Sunday, 7 March 2010

စိန့်ဘာသီလီမီ




စိန့်ဘာသီလီမီ
Saint Barthelemy

နောက်ခံသမိုင်းအကျဉ်း
၁၉၄၃ တွင် ခရစ္စတိုဖာကိုလံဘတ်(စ်) ကရှာဖွေတွေ့ရှိခဲ့ပြီး ၎င်း၏ အစ်ကို ဘာတိုလိုမီဟို၏ အမည်ကို ပေးခဲ့သည်။ စိန့်ဘာသီလီမီ ၌ ၁၆၄၈ တွင် ပြင်သစ်တို့ ပထမဦးစွာ အခြေချခဲ့သည်။ ၁၇၈၄ တွင် ၎င်းကျွန်းကို ပြင်သစ်က ဆွီဒင်ထံသို့ ရောင်းချခဲ့သည်။ ထို့နောက် ဘုရင် ဂတ်စ်တဗ်(တတိယ)၏ အမည်ကို အစွဲပြု၍ အကြီးဆုံးမြို့ကို ဂတ်စ်စတာဗီယာ ဟူ၍ အမည်ပေးခဲ့ပြီး အခမဲ့ ဆိပ်ကမ်း ပြုလုပ်ခဲ့သည်။ ၁၈ ရာစုတွင်ဖြစ်ပွားသော ကိုလိုနီ စစ်ပွဲအတွင်း ထောက်ပံ့ရေးဌာနနှင့် ကူးသန်းရေးဌာနအဖြစ် စီးပွားဖြစ်ထွန်းခဲ့သည်။ ၁၈၇၈ တွင် ပြင်သစ်က ပြန်လည်ဝယ်ယူခဲ့ပြီး ဂွာီးလုပ်၏ အုပ်ချုပ်ခံ နယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။ စိန့်ဘာသီလီမီ သည် ဆွီဒင်တို့ ပေးထားခဲ့သော မြို့အမည်များ လမ်းအမည်များကို ဆက်လက်ထိန်းသိမ်း သုံးစွဲခဲ့ပြီး လက်မောင်းအမှတ်တံဆိပ် မကိုဋ်သုံးခု အမှတ်အသားကို ဆက်လက်သုံးစွဲခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ကျွန်းနေလူထုက ဂွါဒီလုပ်မှ ခွဲထွက်ရန် မဲပေးခဲ့ကြပြီး ၂၀၀၇ တွင် ပြင်သစ်၏ အဝေးရောက် ပိုင်ဆိုင်သော နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။

ပထ၀ီအနေအထား
တည်နေရာ
ဂွါဒီလုပ်မှ အနောက်မြောက် ၁၂၅ မိုင်အကွာ။

မြေပုံအညွှန်း
အမေရိကန် အလယ်ပိုင်း ကာရစ်ဘီယံ။

ဧရိယာ
၂၁ Sq km

ထိစပ်နယ်မြေ
မရှိ

ရာသီဥတု
အပူပိုင်းဒေသ။ဒေသလိုက် အပူချိန်ပြောင်းလဲမှုမရှိ
ခြောက်သွေ့ရာသီနှင့် စိုထိုင်းသောရာသီ ဟူ၍ ရာသီဥတု နှစ်ခုရှိ။

မြေမျက်နှာသွင်ပြင်
တောင်ကုန်းပေါးများ၊ ရေတိမ်သန္တာကျောက်တန်းများ ကျွန်းလုံးပြည့်နီးပါး ၀န်းရံထား၊ ကမ်းခြေ အခု ၂၀ ရှိ။

မျက်နှာပြင်အမြင့် ခြားနားချက်
အနိမ့်ဆုံးအပိုင်း ကာရစ်ဘီယံပင်လယ် = ၀ m
အမြင့်ဆုံးအပိုင်း မွန်းဒူဗီတက် = ၂၈၆ m

သဘာဝအရင်းအမြစ်
အလွန်နည်းပါး။ ကမ်းခြေများသည် အရေးအပါဆုံး အရင်းအမြစ်များဖြစ်သည်။

လူ့အရင်းအမြစ်
လူဦးရေ ၇၄၄၈ ဦး (၂၀၀၉)
လူဦးရေ ကြီးမားမှု ကမ္ဘာ့အဆင့် = ၂၂၆
တိုင်းရင်းသားလူမျိုး = လူဖြူ ၊ ခရီအိုးလ် ၊ (မူလတို) ၊ဂွါဒီလုပ်မက်ဇတီဇို။

ကိုးကွယ်မှု
ရိုမန်ကက်သလစ်
ပရိုတက်စတင့်
ယေဝေါဟာသက်သေ။

ဘာသာစကား
ပြင်သစ် (အဓိက) အင်္ဂလိပ်။

မြို့တော်
ဂတ်စတာဗီယာ (Gustavia)




0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites