Friday, 12 March 2010

Niue


၁၆၆။နူး
(Niue)

နောက်ခံသမိုင်းအကျဉ်း
နူးသည် ဝေးလံခေါင်ဖျားသော ကျွန်းတစ်ကျွန်ဖြစ်၏။ ပိုလီနေရှင်းလူမျိုးစုများနှင့် ကွတ်ကျွန်းစုရှိလူများနှင့် ယဉ် ကျေးမှု၊ ဘာသာစကား မတူညီမှုများကြောင့် သီးခြားရပ်တည်၍ ကိုယ်ပိုင်အုပ်ချုပ်သောကျွန်းဖြစ်၏။ အနောက် တောင်ဘက် ၂၄၀၀ km ဝေးသော နယူဇီလန်နိုင်ငံ သို့ပြောင်းရွှေ့ ဝင်ရောက်ကြသဖြင့် ကျွန်းရှိလူဦးရေမှာ ၁၉၆၆ တွင် ၅၂၀၀ ရှိရာမှ ၂၀၀၉ တွင် ၁၃၉၈ ဦးသို့ ကျဆင်းသွားသည်။


ပထ၀ီအနေအထား
တည်နေရာ
အိုးရှင်းနီးယား၊ တောင်ပစိဖိတ်သမုဒ္ဒရာအတွင်းရှိကျွန်း၊ တန်ဂါနိုင်ငံအရှေ့ ဘက်။

မြေပုံအညွှန်း
အိုးရှင်းနီးယား

ဧရိယာ
ကုန်းမြေ = ၂၆၀ sqkm
ရေ = ၀ sqkm
စုစုပေါင်း = ၂၆၀ sqkmှဧရိယာကျယ်ပြန့်မှု ကမ္ဘာ့အဆင့် = ၂၁၉

ိထိစပ်နယ်မြေ
မရှိ။

ရာသီဥတု
အပူပိုင်းဒေသရာသီဥတု။အရှေ့ တောင်ကုန်သည်လေတိုက်ခတ်မှုကြောင့် ရာသီဥတုသမမျှတမှုရှိ။

မြေမျက်နှာသွင်ပြင်
ကမ်းရိုးတန်းတစ်လျှောက် မက်စောက်သော ထုံးကျောက်ဆောင်များရှိ။ အလယ်ပိုင်းကုန်းမြင့်လွင်ပြင်။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ပစိဖိတ်သမုဒ္ဒရာ = ၀ m
အမြင့်ဆုံးအပိုင်း အမည်ပေးမထားသော နေရာတစ်ခု = ၆၈ m
သဘာဝအရင်းအမြစ်
ငါး၊ စိုက်ပျိုးမြေ။

လူ့အရင်းအမြစ်
လူဦးရေ ၁၃၉၈ (၂၀၀၉)
လူဦးရေ ကြီးမားမှု ကမ္ဘာ့အဆင့် =၂၃၅

လူမျိုး
နူအီယန်

တိုင်းရင်းသားလူမျိုး
နူအီယန် = ရ၈.၂ %
ပစိဖိတ်ကျွန်းသား = ၁၀.၂ %
ဥရောပ = ၄.၅ %
သွေးနှော = ၃.၉ %
အာရှ = ၀.၂ %
အမည်မသိ = ၃ %

ကိုးကွယ်မှု
နူအီယန်အသင်းတော် = ၆၁.၁%
နှောင်းပိုင်း သူတော်စင် = ၈.၈ %
ရိုမန်ကက်သလစ် = ၇.၂ %
ယေဝေါဟာသက်သေ = ၂.၄ %
သတ္တမမြောက်နေ့ = ၁.၄ %
အခြား = ၈.၄ %
အမည်မသိ = ၈.၇ %
ဘာသာမဲ့ = ၁.၉ %

ဘာသာစကား
နူအီယန်၊ ပိုလီနေးရှင်း၊ အင်္ဂလိပ်။

မြို့ တော်
အလိုဖီ (Alofi)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites