း ။စိုက်ပျိုးမြေ။

လူ့အရင်းအမြစ်
လူဦးရေ ၄၉၁,၇၇၅ (၂၀၀၉)
လူဦးရေတိုးနှုန်း ၁.၁၇၂% (၂၀၀၉)
မွေးဖွားနှုန်း ၁၁.၇၃/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း ၈.၄/၁၀၀၀ ဦးရေ (၂၀၀၉)

ပျှမ်းမျှသက်တမ်း
ကျား - ၇၆.၀၇ နှစ်
မ - ၈၂.၈၁ နှစ်
စုစုပေါင်း - ၇၉.၃၃ နှစ် (၂၀၀၉)

လူမျိုး
လူဇင်ဘာ့

တိုင်းရင်းသားလူမျိုး
လူဇင်ဘာ့ ၆၃.၁ %
ပေါ်တူကီ ၁၃.၃ %
ပြင်သစ် ၄.၅ %
အီတလီ ၄.၃ %
ဂျာမန် ၂.၃ %
အခြားဥရောသား ၇.၃%
အခြား ၅.၂ %

ကိုးကွယ်မှု
ရိုမန်ကက်သလစ် ၈၇%
အခြား ၁၃%

ဘာသာစကား
လူဇင်ဘာ့ (အမျိုးသားဘာသာစကား)
ဂျာမန် (အစိုးရဌာနသုံး)
ပြင်သစ် (အစိုးရဌာနသုံး)

မြို့တော်
လူဇင်ဘတ် (Luxembourg)

Macau


၁၃၁။မက္ကာအို
(Macau)
နောက်ခံသမိုင်းအကျဉ်း
၁၆ ရာစုတွင် ပေါ်တူဂီမှ ကိုလိုနီပြုခဲ့သည်။ မက္ကာအိုသည် အရှေ့ဖျားဒေသတွင် ဥရောပတိုက်သားတို့ ပထမဦးဆုံး အခြေချရာဒေသတစ်ခုဖြစ်သည်။ ၁၉၈၇ ဧပြီ ၁၃တွင် တရုတ်နှင့် ပေါ်တူဂီ အစိုးရ သဘောတူညီချက်အရ ၁၉၉၉ ဒီဇင်ဘာ (၁၂) တွင် မက္ကာသည် တရုတ်အစိုးရ၏ အထူးအုပ်ချုပ်ခံ နယ်မြေဖြစ်လာခဲ့သည်။ ယင်းသဘောတူစာချုပ်တွင် တရုတ်၏ တပြည်ထောင် ဒွန်စံနစ်မူအတွင်း၌ မက္ကာအို၌ ဆိုရှယ်လစ် စီးပွားရေးစံနစ်ကို မကျင့်သုံးရန် ၊ နောင်နှစ်ပေါင်း (၅၀) အထိ နိုင်ငံခြားရေးနှင့် ကာကွယ်ရေး ကိစ္စရပ်များလွှဲ၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အမြင့်မားဆုံးပေးရန် တရုတ်မှ သဘောတူညီခဲ့သည်။

ပထ၀ီအနေအထား
တည်နေရာ
အရှေ့အာရှ ၊တောင်တရုတ်ပင်လယ် ၊ တရုတ်နိုင်ငံတို့ထိစပ်။

မြေပုံအညွှန်း
အရှေ့တောင်အာရှ။

ဧရိယာ
ကုန်းမြေ ၂၈.၂ sq km
ရေ ၀ sq ok
စုစုပေါင်း ၂၈.၂ sq km

ထိစပ်နယ်မြေ
တရုတ် ၀.၃၄ km

ကမ်းရိုးတန်း
၄၁ km

ရာသီဥတု
အပူလျှော့ပိုင်းဒေသရာသီဥတု။ ပင်လယ်ပြုပြင်မှုကြောင့် အေးမြသောဆောင်းရာသီနှင့် နွေးသော နွေရာသီတို့ရှိ။

မြေမျက်နှာသွင်ပြင်
ပြန့်ပြူး

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း တောင်တရုတ်ပင်လယ် ၀m
အမြင့်ဆုံးအပိုင်း ကိုလိုအန် အယ်တို ၁၇၂ m

သဘာဝအရင်းအမြစ်
မရှိ

လူ့အရင်းအမြစ်
လူဦးရေ ၅၅၉၈၄၆ (၂၀၀၉)
လူဦးရေတိုးနှုန်း ၁.၉၉၅ (၂၀၀၉)
မွေးဖွားနှုန်း ၈.၈၈ / ၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း ၃.၄၃ /၁၀၀၀ ဦးရေ (၂၀၀၉)

ပျှမ်းမျှအသက်
ကျား - ၈၁.၃၉ နှစ်
မ - ၈၇.၄၇ နှစ်
စုစုပေါင်း ၈၄.၃၆ နှစ် (၂၀၀၉)

လူမျိုး
တရုတ်

တိုင်းရင်းသားလူမျိုး
တရုတ် ၉၄.၃%
အခြား ၅.၇ %

ကိုးကွယ်မှု
ဗုဒ္ဓဘာသာ ၅၀%
ရိုမန်ကက်သလစ် ၁၅ %
အခြား ၃၅ %

ဘာသာစကား
ကန်တုံ ၈၅.၇%
ဟော့ကီယန် ၄%
မန်ဒရင်း ၃.၂%
ဒေသိယတရုတ် ၂.၇%
အင်္ဂလိပ် ၁.၅%
တာဂါလော့ ၁.၃%
အခြား ၁.၆%

Macedonia


၁၃၂။မက်ဆီဒိုးနီးယား
(Macedonia)

နောက်ခံသမိုင်းအကျဉ်း
၁၉၉၁ တွင် ယူဂိုဆလားဗီးယားထံမှ ငြိမ်းချမ်းစွာ လွတ်လပ်ရေးရရှိခဲ့သည်။ သို့သော် ရှေးဂရိရာဇ၀င်လာ အမည်နှင့် သင်္ကေတများကို ယူငင်သုံးစွဲထားမှုကြောင့် ဂရိမှကန့်ကွက်ခဲ့ရာ နိုင်ငံတကာမှ အသိအမှတ်ပြုမှု ရွှေ့ဆိုင်းထားခဲ့ရသည်။ ၁၉၉၅ တွင် လပေါင်း ၂၀ ကြာ ကုန်သွယ်ရေးပိတ်ပင်ထားမှုကို ဂရိမှ ဖယ်ရှားပေးခဲ့ပြီး နှစ်နိုင်ငံ ပုံမှန်ဆက်ဆံရေးပြုလုပ်၇န် သဘောတူညီခဲ့သည်။ အမေရိကန် ပြည်ထောင်စုက မက်ဆီဒိုးနီးယားကို ဖွဲ့စည်းပုံ အခြေခံဥပဒေလာ အမည်ဖြစ်သော မက်ဆီဒိုးနီးယား သမ္မတနိုင်ငံဟူ၍ ၂၀၀၄ ခုနှစ်တွင် အသိ အမှတ် ပြုခဲ့ပြီး အမည်ပေးခြင်းကိစ္စနှင့် ပတ်သတ်၍ ဂရိနှင့် မက်ဆီဒိုးနီးယား နိုင်ငံများကြားတွင် ဖြန်ဖြေမှုများ ပြုလုပ်ခဲ့ သည်။ အယ်လဘေးနီးယန်း တိုင်းရင်းသားလူနည်းစုများက နိုင်ငံရေးနှင့် စီးပွားရေးအရ တရားမျှတမှု မရှိခြင်းများအပေါ် မကျေမနပ်ဖြစ်ခဲ့ကြပြီး ၂၀၀၁ ခုနှစ် တွင် ပုန်ကန်ခဲ့ကြသည်။ ထိုပုန်ကန်မှုကို မက်ဆီဒိုးနီးယား အယ်လ ဘေးနီးယန်း လူထုမှ ထောက်ခံလာကြပြီး နိုင်ငံတကာကြားဝင်မှုဖြင့် သဘောတူညီချက်ချမှတ်ကာ တိုင်းရင်းသား လူနည်းစုများအပေါ် တူညီသော အခွင့်အရေးများပေးအပ်သော ဥပဒေသစ်များ ရေးဆွဲပြဌာန်း၍ တိုက်ခိုက်မှုများ အဆုံးသတ်သွားခဲ့သည်။ လွန်ခဲ့သောနှစ်များအတွင်း နှစ်ဖက်စလုံး တိုးတက်ဆောင်ရွက်မှုများ ရှိခဲ့သော်လည်း သဘောတူညီချက်ပါ အချက်အလက်များ ဖြည့်ဆည်းဆောင်ရွက်ရေး ၊စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ရေး များမှာ မက်ဆီဒိုးနီးယားအတွက် စိန်ခေါ်မှုများဖြစ်သည်။

ပထ၀ီအနေအထား
တည်နေရာ
အရှေ့တောင်ဥရောပ၊ ဂရိနိုင်ငံ၏ မြောက်ဘက်။

မြေပုံအညွှန်း
ဥရောပ ။

ဧရိယာ
ကုန်းမြေ ၂၄,၈၅၆ sq km
ရေ ၄၇၇ sq km
စုစုပေါင်း ၂၅,၃၃၃ sq km

ထိစပ်နယ်မြေ
အယ်လဘေးနီးယား - ၁၅၅ km
ဘူလဂေးရီးယား ၁၄၈ km
ဂရိ ၂၄၆ km
ကိုဆိုဗို ၁၅၉ km
ဆားဘီးယား ၆၂ km

ကမ်းရိုးတန်း
မရှိ (ကုန်းတွင်းပိတ်)

ရာသီဥတု
နွေးထွေးခြောက်သွေ့သော နွေရာသီ နှင့် ဆောင်းဦးရာသီ။ အတော်အတန်အေး၍ နှင်းသည်းထန်စွာကျ
လေ့ ရှိသော ဆောင်းရာသီ။

မြေမျက်နှာသွင်ပြင်
တောင်ထူထပ်ပြီး နက်ရှိုင်းသောမြစ်ဝှမ်းများနှင့် တောင်ကြားဒေသများရှိ။ ရေကန်ကြီး သုံးခုရှိ၍ နယ်စပ်မျဉ်းပေါ် ကန့်လန့်ဖြတ် တည်ရှိသည်။ ဗာဒါမြစ် ကန့်လန့်ဖြတ်တည်ရှိသည်။

သဘာဝအရင်းအမြစ်
အရည်နိမ့်သံရိုင်း ၊ ကြေးနီး ၊ ခဲ ၊ သွပ် ၊ ခရိုမိုက်၊ မန်ဂနိ ၊ နီကယ်၊ အဖြိုက်နက်၊ ရွှေ ၊ငွေ ၊ ၀ါဂွမ်း၊ ဂျစ်ပဆစ်၊ သစ် ၊ စိုက်ပျိုးမြေ။

လူ့အရင်းအမြစ်
လူဦးရေ ၂,၀၆၆,၇၁၈ (၂၀၀၉)
လူဦးရေတိုးနှုန်း ၀.၂၆၂% (၂၀၀၉)
မွေးဖွားနှုန်း ၁၁.၉၇/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း ၈.၈၁/၁၀၀၀ ဦးရေ (၂၀၀၉)
ပျှမ်းမျှအသက် ကျား - ၇၂.၁၈ နှစ်
မ - ၇၇.၃၈ နှစ်
စုစုပေါင်း ၇၄.၆၈ နှစ် (၂၀၀၉)

လူမျိုး
မက်ဆီဒိုးနီးယန်း

တိုင်းရင်းသားလူမျိုး
မက်ဆီဒိုးနီးယန်း ၆၄.၂ %
အယ်လဘေးနီးယန်း ၂၅.၂ %
တူရကီ - ၃.၉ %
ရိုမန် (ဂျစ်ပဆီ) ၂.၇%
ဆာ့ဘ် ၁.၈%
အခြား ၂.၂%

ကိုးကွယ်မှု
မက်ဆီဒိုးနီးယန်းအော့သိုဒေါ့ - ၆၄.၇%
မွတ်စလင် ၃၃.၃%
အခြားခရစ်ယာန် ၀.၃၇%
အခြားနှင့်အမည်မသိ ၁.၆၃%

ဘာသာစကား
မက်ဆီဒိုးနီးယန်း ၆၆.၅%
အယ်လဘေးနီးယန်း ၂၅.၁%
တူရကီ ၃.၅ %
ရောမ ၁.၃ %
ဆားဘီးယန်း ၁.၂ %
အခြား ၁.၈ %

မြို့တော်
စကော့ဂျီ (Skopje)

Republic of Madagascan


၁၃၃။ မာဒါဂါစကာ(Madagascan)
Republic of Madagascan

နောက်ခံသမိုင်းအကျဉ်း
လွတ်လပ်သော နိုင်ငံတစ်နိုင်ငံ အဖြစ်ရပ်တည်ခဲ့ပြီး ၁၈၉၆ တွင် ပြင်သစ် ကိုလိုနီ ဖြစ်လာခဲ့သည်။ ၁၉၆၀ တွင် ပြင်သစ်ထံမှ လွတ်လပ်ရေးရရှိခဲ့သည်။ ၁၉၉၂-၉၃ တွင် သမ္မတ နှင့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပခဲ့ပြီး (၁၇)နှစ်ကြာ တစ်ပါတီ အုပ်ချုပ်ရေး အဆုံးသတ်ခဲ့သည်။ ၁၉၉၇ တွင် ကျင်းပသော ဒုတိယအကြိမ်သမ္မတ ရွေးကောက်ပွဲတွင် ၁၉၇၀ နှင့် ၁၉၈၀ ခုနှစ်များအတွင်းက ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သော ဒီဒီယာရက်ဆီရာကာ (Didier Ralisirika) ပါဝင်ယှဉ်ပြိုင်ပြီး သမ္မတ ဖြစ်လာခဲ့သည်။ ၂၀၀၁ ခုနှစ်ရွေးကောက်ပွဲတွင် ဒီဒီယာရက်ဆီရာကာ၏ နောက်လိုက်နောက်ပါများနှင့် မာ့စ်ရာဗာလိုမာနာနာ (Marc Ravalo moonana) တို့ကြား အပြင်းအထန်ပြိုင်ဆိုင်ခဲ့ကြပြီး တိုင်းပြည်နှစ်ခြမ်းကွဲလုနီးပါးဖြစ်ခဲ့သည်။ ၂၀၀၂ ဧပြီ တွင် အထက်လွှတ်တော်တရားရုံးမှ ရာဗာလိုမာနာနာ အနိုင်ရရှိပြီး ရာဗာလိုမာနာနာသည် ဒုတိယ သမ္မတ သက်တမ်း ဆက်လက်တာဝန်ယူလျက်ရှိသည်။

ပထ၀ီအနေအထား
တည်နေရာ
အဖရိက တောင်ပိုင်း။ အိန္ဒိယ သမုဒ္ဒရာအတွင်ရှိကျွန်။မိုဇမ်ဘစ် အရှေ့ဘက်။

မြေပုံအညွှန်း
အာဖရိက

ဧရိယာ
ကုန်းမြေ ၅၈၁,၅၄၀ sq km
ရေ ၅,၅၀၀ sq km
စုစုပေါင်း ၅၈၇,၀၄၀ sq km

ကမ်းရိုးတန်း
၎,၈၂၈ km

ရာသီဥတု
ကမ်းရိုးတန်း တလျောက် အပူပိုင်းဒေသ ရာသီဥတု။ကုန်းတွင်းပိုင်းသမမျှတ ။ တောင်ပိုင်းမိုးခေါင် ။

မြေမျက်နှာသွင်ပြင်
ကျဉ်းမြောင်းသောကမ်းရိုးတန်းမြေပြန့် ၊ အလယ်ပိုင်းတွင် တောင်များနှင့် ကုန်းမြင့်လွင်ပြင်။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အိန္ဒိယသမုဒ္ဒရာ - ၀ m
အမြင့်ဆုံးအပိုင်း မာရီုမိုကိုထရို -၂၈၇၆ m

သဘာဝအရင်းအမြစ်
ခဲနက် ၊ ခရိုမိုက် ၊ ကျောက်မီးသွေး ၊ ဘောက်ဇိုက်သတ္တု ၊ ဆား ၊ သလင်းကျောက် ၊ ကတ္တ၇ာသဲ ၊ အဖိုးနည်းကျောက် ၊မိုက်ကာ ၊ ငါး ၊ရေအားလျှပ်စစ်။

လူ့အရင်းအမြစ်
လူဦးရေ ၂၀,၆၅၃,၅၅၆ (၂၀၀၉)
လူဦးရေတိုးနှုန်း ၃ % (၂၀၀၉)
မွေးဖွားနှုန်း ၃၈.၁၄/၁၀၀၀ ဦးေ၇ (၂၀၀၉)
သေဆုံးနှုန်း ၈.၃၂/၁၀၀၀ ဦးေ၇ (၂၀၀၉)
ပျှမ်းမျှအသက် ကျား - ၆၀.၉၃ နှစ်
မ - ၆၄.၉၁ နှစ်
စုစုပေါင်း - ၆၂.၈၄ နှစ် (၂၀၀၉)

လူမျိုး
မာလာဂါဆီ

တိုင်းရင်းသားလူမျိုး
မာလာယို ၊ အင်ဒိုနီးရှား ၊ ကိုတီးယား
ပြင်သစ် ၊ အိန္ဒိယ ၊ခရီအိုး ၊ ကိုမိုရန်

ကိုးကွယ်မှု
တိုင်းရင်းသားရိုးရာဓလေ့ကိုးကွယ်မှု - ၅၂%
ခရစ်ယာန် ၄၁%
မွတ်စလင် ၇ %

ဘာသာစကား
အင်္ဂလိပ် (ရုံးသုံး)
ပြင်သစ် (ရုံးသုံး)
မာလာဂါဆီ (ရုံးသုံး)

မြို့တော်
အန်တာနာနာရီဗို (Antananarivo)

Republic of Malawi


၁၃၄။မာလာဝီ(Malawi)
Republic of Malawi

နောက်ခံသမိုင်းအကျဉ်း
၁၈၉၁ တွင် နိုင်ငံစတင်တည်ထောင်ခဲ့ပြီး ညာဆာလန် (Nyasaland) အမည်ဖြင့် ဗြိတိသျှလက် အောက် ခံနိုင်ငံအဖြစ်မှ ၁၉၆၄ တွင် မာလာဝီအမည်ဖြင့် လွတ်လပ်ရေးရရှိခဲ့သည်။ သမ္မတ ဟက်စတင်းခါမူဘန်ဒါ (Hastings Kaumza Barda) ဦးဆောင်သောတစ်ပါတီစံနစ်အောက်တွင် နှစ်ပေါင်း (၃၀)မျှကြာပြီးနောက် (၁၉၉၄) တွင် ပါတီစုံရွေးကောက်ပွဲ ကျင်းပခဲ့သည်။ လက်ရှိသမ္မတဘင်ဂူးဝါမူသာရီကာ (Bingu wa Mutharika)ကို ၂၀၀၄ ရွေးကောက်ပွဲတွင် တင်မြှောက်ခဲ့ပြီး ၎င်းမတိုင်မီသမ္မတဟောင်းက နောက်ထပ်သက်တမ်းတိုးမြှင့်အုပ်ချုပ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်ကြံစည်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ သို့နှင့် ၂၀၀၅ ခုနှစ်တွင် ဒီမိုကရေ တစ်တိုးတက်ရေးပါတီ(Democratic Progressive Party)အမည်ဖြင့် ကိုယ်ပိုင်ပါတီတစ်ခု တည်ထောင်ခဲ့သည်။ သမ္မတ မူသာရီကာ အနေနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ခဲ့သော်လည်း ဥပဒေပြု လွှတ်တော်အတွင်း နိုင်ငံရေးအခက်အခဲများကြောင့် သမ္မတ၏ ပါတီမှာ ထိရောက်သောဥပဒေပြုမှုများမဆောင် ရွက်နိုင်ခဲ့ပေ။ လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးလှုပ်ရှားမှုများ အရှိန်တန့်နေခဲ့သည်။ လူဦးရေတိုးပွားရေတိုးပွား လာခြင်း၊ စိုက်ပျိုးမြေများနှင့်ပတ်သက်၍အခက်အခဲများရှိခြင်း၊ HIV/AIDS ပျံ့နှံ့နေခြင်း စသည့်အချက်အလက်များ မှာမာလာဝီ လက်ရှိရင်ဆိုင်နေရသော ပြဿနာများဖြစ်၏။

ပထ၀ီအနေအထား
တည်နေရာ
အာဖရိကတောင်ပိုင်း၊ ဇမ်ဘီယာအရှေ့ ဘက်။

မြေပုံအညွှန်း
အာဖရိက

ဧရိယာ
ကုန်းမြေ - ၉၄၀၈၀ sqkm
ရေ - ၂၄၄၀၀ sqkm
စုစုပေါင်း - ၁၁၈ယ၄၈၀ sqkm

ထိစပ်နယ်မြေ
မိုဇမ်ဘစ် - ၁,၅၆၉km
တန်ဇန်းနီးယား - ၄၇၅ km
ဇမ္ဘီယာ - ၈၃၇ km

ကမ်းရိုးတန်း
မရှိ။ (ကုန်းတွင်းပိတ်)

ရာသီဥတု
အပူလျော့ပိုင်းဒေသရာသီဥတု။နိုဝင်ဘာလ မှ မေလအထိမိုးရာသီ။မေလမှ နိုဝင်ဘာလအထိခြောက်သွေ့ ရာသီ။

မြေမျက်နှာသွင်ပြင်
ရှည်လျားကျဉ်းမြောင်းသော လှိုင်းတွန့်ကုန်းမြင့်မြေပြန့်။ ၀န်းသောတောင်ကုန်းများ။ တောင်အနည်းငယ်။

မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ ရှားမြစ်နှင့်မိုဇမ်ဘစ်နယ်နမိတ်ဆုံရာအမှတ် - ၃၇m
အမြင့်ဆုံးအပိုင်း။ ဆာပီထွာတောင် - ၃၀၀၂ m

သဘာဝအရင်းအမြစ်
ထုံးကျောက်၊ စိုက်ပျိုးမြေ၊ ရေအားလျှပ်စစ်ယူရေနီယံသိုက်၊ ကျောက်မီးသွေး၊ ဘောက်ဇိုက်။

လူ့အရင်းအမြစ်
လူဦးရေ ၁၄,၂၆၈,၇၁၁ (၂၀၀၉)
လူဦးရေတိုးနှုန်း ၂.၃၈၈% (၂၀၀၉)
မွေးဖွားနှုန်း ၄၁.၄၈/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း ၁၇.၈၉/၁၀၀၀ ဦးေ၇ (၂၀၀၉)
ပျှမ်းမျှအသက် ကျား - ၄၄.၀၇ နှစ်
မ - ၄၃.၅၇ နှစ်
စုစုပေါင်း - ၄၃.၈၂ နှစ် (၂၀၀၉)

လူမျိုး
မာလာဝီ

တိုင်းရင်းသားလူမျိုး
ချီဝါ ၊ ဥာဏ်ယာ ၊ ယာအိုး ၊ လမွီ ၊ ဆီနာ ၊တွန်ဂါ ၊ ငိုနီ၊ ငွန်ဒီ ၊ အာရှသား ၊ဥရောပသား။

ကိုးကွယ်မှု
ခရစ်ယာန် - ၇၉.၉%
မွတ်စလင် - ၁၂.၈%
အခြား - ၃%
ဘာသာမဲ့ - ၄.၃%

ဘာသာစကား
ချစ်ချီဝါ - ၅၇.၂%
ချင်ရန်ယာ - ၁၂.၈%
ချီယာအို - ၁၀.၁%
ချီတန်ဘူကာ - ၉.၅%
ချီဆီနာ - ၂.၇%
ခ်ီလမြီ - ၂.၄%
ခ်ီတြန္ဂါ - ၁.၇%
အျခား - ၃.၆%

မြို့တော်
လီလွန်ငွီ (Lilongwe)

Malaysia


၁၃၅။မလေးရှား
Malaysia
နောက်ခံသမိုင်းအကျဉ်း
၁၈ နှင့် ၁၉ ရာစုများအတွင်း ယခု မလေးရှားနယ်မြေကို ဗြိတိန်က ကိုလိုနီပြုထားခဲ့ပြီး ၁၉၄၂ မှ ၁၉၄၅ အထိဂျပန်က သိမ်းပိုက်ခဲ့သည်။ ၁၉၄၈ တွင် ဗြိတိန်လက်အောက်ခံ မလေးရှားကျွန်းဆွယ်ဒေသကို မာလာယာ ဖက်ဒရေးရှင်း အဖြစ်ဖွဲ့စည်းခဲ့ပြီး ၁၉၅၇ တွင် လွတ်လပ်ရေးရရှိခဲ့သည်။ ၁၉၆၃ တွင် စင်္ကာပူကျွန်း ဘော်နီဟို ဆာဗား နှင့် ဆာရာဝမ်ဒေသတို့ အပါဝင် မလေးရှား ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းခဲ့သည်။ အစပိုင်းနှစ်များတွင် ကွန်မြူနစ်တို့၏ ပုန်ကန်ထကြွမှုများ အင်ဒိုနီးရှား၏ တိုက်ခိုက်မှုများကြောင့် တိုင်းပြည်မငြိမ်မသက် ဖြစ်ခဲ့ရသည်။ ၁၉၆၅ တွင် ဖိလစ်ပိုင်က ဆာဗားကျွန်းကို တောင်းဆိုပြီး စင်္ကာပူက ဖယ်ဒရယ်မှ ခွဲထွက်သွားခဲ့သည်။၁၉၈၁ မှ ၂၀၀၃ အထိ ၂၂ နှစ် အုပ်ချုပ်ခဲ့သော ၀န်ကြီးချုပ် မာယာသီယာမိုယာမက် လက်ထက်အတွင်း ကုန်ကြမ်းပို့ကုန် လုပ်ငန်းများ ကုန်ထုတ်လုပ်မှု တိုးချဲ့ခြင်းများ ၀န်ဆောင်မှုနှင့် ခရီးသွားလုပ်ငန်းများကို အခြေပြု၍ အောင်မြင်သော စီးပွားရေးပြောင်းလဲမှုများ လုပ်ဆောင်နိုင်ခဲ့သည်။

ပထ၀ီအနေအထား
တည်နေရာ
အရှေ့တောင်အာရှ ။ထိုင်းနှင့် ထိစပ်သော ကျွန်းဆွယ် ၊ အင်ဒိုနီးရှား ၊ တောင်တရုတ်ပင်လယ်တို့နှင့် ထိစပ် မြောက်ဘက်ဘော်နီယို ကျွန်းများ၏ သုံးပုံတစ်ပုံ ၊ ဗီယက်နမ်၏ မြောက်ဘက်။

မြေပုံအညွှန်း
အရှေ့တောင်အာရှ

ဧရိယာ
ကုန်းမြေ ၃၂၈,၆၅၇ sq km
ရေ ၁၁၉၀ sq km
ကုန်းမြကြီမားမှု ကမ္ဘာ့အဆင့် ၇၃

ထိစပ်နယ်မြေ
ဘရူနိုင်း ၃၈၁ km
အင်ဒိုနီးရှား ၁၇၈၂ km
ထိုင်း ၃၀၆ km

ကမ်းရိုးတန်း
၄၆၇၅ km

ရာသီဥတု
အပူပိုင်း ၊ ဧပြီလမှ အောက်တိုဘာလအထိ အနောက်တောင်မုတ်သုံရာသီ နှင် အောက်တိုဘာလမှ ဖေဖေါ်ဝါရီ လအထိ အရှေ့မြောက်မုတ်သုံရာသီ။

မြေမျက်နှာသွင်ပြင်
ကမ်းရိုးတန်းမြေပြန့်မှ တောင်ကုန်းများ တောင်များဆီသို့ မြင့်တက်သွား။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အိန္ဒိယသမုဒ္ဒရာ - ၀ m
အမြင့်ဆုံးအပိုင်း ဂူနမ်း ကီနာဘာလူး - ၄၁၀၀ m

သဘာဝအရင်းအမြစ်
သံဖြူ ၊ ရေနံ ၊ သစ် ၊ ကြေးနီ ၊ သံရိုင်း ၊သဘာဝဓါတ်ငွေ့ ၊ဘောက်ဇိုက်သတ္တု။

လူ့အရင်းအမြစ်
လူဦးရေ ၂၅,၇၁၅,၈၁၉ ဦးရေ (၂၀၀၉)
လူဦးရေကြီးမားမှု ကမ္ဘာ့အဆင့် - ၄၇
လူဦးရေတိုးနှုန်း ၁.၇၂၃% (၂၀၀၉)
မွေးဖွားနှုန်း ၂၂.၂၄/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း ၅.၀၂/ ၁၀၀၀ ဦးရေ (၂၀၀၉)
ပျှမ်းမျှအသက် ကျား - ၇၀.၅၆ နှစ်
မ - ၇၆.၂၁ နှစ်
စုစုပေါင်း - ၇၃.၂၉ နှစ် (၂၀၀၉)

လူမျိုး
မလေးရှား

တိုင်းရင်းသားလူမျိုး
မလေး ၅၀ .၄%
တရုတ် ၂၃.၇%
လူမျိုးစု ၁၁ %
အိန္ဒိယ ၇.၁%
အခြား ၇.၈% (၂၀၀၄)

ကိုးကွယ်မှု
မွတ်စလင် ၆၀.၄%
ဗုဒ္ဓဘာသာ ၁၉.၂%
ခရစ်ယာန် ၉.၁%
ဟိန္ဒူ ၆.၃ %
ကွန်ဖြူးရှပ် ၊ တာအို ၊အခြားတရုတ်ရိုးရာကိုးကွယ်မှု - ၂.၆ %
အမည်မသိ ၁.၅ %
ဘာသာမဲ့ ၀.၈%

ဘာသာစကား
မလေးရှား (ရုံးသုံး) အင်္ဂလိပ် ၊တရုတ် ၊ တမီလ် ၊ တယ်လူဂူ ၊မာလာယာလမ် ၊ ပန်ဂျစ်ပီ၊ ထိုင်း ။

မြို့တော်
ကွာလာလမ်ပူ (Kuala Lumpur)

Republic of Maldives


၁၃၆။ မော်လဒိုက်(Maldives)
(Republic of Maldives)

နောက်ခံသမိုင်းအကျဉ်း
မော်လဒိုက်နိုင်ငံသည် ဆော်လတန်စော်ဘွားများ ရှည်လျားစွာ အုပ်ချုပ်ခဲ့သောနိုင်ငံဖြစ်သည်။ ပထမဦးစွာ ဒတ်ခ်ျ လက်အောက်ကျရောက်ခဲ့ပြီး ဗြိတိန်လက်အောက်သို့ ထပ်မံကျရောက်ခဲ့သည်။ လွတ်လပ်ရေး ရပြီး (၃) နှစ်အကြာ ၁၉၆၈ တွင် သမ္မတနိုင်ငံဖြစ်လာခဲ့သည်။ တစ်ပါတီစံနစ်ဖြင့် ခြောက်ကြိမ်ရွေးကောက်ခံရသော သမ္မတ မာမွန်အဗ္ဗနူဂေယွန်း (Maumoon Abdul Gayoom) သည် နှစ်သုံးဆယ်ကြာ နိုင်ငံရေး လက်ဝါးကြီးအုပ်ထားခဲ့သည်။၂၀၀၄ ဩဂုတ်တွင် မြို့တော် မာလီ၌ အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီး သမ္မတနှင့် ၎င်း၏ အစိုးရက နိုင်ငံေ၇းလွတ်လပ်ခွင့်များနှင့် ကျယ်ပြန့်စွာ ကိုယ်စားပြုနိုင်သော နိုင်ငံရေးစံနစ်များပါဝင်သော ဒီမိုကရေးစီ အသွင်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးရန် ကတိပေးခဲ့သည်။သို့သော် ဖြစ်ပေါ်တိုးတက်မှုမှာ နှေးကွေးလွန်းပြီး လက်ခံနိုင်ဖွယ်ရာ ပြုပြင်ပြောင်းလဲမှုများ မရှိသေးပေ။ ၂၀၀၅ ခုနှစ်တွင် နိုင်ငံရေးပါတီများ တရားဝင်ဖွဲ့စည်းခွင့် ပြုခဲ့သည်။ ၂၀၀၈ ဇွန်လတွင် “အထူးမတ်ဂျလစ်” (Special Majlis) ခေါ်တိုင်း ပြုပြည်ပြုလွှတ်တော် ခေါ်ယူခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို အပြီးအသတ်ရေးဆွဲခဲ့ကြသည်။ ဩဂုတ်လတွင် သမ္မတက ၎င်းကို အတည်ပြုလက်မှတ်ရေးထိုခဲ့သည်။ ၂၀၀၈ အောက်တိုဘာလတွင် ပထမဦးဆုံးသော ပါတီစုံ စံနစ်ဖြင့် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်အများပါဝင်ယှဉ်ပြိုင်ကြသော ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ယခင် အစိုးရဟောင်းလက်ထက်တွင် နှစ်ပေါင်းများစွာ ထောင်သွင်းအကျဉ်းချ ခံခဲ့ရသူ နိုင်ငံရေးသမား (Mohamed Nasheed) မိုဟာမက်နာရှီက ဂေးယွန်းကို ရွေးကောက်ပွဲ နောက်ဆုံးအကြော့တွင် အနိုင်ရရှိခဲ့သည်။ ဒီမိုကရေစီစံနစ် ခိုင်မာရေး ၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ၊ မူးယစ်ဆေးဝါးပပျောက်ရေး စသည်တို့သည် သမ္မတသစ်ကို စိန်ခေါ်လျက်ရှိသည်။

ပထ၀ီအနေအထား
တည်နေရာ
တောင်အာရှ ၊ အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ ကျွန်းငယ်များအစုအဝေး ၊
အိန္ဒိယ၏တောင်ဘက်နှင့် အနောက်တောင်ဘက်။

မြေပုံအညွှန်း
အာရှ

ဧရိယာ
ကုန်းမြေ ၂၉၈ sq km
ရေ ၀ sq km

ထိစပ်နယ်မြေ
မရှိ

ကမ်းရိုးတန်း
၆၄၄ sq km

ရာသီဥတု
အပူပိုင်း ၊ ပူ၍စိုစွတ် ၊နိုဝင်ဘာလမှ မတ်လအထိ အရှေ့မြောက်မုတ်သုံးရာသီ ၊ ဂျွန်လမှ ဩဂုတ်လအထိ အနောက်တောင်မုတ်သုံရာသီ။

မြေမျက်နှာသွင်ပြင်
ပြန့်ပြူးညီညာ ၊ သဲဖြူ ကမ်းရိုးတန်း။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အိန္ဒိယသမုဒ္ဒရာ - ၀ m
အမြင့်ဆုံးအပိုင်း ၀ီလင်ဂီလင်ကျွန်းပေါ်ရှိ အမည်မှရှိသော နေရာတစ်ခု - ၂.၄ m

သဘာဝအရင်းအမြစ်
ငါး

လူ့အရင်းအမြစ်
လူဦးရေ ၃၉၆ ၃၃၉ (၂၀၀၉)
လူဦးရေကြီးမားမှု ကမ္ဘာ့အဆင့် - ၁၇၅
လူဦးရေတိုးနှုန်း - ၀.၁၆၈% (၂၀၀၉)
မွေးဖွားနှုန်း ၁၄.၅၅/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း ၃.၆၅ /၁၀၀၀ဦးရေ (၂၀၀၉)
ပျှမ်းမျှအသက် ကျား - ၇၁.၇၈ နှစ်
မ - ၇၆.၂၈ နှစ်
စုစုပေါင်း - ၇၃.၉၇ နှစ်

လူမျိုး
မော်လဒိုက်ဗီယန်

တိုင်းရင်းသားလူမျိုး
တောင်အင်ဒီယန်း ၊ ဆင်ဟယ်လီ၊ အာရပ် ၊

ကိုးကွယ်မှု
ဆွန်နီမွတ်စလင်

ဘာသာစကား
မော်လဒိုက်ဒီဗီဟီ

မြို့တော်
မာလီ (Male)

Monday, 15 March 2010

Republic of Malta


၁၃၇။မော်လ်တာ(Malta)
Republic of Malta
နောက်ခံသမိုင်းအကျဉ်း
၁၈၁၄ တွင် မော်လ်တာကျွန်းကို ဗြိတိသျှက သိမ်းပိုက်ခဲ့သည်။ ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်ကြီး နှစ်ခုလုံးတွင် မော်လ်တာ ကျွန်းနိုင်ငံသည် ဗြိတိသျှဘက်မှ အခိုင်အမာ ရပ်တည်ခဲ့ပြီး ၁၉၆၄ လွတ်လပ်ရေးရသောအခါတွင်လည်း ဗြိတိသျှ ဓနသဟာယနိုင်ငံအဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ လွတ်လပ်ရေးရပြီး ဆယ်စုနှစ်မျှအကြာတွင် သမ္မတနိုင်ငံဖြစ်လာခဲ့သည်။ ၁၉၈၀ နှစ်များ အလယ်လောက်မှစ၍ မော်လ်တာသည် ကုန်သင်္ဘောများ ၀င်ထွက်ကုန်စည်တင်ချရာ အချက်အခြာအဖြစ်လည်းကောင်း ၊ဘဏ္ဍာရေးအချက်အခြာ ဒေသအဖြစ်လည်ကောင်း ၊ ပြုပြင်ပြောင်းလဲခဲ့သည်။ ၂၀၀၄ မေလတွင် အီးယူအဖွဲ့ဝင် နိုင်ငံဖြစ်လာခဲ့ပြီး ၂၀၀၈ တွင် ယူရိုငွေကြေး စနစ်ကို စတင်အသုံးပြုခဲ့သည်။

ပထ၀ီအနေအထား
တည်နေရာ
ဥရောပ တောင်ပိုင်း ၊မြေထဲပင်လယ်အတွင်းရှိ ကျွန်းများ ၊အီတလီနိုင်ငံ စစ္စလီကျွန်း တောင်ဘက်။

မြေပုံအညွှန်း
ဥရောပ

ဧရိယာ
ကုန်းမြေ 316 sq km
ရေ 0 sq km
စုစုပေါင်း 316 sq km
ကုန်းမြေပြင်ကျယ်ပြန့်မှုကမ္ဘာ့အဆင့် = 214

ထိစပ်နယ်မြေ
မရှိ

ကမ်းရိုးတန်း
196.8 km

ရာသီဥတု
မြေထဲပင်လယ်ရာသီဥတု ၊ မျှတ၍ မိုးရွာသော ဆောင်းရာသီ ၊ ပူ၍ခြောက်သွေ့သော နွေရာသီ။

မြေမျက်နှာသွင်ပြင်
အများအားဖြင့် နိမ့်၍ ကျောက်ဆောင်ပေါများ ပြန့်ပြူးသော မျက်နှာပြင်နှင့် ပြတ်တောင်းမြေပြန့်များရှိ။ ကမ်းရိုး တန်း မတ်စောက်ကျောက်ဆောင်၊ ကျောက်စွန်းများရှိ၊

သဘာဝအရင်းအမြစ်
ထုံးကျောက် ၊ ဆား ၊ စိုက်ပျိုးမြေ။

လူ့အရင်းအမြစ်လူဦးရေ
လူဦးရေ 405165 (2009)
လူဦးရေကြီးမားမှု ကမ္ဘာ့အဆင့် - 174
လူဦးရေတိုးနှုန်း 0.4 % (2009)
မွေးဖွားနှုန်း 10.36 /1000 ဦးရေ (2009)
သေဆုံးနှုန်း 8.38/1000 ဦးရေ (၂၀၀၉)
ပျှမ်းမျှအသက် ကျား 77.21 နှစ်
မ 81.8 နှစ်
စုစုပေါင် 79.44 နှဏ် (2009)

လူမျိုး
မော်လ်တီ

တိုင်းရင်းသားလူမျိုး
မော်လ်တီ

ကိုးကွယ်မှု
ရိုမန်ကက်သလစ် 98%

ဘာသာစကား
မော်လတိ (ရုံးသုံး) 90.2%
အင်္ဂလိပ် (ရုံးသုံး) 6%
ဘာသာစကားစုံ 3%
အခြား 0.8%

မြို့တော်
ဗော်လက်တာ (Valletta)

Republic of Marshall Islands


၁၄၄။ မာရှယ်ကျွန်းများနိုင်ငံ
(Marshall Islands)
Republic of Marshall Islands

နောက်ခံသမိုင်းအကျဉ်း
နှစ်လေးဆယ်နီးပါး ကုလသမဂ္ဂ၏ အရှေ့ဖျားဒေသ အစောင့်ရှောက်ခံ ပစိဖိတ်ကျွန်းများအဖြစ် အမေရိကန်ပြည်ထောင်စု၏ စီမံအုပ်ချုပ်မှုမှ လွန်မြောက်၍ ၁၉၈၆ တွင် (လွတ်လပ်သော အဖွဲ့အစည်း သဘောတူညီချက်) နှင့် အောက်တွင် လွတ်လပ်ရေးရရှိခဲ့သည်။ ၁၉၄၇ ခုနှစ်နှင့် ၁၉၆၂ ခုနှစ်များအတွင် အချို့ ကျွန်းများပေါ်တွင် အမေရိကန်၏ နျူကလီးယား စမ်းသပ်မှုအတွက် လျော်ကြေးရရှိရန် တောင်ဆိုလျက်ရှိသည်။ မာရှယ်ကျွန်းနိုင်ငံသည် အမေရိကန်၏ အဓိက ဒုံးပျံ ကာကွယ်ရေး ကွန်ယက်စခန်းတစ်ခု ဖြစ်သော (အမေရိကန် စစ်တပ် ကွာယာလိန်းကျွန်း ရေဂင် ဒုံပျံ စမ်းသပ်နယ်မြေ) တစ်ခုကို ခွင့်ပြုထားရှိသည်။
Compsct of Free Association
Us Army Kwajalein (USAKA) Reagan Miscile Test Site

ပထ၀ီအနေအထား
တည်နေရာ

အိုးရှင်းနီးယား။ သန္တာကျွန်း ၂၉ ခုပါဝင်သော ကျွန်းတန်း ၂ ခုအစုအဖွဲ့။ ဩစတြေးလျနှင့် ဟာရိုင်အီ ကြားလမ်းတစ်ဝက်ခန့် မြောက်ပစိဖိတ် သမုဒ္ဒရာ အတွင်းရှိ သီးခြားကျွန်း ၅ ကျွန်းအပါအ၀င်။

မြေပုံအညွှန်း
အိုးရှင်းနီးယား။

ဧရိယာ
ကုန်းမြေ 181 sq km
ရေ 0 sq km
ဧရိယာအကျယ်အ၀န်း ကမ္ဘာ့အဆင့် =223

ထိစပ်နယ်မြေ
မရှိ

ကမ်းရိုးတန်း
370.4 km

ရာသီဥတု
အပူပိုင်းဒေသ။ပူ၍စိုစွတ်၊မေလ မှ နိုဝင်ဘာလအထိ စိုစွတ်သောရာသီဥတု။
တိုင်းဖွန်းခါပတ်ကွင်း နှင့် ထိစပ်လျက်ရှိ။

မြေမျက်နှာသွင်ပြင်
နိမ့်သောသန္တာထုံးကျောက်တန်း နှင့် သဲကျွန်း။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ပစိဖိတ် သမုဒ္ဒရာ 0 m
အမြင့်ဆုံးအပိုင်း လစ်ကိပ်ကျွန်းပေါ်ရှိ နေရာတစ်ခု 10 m

သဘာဝအရင်းအမြစ်
အုန်းသီး ၊ ပင်လယ်ထွက်ပစ္စည်းများ၊ ပင်လယ်ကြမ်းပြင်ထွက်သတ္တုများ။

လူ့အရင်းအမြစ်
လူဦးရေ 64,522 ဦးရေ (2009)
လူဦးရေကြီးမားမှု ကမ္ဘာ့အဆင့် 206
မွေးဖွားနှုန်း 30.7/ 1000 ဦးရေ (2009)
သေဆုံးနှုန်း 4.49/1000 ဦးရေ (2009)
ပျှမ်းမျှအသက် ကျား 69.15 နှစ်
မ 73.34 နှစ်
စုစုပေါင်း 71.19 နှစ် (2009)

လူမျိုး
မာရှယ်

တိုင်းရင်းသားလူမျိုး
မာရှယ် 92.1%
သွေးနှော မာရှယ် 5.9%
အခြား 2%

ကိုးကွယ်မှု
ပရိုတက်စတင့် 54.8 %
ဘုရားသခင်ညီလာခံ 25.8 %
ရိုမန်ကက်သလစ် 8.4 %
ဘူတော့နန်ယေရှု 2.8 %
မော်မွေန် 2.1 %
အခြားခရစ်ယာန် 3.6 %
အခြား 1 %
ဘာသာမဲ့ 1.5 %

ဘာသာစကား
မာရှယ် 98.2 %
အခြားဘာသာစကားများ 1.8%

မြို့တော်
မာဂျူရို (Majuro)

Sunday, 14 March 2010

Republic of Indonesia


၁၀၃။ အင်ဒိုနီးရှား(Indonesia)
Republic of Indonesia
နောက်ခံသမိုင်းအကျဉ်း
(၁၇) ရာစု အစောပိုင်းတွင် ဒတ်ခ်ျ တို့ ကိုလိုနီပြုခဲ့သည်။ ၁၉၄၂ မှ ၁၉၄၅ အထိ ဂျပန် သိမ်းပိုက်ထားခဲ့သည်။ ဂျပန်စစ်ရှုံးသောအခါ အင်ဒိုနီးရှား လွတ်လပ်ရေးရရှိခဲ့သည်။ စေ့စပ်ညှိနှိုင်းမှု လေးနှစ်ကြာ ပြတ်တောင်းပြတ်တောင်း ပြုလုပ်ခဲ့ပြီး အကြမ်းဖက်မှုများစွာဖြစ်ပွားခဲ့သည်။ နယ်သာလန် မှ ကိုလိုနီပြု ထားခြင်း မရုပ်သိမ်းမီကုလသမဂ္ဂ မှ ကြားဝင်လာခဲ့သည်။ အင်ဒိုနီးရှားသည် ကမ္ဘာ့အကြီးဆုံးကျွန်းစုနိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် မွတ်စလင်ဘာသာဝင်အများဆုံနိုင်ငံဖြစ်၏။ လက်ရှိအခြအနေအရဆင်းရဲမွဲတေမှု ပပျောက်ရေး ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ၊ နှစ်လေးဆယ် အာဏာရှင်စနစ်အလွန် ဒီမိုကရေစီ ခိုင်မာရေး ၊ စီးပွားရေး ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲရေး ၊ အကျင့်ပျက်ခြစားမှုများတားဆီးရေး ၊စစ်တပ် နှင့် ရဲတို့၏ လူအခွင့်အရေးချိုးဖောက်မှုများမှ ကာကွယ်ရေး ၊ ကြက်ငှက်တုပ်ကွေးထိန်းချုပ်ရေး စသည့်အရေးကိစ္စများ အပေါ်အာရုံစိုက်ဆောင်ရွက်လျက်ရှိ၏ ။ ၂၀၀၅ခုနှစ်တွင် အေဆဲ့ ရှိ ခွဲထွက်ရေးသမားများနှင့်ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိခဲ့ပြီး ၂၀၀၆ ဒီဇင်ဘာတွင်ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သည်။ ပါပွါရှိ ခွဲထွက်ရေးအသေးစား လှုပ်ရှားမှုတစ်ရပ် နှင့် ဆက်လက်ရင်ဆိုင်လျှက်ရှိ၏။




ပထ၀ီ အနေအထား
တည်နေရာ
အရှေ့တောင်အာရှ ။ ပစိဖိတ်သမုဒ္ဒရာ နှင့်အိန္ဒိယသမုဒ္ဒရာကြားရှိ ကွန်းစု ။

မြေပုံအညွှန်း
အရှေ့တောင်အာရှ ။

ဧရိယာ
ကုန်းမြေ - 1,826,440 sq km
ရေ - 93,000 sq km
စုစုပေါင်း - 1,919,440 sq km

ထိစပ်နယ်မြေ
တီမော - လက်တီ - 228 km
မလေးရှား - 1,782 km
ပါပွါနယူးဂူနီးယား - 820 km

ကမ်းရိုးတန်း
54,716 km

ရာသီဥတု
အပူပိုင်းရာသီ ။ ပူ၍စိုစွတ် ၊ ကုန်းမြင့်ဒေသများ တွင် ပို၍ အပူအအေးပိုမိုမျှတ။

မြေမျက်နှာသွင်ပြင်
ကမ်းရိုးတန်းမြေနိမ့်။ ကျွန်းကြီးမျာအတွင်းပိုင်းတွင် တောင်များရှိ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အိန္ဒိယသမုဒ္ဒရာ - 0 m
အမြင့်ဆုံးအပိုင်း ပွန်ကက်ဂျာယာ - 5030 m

သဘာဝအရင်းအမြစ်
ရေနံ ၊ သံဖြူ ၊ သဘာဝဓါတ်ငွေ့ ၊ နီတယ်၊ သစ် ၊ ဘောက်ဇိုက်သတ္တု ၊ ကြေးနီ ။
မြေဆီကောင်းမွန်သောမြေ ။ ကျောက်မီးသွေး ၊ ရွှေ ၊ ငွေ ။

လူ့အရင်းအမြစ်
လူဦးရေ 237,512,352 (2008)
လူဦးရေတိုးနှုန်း 10175 % (2008)
မွေးဖွားနှုန်း 19.24 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 6.24 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 67.98 နှစ်
မ - 73.07 နှစ်
စုစုပေါင်း - 70.46 နှစ် (2008)

လူမျိုး
အင်ဒိုနီးရှန်း

တိုင်းရင်းသားလူမျိုး
ဂျာဗာ - 40.6 %
ဆူဒန် - 15 %
မဒူး - 3.3 %
ဖီနန်းကတော် - 2.7 %
ဘတ္တ၀ီ - 2.4 %
ဘူဂျစ် - 2.4 %
ဘန်တန် - 2 %
ဘန်ဂျာ - 1.7 %
အခြားနှင့်အမည်မသိ - 29.9 %

ကိုးကွယ်မှု
မွတ်စလင် - 86.1 %
ပရိုတက်စတင့် - 5.7 %
ရိုမန်ကက်သလစ် - 3 %
ဟင်ဒူ - 1.8 %
အခြားနှင့်အမည်မသိ - 3.4 %

ဘာသာစကား
အင်ဒိုနီးရှား (ရုံးသုံး) ၊ အင်္ဂလိပ် ၊ဒတ်ခ်ျ ၊ ဒေသိယစကားများ။

မြို့တော်
ဂျကာတာ (Jakarta)

Islamis Republic of Mauritania


၁၄၅။ မူအာရီတန်းနီးယား
(Mauritania)
Islamis Republic of Mauritania

နောက်ခံသမိုင်းအကျဉ်း
၁၉၆၀ တွင် ပြင်သစ်ထံမှ လွတ်လပ်ရေးရခဲ့သည်။ ၁၉၇၆ တွင် ယခု အနောက်ဆာဟာရခေါ် ယခင်စပိန် ဆာဟာရ ဒေသ၏ တောင်ဘက် သုံးပုံတစ်ပုံခန့်ကို ကျူးကျော်ခဲ့သည်။ သို့သော် ပေါ်လီဆာရီယို သူပုန်းအုပ်စုမှ သုံးနှစ်ကြာ တိုက်ခိုက်တွန်းလှန်သဖြင့် ပြန်လှည်ဆုတ်ခွာ ပေးခဲ့ရသည်။ ၁၉၈၄ တွင် မာအူးယာအွတ်ဆစ်အာ မတ်တာယာ (Maaouya Ould Sid Ahmed Taya) က အာဏာသိမ်းခဲ့ပြီး နှစ်နှစ်ဆယ်ကျော်ကြာ အာဏာရှင်စံနစ်ဖြင့် တင်းတင်းကြပ်ကြပ် အုပ်ချုပ်ခဲ့သည်။ ၎င်းကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲ များမှာလည်း အတုအယောင်များ သာဖြစ်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် သွေးမြေမကျ အာဏာသိမ်းခဲ့ပြီး စစ်တပ်မှကောင်စီ တစ်ခုဖွဲ့စည်း၍ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖေါ်ဆောင်ခဲ့သည်။ ၂၀၀၇ဧပြီလတွင် ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပသော လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲမှ တစ်သီး ပုဂ္ဂလ သမ္မတ လောင်း ဆီဒီအွတ်ချီအစ် အက်ဘဒယ်လာဟီး (Sidi Ould Cheikh Abdallahi) ကို သမ္မတ အဖြစ် ရွေးကောက် တင်မြောက်ခဲ့သည်။ သို့သော် ၎င်း၏ သက်တမ်းမကုန်ဆုံးမီ ၂၀၀၈ ဩဂုတ်လတွင် စစ်တပ်မှ အာဏာသိမ်းယူပြီး စစ်အစိုးရ ဖွဲ့စည်းခဲ့သည်။ တစ်ချိန်တည်းမှာပင် အာဖရိုး မူအာရီတန်းနီးယန်း လူမည်း တိုင်းရင်းသားများနှင့် အာရပ်ဘာသာ လူဖြူလူမည်း သွေးနှော အုပ်စုတို့ကြား တင်းမာမှုများဖြစ်ပွားလျက်ရှိသည်။

ပထ၀ီအနေအထား
တည်နေရာ
အာဖရိကတောင်ပိုင်း မြောက်အတ္တလန္တိတ် သမုဒ္ဒရာနှင့် ထိစပ်။ ဆီနီဂေါနှင့် အနောက်ဘက်ဆာဟာရကြား။

မြေပုံအညွှန်း
အာဖရိက

ဧရိယာ
ကုန်းမြေ = 1030700 sqkm
ရေ = 0 sqkm

ထိစပ်နယ်မြေ
အယ်လ်ဂျီနီးယား = 463 km
မာလီ = 2237km
ဆီနီဂေါ = 831 km
အနောက် ဆာဟာရ = 1561 km
စုစုပေါင်း = 5091 km

ကမ်းရိုးတန်း
754 km
ရာသီဥတု
သဲကန္တာရာသီဥတု၊ အမြဲတမ်းပူ၊ ခြောက်သွေ့၊ ဖုန်ထူထပ်။

မြေမျက်နှာသွင်ပြင်
အများအားဖြင့် ကန္တာရဆန်သောမြေ။
ပြန့်ပြူးသော ဆာဟာရ။ အလယ်ပိုင်းတွင် တော်ကုန်းအနည်းငယ်ရှိ။

မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း ဆက်ဘက် တီအန် ဂါဟမ်ချာ = -5 m
အမြင့်ဆုံးအပိုင်း ကတ်ဒိုင်းယက် အစ်ဂျီး = 915 m

သဘာဝအရင်းအမြစ်
သံရိုင်း၊ ဂျစ်ပဆလ်ကျောက်၊ ကြေးနီ၊ ဖော့စဖိတ်၊ စိတ်၊ ရွှေ၊ ရေနံ၊ ၀ါး။

လူ့အရင်းအမြစ်
လူဦးရေ 3129 486 ဦးရေ (2009)
လူဦးရေကြီးမားမှုကမ္ဘာ့အဆင့် = 136
လူဦးရေတိုးနှုန်း = 2.399%
မွေးဖွားနှုန်း = 34.4/1000 ဦးရေ (2009)
သေဆုံးနှုန်း = 9.16/ 1000 ဦးရေ (၂၀၀၉)

ပျမ်းမျှအသက်
ကျား ။58.22 နှစ်
မ ။62.59 နှစ်
စုစုပေါင်း ။60.37 နှစ် (2009)
လူမျိုး ။မာအာရီတန်းနီးယန်း

တိုင်းရင်းသားလူမျိုး
မောနှင့် လူမည်းသွေးနှော = 40%
မော = 30%
လူမည်း = 30%

ကိုးကွယ်မှု
မွတ်စလင် = 100%

ဘာသာစကား
အာရပ် (ရုံးနှင့် အမျိုးသားဘာသာစကား)
ပူလား၊ ဆိုတနင်တီ၊ ၀ိုလော့၊ ပြင်သစ်၊ ဟက်ဆန်နီယာ။

မြို့ တော်
အူအက်ချော့

Union of Burma



၁၄၆။မြန်မာ (ဗမာ)Myanmar (Burma)
Union of Burma
နောက်ခံသမိုင်း အကျဉ်း
၁၈၂၄ မှ ၁၈၈၆ အထိ (၆၂) နှစ်ကြာ ဗြိတိသျှလက်အောက်တွင် အိန္ဒိယအင်ပါယာ အတွင်းထားရှိ အုပ်ချုပ်ခဲ့သည်။ အိန္ဒိယပြည်နယ်တစ်စုအဖြစ် အုပ်ချုပ်ခဲ့ပြီး 1937 တွင် အိန္ဒိယခွဲထုတ်ခဲ့သည်။ ၁၉၄၈ တွင် အမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုဖြင့် လုံးဝလွတ်လပ်ရေး ရရှိခဲ့သည်။ လွတ်လပ်ရေးရပြီးစမှစ၍ ၁၉၆၂ အထိ အရပ်သား အစိုးရကပါလီမန်ဒီမိုကရေစီ စနစ်ဖြင့်အုပ်ချုပ်ခဲ့ပြီး ၁၉၆၂ တွင်ဗိုလ်နေ၀င်း ဦးစီသော စစ်တပ်ကအာဏာသိမ်းခဲ့သည်။ ထို့နောက် ဗိုလ်နေ၀င်းက အရပ်သားအဖြစ် အသွင်ပြောင်းကာ ဆိုရှယ်လစ် သမ္မတစနစ်ဖြင့်အုပ်ချုပ်ခဲ့သည်။ ၁၉၆၂ မှ ၁၉၈၈ ခုနှစ်အထိ တစ်ပါတီ အာဏာရှင် စံနစ်ဖြင့်အုပ်ချုပ်လာခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် တစ်ပါတီ အာဏာရှင် စနစ်ချုပ်ငြိမ်းသွားခဲ့ပြီး ၁၉၉၀ တွင် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ တစ်ရပ်ကို ဗိုလ်စောမောင် ဦးစီးသော စစ်အစိုးရက ဦးဆောင်ကျင်းပပေးခဲ့သည်။ နိုဗယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အပြတ်သတ် အနိုင်ရရှိခဲ့သည်။သို့သော် စစ်အစိုးရက အာဏာလွှဲပြောင်းပေးခြင်းမပြုပေ။ ၁၉၈၉ မှ ၁၉၉၅ အထိ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ချထားခဲ့သည်။ ထို့နောက် ၂၀၀၀ ခုနှစ် မှစ၍ ယနေ့အထိ နေအိမ် အကျယ်ချုပ်သက်တမ်း ကို ထပ်ကာတလဲလဲတိုးမြှင့်ချထားဆဲ ဖြစ်သည်။ ၂၀၀၇ ဩဂုတ်လတွင်း လောင်စာဆီဈေးနှုန်းများ ရုတ်တရက် အဆမတန်တိုးမြင့်သွားခြင်း အပေါ်အခြေခံ၍ ပြည်သူလူထုသောင်းနှင့် ချီ၍လမ်းလျောက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ထို့နောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ဦးဆောင်ပါဝင်လာကာ ၂၀၀၇ စက်တင်ဘာလတွင် နိုင်ငံအနှံ့ ဆန္ဒပြဆူပူမှုများ အထွတ်အထိပ် ရောက်ရှိခဲ့သည်။ ဗိုလ်သန်းရွှေ ဦးဆောင်သော စစ်အစိုးရကရက်ရက်စက်စက် အင်အားသုံးဖြိုခွင်းခဲ့သည်။ အဆိုပါ ဆန္ဒပြပွဲတွင် အနည်းဆုံး လူ(၁၃)ဦးသေဆုံးပြီး ထောင်နှင့်ချီသော ပါဝင်လှုပ်ရှားသူများ ဖမ်းဆီး နှိပ်စက်ခြင်း ခံခဲ့ရသည်။ ထိုအချိန်မှစ၍ နေအိမ်များ၊ ဘုန်းကြီး ကျောင်းများကို အချိန်အခါမရွေး ၀င်ရောက် စီးနင်း၍သံသယရှိသူများကို ၀င်ရောက် ရိုက်နှက်ဖမ်းဆီးခြင်းများ လုပ်ဆောင်လျှက်ရှိသည်။ အလုပ်သမား ၀န်ကြီးဌာန၀န်ကြီး ဦးအောင်ကြည်ကို ဒေါ်အောင်ဆန်းစုကြည် နှင့်စစ်အစိုးရ အကြား ဆက်ဆံရေး သံတမန်အဖြစ် ၂၀၀၇ ခုနှစ် အောက်တိုဘာလတွင် ခန့်အပ်ခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ပါတီနှင့်သော်လည်းကောင်း၊ သူမကိုထောက်ခံသူများနှင့် သော်လည်းကောင်း ဆက်သွယ်ပြောဆိုခွင့်မရှိပေ။ ၂၀၀၈ မေလ အစောပိုင်းက တိုက်ခိုက်ခဲ့သော နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒါဏ်ကြောင့် လူပေါင်း ၈၀,၀၀၀ ကျော်သေဆုံးပြီး ၅၀,၀၀၀ ကျော် ဒါဏ်ရာ ရရှိခဲ့သည်။ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ခဲ့သည့်ကြားမှပင် စစ်အစိုးရ စိတ်တိုင်းကျ ရေးဆွဲထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲကို အဆိုပါမေလ၌ ကျင်းပခဲ့သည်။ ၁၉၉၀ နောက်ပိုင်း ပထမဆုံးဆန္ဒခံယူပွဲဖြစ်၏ ၂၀၁၀ တွင် ပါလီမန်ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သည်။

ပထ၀ီ အနေအထား
တည်နေရာ
အရှေ့တောင်အာရှ ။ ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်တို့ နှင့်ထိစပ်။ ဘင်္ဂလားဒေ့ရှ် နှင့်ထိုင်းနိုင်ကြား။

မြေပုံအညွှန်း
အရှေ့တောင်အာရှ။

ဧရိယာ
ကုန်းမြေ - 657740 sq km
ရေ - 20760 sq km
စုစုပေါင်း - 678,500 sq km

ထိစပ်နယ်မြေ
ဘင်္ဂလားဒေ့ရှ် 193 km
တ၇ုတ် 2148 km
အိန္ဒိာ 1463 km
လာအို 235 km
ထိုင်း 1800 km
စုစုပေါင်း 5876 km

ကမ်းရိုးတန်း
1430 km

ရာသီဥတု
အပူပိုင်းမုတ်သုံ ၊ ဖေဖေါ်ဝါရီ မှ မေလအထိ နွေရာသီ ၊ ဇွန်လမှ စက်တင်ဘာလအထိ မိုးရာသီ
အောက်တိုဘာလမှ ဇန်န၀ါရီလ အထိ ဆောင်းရာသီ။

မြေမျက်နှာသွင်ပြင်
အလယ်ပိုင်းမြေနိမ့်ဒေသ ၊ မတ်စောက်ကြမ်းတမ်းသော တောင်များ ၊ပတ်လည်ဝန်းရံ ။

ပင်လယ်ရေ မျက်နှာပြင်အထက်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ကပ္ပလီပင်လယ် 0 m
အမြင့်ဆုံးအပိုင်း ခါကာဘိုရာဇီတောင် 5881 m

သဘာဝအရင်းအမြစ်
ရေနံ ၊ သစ် ၊ သံဖြူ ၊ ခနောက်စိမ်း ၊ သွပ် ၊ ကြေးနီ ၊ အဖြိုက်နက် ၊ခဲ ၊ ကျောက်မီးသွေး ၊စကျင်ကျောက် ၊ထုံးကျောက်၊ အဖိုးတန် ကျောက်သံ ၊ သဘာဝဓါတ်ငွေ့ ၊ ရေအားလျှပ်စစ်၊ စိုက်ပျိုးမြေ။

လူ့အရင်းအမြစ်
လူဦးရေ 47,758,180,ဦးရေ
လူဦးရေတိုးနှုန်း 0.8 % (2008)
မွေးဖွားနှုန်း 17.23 / 1000 ဦးရေ
သေဆုံးနှုန်း 9.23 / 1000 ဦးရေ
ပျှမ်းမျှအသက် ကျား 60.73 နှစ်
မ 65.28 နှစ်
စုစုပေါင်း 62.29 နှစ် (2008)

HIV/AIDS ကူးစက်နှုန်း 1.2% (2003)
HIB/AIDS ရောဂါသည် 330000 ဦးရေ (2003)
HIV/AIDS ဖြင့်သေဆုံးသူ 20000 ဦးရေ (2003)

လူမျိုး
မြန်မာ (ဗမာ)

တိုင်းရင်းသားလူမျိုး
ဗမာ 68 %
ရှမ်း 4%
ကရင် 7%
ရခိုင် 4%
တရုတ် 3%
အိန္ဒိယ 2%
မွန် 2%
အခြား 5%

ကိုးကွယ်မှု
ဗုဒ္ဓဘာသာ 89%
ခရစ်ယာန် 4%
မွတ်စလင် 4%
သဘာဝတရားကိုးကွယ်မှု 1%
အခြား 2%

မြို့တော်
ရန်ကုန် (Rangoon) (Yangon)

Republic of Burundi


၁၄၇။ဘူရွန်ဒီ(Burundi)
Republic of Burundi
နောက်ခံသမိုင်း အကျဉ်း
ဒီမိုကရေစီစနစ်အရ ရွေးချယ်တင်မြှောက်ခြင်းခံရသော ဘူရွန်ဒီ၏ ပထမဦးဆုံး သမ္မတသည် သမ္မတဖြစ် ပြီးရက် (၁၀၀) အကြာ ၁၉၉၃ ဒီဇင်ဘာလတွင် လုပ်ကြံခံခဲ့ရသည်။ ထို့နောက် ဟူကူနှင့် တပ်ဆီ လူမျိုးများအကြားတွင် တိုက်ခိုက်သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့သည်။ ဆယ်နှစ်နီးပါးကြာမြင့်သော ပဋိပက္ခတွင် ဘူရွန်နီလူမျိုး နှစ်သိန်းကျော် သတ်ဖြတ်ခံခဲ့ရသည်။ လူဦးရေသိန်းနှင့်ချီ၍ နိုင်ငံတွင်ရွှေ့ပြောင်းခဲ့ရပြီး အိမ်နီးချင်းနိုင်ငံများတွင် ဒုက္ခသည်များ အဖြစ်ဝင်ရောက်ခိုလှုံခဲ့ကြသည်။ ၂၀၀၃ ခုနှစ်တွင် တပ်ဆီအစိုးရနှင့် ယူသူသူပုန်တို့ကြား နိုင်ငံတကာ ကြားဝင်စေ့စပ်မှုအဖြစ် အသွင်ကူးပြောင်းရေး ဆောင်ရွက်မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး ညွှန့်ပေါင်းကာကွယ်ရေး တပ်မတော်ဖွဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အသစ်တစ်ရပ်ရေးဆွဲခဲ့ပြီး ဟူတူအစိုးရ တစ်ရပ်ကို ရွေးကောက် တင်မြှောက်ခဲ့သည်။ ၂၀၀၆စက်တင်ဘာလတွင် သမ္မတပီယာရီကူရန်ဇီဇါ ဦးဆောင်သော အစိုးရသည် တောင်အာဖရိကနိုင်ငံက ကမကထပြု၍ နောက်ဆုံးလက်ကျန် သူပုန်အုပ်စုနှင့် အပစ်အခတ် ရပ်စဲရေးစာချုပ်လက်မှတ် ရေးထိုးခဲ့သည်။ သို့သော် စိန်ခေါ်မှုများစွာကို ဆက်လက် ရင်ဆိုင်ရလျက်ရှိသည်။

ပထ၀ီ အနေအထား
တည်နေရာ
အာဖရိက အလယ်ပိုင်း ။ ကွန်ရိုဒီမိုကရက်တစ်သမ္မတ နိုင်ငံတော်၏အရှေ့ဘက်တွင်တည်ရှိ ။

မြေပုံအညွှန်း
အာဖရိက

ဧရိယာ
ကုန်းမြေ - 25,650 sq km
ရေ - 2180 sq km
စုစုပေါင်း - 27,830 sq km

ထိစပ်နယ်မြေ
ကွန်ရို - 233 km
ရ၀မ်ဒါ - 290 km
တန်ဇန်နီးယား - 451 km

ကမ်းရိုးတန်း
မရှိ (ကုန်းတွင်းပိတ်)

ရာသီဥတု
အီကွေတာ ရပ်ဝန်းရာသီဥတု။
772 m မှ 2670 m အထိမြင့်မားသော ကုန်းမြင့်ဒေသဖြစ်ခြင်းကြောင့်
အမြင့်ပေအလိုက် ရာသီဥတုအပြောင်းအလဲရှိ ။ နှစ်စဉ်ပျှမ်းမျှအပူချိန် 23 ဒီကရီ
မှ 17 ဒီကရီ အထိ အပြောင်းအလဲရှိ။ ပျှမ်းမျှအမြင့် 1700 m တွင် ယေဘုယျ အားဖြင့်
သမမျှတသော အခြေအနေရှိ။ နှစ်စဉ်ပျှမ်းမျှမိုးရေချိန် 150 cm ခန့်ရှိ ။ ဖေဖေါ်ဝါရီ မှ
မေလအထိ နှင့် စက်တင်ဘာလမှ နိုဝင်ဘာလအထိ စိုစွတ်သောရာသီဥတုရှိ။
ဇွန်လမှ ဩဂုတ်လအထိ နှင့် ဒီဇင်ဘာလ မှ ဇန်န၀ါရီလအထိ ခြောက်သွေ့ရာသီဥတုရှိ။

မြေမျက်နှာသွင်ပြင်
တောင်ကုန်းများ ၊ တောင်များပေါများ။ အရှေ့ဘက်ရှိမြေပြန့်လွင်ပြင်သို့။နိမ့်လျှောဆင်းသွားမြေပြန့်အချို့ရှိ။

မျက်နှာပြင်အထက်ခြားနားချက်
အနိမ့်ဆုံးအပိုင်း တန်ဂန်ယီကာရေကန် - 772 m
အမြင့်ဆုံးအပိုင်း ဟီယာ - 2670 m

သဘာဝအရင်းအမြစ်
နီတယ်၊ ယူရေနီယံ၊ ရှားပါးအောက်ဆိုဒ်ဒြပ်စင်များ။
(Rare earth Onide) ၊ မြေဆွေးဩဇာ။
ကိုဗော့သတ္တု (Cobale) ၊ ကြေးနီ ၊ပလက်တီနမ်၊ ဗနေဒီယံ
သံမဏိပြုလုပ်ရာတွင် သုံးသောသတ္တုဖြူ - Vanadium) ၊စိုက်ပျိုးမြေ၊
ရေအားလျှပ်စစ် ၊ နှီင်အိုဘီယံ (သတ္တုများကိုအပူချိန်လျော့ကျစေရန်ထည့်သွင်း
အသုံးပြုသည် - Niobium) ၊တန်တာလစ် (Tantalam) ၊ ရွှေ၊သံဖြူ ။
အဖြိုက်နက်၊ တေအိုလင်မြေစေး ၊ ထုံးကျောက်။

လူ့အရင်းအမြစ်
လူဦးရေ 8,691,005 ဦးရေ (2008)
လူဦးရေတိုးနှုန်း 3.443 % (2008)
မွေးဖွားနှုန်း 41.72 /1000 ဦးရေ
သေဆုံးနှုန်း 12.91 / 1000 ဦးရေ

လူမျိုး
ဘူရန်ဒီ

တိုင်းရင်းသားလူမျိုး
ယူတူ(ဘန်ထူ) – 85 %
တပ်ဘီ (ဟာမစ်တမ်) - 14 %
တွာ (ပစ်ဂမီ) – 1 %
ဥရောပသား - 3000 ဦးရေ
တောင်အာရှသား - 2000 ဦးရေ

ကိုးကွယ်မှု
ခရစ်ယာန် - 67 %
မိရိုးဖလာယုံကြည်မှု - 23 %
မွတ်စလင် - 10 %

ဘာသာစကား
ကာရန်ဒီ (ရုံးသုံး) ၊ပြင်သစ် (ရုံးသုံး) ၊ဆွာဟီလီ။

မြို့တော်
ဘူဂ်မ္ဘူရာ (Bujumbura)

Republic of Mali


၁၄၈။မာလီ(Mali)
(Repblic of Mali)

နောက်ခံသမိုင်းအကျဉ်း
၁၉၆၀ တွင် ဆူဒန် ရီပတ်သလစ်နှင့် ဆီနီဂေါနိုင်ငံတို့သည် ပြသစ်ထံမှ လွတ်လပ်ရေးရခဲ့ပြီး မာလီပြည်ထောင်စုနိုင်ငံ ဖြစ်လာခဲ့သည်။ လအနည်းငယ်အကြာတွင် ဆီနီဂေါ ခွဲထွက်သွားပြီး ဆူဒန်ရီပတ်ပလစ်သည် မာလီအမည်ကို ယူခဲ့သည်။ ၁၉၉၁ တွင် ယခုလက်ရှိသမ္မတ အမာဒူလိုးရေး (Amadou Toure) ဦးဆောင်သော စစ်တပ်မှ အာဏာသိမ်းယူခဲ့ပြီး အာဏာရှင်စနစ် အဆုံးသတ် ခဲ့သည်။ အာဖရိကတိုက်တွင် အခိုင်မာဆုံး ဒီမိုကရေစီစနစ် စတင်အသက်သွင်းနိုင်ခဲ့သည်။ အာဖရိကတိုက်တွင် အခိုင်မာဆုံး ဒီမိုကရေစီ စတင်အသက်သွင်းအနိုင်ရခဲ့သည်။ ၁၉၉၇ တွင် ဒုတိယသက်တမ်း ထပ်မံအနိုင်ရရှိခဲ့သည်။ ၂၀၀၂ တွင် သက်တမ်း ၂ ဆက်ကုန်ဆုံးသွားသော သမ္မတကိုနာရေးရာထူးမှ ဆင်းပေးခဲ့ပြီး အမာဒူးတိုးရေး သမ္မတဖြစ်လာခဲ့သည်။ ၂၀၀၇ တွင် ဒုတိယသက်တမ်း အတွက်ထပ်မံရွှေးခချယ်ခံရပြီး လွတ်လပ်သန့်ရှင်းမျှတသော ရွေးကောက်ပွဲများ ဖြစ်ကြောင်းလက်ခံကြသည်။

ပထ၀ီအနေအထား
တည်နေရာ
အနောက်အာဖရိက။ အယ်လ်ဂျီရီးယား အနောက်တောင်ဘက်။

မြေပုံအညွှန်း
အာဖရိက။

ထိစပ်နယ်မြေ
အယ်လ်ဂျီးရီးယား ၁၃၇၆ km
ဘာကီနာဖာဆို ၁၀၀၀ km
ဂူနီးယား ၈၅၆ km
အိုင်ဗရီကို့စ် ၅၃၂ km
မွာရီတာနီးယား ၂၂၃၇ km
နိုင်ဂျာ ၈၂၁ km

ဧရိယာ
ကုန်းမြေ ၁၂၂၀၁၉၀ sq km
ရေ ၂၀၀၂ sq km
စုစုပေါင်း ၁၂၄၀၁၉၂
ကုန်းမြေကျယ်ပြန့်မှု ကမ္ဘာ့အဆင့် ၃၁

ကမ်းရိုးတန်း
မရှိ။ ကုန်းတွင်းပိတ်

ရာသီဥတု
အပူလျှော့ပိုင်းရာသီဥတုမှ မိုးခေါင်ခြောက်သွေ့ရာသီဥတုအထိရှိ ဖေဖေါ်ဝါရီလမှ ဇွန်လအထိ ပူပြင်းခြောက်သွေ့။ ဇွန်လမှ နိုင်ဝင်ဘာလအထိ မိုးရွာစိုစွတ်၍ သမမျှတသော ရာသီဥတု။

မြေမျက်နှာသွင်ပြင်
အများအားဖြင့် မြန့်ပြူးညီညာ၍သဲလွှမ်းသောမြောက်ဘက်လှိုင်းတွှန့်လွင်ပြင်များရှိ၊ တောင်ဘက်တွင် သဗားနားမြက်ခင်း၊ အရှေ့ မြောက်ဘက်ကြမ်းတမ်းသော တောင်ကုန်းများ။

မျက်နှာပြင်အမြင့် ခြားနားချက်
အနိမ့်ဆုံးအပိုင်း ဆီနီဂေါမြစ် ၂၃ မီတာ
အမြင့်ဆုံးအပိုင်း ယွမ်ဘိုရီတွန်ဒို ၁၁၅၅ မီတာ

သဘာဝအရင်းအမြစ်
ရွှေ၊ ဖော့စဖိတ်၊ ခါအိုလင်၊ ဆား၊ ထုံးကျောက်၊ ယူရေနီယမ်၊ ဂျစ်ပဆမ်ကျောက်၊ ဂရက်နိုက်၊ ရေအားလျက်စစ်။

လူ့အရင်းအမြစ်
လူဦးရေ - ၁၂၆၆၆၉၈၇ ဦးရေ (၂၀၀၉)
လူဦးရေကြီးမားမှု ကမ္ဘာ့အဆင့် - ၇၁
လူဦးရေတိုးနှုန်း - ၂.၇၆၅% (၂၀၀၉)
မွေးဖွားနှုန်း - ၄၉.၁၅ / ၂၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း - ၁၅.၈၂/ ၁၀၀၀ ဦးရေ (၂၀၀၉)

ပျမ်းမျှအသက်
ကျား ၄၈.၃၈နှစ်
မ ၅၂.၃၈နှစ်
စုစုပေါင်း = ၅၀.၃၅ (၂၀၀၉)

လူမျိုး
မာလာ

တိုင်းရင်းသားလူမျိုး
မန်ဒီ ၅၀%
ပျူးလ် ၁၇%
မော်လတိုက် ၁၂%
ဆောင်းဟိုင်း ၆%
တူအာရက်နှင့် မိုးရ် ၁၀%
အခြား ၅%

ကိုးကွယ်မှု
မွတ်စလင် ၉၀%
ခရစ်ယာန် ၁%%
တိုင်းရင်းသားလူမျိုးစု ယုံကြည်မှုများ ၉%

ဘာသာစကား
ပြင်သစ် (ရုံးသုံး)
ဘမ္ဘာရာ ၈၀%
အျခားအာဖရိက ဘာသာစကာမ်ား

မြို့ တော်
ဘာမာကို (Bamako)

Mongolia




၁၄၉။မွန်ဂိုလီးယား
(Mongolia)
နောက်ခံသမိုင်းအကျဉ်း
(၁၃)ရာစုတွင် ချင်ဂျစ်ခန်(Chinggis Khan) လက်ထက်၌ မွန်ဂိုတို့တန်ခိုးထွားခဲ့ပြီး ကြီးမားသော ဥရောပအာရှ အင်ပါယာကြီးကို တည်ထောင်နိုင်ခဲ့သည်။ ချင်ဂျစ်ခန် ကွယ်လွန်ပြီးနောက်ပိုင်းတွင် အင်အားကြီးမားသော မွန်ဂို ပြည်ထောင် အများအပြားစကွဲထွက်သွားခဲ့သည်။ ထို့နောက် မွန်ဂိုတို့ဌာနေဖြစ်သော စတက်မြက်ခင်းများဆီသို့ ပြန်ရောက်သွားပြီး (၁၇) ရာစုနှောင်းပိုင်းတွင် တရုတ်လက်အောက်ကျရောက်ခဲ့သည်။ (၁၉၂၁) တွင်ဆိုဗီယက်အ ကူအညီဖြင့် လွတ်လပ်ရေးရခဲ့ပြီး (၁၉၂၄) တွင် ကွန်မြူနစ်စနစ်ကို အသက်သွင်းခဲ့သည်။ ယနေ့မွန်ဂိုလီးယားဟူ သည်မှာ မွန်ဂိုတို့၏ သမိုင်းဝင် မူလဇာတိအဖြစ်သာ အမည်ခံရပ်တည်လျက်ရှိပြီး မွန်ဂိုအများအပြားမှာမူ တရုတ် ပြည်သူ့သမ္မတနိုင်ငံတွင်းရှိအတွင်းပိုင်း မွန်ဂိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နေထိုင်လျက်ရှိသည်။ ငြိမ်းချမ်းသော ဒီမိုကရေစီ တော်လှန်ရေးနောက်ပိုင်းတွင် ကွန်မြူနစ် မွန်ဂိုလီးယန်းပြည်သူ့တော်လှန်ရေးပါတီ(ဟောင်း) (Communist Mogolian People’s Revolutionary Party – MPRP)က ၁၉၉၀ နှင့်၁၉၉၂ ရွေးကောက်ပွဲများတွင် အနိုင်ရရှိခဲ့သည်။ (၁၉၉၆) ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ပေါင်းစု (DUC) ကိုရှူံးနိမ့်ခဲ့သည်။ (၂၀၀၀) ရွေးကောက်ပွဲတွင် (MPRP) မှ တစ်ဖန် အပြတ်အသတ်အနိုင်ရရှိပြီး (၂၀၀၄) ခုနှစ်တွင် လွှတ်တော်အ မတ်နေရာများ ဆုံးရှူံးခဲ့ရပြီး (၂၀၀၄ - ၀၈)အထိ ဒီမိုကရက်တစ်ညွှန့်ပေါင်းအစိုးရဖွဲ့ခဲ့ရသည်။ ၀န်ကြီးချူပ်နှင့် ၀န်ကြီးအဖွဲ့ဝင်အများစုမှာမူ (MPRP) မှဖြစ်သည်။


ပထ၀ီအနေအထား
တည်နေရာ
မြောက်ပိုင်းအာရှ၊ တရုတ်နှင့်ရုရှနိုင်ငံများကြား။

မြေပုံအညွှန်း
အာရှ

ဧရိယာ
ကုန်းမြေ ၁,၅၅၃,၅၅၆ sqkm
ရေ ၁၀,၅၆၀ sqkm
စုစုပေါင်း ၁,၅၆၄,၁၁၆ sqkm
ဧရိယာကျယ်ပြန့်မှုကမ္ဘာ့အဆင့် ၂၆

ထိစပ်နယ်မြေ
တရုတ် ၄,၆၇၇ km ၊
ရုရှ ၃,၅၄၃ km
စုစုပေါင်း ၈,၂၂၀ km

ကမ်းရိုးတန်း
မရှိ(ကုန်းတွင်းပိတ်)

ရာသီဥတု
ကန္တာရ ရာသီဥတု၊ ဥရောပကုန်းမရာသီဥတု။

မြေမျက်နှာသွင်ပြင်
ကျယ်ပြန့်သော ကန္တာရဆန်မြေ၊ ကန္တာရမြေပြန့်၊ စတက်မြက်ခင်း၊ အနောက်နှင့်အနောက်တောင်ဘက်တွင်တောင် များ၊ တောင်ဘက်အလယ်ပိုင်းတွင် ဂေါ်ဘီသဲကန္တာရ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ဟိုနျူအာ ၅၁၈ m
အမြင့်ဆုံးအပိုင်း နေရာမက်ဒလင်အော်ဂျီလ် ၄,၃၇၄ m

သဘာဝအရင်းအမြစ်
ရေနံ၊ ကျောက်မီးသွေး၊ ကြေးနီ၊ မော်လီဘဒီနမ်သတ္တု၊ အဖြိုက်နက်၊ ဖေါ့စဖိတ်၊ သံဖြူ၊ နီကယ်၊ ဖလူရိုစပါး၊ ရွှေ၊ ငွေ ၊သံ။

လူ့အရင်းအမြစ်
လူဦးရေ ၃,၀၄၁,၁၄၂ (၂၀၀၉)
လူဦးရေကြီးထွားမှုကမ္ဘာ့အဆင့် ၁၃၇
လူဦးရေတိုးနှုန်း ၁.၄၉၃%(၂၀၀၉)
မွေးဖွားနှုန်း ၂၁.၀၅/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း ၆.၁၂/၁၀၀၀ ဦးရေ (၂၀၀၉)
ပျမ်းမျှအသက်
ကျား ၆၅.၂၃ နှစ်
မ ၇၀.၁၉ နှစ်
စုစုပေါင်း ၆၇.၆၅ နှစ် (၂၀၀၉)

လူမျိုး
မွန်ဂို ၉၄.၉%
တာကစ် ၅%
အခြား ၀.၁%

ကိုးကွယ်မှု
လာမားဗုဒ္ဓဘာသာ ၅၀%
ရှာမန်းနှင့်ခရစ်ယာန် ၆%
မွတ်စလင် ၄%
ဘာသာမဲ့ ၄၀%

ဘာသာစကား
ခယ်လ်ခါမွန်ဂို ၉၀%
တာကစ် ၊ ရုရှ

မြို့တော်
အူလာအန်ဘားတာ(Ula anbaatar)

Umted Mekican States


၁၄၉။ မက္ကဆီကို
(Maxico)
Umted Mekican States
နောက်ခံသမိုင်းအကျဉ်း
ယဉ်ကျေးမှုစောသော အမေရင်းဒီးယန်း လူ့အဖွဲ့အစည်းတည်ရှိရာ ဒေသဖြစ်သော မက္ကဆီကိုသည်(၁၉) ရာစု အစောပိုင်း လွတ်လပ်ရေးမရမီ နှစ်သုံးဆယ်မျှကြာ စပိန်လက်အောက်ကျေ၇ာက်ခဲ့သည်။ ၁၉၉၄ နှောင်းပိုင်းတွင် ပီဆိုငွေတန်ဖိုးကျဆင်းခြင်းနှင့်အတူ စီးပွားရေးပျက်ဆီးခဲ့ပြီး ရာစုနှစ်ဝက်ကျော်ကြာ စီးပွားရေးကျဆင်းခဲ့ရသည်။ ထို့နောက် ၂၀၀၈ ခု ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှု မတိုင်မီအထိ စီးပွားရေး ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ လုပ်ခလစာနည်းပါးမှု ၊ အလုပ်အကိုင်ဖန်တီးနိုင်စွမ်းနည်းပါးမှု ၊ ၀င်ငွေဖြန့်ဝေမှုနည်းပါးမှု ၊ တောင်ပိုင်းပြည်နယ်များရှိ ကြီးမားသော အမေရင်ဒီယန်း လူထုအတွက် ဆင်းရဲတွင်းမှ ဆွဲထုတ်နိုင်ရန် လုပ်ဆောင်ချက်လျော့ရဲမှုများသည် စီးပွားရေး လူမှုရေးဆိုင်ရာ အခက်အခဲများ ဖြစ်လျက်ရှိသည်။ ၁၉၁၀ မက္ကဆီကို တော်လှန်ရေးပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ်ဖြစ် ကျင်းပသော ၂၀၀၀ ရွေးကောက်ပွဲတွင် အတိုက်အခံ အမျိုးသားလှုပ်ရှားမှုပါတီ (National Aclion Party – PAN) မှ ဗစ်ဆင့်ဖေါက် (Vicente Fox) သည် တော်လှန်ေ၇းအင်အားစုပါတီ (Institutionc Revolutional Party – PRI) အစိုးရကို အနိုင်ရရှိပြီး သမ္မတဖြစ်လာခဲ့သည်။ ၂၀၀၆ တွင် ၎င်း PAN ပါတီမှ ဖီလီပီ ကယ်လ်ဒီရွန် (Felipe Calderon) မှ အနိုင်ရရှိခဲ့သည်။ ၂၀၀၉ ဇန်န၀ါရီတွင် မက္ကဆီကိုသည် ၂၀၀၉ - ၁၀ အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ယာယီအဖွဲ့ဝင် နိုင်ငံဖြစ်လာခဲ့သည်။



ပထ၀ီအနေအထား
တည်နေရာ
အမေရိက အလယ်ပိုင်း ၊ ကာရစ်ဘီယံ ပင်လယ်နှင့် မက္ကဆီကို ပင်လယ်ကွေ့တို့နှင့်ထိစပ် ၊ ဘယ်လီဇီ နှင့် အမေရိ ကန်ပြည်ထောင်စုကြားတွင်ရှိပြီး မြောက်ပစိဖိတ်သမုဒ္ဒရာတို့နှင့်ထိစပ်။ ဂွာတီမာလာ နှင့်အမေရိကန်ပြည်ထောင် စုကြား။

မြေပုံအညွှန်း
မြောက်အမေရိကတိုက်။

ဧရိယာ
ကုန်းမြေ 1,943,945 sq km
ရေ 20,430 sq km
စုစုပေါင်း 1,946,375 sq km
ဧရိယာကျယ်ပြန့်မှုကမ္ဘာ့အဆင့် 22

ထိစပ်နယ်မြေ
ဘယ်လီဇီ 250 km
ဂွါတီမာလာ 962 km
အမေရိကန်ပြည်ထောင်စု 3,141 km
စုစုပေါင်း 4,353 km

ကမ်းရိုးတန်း
9330 km

ရာသီဥတု
အပူပိုင်းရာသီဥတုမှသည် ကန္တာရရာသီဥတုအထိ ရာသီဥတု အမျိုးမျိုးရှိ၊

မြေမျက်နှာသွင်ပြင်
မြင့်မားကြမ်းတမ်းသော တောင်များ၊ ကမ်းရိုးတန်း အနိမ့်ပိုင်း မြေပြန့်များ၊ ကုန်းမြင့်လွင်ပြင်များ ကန္တာရ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ်ဆုံးအပိုင်း လာဂူနာ ဆာလာဒါ 10 m
အမြင့်ဆုံးအပိုင်း ဗော်လကန်ပီကိုဒီအော်ရီဇါတာ 5.7000 m

သဘာဝအရင်းအမြစ်
ရေနံ ၊ ငွေ ၊ ကြေးနီ ၊ ရွှေ ၊ ခဲ ၊ သွပ် ၊ သဘာဝဓါတ်ငွေ့ ၊ သစ် ။

လူ့အရင်းအမြစ်
လူဦးရေ 111,211,789 (2009)
လူဦးေ၇ကြီးမားမှုကမ္ဘာ့အဆင့် 12
လူဦးေ၇တိုးနှုန်း 1.13% (2009)
မွေးဖွားနှုန်း 19.71 / 1000 ဦးရေ (2009)
သေဆုံးနှုန်း 4.8 / 1000 ဦးရေ (2009)
ပျှမ်းမျှအသက် ကျား 73.15 နှစ်
မ 79 နှစ်
စုစုပေါင်း 76.06 နှစ်

လူမျိုး
မက္ကဆီကန်

တိုင်းရင်းသားလူမျိုး
မက်စတီဇို 60 %
အမေရင်းဒီးယန် 30 %
လူဖြူ 9%
အခြား 1 %

ကိုးကွယ်မှု
ရိုမန်ကက်သလစ် 76.5 %
ပရိုတက်စတင့် 6.3 %
အခြား 3 %
အမည်မသိ 13.8 %
ဘာသာမဲ့ 3.1 %

ဘာသာစကား
စပိန် 92 .2%
စပိန်နှင့်တိုင်းရင်းသားစကား 5.7%
တိုင်းရင်းသားစကား 0.8%
အမည်မသိ 0.8%

မြို့တော်
မက္ကဆီကို (Mexico)

Micronesia


၁၅၀။မက်ခရိုနီးရှား
(Micronesia)

နောက်ခံသမိုင်းအကျဉ်း
၁၉၇၉ တွင် အမေရိကန်အုပ်ချုပ်မှုအောက်ရှိ ကုလသမဂ္ဂ အစောင့်ရှောက်ခံ နယ်မြေဖြစ်သော မက်ခရိုနီးရှားပြည်ထောင်စုနိုင်ငံသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတစ်ခုရေးဆွဲပြဋ္ဌာန်းခဲ့သည်။ ၁၉၈၆ တွင် လွတ်လပ်ရေး ရရှိခဲ့သည်။ ၎င်းစာချုပ်ကို ၂၀၀၄တွင် ပြင်ဆင်၍အသစ်ပြန်လည်ချုပ်ဆိုခဲ့သည်။ လက်ရှိအချိန်တွင် အလုပ်လက်မဲ့ပြဿနာ၊ ငါးအလွန်အကျွံဖမ်းဆီးခြင်း၊ အမေရိကန်အထောက်အပံ့အပေါ် အလွန်အကျွံမှီခိုနေရခြင်း စသည့်အခက်အခဲ များရှိနေသည်။


ပထ၀ီအနေအထား
တည်နေရာ
အိုရှင်းနီးယား၊
မြောက်ပစိဖိတ်သမုဒ္ဒရာအတွင်းရှိကျွန်းအုပ်စု၊ဟာဝိုင်အီမှအင်ဒိုနီးရှားသို့အသွားခရီးလေးပုံသုံးပုံခန့်

မြေပုံအညွှန်း
အိုးရှင်းနီးယား

ဧရိယာ
ကုန်းမြေ ၇၀၂ sqkm
ရေ ၀ sqkm
ဧရိယာ ကျယ်ပြန့်မှုကမ္ဘာ့အဆင့် ၁၉၈

ထိစပ်နယ်မြေ
ဝ km

ကမ်းရိုးတန်း
၆ ၁၁၂ km

ရာသီဥတု
အပူပိုင်းဒေသရာသီဥတု။ တစ်နှစ်ပတ်လုံးမိုးသည်းထန်၊(အထူးသဖြင့်အရှေ့ ပိုင်းကျွန်းများ) တိုင်ဖွန်၊ ခါးပတ်ကွင်း တောင်ဘက်စွန်းတွင်တည်ရှိခြင်းကြောင့်၊ မကြာခဏဆိုသလို အကြီးအကျယ်ပျက်စီးဆုံးရှုံး။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း - ပစိဖိတ်သမုဒ္ဒရာ ၀ m
အမြင့်ဆုံးအပိုင်း - ဒိုလိုမွှား ၇၉၁ m

သဘာဝအရင်းအမြစ်
သစ်တော၊ ပင်လယ်ထွက်ကုန်၊ ပင်လယ်ကြမ်းပြင် သတ္တုပစ္စည်းများ၊ ဖေါ့စဖိတ်။

လူ့အရင်းအမြစ်
လူဦးရေ ၁၀၇,၄၃၄ (၂၀၀၉)
လူဦးရေကြီးမားမှုကမ္ဘာ့အဆင့် ၁၉၂
လူဦးရေတိုးနှုန်း ၀.၂၃၈% (၂၀၀၉)
မွေးဖွားနှုန်း ၂၃.၁/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း ၄.၄၆ /၁၀၀၀ဦးရေ (၂၀၀၉)
ပျမ်းမျှအသက်
ကျား ၆၉.၀၆ နှစ်
မ ၇၂.၉၃ နှစ်
စုစုပေါင်း ၇၀.၉၄ နှစ် (၂၀၀၉)

လူမျိုး
မက်ခိုနီးရှန်း
တိုင်းရင်းသားလူမျိုး
ချူးတိစ် - ၄၈.၈ %
ဖွန်ပီးယန်း - ၂၄.၂ %
ကော့စ်ရီးယန်း - ၆.၂ %
ယပ်ပီးစ် - ၅.၂ %
ယပ် - ၄.၅ %
အာရှ - ၁.၈ %
ပိုလိုနေးရှန်း - ၁.၅ %
အခြား - ၆.၄ %
အမည်မသိ - ၁.၄ %

ကိုးကွယ်မှု
ရိုမန်ကက်သလစ် - ၅၀ %
ပရိုတက်စတင့် - ၄၇ %
အခြား - ၃ %

ဘာသာစကား
အင်္ဂလိပ် (ရုံးသုံး၊ ဘုံသုံုး) ၊ ချူးကိစ်၊ ကော့စ်ရီးယန်း၊ ဖွန်ပီးယန်း၊ ယပ်ပီးစ်၊ အူလစ်သီးယန်း၊ ၀ူလီအီးယန်း၊ နူကိုးရို၊ ကပ်ပင်းဂါမာရန်ဂီ။

မြို့ တော်
ပါလီကား(Palikir)

Republic of Moldova


၁၅၁။မော်လ်ဒိုဗာ(Moldova)
Republic of Moldova

နောက်ခံသမိုင်းအကျဉ်း
ကမ္ဘာစစ်ကြီးနှစ်ခုကြားကာလတွင် ရိုးမေးနီးယားအစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်နီးလာချိန်တွင် ဆိုဗီ ယက်ယူနီယံနှင့် ပူးပေါင်းခဲ့သည်။ ၁၉၉၁ တွင် ဆိုဗီယက်ထံမှ လွတ်လပ်ရေးရရှိခဲ့သည်။ သို့သော် ဒင်နီယက်စတာမြစ် အရှေ့ ဘက်ဒေသတွင် ရုရှတပ်များဆက်လက်ခွဲထားခဲ့ပြီး ထရန်စနီစထရီးယား ပြည်ထောင်စုခွဲထွက်ရန် တောင်းဆိုလျှက်ရှိသောယူကရိန်း၊ ရုရှ အများစုပါဝင် ဆယ်လဗစ် လူထုကို အထောက်အပံ့ပေးလျက်ရှိသည်။ ဥရောပတွင် အဆင်းရဲဆုံးနိုင်ငံတစ်ခုဖြစ်၏။ ဆိုဗီယက်ခွဲထွက်နိုင်ငံများတွင် ပထမဦးဆုံးအဖြစ် ကွန်မြူနစ်သမ္မတကို ၂၀၀၁ခုနှစ်တွင်ရွေးချယ်ခဲ့သည်။


ပထ၀ီအနေအထား
တည်နေရာ
အရှေ့ ဥရောပ၊ ရိုမေးနီးယား အရှေ့ မြောက်ဘက်။

မြေပုံအညွှန်း
ဥရောပ

ဧရိယာ
ကုန်းမြေ ၃၂ ၈၉၁ sqkm
ရေ ၉၆၀ sqkm
ဧရိယာကျယ်ပြန့်မှုကမ္ဘာအဆင့် ၁၄၆

ထိစပ်နယ်မြေ
ရိုမေးနီးယား ၄၅၀ km
ယူကရိန်း ၉၄၀ km
စုစုပေါင်း ၁ ၃၉၀ km

ကမ်းရိုးတန်း
မရှိ(ကုန်းတွင်းပိတ်)

ရာသီဥတု
သမမျှတသော ဆောင်းရာသီ။ နွေးထွေးသော နွေရာသီ။

မြေမျက်နှာသွင်ပြင်
လှိုင်းထ စတက်မြက်ခင်းလွင်ပြင်၊ ပင်လယ်နက်ဆီသို့နိမ့်လျောဆင်းသွား။
မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ဒန်နီယက်စတာမြစ် ၂ မီတာ
အမြင့်ဆုံးအပိုင်း ဒီယယ်လူးဘလန်နက်စတီ ၄၃၀ မီတာ

သဘာဝအရင်းအမြစ်
လူဦးရေ ၄ ၃၂၀ ၇၄၈ (၂၀၀၉)
လူဦးရေကြီးမားမှုအကမ္ဘာ့အဆင့် ၁၂၃
လူဦးရေတိုးနှုန်း - ၀.၀၇၉ %
မွေးဖွားနှုန်း - ၁၁.၁၂ / ၁၀၀၀ ဦးရေ(၂၀၀၉)
သေဆုံးနှုန်း - ၁၀.၇၈ / ၁၀၀၀ ဦးရေ(၂၀၀၉)
ပျမ်းမျှအသက်
ကျား - ၆၇.၁ နှစ်
မ - ၇၄.၇၁ နှစ်
စုစုပေါင်း - ၇၀.၈ နှစ်

လူမျိုး
မော်လဒိုဗန်

တိုင်းရင်းသားလူမျိုး
မော်လ်ဒိုဗန်၊ ရိုမေးနီးယန်း - ၇၈.၂ %
ယူကရိန်း - ၈.၄ %
ရုရှ - ၅.၈ %
ဂါးရို့ ဇ် - ၄.၄ %
ဘူလ်ဂေးရီးယန်း - ၁.၉ %
အခြား - ၁.၃ %

ကိုးကွယ်မှု
အရှေ့ အောသို့ဒေါ့ - ၉၈ %
ဂျူး - ၁.၅ %
ဘက်ပတစ် နှင့်အခြား - ၀.၅ %

ဘာသာစကား
မော်လဒိုဗန် (ရုံးသုံး)၊ ရုရှ၊ ဂါဇို့ဇ်

မြို့ တော်
ခစ်ရှီနူး(Chisinava)

Principality of Monaco


၁၅၂။မိုနာကို(Monaco)
Principality of Monaco

နောက်ခံသမိုင်းအကျဉ်း
(၁၂၁၅) တွင် ယခုမိုနာကို၌ ဂျန်နို့စ်လူမျိုးတို့ခံတပ်တစ်ခုတည်ဆောက်ခဲ့ကြသည်။ (၁၃) ရာစုနှောင်းပိုင်းမှစ၍ ယခု လက်ရှိအုပ်ချုပ်လျက်ရှိသော ဂရီမယ်ဒီ မျိုးရိုးမှ စတင်၍ အုပ်ချုပ်ခဲ့သည်။ ထို့နောက် (၁၃၃၈) တွင် မင်းသားအုပ် ချုပ်သော နယ်မြေတည်ထောင်ခဲ့သည်။ (၁၉) ရာစု နှောင်းပိုင်းတွင် ပြင်သစ်သို့ ရထားလမ်း ချိတ်ဆက်နိုင်ခြင်း၊ ကာစီနိုလောင်းကစားရုံများ တည်ထောင်ခြင်းဖြင့် စီးပွားရေးကောင်းလာခဲ့သည်။ ထိုအချိန်မှ စ၍ မိုနာကို မင်းသားနိုင်ငံတော်တွင် ရာသီဥတုသာယာခြင်း၊ သဘာဝရှုခင်းများလှပခြင်း၊ လောင်းကစားရုံများ ပြည့်စုံခြင်းစသည်တို့ကြောင့် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်ပြီး အပန်းဖြေ စခန်းနိုင်ငံအဖြစ် ကျော်ကြားလာခဲ့သည်။


ပထ၀ီအနေအထား
တည်နေရာ
အနောက်ဥရောပ၊ မြေထဲပင်လယ်၊ အီတလီနှင့်နယ်နိမိတ်ထိစပ်၊ ပြင်သစ်တောင်ဘက်ကမ်းခြေတို့နှင့်ထိစပ်။

မြေပုံအညွှန်း
ဥရောပ

ဧရိယာ
ကုန်းမြေ ၂ sqkm
ရေ ၀ sqkm
စုစုပေါင်း ၂ sqkm
ဧရိယာကျယ်ပြန့်မှု ကမ္ဘာ့အဆင့် ၂၅၅

ထိစပ်နယ်မြေ
ပြင်သစ် ၄.၄ km

ကမ်းရိုးတန်း
၎.၁ km

ရာသီဥတု
မျှတသောမြေထဲပင်လယ်ရာသီဥတု၊ စိုစွတ်သောဆောင်းရာသီ၊ ခြောက်သွေ့သောနွေရာသီ။

မြေမျက်နှာသွင်ပြင်
တောင်ကုန်းထူထပ်၊ ကြမ်းတမ်း၊ ကျောက်တုံးထူထပ်

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း မြေထဲပင်လယ် ၀ m
အမြင့်ဆုံးအပိုင်း အေဂျယ်တောင် ၁၄၀m

သဘာဝအရင်းအမြစ်
မရှိ

လူ့အရင်းအမြစ်
လူဦးရေ ၃၂ ၉၆၅(၂၀၀၉)
လူဦးရေကြီးမားမှု ကမ္ဘာ့အဆင့် ၂၁၂
လူဦးရေတိုးနှုန်း ၀.၃၉၄ %ဲ(၂၀၀၉)
မွေးဖွားနှုန်း ၉.၁/၁၀၀၀ ဦးရေ(၂၀၀၉)
သေဆုံးနှုန်း ၁၂.၇၄/၁၀၀၀ဦးရေ(၂၀၀၉)
ပျမ်းမျှအသက် ကျား ၇၆.၃ နှစ်
မ ၈၄.၀၉ နှစ်
စုစုပေါင်း ၈၀.၀၉ နှစ်

လူမျိုး
မိုနာကန်(သို့)မိုနက်ဂက်ခ်

တိုင်းရင်းသားလူမျိုး
ပြင်သစ် ၄၇%
မိုနက်ဂက်ခ် ၁၆%
အီတလီ ၁၆%
အခြား ၂၁%

ကိုးကွယ်မှု
ရိုမန်ကက်သလစ် ၉၀%
အခြား ၁၀%

ဘာသာစကား
ပြင်သစ်(ရုံးသုံး)၊ အင်္ဂလိပ်၊ အီတလီ၊ မိုနက်ဂက်ခ်

မြို့တော်
မိုနာကို(Monaco)

Share

Twitter Delicious Facebook Digg Stumbleupon Favorites