Saturday, 19 June 2010

El Salvador


၆၇။အယ်ဆယ်ဗာဒေါ
(El Salvador)

နောက်ခံသမိုင်းအကျဉ်း
၁၈၂၁ တွင် စပိန်ထံမှ လွတ်လပ်ရေးရရှိခဲ့ပြီး ၁၈၃၉ တွင် အမေရိကအလယ်ပိုင်း ပြည်ထောင်စုမှ လွတ်လပ်ရေးရရှိခဲ့သည်။ (၁၂) နှစ်ကြာပြည်တွင်းစစ်အတွင်း လူဦးရေ 75000 ခန့်သေဆုံးခဲ့ပြီး ၁၉၉၂ တွင် အစိုးရနှင့် လက်ဝဲ၀ါဒီသူပုန်များ ငြိမ်းချမ်းရေး စာချုပ်လက်မှတ်ရေးထိုးကာ စစ်ရေးနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ခဲ့သည်။

ပထ၀ီအနေအထား
တည်နေရာ
အမေရိက အလယ်ပိုင်း ၊ မြောက်ပစိဖိတ်သမုဒ္ဒရာ နှင့် ထိစပ်။
ဂွါတီမာလာ နှင့် ဟွန်းဒူးရပ်နိုင်ငံတို့ကြား။

မြေပုံအညွှန်း
အမေရိက အလယ်ပိုင်း နှင့် ကာရစ်ဘီယံ ပင်လယ် ။

ဧရိယာ
ကုန်းမြေ - 20,720 sq km
ရေ - 320 sq km
စုစုပေါင်း - 21,040 sq km

ထိစပ်နယ်မြေ
ဂွါတီမာလာ - 203 km
ဟွန်ဒူးရမ် - 342 km

ကမ်းရိုးတန်း
307 km

ရာသီဥတု
အပူပိုင်းရာသီဥတု ။ မေလ မှ အောက်တိုဘာလ အထိ မိုးရာသီ ။
နိုဝင်ဘာလ မှ ဧပြီလ အထိ ခြောက်သွေ့ရာသီ။
ကမ်းရိုးတန်းဒေသတွင် အပူပိုင်းရာသီဥတု။ကုန်းမြင့်တွင် အပူအအေးမျှတ။

မြေမျက်နှာသွင်ပြင်
တောင်ထူထပ်များပြား ။ ကျဉ်းမြောင်းသော ကမ်းရိုးတန်း နှင့်အလယ်ပိုင်းကုန်းမြင့်။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ပစိဖိတ် သမုဒ္ဒရာ - 0 m
အမြင့်ဆုံးအပိုင်း ဆာရိုအယ်ပီတယ် - 27,30 m

သဘာဝအရင်းအမြစ်
ရေအားလျှပ်စစ် ၊ ပထ၀ီ အပူစွမ်းအင် ၊ ရေနံ ၊ စိုက်ပျိုးမြေ။

လူ့အရင်းအမြစ်
လူဦးရေ 7,066,403 (2008)
လူဦးရေတိုးနှုန်း 1.679 % (2008)
မွေးဖွားနှုန်း 25.72 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 5.53 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 68.45 နှစ်
မ - 75.84 နှစ်
စုစုပေါင်း - 72.06 နှစ် (2008)

လူမျိုး
ဘယ်ဗာဒိုရန်

တိုင်းရင်းသားလူမျိုး
မက်ဇတီဇို - 90 %
လူဖြူ - 9 %
အမေရင်ဒီးယန်း - 1 %

ကိုးကွယ်မှု
ရိုမန်ကက်သလစ် - 57.1 %
ပရိုတက်စတင့် - 21.2 %
ယေဝေါဟာသက်သေ - 1.9 %
မော်မွန် - 0.7 %
အခြား - 2.3 %
ဘာသာမဲ့ - 16.8 %

ဘာသာစကား
စပိန် ၊နာဟွာ ။

မြို့တော်
ဆန်ဆယ်ဗာဒေါ ။

Republic of Equatorial Guinea


၆၈။အီကွေတိုရီယယ် ဂူနီးယား(Equatorial Guinea)
Republic of Equatorial Guinea

နောက်ခံသမိုင်းအကျဉ်း
နှစ်ပေါင်း ၁၉၀ ကြာ စပိန် ကိုလိုနီအဖြစ်မှ ၁၉၆၈ ခုနှစ်တွင် လွတ်လပ်ရေးရခဲ့သည်။ ကုန်းမနှင့်ဌာနေကျွန်း ၀ါးကျွန်း အပါအ၀င် ဖြစ်သော၎င်းနိုင်ငံ ငယ်လေးသည် အမေရိကတိုက် တွင် အသေးငယ်ဆုံးနိုင်ငံတွင် တစ်နိုင်ငံ ဖြစ်၏။ ၁၉၉၁ ခုနှစ်တွင် ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခဲ့ပြီး ၁၉၉၆ - ၂၀၀၂ သမ္မတ ရွေးကောက်ပွဲများ နှင့် ၁၉၉၉ ၊ ၂၀၀၄ ဥပဒေလွှတ်တော် ရွေးကောက်ပွဲများတွင် မသမာမှုများရှိခဲ့ပြီး သမ္မတ တီအိုဒိုရိုအော်ဘီအန်းငွီမားအမ်ဘာဆိုဂို (Teotoro O Nguema Mbasogo) က ၁၉၇၉ ခုနှစ် အာဏာသိမ်းယူပြီး ကတည်းက အုပ်ချုပ်လာခဲ့သည်။ နိုင်ငံတော်သမ္မတက နိုင်ငံရေးတွင် ဩဇာအပြည့်ယူထားပြီး နိုင်ငံရေးအတိုက်အခံများကို မျက်နှာသာမပေးပေ။ အီကွေတိုရီယယ် ဂူနီယားသည် ကမ်းလွန် ပင်လယ်ပြင်ရေနံသိုက် ရှာဖွေတွေ့ရှိခဲ့ပြီး စီးပွားရေးလျှင်မြန်စွာ တိုးတက်လာခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ဆာဟာရတောင်ပိုင်း အာဖရိကနိုင်ငံများ တွင် တတိယရေနံ အများဆုံး တင်ပို့သော နိုင်ငံ ဖြစ်လာခဲ့သည်။ ရေနံထုတ်လုပ်မှုကြောင့် စီးပွားရေးတဟုန်ထိုးတိုး တက်လာပြီး မကြာမီနှစ်များက အစိုးရဘဏ္ဍာငွေ အဆမတန်တိုးပွားလာခဲ့သော်လည်း လူထုများကြားတွင် လူ နေမှုအဆင့်အတန်းမှာ ပြောပလောက်အောင်တိုးတက်မလာပေ။

ပထ၀ီ အနေအထား
တည်နေရာ
အနောက်အာဖရိက ။ ဘိုင်ယာဖရာ ပင်လယ်ကွေ့နှင့် ထိစပ်။ ကင်မရွန်း နှင့် ဂတ်ဘွန် နိုင်ငံများကြား။

မြေပုံအညွှန်း
အာဖရိက ။

ဧရိယာ
ကုန်းမြေ - 28,051 sq km
ရေ - 0 sq km
စုစုပေါင်း - 28,051 sq km

ကမ်းရိုးတန်း
296 km

ရာသီဥတု
အပူပိုင်းရာသီဥတု ၊ အမြဲပူ၍ စိုထိုင်း။

မြေမျက်နှာသွင်ပြင်
ကမ်းရိုးတန်းမြေပြန့် မှ အတွင်းပိုင်းတောင်ကုန်းများဆီသို့ မြင့်တက်သွား။ မီးတောင်ကျွန်းများ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အတ္တလန္တိတ် သမုဒ္ဒရာ - 0 m
အမြင့်ဆုံးအပိုင်း ပီကို ဘာဆီလီ - 3,008 m

သဘာဝအရင်းအမြစ်
ရေနံ ၊ သဘာဝဓါတ်ငွေ့ ၊ သစ် ၊ ရွှေ ၊ ဘောက်ဆိုဒ်သတ္တု ၊ စိန် ၊ ဇန်တလစ်
(မီးခိုးရောင် သတ္တုမာ တစ်မျိုး) ၊သဲ နှင့် ကျောက်စရစ် ၊ ရွှံ့စေး ။

လူ့အရင်းအမြစ်
လူဦးရေ 616,459 (2008)
လူဦးရေတိုးနှုန်း 2.732 % (2008)
မွေးဖွားနှုန်း 37.04 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 9.72 /1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 60.36 နှစ်
မ - 62.13 နှစ်
စုစုပေါင်း - 61.23 နှစ် (2008)

လူမျိုး
အီကွေတိုရီယယ် ဂူနီးယန် (သို့) အီကွေတိုနီယန်း။

တိုင်းရင်းသားလူမျိုး
ဖန်း - 85.7 %
ဘူဘီ - 6.5 %
အမ်ဒိုဝီ - 3.6 %
အန်ဒိုဘွန် - 1.6 %
ဘူဂျီတာ - 1.1 %
အခြား - 1.4 %

ကိုးကွယ်မှု
ရိုမန်ကက်သစ် အများစု ။ ခရစ်ယာန် မဟုတ်သောဝါဒများ။

ဘာသာစကား
စပိန် - 67.6 % (ရုံးသုံး)
အခြား - 32.4 %

မြို့တော်
မာလာဘို ။

(Eritrea) State of Eritrea


၆၉။ အီရီထရီယာ
(Eritrea)
State of Eritrea

နောက်ခံသမိုင်း အကျဉ်း
၁၉၅၂ ခုနှစ်တွင် အီရီထရီယာသည် အီသီယိုးဘီးယာ၏ ဖက်ဒရယ် ပြည်ထောင်စုဝင်တစ်ခုအဖြစ် သိမ်းပိုက် ခြင်းခံခဲ့ရသည်။ အီသီယိုးပီးယာက ပြည်နယ်တစ်ခုအဖြစ် သိမ်းပိုက်ထားခဲ့ပြီး (၁၀) နှစ်အကြာ နှစ် (၃၀)ကြာ တော်လှန်ပုန်ကန်မှု ဖြစ်ပွားခဲ့ပြီး ၁၉၉၁ တွင် အရီထရီယန်း သူပုန်များက အစိုးရတပ်များကို အောင်မြင်စွာ ချေမုန်းနိုင်ခဲ့သည်။ လွတ်လပ်ရေးအတွက် လူထုဆန္ဒခံပွဲကို ၁၉၉၃ တွင် ကျင်းပခဲ့ရာ အပြတ်အသက် အနိုင်ရရှိခဲ့သည်။ ၁၉၉၈ တွင် ဖြစ်ပွားသော အီသီယိုးပီးယားနှင့် နယ်စပ် အငြင်းပွားမှုပြသနာသည် ၂၀၀၀ ဒီဇင်ဘာတွင် ကုလသမဂ္ဂ၏ ဦးဆောင်ဖြေရှင်းမှုဖြင့် ပြေလည်သွားခဲ့သည်။ အီသီယိုးပီးယားနှင့် နယ်စပ် (25) km ကျယ်ဝန်းသော ယာယီ လုံခြုံရေးဇုံ (Temparary Seulrity Zone) တွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အီရီထရီယာမှ လက်ခံထားသည်။ အဆိုပါ နယ်စပ်ပြသနာများကို ဖြေရှင်း ဖွဲ့စည်ထားသော အပြည်ပြည်ဆိုင်ရာ ကော်မရှင်က ၎င်းတို့လေ့လာ တွေ့ရှိချက်များကို ၂၀၀၂ ခုနှစ်တွင် ဖေါ်ပြခဲ့သည်။ သို့သော် ကုလသမဂ္ဂ ငြိမ်းချမ်းရေးအဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ ကော်မရှင် စသည့်နှစ်ဖွဲ့လုံးနှင့် ပြသနာကို ပြေလည်အောင် ဖြေရှင်းနိုင်ခြင်းမရှိသေးပေ။ ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်နေ့တွင် အီရီထရီယား နှင့် အီသီယိုပီယား နယ်နိမိတ်ကော်မရှင် (EEBC) က နှစ်နိုင်ငံအကြား အငြင်းပွားလျက်ရှိသော နယ်နိမိတ်ကို ခွဲခြားသတ်မှတ်ပေးခဲ့သည်။ ယင်းသတ်မှတ်ချက်အရ ဘက်မီမြို့အပါအ၀င် အီသီယိုးပီးယား သိမ်းပိုက်ထားသော အငြင်းပွားနယ်မြေ အတော်များများ အီသီယိုးပီးယားဘက်သို့ ပါသွားခဲ့သည်။အီရီထရီးယားက (EEBC) ၏ “Virtual demarcayion’’ ခေါ် “ပကတိ နယ်မြေသတ်မှတ်ချက်” ဆုံးဖြတ်ချက်ကို လက်ခံခဲ့ပြီး အီရီထရီးယား ပိုင်နက်ဖြစ်သော ယာယီလုံခြုံရေးဇုံပေါ်မှ အီသီယိုးပီးယား တပ်များဖယ်ရှားပေးရန် တောင်းဆိုခဲ့သော်လည်း အီသီယိုးပီးယားက ယင်းဆုံးဖြတ်ချက်ကို လက်မခံပေ။


ပထ၀ီ အနေအထား
တည်နေရာ
အာဖရိက အရှေ့ပိုင်း ။ ပင်လယ်နီ နှင့် ထိစပ်။ဂျီဘောက်တီ နှင့်ဆူဒန်နိုင်ငံတို့ကြား။

မြေပုံအညွှန်း
အာဖရိက

ဧရိယာ
ကုန်မြေ - 121,320 sq km
ရေ - 0 sq km
စုစုပေါင်း - 121,320 sq km

ထိစပ်နယ်မြေ
ဂျစ်ဘေက်တီ - 109 km
အီသီယိုးပီးယား- 912 km
ဆူဒန် - 605 km

ကမ်းရိုးတန်း
2,234 km

ရာသီဥတု
ပင်လယ်နီ ကမ်းရိုးတန်း တလျေက် ပူ၍ခြောက်သွေ့သော ကန္တာရကမ်းမြောင်း။ အအေးပို၍ ပိုမိုစွတ်စိုသော အလယ်ပိုင်းကုန်းမြင့်။ အနောက်တောင် ကုန်းများနှင့် မြေနိမ့်ဒေသများတွင် အတော်အတန် မိုးခေါင်။

မြေမျက်နှာသွင်ပြင်
အီသီယိုးပီးယား၏တောင် မြောက်သွယ်တန်းနေသော မတ်စောက်ကုန်းမြင့် ပါဝင်လျက်ရှိပြီး အရှေ့ဘက်ရှိ ကမ်းရိုးတန်း ကန္တာရမြေပြန့်ဆီသို့ လျောဆင်းသွား အနောက်မြောက်တွင် တောင်ကုန်း ပေါများပြီး အနောက်တောင်ဘက်တွင် ပြန့်ပြူးညီညာ လှိုင်းထသော မြေပြန့်ရောထွေးတည်ရှိ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ကူးလူး အနီး ဒီနာကီ ချိုင့်ဝှမ်း - 75 m
အမြင့်ဆုံးအပိုင်း ဆွိုင်ရာ - 3,018 m

သဘာဝအရင်းအမြစ်
ရွှေ၊ ပြာဓါတ်၊ သွပ်၊ ကြေးနီ၊ ဆား၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ ထုတ်ယူနိုင်ဖွယ်၊ ငါး။

လူ့အရင်းအမြစ်
လူဦးရေ 5,502,026 (2008)
လူဦးရေတိုးနှုန်း 2.631 % (2008)
မွေးဖွားနှုန်း 34.94 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 8.63 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 59.35 နှစ်
မ - 63.46 နှစ်
စုစုပေါင်း - 61.38 နှစ် (2008)

လူမျိုး
အီရီထရီးယန်း။

တိုင်းရင်းသားလူမျိုး
တိုက်ဂရစ်ညာ - 50 %
တိုက်ဂရီ နှင့် ကူနာမာ - 40 %
အေဖါ - 4 %
ဘာဟို - 3 %
အခြား - 3 %

ကိုးကွယ်မှု
မွတ်စလင် ။ ကော့ကတစ်ခရစ်ယာန် ၊ ရိုမန်ကက်သလစ် ၊ ပရိုတက်စတင့်။

ဘာသာစကား
အေဖါ၊ အရပ်၊ တိုက်ဂရီ၊ အခြား ကတ်ရှိတစ်စကားများ။

မြို့တော်
အက်မာရာ (Asmara)

Estonia


၇၀။ အက်စတိုးနီးယား
(Estonia)

နောက်ခံသမိုင်း အကျဉ်း
ဒိန်းမတ်၊ဆွီဒင်၊ ဂျာမန်နှင့် ရုရှတို့ရှိ၏ ကိုလိုနီ နိုင်ငံအဖြစ် ရာစုနှစ်များစွာ နေထိုင်ခဲ့ပြီးနောက် ၁၉၁၈ တွင် လွတ်လပ်ရေး ရရှိခဲ့သည်။ အမေရိကန် ပြည်ထောင်စုက အသိပြုခြင်းမရှိခဲ့သော ဆိုဗီယက် ပြည်ထောင်စု၏ သွတ်သွင်းမှုကို ၁၉၄၀ တွင် ခံခဲ့ရသည်။ ၁၉၉၁ တွင် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားခြင်းနှင့်အတူ တစ်ဖန်လွတ် မြောက်ခဲ့သည်။ ၁၉၉၄ တွင် ရုရှတပ်များ ရုပ်သိမ်းသွားပြီးချိန်မှစ၍ အက်စတိုးနီးယားသည် အနောက်ဥရောပ နိုင်ငံများနှင့် စီးပွားရေး နိုင်ငံရေး တိုးမြင့်ဆက်ဆံမှုများ လွတ်လပ်စွာ လုပ်ဆောင်ခဲ့သည်။ ၂၀၀၄ တွင် နေတိုးနှင့် ဥရောပ သမဂ္ဂများသို့ ၀င်ရောက်ခဲ့သည်။

ပထ၀ီ အနေအထား
တည်နေရာ
အရှေ့ဥရောပ ။ ဘောလ်တစ် ပင်လယ်နှင့် ဖင်လန်ပင်လယ်ကွေ့တို့နှင့်ထိစပ်။ လတ်ဗီးယားနှင့် ရုရှနိုင်ငံတို့ကြား။

မြေပုံအညွှန်း
ဥရောပ

ဧရိယာ
ကုန်မြေ - 2,015 sq km
ရေ - 43,211 sq km
စုစုပေါင်း - 45,226 sq km

ထိစပ်နယ်မြေ
လတ်ဗီးယား - 343 km
ရုရှ - 290 km

ကမ်းရိုးတန်း
3794 km

ရာသီဥတု
ပင်လယ်ပြုပြင်မှုရှိသောရာသီဥတု ၊ စိုစွတ်၍သမမျှတသော ဆောင်းရာသီ။ အေးမြသော နွေရာသီ ။

မြေမျက်နှာသွင်ပြင်
ရွှံ့နွံတော၊ မြေနိမ့်ဒေသများ။ မြောက်ပိုင်းတွင်ပြန့်ပြူးညီညာ၍ တောင်ပိုင်းတွင် တောင်ကုန်းပေါများ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း - ဘောလ်တစ် ပင်လယ် - 0 m
အမြင့်ဆုံးအပိုင်း - ဆးအာ မူနာမန်ဂျီ - 318 m

သဘာဝအရင်းအမြစ်
ရေနံထုတ်ယူနိုင်သော ယှေလကျောက်လွှာ၊ မြေဆွေးစိုင်၊ ဖေါ့စပိုရိုက်၊ ရွှံ့စေး၊ ထုံးကျောက်၊ သဲ၊ ဒိုလိုမိုက်၊ စိုက်ပျိုးမြေ၊ ပင်လယ်ထွက်ရွှံ့။

လူ့အရင်းအမြစ်
လူဦးရေ 1,307,605 (2008)
လူဦးရေတိုးနှုန်း (-0.6 32 %) (2008)
မွေးဖွားနှုန်း 10.28 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 13.35 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 67.16 နှစ်
မ - 78.3 နှစ်
စုစုပေါင်း - 72.56 နှစ် (2008)

လူမျိုး
အက်စတိုးနီးယန်း

တိုင်းရင်းသားလူမျိုး
အက်စတိုးနီးယန်း - 67.9 %
ရုရှ - 25.6 %
ယူကရိန်း - 2.1 %
ဘီလာရု - 1.3 %
ဖင်း - 0.9 %
အခြား - 2.2 %

ကိုးကွယ်မှု
ဧ၀ံဂလိလူသာရန် - 13.6 %
အော်သိုဒေါ့ - 12.8 %
အခြားခရစ်ယာန်- 1.4 %
ဘာသာစွဲမရှိသူ - 34.1 %
အခြားနှင့်အမည်မသိ - 32 %
ဘာသာမဲ့ - 6.1 %

ဘာသာစကား
အက်စတိုနီးယန်း (ရုံးသုံး) 67.3 %
ရုရှ - 29.7 %
အခြား - 2.3 %
အမည်မသိ - 0.7 %

မြို့တော်
တယ်လင်း (Tallin)

Federal Demoratic Republic of Ethiopia



၇၁။အီသီယိုးပီးယား(Ethiopia)
Federal Demoratic Republic of Ethiopia


နောက်ခံသမိုင်း အကျဉ်း
အာဖရိက နိုင်ငံများတွင် အီသီယိုးပီးယား ဘုရင့်နိုင်ငံသည် ဒုတိယ ကမ္ဘာစစ် အတွင်း ၁၉၃၁ - ၃၄ ခုနှစ် အထိ အီတလီ၏သိမ်းပိုက်မှုကို ခံခဲ့ရသည်မှအပ မည်သည့်နိုင်ငံ၏ ကိုလိုနီမှ မဖြစ်ခဲ့ဖူးပေ။ ၁၉၇၄ ခုတွင် “သည်ဒါတ်” (The Dery) “နိုင်ငံတော်ကောင်စီ” ဟု ခေါ်သောစစ်အစိုးရက ဧကရာဇ် ဟိုင်လီ ဆယ်လာဆီး (Emperor Haile Selassie - ၁၉၃၀ နန်းတက်) ကိုဖြုတ်ချ၍ ဆိုရှယ်လစ် နိုင်ငံတော်တည်ထောင်ခဲ့သည်။ သွေးထွက်သံယို အာဏာသိမ်းပွဲများ ၊ အဓိကရုဏ်းများ ၊ မိုးခေါင်ရေရှားမှုများ စသည်တို့ကြောင့် ဒုက္ခသည်များ အစုလုက်အပြုံလိုက် ဖြစ်လာခဲ့ပြီး အီသီယိုးပီးယား ပြည်သူ့ တော်လှန်ရေး ဒီမိုကရေစီတပ်ဦး (Ethiopian people’s Revolutionary Democratic Front – EPRDF) ခေါ် သူပုန်ညွှန့်ပေါင်း စစ်တပ် မှ အစိုးရကို တော်လှန်ဖယ်ရှားခဲ့ပစ်ခဲ့သည်။ ၁၉၉၄ တွင် အခြေခံ ဥပဒေ ရေးးဆွဲပြီး အီသီယိုးပီးယား ၏ ပထမဦးဆုံး ပါတီစုံ အထွေထွေရွေးကောက်ပွဲကို ၁၉၉၅ တွင် ကျင်းပခဲ့သည်။ ၁၉၉၀ ခုနှစ် များတွင် အီရီထရီးယား နှင့် နယ်နိမိတ် အငြင်းပွားစစ်ပွဲဖြစ်ပွားခဲ့ပြီး ၂၀၀၀ ဒီဇင်ဘာတွင် ငြိမ်းချမ်းရေး စာချုပ် ချုပ်၍ပြေငြိမ်းခဲ့ကြသည်။ အီရီထရီးယာ - အီသီယိုးပီးယား နယ်နိမိတ် ကော်မရှင်က ၂၀၀၇ ဒီဇင်ဘာလတွင် ပထ၀ီအနေအထားအရ နယ်မြေသတ်မှတ်ပေး ခဲ့သည်။ သို့သော် မြေပြင်ပေါ်တွင် အပြီးသတ် နယ်နိမိတ်ပိုင်းခြားရေးအတွက် လောလောဆယ်တွင် ဆိုင်းငံ့ထား သည်။အဘယ်ကြောင့်ဆိုသော် အပြည်ပြည်ဆိုင်ရာကော်မရှင် မှ အီသီယိုးပီးယားပိုင်နယ်မြေများလက်လွတ်ရန် လိုလားချက်အပေါ် အီသီယိုးပီးယား မှ လက်ခံခြင်းမရှိသောကြောင့်ဖြစ်၏။

ပထ၀ီ အနေအထား
တည်နေရာ
အာဖရိက အရှေ့ပိုင်း ။ ဆိုမာလီယာ နိုင်ငံ၏အနောက်ဘက်။

မြေပုံအညွှန်း
ကုန်းမြေ - 1,119,683 sq km
ရေ - 7444 sq km
စုစုပေါင်း - 1,127,127 sq km

ထိစပ်နယ်မြေ
ဂျီဘောက်တီ - 349 km
အီရီထရီယာ - 912 km
ကင်ညာ - 861 km
ဆိုမာလီယာ - 1,600 km
ဆူဒန် - 1,606 km

ကမ်းရိုးတန်း
မရှိ (ကုန်းတွင်းပိတ်)

ရာသီဥတု
မြေမျက်နှာသွင်ပြင်အလိုက် အပြောင်းအလဲရှိသေး အပူပိုင်းမုတ်သုံရာသီဥတု ။

မြေမျက်နှာသွင်ပြင်
ဂရိတ် ရစ်တောင်ကြားဖြင့် ပိုင်းခြားထားသော ကုန်းမြင့်လွင်ပြင်ပေါ်ရှိ အလယ်ပိုင်း တောင်တန်း။

မျက်နှာပြင်အမြစ်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ဒီနာကီ ချိုင့်ဝှမ်း - 125 m
အမြင့်ဆုံးအပိုင်း ရတ်ဒီဂျန် - 4,533 m

သဘာဝအရင်းအမြစ်
ရွှေအနည်းငယ် ၊ ပလက်တီနမ် ၊ ကြေးနီ ၊ ပြာဓါတ်၊ သဘာဝဓါတ်ငွေ့၊ ရေ အားလျှပ်စစ်။

လူ့အရင်းအမြစ်
လူဦးရေ 82,544,840 (2008)
လူဦးရေတိုးနှုန်း 3.212 % (2008)
မွေးဖွားနှုန်း 43.97 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 11.83 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 52.54 နှစ်
မ - 57.51 နှစ်
စုစုပေါင်း - 54.99 နှစ် (2008)

လူမျိုး
အီသီယိုးပီးယန်း

တိုင်းရင်းသားလူမျိုး
အော်ရိုမို - 32.1 %
အမ်မာရာ - 30.1 %
တိုက်ဂရာဝေး - 6.2 %
ဆိုမာလီ - 5.9 %
ဂူရာဂီ - 4.3 %
ဆစ်ဒါမာ - 3.5 %
ဝယ်လိုင်တာ - 2.4 %
အခြား - 15.4 %

ကိုးကွယ်မှု
ခရစ်ယာန် - 60.8 % (အော်သိုဒေါ့ - 50.6 % ပရိုတက်စတင့် 10.2 %)
မွတ်စလင် - 32.8 %
မီရိုးဖလာကိုးကွယ်မှု - 4.6 %
အခြား - 108 %

ဘာသာစကား
အမ်မာရစ်ဂနာ - 32.7 %
အော်ရိုမစ်ဂနာ - 31.6 %
တိုက်ဂရစ်နာ - 6.1 %
ဆိုမာလီဂနာ - 6 %
ဂွါရာဂစ်နာ - 3.5 %
ဆစ်ဒါမစ်ဂနာ - 3.5 %
ဟာဒီယီဂနာ - 1.7 %
အခြား - 14.8 %
အင်္ဂလိပ် (ကျောင်းတွင် ပြဌာန်းသော အဓိက နိုင်ငံခြားဘာသာစကား)

မြို့တော်
အက်ဒစ် အဘာဘာ (Addis Ababa)

Falkland Islands


၇၂။ဖေါ့ကလန် ကျွန်းများ(Falkland Islands)
(Islas Malvina)

နောက်ခံသမိုင်းအကျဉ်း
၁၅၉၂ တွင် အင်္ဂလိပ်လူမျိုး စွန့်စားသွားလာသူ တစ်ဦးက ပထမဆုံးတွေ့ရှိခဲ့သော်လည်း ၁၆၉၀ နောက်ပိုင်း အထိ အင်္ဂလိပ်တို့ အခြေချခြင်းမရှိခဲ့သေးပေ။ ၁၇၆၄ အထိလည်း ပြင်သစ်အခြေချသူများ မရှိခဲ့သေးပေ။နောက် နှစ်နှစ် အကြာတွင် စပိန် က သိမ်းပိုက်ခဲ့ပြီး ထိုအချိန်မှစ၍ ပိုင်ဆိုင်မှု အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။ ပထမဆုံး စပိန် နှင့် ဗြိတိန် တို့ အငြင်းပွားခဲ့ပြီး ထို့နောက် ဗြိတိန် နှင့် အာဂျင်တီးနား တို့ အငြင်းပွားခဲ့ကြသည်။ ၁၈၈၃ တွင် ဗြိတိန်မှ ကျွန်းစောင့်ရေတပ်သားရှိ၍ ၎င်းပိုင်ဆိုင်ကြောင်းကြေငြာခဲ့သည်။ ၁၉၈၂ ဧပြီလ ၂ ရက်နေ့ တွင် အာဂျင် တီးနားမှ ကျူးကျော်သိမ်းပိုက်ခဲ့သည်။ ဗြိတိန်မှ နိုင်ငံရပ်ခြားစစ်တပ်ကိုစေလွှတ်ခဲ့ပြီ ခုနှစ်ပတ် အကြာတွင် အာဂျင်တီးနားစစ်တပ်နှင့် အပြင်းအထန်တိုက်ခိုက်၍ ၁၉၈၂ ဇွန်လ ၁၄ ရက်တွင် အာဂျင်တီးနား တို့အရှုံး ပေးခဲ့ရသည်။

ပထ၀ီ အနေအထား
တည်နေရာ
တောင်အမေရိက တောင်ပိုင်း ။ တောင်အတ္တလန္တိတ် သမုဒ္ဒရာ အတွင်း ။
အာဂျင်တီးနား တောင်ပိုင်း မှ အရှေ့ဘက်။

မြေပုံအညွှန်း
တောင်အမေရိက တိုက် ။

ဧရိယာ
ကုန်းမြေ - 12,173 sq km
ရေ - 0 sq km
စုစုပေါင်း - 12,173 sq km

ထိစပ်နယ်မြေ
မရှိ ။

ကမ်းရိုးတန်း
1,288 km

ရာသီဥတု
အအေးပိုင်းပင်လယ်ရာသီဥတု။ ပြင်းထန်သောအနောက်လေတိုက်ခတ်၊ တိမ်ထူ ။
စိုထိုင်း ၊ နှစ်ဝက်ကျော်ကျော်မိုးရွာသွန်းလေ့ရှိ ၊ စတန်လေမြို့တော်တွင် နှစ်စဉ်
မိုးရေချိန် ၂၄ လက်မခန့်ရှိ။ ဇန်န၀ါရီလ နှင့် ဖေဖေါ်ဝါရီလ မှလွဲ၍ တစ်နှစ်ပတ်လုံး
အခါအားလျှော်စွာ နှင်းကျလေ့ရှိသော်လည်း ထူထပ်စွာကျခြင်းမျိုးမရှိပေ။

မြေမျက်နှာသွင်ပြင်
ကျောက်ဆောင် ၊ တောင်ကုန်း ၊ တောင်တန်း ပေါများ၍ ရွှံညွှန်အနည်းငယ်ရှိ။ ညီညာမှုမရှိသော မြေပြန့်များ

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အတ္တလန္တိတ် သမုဒ္ဒရာ - 0 m
အမြင့်ဆုံးအပိုင်း အပ်စဘွန်းတောင် - 705 m

သဘာဝအရင်းအမြစ်
ငါး ၊ ကင်းမွန် ၊ သားရိုင်းတိရစ္ဆာန် ၊ ပင်လယ်ရေမှော် ၊ စပဂ္ဂနမ်ရေညှိ။

လူ့အရင်းအမြစ်
လူဦးရေ 3,140 (2008)
လူဦးရေတိုးနှုန်း 0.011 % (2008)
မွေးဖွားနှုန်း မရှိ ။
သေဆုံးနှုန်း မရှိ ။

လူမျိုး
ဖေါ့ကလန် ကျွန်းသား

တိုင်းရင်းသားလူမျိုး
ဗြိတိသျှ

ကိုးကွယ်မှု
ခရစ်ယာန် - 67.2 %
ဘာသာမဲ့ - 31.5 %
အခြား - 1.3 %

ဘာသာစကား
အင်္ဂလိပ်

မြို့တော်
စတန်လေ (Stanlay)

Faroe Islands


၇၃။ ဖါရိုး ကျွန်းများ
(Faroe Islands)

နောက်ခံသမိုင်း အကျဉ်း
ယင်းကျွန်းများပေါ်တွင် နေထိုင်သူအများစုမှာ (၉) ရာစုတွင် ရာက်ရှိလာခဲ့ကြသော ဗိုက်ကင်းလူမျိုးစု မှ ဆင်းသက်လာသူများ ဖြစ်ကြသည်။ (၁၄) ရာစု ကတည်းက ဒိန်းမတ်နှင့် နိုင်ငံရေးအရ ဆက်နွယ်မှုရှိခဲ့သည်။ ၁၉၄၈ တွင် ကိုယ်ပိုင်အစိုးရ တည်ထောင်ခဲ့သည်။


ပထ၀ီ အနေအထား
တည်နေရာ
ဥရောပ မြောက်ပိုင်း ။ မြောက်အတ္တလန္တိတ် သမုဒ္ဒရာနှင့် နော်ဝေဂျီယန်
ပင်လယ်ကြားရှိ ကျွန်းစု။ အိုက်စဂန် နှင့် နော်ဝေကြားလမ်းခုလပ်။

မြေပုံအညွှန်း
ဥရောပ။

ဧရိယာ
ကုန်းမြေ - 1,399 sq km
ရေ - 0 sq km
စုစုပေါင်း - 1399 sq km

ထိစပ်နယ်မြေ
မရှိ

ကမ်းရိုးတန်း
1,117 km

ရာသီဥတု
သမမျှတသော ဆောင်းရာသီ။ အေးမြသောနွေရာသီ တိမ်အမြဲဖုံး။ဆီးနှင်းထူထပ်။ လေထန် ။

မြေမျက်နှာသွင်ပြင်
ကြမ်းတမ်းသောကျောက်ဆောင် ၊ ကျောက်စွန်းနိမ့်များ ၊ကမ်းတစ်လျောက် ချောက်ကမ်းပါးများ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အတ္တလန္တိတ် သမုဒ္ဒရာ - 0 m
အမြင့်ဆုံးအပိုင်း ဆေးလ်တာရာတင်ဂျာ - 882 m

သဘာဝအရင်းအမြစ်
ငါး ၊ဝေလငါး ၊ ရေအားလျှပ်စစ်၊ ရေနံ နှင့် ဓါတ်ငွေ့ ထုတ်ယူနိုင်ဖွယ်ရှိ။

လူ့အရင်းအမြစ်
လူဦးရေ 48,668 (2008)
လူဦးရေတိုးနှုန်း 0.376 % (2008)
မွေးဖွားနှုန်း 13.25 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 8.67 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 78.86 နှစ်
မ - 81.89 နှစ်
စုစုပေါင်း - 79.29 နှစ် (2008)

လူမျိုး
ဖါရိုးဆီ

တိုင်းရင်းသားလူမျိုးစု
စကင်ဒီနေဗီးယန်း

ကိုးကွယ်မှု
ဧ၀ံဂလိ လူသီယနိ - 83.8 %
အခြားနှင့် အမည်မသိ - 16.2 %

ဘာသာစကား
ဖါရိုးဆီ ၊ ဒိန်းမတ်

မြို့တော်
တော်ရှာဗန် (Torshavn)

Republic of Fiji Islands


၇၄။ ဖီချီ
( Fiji )
Republic of Fiji Islands

နောက်ခံသမိုင်း အကျဉ်း
ဗြိတိသျှ ကိုလိုနီ အဖြစ် နှစ်ပေါင်းတစ်ရာနီးပါး ကျရောက်ပြီးနောက် ၁၉၇၀ တွင် လွတ်လပ်ရေးရရှိခဲ့သည်။ ၁၉ ရာစု အတွင် က ဗြိတိသျှ အစိုးရက အိန္ဒိယ မှ အလုပ်သမား အမြောက်အများ တင်သွင်းခဲ့၍ အိန္ဒိယ လူ့အဖွဲ့ အစည်း ကြီးမားကျယ်ပြန့်လာမည်ကို စိုးရိမ်၍ ၁၉၈၇ တွင် စစ်တပ်မှ အာဏာသိမ်းမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ အာဏာသိမ်းမှုနှင့် ၁၉၉၀ အခြေခံ ဥပဒေ တို့ကြောင့် ဌာနေ မယ်လန်နေရှန်း လူမျိုးများသာ အုပ်ချုပ်ရေး ခိုင်မာစေခဲ့ပြီး အိန္ဒိယလူမျိုးအများအပြား နှင်ထုတ်ခံရသည်။ လုပ်သားအင်အားရှားပါးသွားမှုကြောင့် စီးပွားရေး အခက်အခဲ များနှင့်ရင်ဆိုင်ခဲ့ရသော်လည်း ဖီဂျီကျွန်းတွင် မယ်လန်နေရှင်းတို့ လူစုများဖြစ်လာခဲ့သည်။ ၁၉၉၇ တွင် ပြဌာန်း သော အခြေခံဥပဒေမှာမူ ပို၍ ကောင်းမွန်ပြီး တရားမျှတမှုရှိသည်။ ၁၉၉၉ တွင် လွတ်လပ်၍ငြိမ်းချမ်းသော ရွေးကောက်ပွဲကျင်းပခဲ့ပြီး အင်ဒို - ဖီဂျီယန် ဦးဆောင်သော အစိုးရ အနိုင်ရရှိခဲ့သည်။ သို့သော် ၂၀၀၀ ခုနှစ်မေလ တွင် အရပ်သားအာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး ကာလကြာမြင့်စွာ နိုင်ငံရေး အကြပ်အတည်းများဆီသို့ ဦးတည်ခဲ့သည်။ ၂၀၀၁ ခုနှစ် ဩဂုတ်လတွင် ပါလီမန်ရွေးကောက်ပွဲကျင်းပပြီး ၀န်ကြီးချုပ် လိုင်သီနီယာ ကာရာစီ (Laisenia Qarase) ဦးဆောင်သော ဒီမိုကရေစီ အစိုးရတစ်ရပ်ကို ရွေးချယ်တင်မြောက်ခဲ့သည်။ ၂၀၀၆ မေလ တွင် ထပ်မံရွေးချယ်ခံခဲ့ရပြီး ယင်းနှစ်ထဲ၌ပင် ဗိုလ်မှုးချုပ် ဗော်ရိစ်ဘိုင်နီမာရာမာ (Commodore Vereg Bainimarama) ဦးဆောင်သောစစ်တပ် မှ အာဏာသိမ်းခဲ့ပြီး ဘိုင်နီရာမာရာက သမ္မတရာထူး ယူခဲ့သည်။ ၂၀၀၇ ဇန်န၀ါရီလတွင် ကြားဖြတ်အစိုးရ၏ ၀န်ကြီးချုပ် ဖြစ်လာခဲ့သည်။ ဘိုင်နီရာမာရာ အာဏာရရှိပြီး ကတည်းက အတိုက်အခံများကို ချေမှုန်းခြင်း။ ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေအနေဥပဒေကို ပယ်ဖျက်ခြင်း ၊ ရွေးကောက်ပွဲ ပြုလုပ်ရန် ငြင်းဆန်ခြင်းများ ပြုခဲ့သည်။


ပထ၀ီ အနေအထား
တည်နေရာ
အိုရှင်းနီးယား ၊ တောင်ပစိဖိတ်သမုဒ္ဒရာအတွင်းရှိကျွန်းစု။ဟာဝိုင်အီမှ နယူးဇီလန်သို့သွား ခရီးသုံးပုံနှစ်ပုံခန့် လမ်းခုလပ်။

မြေပုံအညွှန်း
အိုရှင်းနီးယား။

ဧရိယာ
ကုန်းမြေ - 18,270 sq km
ရေ - 0 sq km
စုစုပေါင်း - 18,270 sq km

ထိစပ်နယ်မြေ
မရှိ ။

ကမ်းရိုးတန်း
1,129 km

ရာသီဥတု
အပူပိုင်းပင်လယ် ၊ ရာသီအလိုက်အပူချိန်အနည်းငယ်မျှ အပြောင်းအလဲရှိ။

မြေမျက်နှာသွင်ပြင်
မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသောတောင်များ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ်ဆုံးအပိုင်း ပစိဖိတ်သမုဒ္ဒရာ - 0 m
အမြင့်ဆုံးအပိုင်း တွန်မာနီဗီ - 1,324 m

သဘာဝအရင်းအမြစ်
သစ်၊ ငါး၊ ရွှေ၊ ကြေးနီ၊ ကမ်းလွန် ရေနံထုတ်ယူနိုင်ဖွယ်ရှိ။ ရေအားလျှပ်စစ်။

လူ့အရင်းအမြစ်
လူဦးရေ 931,741 (2008)
လူဦးရေတိုးနှုန်း 1.388 % (2008)
မွေးဖွားနှုန်း 22.15 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 5.66 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 67.9 နှစ်
မ - 73.1 နှစ်
စုစုပေါင်း - 7.44 နှစ် (2008)

လူမျိုး
ဖီဂျီယန်

တိုင်းရင်းသားလူမျိုး
ဖီဂျီယန် - 57.3 %
အိန္ဒိယ - 37.6 %
ရိုတူမန် - 1.2 %
အခြား - 3.9 %

ကိုးကွယ်မှု
ခရစ်ယာန် - 53 %
ရိုမန်ကက်သလစ် - 7.2 %
ဘုရားသခင်ညီလာခံ - 3.8 %
ဆဲဗင်းဒေး အက်ဗန်တစ်- 2.6 %
ဟိန္ဒူ - 34 %
မွတ်စလင် - 7 %
အခြား - 2.8 %
အမည်မသိ - 5.6 %
ဘာသာမဲ့ - 0.3 %

ဘာသာစကား
အင်္ဂလိပ် (ရုံးသုံး) ၊ဖီဂျီယန် (ရုံးသုံး) ၊ဟိန္ဒူစတန်နီ။

မြို့တော်
ဆုဗို (Suvo)

Republic of Finland


၇၅။ ဖင်လန်
( Finland )
Republic of Finland

နောက်ခံသမိုင်း အကျဉ်း
ဖင်လန်သည် ဆွီဒင်လက်အောက်ခံ ပြည်နယ်တစ်ခုအဖြစ်လည်ကောင်း (၁၂) ရာစုမှ (၁၉) ရာစုအထိ ဖြစ်ခဲ့သည်။ ၁၈၀၉ ခုနှစ်နောက်ပိုင်းတွင် ရုရှ လက်အောက်ခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မြို့စားအုပ်ချုပ်သော နယ်ပယ် တစ်ခုဖြစ်ခဲ့သည်။ ၁၉၁၇ တွင် လုံးဝလွတ်လပ်ရေး ရရှိခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဆိုဗီယက်ယူနီယံ၏ ကျူးကျော်မှုကို ခုခံကာကွယ်ပြီး လွတ်လပ်ရေးကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ သို့သော်နယ်မြေတစ်ချို့ လက်လွတ်ဆုံးရှုံခဲ့ရသည်။ နောက်ရာစုနှစ်ဝက်အတွင်း ဖင်လန်နိုင်ငံသည် လယ်ယာ နှင့် သစ်တော အခြေခံစီးပွားရေး အသွင်သဏ္ဍာန်မှ ခောတ်သစ်စက်မှု စီးပွားရေးအသွင် သို့ အောင်မြင်စွာ ကူးပြောင်းနိုင်ခဲ့ပြီး အနောက်ဥရောပတွင် တစ်ဦးချင်းဝင်ငွေအမြင့်မားဆုံး နိုင်ငံများထဲတွင် အပါအ၀င် ဖြစ်ခဲ့သည်။ ၁၉၉၅ မှစ၍ ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သော ဖင်လန်သည် စကင်ဒီနေဗီးယား နိုင်ငံများ (Nordic) တွင် ဥရောပ ဘုံစနစ်သို့ ၀င်ရောက်ခဲ့သော တစ် ဦးတည်းသော နိုင်ငံဖြစ်ပြီး ၁၉၉၉ ဇန်န၀ါရီလတွင် စတင်ကျင့်သုံးခဲ့သည်။

ပထ၀ီ အနေအထား
တည်နေရာ
မြောက်ဥရောပ။ ဘော်လတစ် ပင်လယ် ဘို့စနီးယား ပင်လယ်ကွေ့ ဖင်လန် ပင်လယ်ကွေ့
တို့နှင့်ထိစပ်။ ဆွီဒင် နှင့် ရုရှနိုင်ငံတို့ကြား။

မြေပုံအညွှန်း
ဥရောပ ။

ဧရိယာ
ကုန်းမြေ - 30,4473 sq km
ရေ - 33,672 sq km
စုစုပေါင်း - 338,145 sq km

ထိစပ်နယ်မြေ
နော်ဝေး - 727 km
ဆွီဒင် - 614 km
ရုရှ - 13,13 km

ကမ်းရိုးတန်း
1,250 km

ရာသီဥတု
အပူချိန်မျှတ ။ အာတိတ်ဆန်သော ရာသီဥတုရှိသော်လည်း မြောက်အတ္တလန္တိတ် သမုဒ္ဒရာ စီးကြောင်း၊ ဘော်လ တစ် ပင်လယ် နှင့် ကန်းပေါင်း ၆၀၀၀၀ ကျော် တို့၏ပြုပြင်မှုကြောင့် သမမျှတသောရာသီဥတုရှိ။

မြေမျက်နှာသွင်ပြင်
အများအားဖြင့် နိမ့်၍ပြန့်ပြူးညီညာရာမှ လှိုင်းထသော မြေပြန့်များပေါ်တွင် ရေကန်
များ တောင်ကုန်းနိမ့်များပြန့်ကျဲတည်ရှိ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ဘော်လတစ် ပင်လယ် - 0 m
အမြင့်ဆုံးအပိုင်း ဟယ်တီယာတွန်တူရီ - 1,328 m

သဘာဝအရင်းအမြစ်
သစ် ၊ သံရိုင်း ၊ ကြေးနီ ၊ ခဲ ၊ သွပ် ၊ စရိုမိုက် ၊ နီကယ် ၊ ရွှေ ၊ ငွေ ၊ ထုံးကျောက် ။

လူ့အရင်းအမြစ်
လူဦးရေ 5,244,749 (2008)
လူဦးရေတိုးနှုနး 0.112 % (2008)
မွေးဖွားနှုန်း 10.39 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 10 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 75.31 နှစ်
မ - 82.46 နှစ်
စုစုပေါင်း - 78.82 နှစ် (2008)

လူမျိုး
ဖင်း

တိုင်းရင်းသားလူမျိုး
ဖင်း - 93.4 %
ဆွီဒင် - 5.6 %
ရုရှ - 0.5 %
အက်စတိုးနီးယန်း - 0.3 %
ရိုးမား (ဂျစ်ပဆီ) – 0.1 %
ဆာမီ - 0.1 %

ကိုးကွယ်မှု
လူသီရန်ဘုရားကျောင်းတော် - 82.5 %
အော်သိုဒေါ့ - 1.1 %
အခြားခရစ်ယာန် - 1.1 %
အခြား - 0.1 %
ဘာသာမဲ့ - 15.1 %

ဘာသာစကား
ဖင်းနစ် - 91.5 %
ဆွီဒင် - 5.5 %
အခြား - 3 %
ဘာမီ နှင့် ရုရှ ဘာသာစကားအနည်းငယ်။

မြို့တော်
ဟယ်ဆင်ကီ (Helsinki)

French Republic


၇၆။ပြင်သစ်( France )
French Republic

နောက်ခံသမိုင်း အကျဉ်း
ပထမ နှင့် ဒုတိယ ကမ္ဘာစစ်များတွင် အနိုင်ရရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့သော်လည်း အင်အားကြီးနိုင်ငံ ဖြစ်သော ပြင်သစ်နိုင်ငံသည် ဩဇာအာဏာ ၊ လူ့အရင်းအမြစ်နှင့် ရပ်တည်မှုအဆင့်အတန်းတို့ ကျဆင်းသွားခဲ့ရ သည်။ သို့သော် ယခုအခါ ပြင်သစ်သည် ကမ္ဘာပေါ်တွင် တိုးတက်ခေတ်အမှီဆုံးနိုင်ငံများထဲတွင် တစ်နိုင်ငံ အပါ အ၀င်ဖြစ်ပြီး ဥရောပ နိုင်ငံများတွင် ဦးဆောင်နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အစောပိုင်း ပါလီမန် အုပ်ချုပ်ရေး၏ အား နည်းချက်များကြောင့် ၁၉၅၈ မှစ၍ သမ္မတနှင့်ပါလီမန် အုပ်ချုပ်ရေးစနစ်နှစ်ခု ရောစပ်ကျင့်သုံးခဲ့သည်။ မကြာသေးမီ နှစ်များအတွင်း ဂျာမဏီနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသည် ဥရောပစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုအတွက်အဓိကကျကြောင်းသိရှိလာပြီး ၁၉၉၉ ဇန်န၀ါရီလတွင် ဥရောပဘုံငွေကြေးစနစ်ကို စတင် အကောင်အထည်ဖော်ခဲ့သည်။ မျက်မှောက်ကာလတွင် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒများ တိုးတက်အောင် မြင်မှု ရရှိသွားရေးအတွက် သမဂ္ဂစစ်အင်အား တိုးတက်ကောင်းမွန်အောင် ရှေ့တန်းမှ အားသွန် ခွန်စိုက် ကြိုးပမ်း လျက်ရှိသည်။


ပထ၀ီ အနေအထား
တည်နေရာ
ပြင်သစ် မက်ထရိုပိုလီတန် (ပြင်သစ်ပြည်မ) - အနောက်ဥရောပ ။ ဘစ်ခတေးပင်လယ်အော်နင့် အင်္ဂလိပ်ရေလက် ကြားတို့နှင့်ထိစပ်။ ဘယ်လဂျီယန် နှင့် စပိန်တို့ကြား ဗြိတိန် နိုင်ငံ၏ အရှေ့တောင်ဘက် ။ မြေထဲပင်လယ် နှင့် ထိစပ်။အီတလီ နှင့် စပိန်ကြား ။ ပြင်သစ် ဂူအန်းနား - တောင်အမေရိက မြောက်ပိုင်း။မြောက်အတ္တလန္တိတ် သမုဒ္ဒရာ နှင်ထိစပ် ။ ဘရာဇီး နှင့် ဆူရီနိမ်းကြား။ဂွါဒီလုပ် - ကာရစ်ဘီယံ ပင်လယ်။ မြောက်အတ္တလန္တိတ် သမုဒ္ဒရာ နှင့် ကာရစ်ဘီယံပင်လယ်ကြား။ ပူအာတိုရီကို၏ အရှေ့တောင်ဘက် ။ မာတင်နစ် - ကာရစ်ဘီယံပင်လယ်။ မြောက်အတ္တလန္တိတ် သမုဒ္ဒရာ နှင့် ကာရစ်ဘီယံ ပင်လယ်ကြား။ထရီနီဒတ် နှင့် တိုဘာကို နိုင်ငံတို့၏ မြောက်ဘက် ရီယူနီယံ - အာဖရိက တောင်ပိုင်း။ အိန္ဒိယ သမုဒ္ဒရာအတွင်းရှိကျွန်း ၊ မာဒါကာစကာ ၏ အရှေ့ဘက်။

မြေပုံအညွှန်း
ပြင်သစ်မက်ထရိုပိုလီတန် (ပြင်သစ်ပြည်မ) - ဥရောပ ။ ပြင်သစ် ဂူအန်းနား - တောင်အမေရိက
ဂွါဒီလုပ် - အမေရိက အလယ်ပိုင်း ကာရစ်ဘီယံ ပင်လယ်။မာတင်နစ် - အမေရိက အလယ်ပိုင်း
ကာရစ်ဘီယံ ပင်လယ်။

ဧရိယာ
ကုန်းမြေ - 640,053 sq km - 545,630 sq km (ပြင်သစ်ပြည်မ)
ရေ - 3,374 sq km - 1,400 sq km (ပြင်သစ်ပြည်မ)
စုစုပေါင်း - 643,427 sq km - 547,030 sq km (ပြင်သစ်ပြည်မ)
မှတ်ချက် ။ ပထမဖေါ်ပြသောကိန်းဂဏန်းတွင် ပြင်သစ်ပိုင် အဝေးရောက်နယ်မြေ
များ၏ ဧရိယာအကျယ်အ၀န်းများပါဝင်သည်။


ထိစပ်နယ်မြေ
ပြင်သစ်ပြည်မ
အန်ဒိုရာ - 56.6 km
ဘယ်လဂျီယန် - 620 km
ဂျာမဏီ - 415 km
အီတလီ - 488 km
လူဇင်ဘက် - 73 km
မိုနာကို - 4.4 km
စပိန် - 623 km
ဆွတ်ဇလန် - 573 km
စုစုပေါင်း - 2889 km

ပြင်သစ်ဂူနီးယား
ဘရာဇီး - 673 km
ဆူရီနိမ်း - 510 km
စုစုပေါင်း - 1,183 km

ကမ်းရိုးတန်း
ပြင်သစ်ပြည်မ - 3,427 km
စုစုပေါင်း - 4,668 km

ရာသီဥတု (ပြင်သစ်ပြည်မ)
ယေဘုယအားဖြင့် အေးမြသောဆောင်းရာသီ နှင့် မျှတသောနွေရာသီတို့ရှိ။မြေထဲပင်လယ်တလျှောက် မျှတသော ဆောင်းရာသီ နှင့်ပူသောနွေရာသီဥတုတို့ရှိ။မကြာခဏဆိုသလို မြောက်နှင့် အနောက်မြောက်အရပ်မှ မစ္စထ ရယ်ခေါ် အေး၍ခြောက်သွေ့သောလေကြမ်းတိုက်ခတ်လေ့ရှိ။

ဂွါဒီလုပ် နှင့် မာတီနစ်
ကုန်သည်လေတိုက်ခတ်မှုကြောင့် အပူပိုင်းဆန်သော်လည်း အပူအအေးမျှတသောရာသီဥတုရှိ။ စိုထိုင်းမှုမြင့်မား။ ဇွန်လ မှ အောက်တိုဘာလ အထိ မိုးရာသီ။ ပျှမ်မျှအားဖြင့် ရှစ်နှစ်တစ်ကြိမ်ခန့် ပြင်းထန်သော ဆိုင်ကလုံ မုန်တိုင်းတိုက်ခတ်လေ့ရှိ။

ရီယူနီယံ
အပူပိုင်းဒေသရာသီဥတု။ မျက်နှာပြင်အလိုက် အပူချိန်မျှတမှုရှိ။ မေလ မှ နိုဝင်ဘာလ အထိ အေး၍ခြောက် သွေ့။ နိုဝင်ဘာလ မှ ဧပြီလအထိ ပူ၍မိုးရွာသွန်း။

မြေမျက်နှာသွင်ပြင် (ပြင်သစ်ပြည်မ)
အများအားဖြင့်ပြန့်ပြူး ညီညာ။ မြောက်ပိုင်း နှင့် အနောက်ပိုင်းတွင် လှိုင်းထသောတောင်ကုန်းများ။ ကျန်သော အပိုင်းများ တောင်ထူထပ်။ အထူးသဖြင့်တောင်ဘက်တွင် ပိုင်ရင်နီး တောင်တန်း နှင့် အရှေ့ဘက်တွင် အဲလ်ပ် တောင်တန်း။

ပြင်သစ်ဂူနီးယား
နိမ့်သောကမ်းရိုးတန်းလွင်ပြင်များမှသည်တောင်ကုန်းများ၊တောင်နိမ့်ဆီသို့ မြင့်တက် သွားသော သွင်ပြင်ရှိ။

ဂွါဒီလုပ်
ဘက်ဆီ - တာရီ ကျွန်းများသည် မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသောကျွန်းများဖြစ်ပြီး အတွင်းပိုင်း တောင်များရှိ။ ဂရင်း - တာရီ ကျွန်းများသည် ထုံးကျောက်ဖွဲ့ ဖြစ်၍ မျက်နှာပြင်နိမ့်သည်။ ကျန်သော ကျွန်း ခုနှစ် ကျွန်းတွင် အများစုမှာ မီးတောင်ကျွန်းမှားဖြစ်၏။

မာတင်နစ်
တောင်ထူထပ်၍ ကွေ့ဟိုက်သော ကမ်းရိုးတန်းရှိ။ မီးတောင်မြုံရှိ။

ရီယူနီးယံ
အများအားဖြင့်မျက်နှာပြင်ကြမ်းတမ်း၍ တောင်ထူထပ်။ ကမ်းခြေတလျှောက်မြေဩဇာကောင်မွန်သော မြေနိမ့်။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ရုန်းမြစ်ဝကျွန်းပေါ် (- 2 m)
အမြင့်ဆုံးအပိုင်း ဘလန့်တောင် - 4,807 m

သဘာဝအရင်းအမြစ် (ပြင်သစ်ပြည်မ)
ကျောက်မီးသွေး ၊ သံရိုင်း ၊ ဘောက်ဇိုက် ၊ သွပ် ၊ ယူရေနီယံ ၊ ခနောက်စိမ်း ၊
အဆိပ် (စိန်) ၊ ဓါတ်ပြား ၊ မျောကျောက် ၊ ဖလူအိုရင်းဒြပ်စင် ၊ ဂျစ်ပဆမ်သတ္တု ။သစ် ၊ ငါး ။

ပြင်သစ်ဂူးနီးယား
ရွှေတွင်း ၊ ရေနံ ၊ ကေအိုလင် မြေစေးဖြူ ၊ နီရိုဘီယမ်သတ္တု ၊ တမ်တယ်လန်သတ္တု ၊ ရွှံ့စေး။

လူ့အရင်းအမြစ်
လူဦးရေ 62,150,775 (ပြင်သစ်ပြည်မ) (2008)
စုစုပေါင်း 64,057,792
လူဦးရေတိုးနှုန်း 0.574 % (2008)
မွေးဖွားနှုန်း 12.73 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 8.48 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 77.68 နှစ်
မ - 84.23 နှစ်
စုစုပေါင်း - 80.87 နှစ် (2008)

လူမျိုး
ပြင်သစ်

တိုင်းရင်းသားလူမျိုး
ဆဲလ်တစ် နှင့် လက်တင် ပါဝင်သောတျူတိုးနစ် ၊ ဆလာဗစ် ၊ မြောက်အဖရိကန်၊အင်ဒိုချိုင်းနိ ၊ဘက်ကျု။

အဝေးရောက်နယ်မြေများ
လူမဲ ၊ လူဖြူ ၊ မူလတို ၊ အရှေ့အင်ဒီးယန်း ၊တရုတ် ၊ အမေရင်ဒီးယန်း ။

ကိုးကွယ်မှု
ရိုမန်ကက်သလစ် - 83% - 88 %
ပရိုတက်စတင့် - 2 %
ဂျူး - 1 %
မွတ်စလင် - 5 % - 10 %
ဘာသာစွဲမရှိ - 4 %

ဘာသာစကား
ပြင်သစ် - 100 %

မြို့တော်
ပဲရစ် (Paris)

Wednesday, 9 June 2010

ဗီယက်နမ် (Vietnum)


နောက်ခံသမိုင်းအကျဉ်း။ ။
၁၈၅၈ တွင်ဗီယက်နမ်ကို ပြင်သစ်တို့စတင် ကျူးကျော်ခဲ့ပြီး ၁၈၈၄ တွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည်။ ၁၈၈၇ တွင်ပြင်သစ်အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးနောက် ဗီယက် နမ်က လွတ်လပ်ရေးကြေငြာခဲ့သည်။ သို့သော် ပြင်သစ်တို့က ၁၉၅၄ အထိဆက်လက်အုပ်ချုပ်ခဲ့ပြီး ဟိုချီမင်းဦး ဆောင်သော ကွန်မြူနစ်တပ်များက တိုက်ထုတ်ခဲ့သည်။ ၁၉၅၄ တွင် ချုပ်ဆိုသော ဂျီနီဗာသဘောတူညီချက်အရ မြောက်ပိုင်းကွန်မြူနစ်နှင့် တောင်ပိုင်း ကွန်မြူနစ်ဆန့်ကျင်ရေးဟူ၍ နှစ်ပိုင်းကွဲထွက်ခဲ့သည်။ ၁၉၆၀ ခုနှစ်များတွင် အမေရိကန်တို့ကတောင် ပိုင်း ကွန်မြူနစ်ဆန့်ကျင်ရေးအစိုးရကိုအင်အားတောင့်တင်းလာစေရန် စီးပွားရေး၊ စစ်ရေး အရ ကူညီထောက်ပံ့မှုပြုခဲ့သည်။ ၁၉၇၃ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ အမေရိကန်စစ်တပ်များ ပြန်လည်ဆုတ်ခွာခဲ့သည်။ နောက်နှစ်နှစ် အကြာတွင်တောင်ပိုင်းကို မြောက်ပိုင်းကွန်မြူနစ်တို့ကသိမ်းပိုက်ခဲ့ပြီး ကွန်မြူ နစ်အုပ်ချုပ်ရေးလက်အောက်တွင် ပြန်လည်ပေါင်းစည်းသိမ်းသွင်းခဲ့သည်။ ငြိမ်းချမ်းရေးကိုပြန်လည်တည်ထောင်နိုင်ခဲ့ သော်လည်း ခေါင်းဆောင်မှုမူဝါဒများ အငြင်းပွားမှုများ၊ ခွဲခြားဖိနှိပ်မှုများ၊အထူးသဖြင့်တောင်ပိုင်းကုန်သည် လူတန်းစား များ နိုင်ငံအတွင်းမှ ထွက်ခွာသွားခြင်းတို့ကြောင့် ဆယ်စုနှစ်ကျော်ကြာအောင် စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးခဲ့ပြီး နိုင်ငံတ ကာကလည်း အထီးကျန်မူဝါဒကိုကျင့်သုံးခဲ့သည်။ သို့သော် ၁၉၈၆ ခုနှစ်မှစ၍ ဒွိုင်မွိုင်ခေါ် ပြန်လည်ပြင်ဆင်ရေးမူဝါဒ ကို ချမှတ်ခဲ့ပြီး ဗီယက်နမ်အစိုးရက စီးပွားရေးလွတ်လပ်မှုရှိအောင်ဆောင်ရွက်ခဲ့သည်။ အခြေခံတည်ဆောက်မှု ပုံသဏ္ဍန်များကိုပြုပြင်ပြောင်းလဲ၍ခေတ်မီအောင်ဆောင်ရွက်ပြီးကုန်စည်များ ကိုပို့ကုန်ဈေးကွက်တွင်ပြိုင်ဆိုင်နိုင်စွမ်းရှိ အောင်ထုတ်လုပ်ခဲ့သည်။ အစိုးရအနေနှင့် အသေးစားဆန္ဒပြမှုများနှင့် ရင်ဆိုင်ရလျှက်ရှိပြီး မြေယာအသုံးပြုမှုအပေါ် တွင် အငြင်းပွားလျှက်ရှိပြီး ဖြေရှင်းနိုင်စွမ်းမရှိသေးပေ။ အလယ်ပိုင်းကုန်းမြင့်ဒေသ မွန်တာနတ်လူမျိုးများနှင့် တောင် ပိုင်း မြစ်ဝကျွန်းပေါ်ဒေသ ခမာကွမ်း လူမျိုးစုများကလည်း ဆန္ဒပြလျှက်ရှိသည်။

ပထဝီအနေအထား။ ။
တည်နေရာ။ အရှေ့တောင်အာရှ။ ထိုင်းပင်လယ်ကွေ့၊ တိုကင်ပင်လယ်ကွေ့၊ တောင်တရုတ်ပင်လယ်တို့နှင့်ထိစပ်။
တရုတ်၊ လာအို၊ ကမ္ဗောဒီးယား တို့နှင့်နယ်နိမိတ်ထိစပ်။
မြေပုံအညွှန်း။ အရှေ့တောင် အာရှ
ဧရိယာ။ ကုန်းမြေ = ၃၁၀ ၀၇၀ sq km
ရေ = ၂၁ ၁၄၀ sq km
ထိစပ်နယ်မြေ။ ကမ္ဗောဒီးယား ၁၂၂၈ km။ တရုတ် ၁၂၈၁ km။ လာအို ၂၁၃၀ km
ကမ်းရိုးတန်း။ ၃၄၄၄ km

ရာသီဥတု။ တောင်ဘက်တွင် အပူပိုင်းဒေသရာသီဥတု။ မြောက်ဘက်တွင် ပူ၍မိုးရွာသောမုတ်သုံရာသီ (မေလမှ
စက်တင်ဘာလအထိ)။ နွေးထွေး၍ ခြောက်သွေ့သော ရာသီ (အောက်တိုဘာလမှ မတ်လအထိ)
မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ တောင်တရုတ်ပင်လယ် = ၀ m
အမြင့်ဆုံးအပိုင်း။ ဖန်စီပန် = ၃၁၄၄ m
သဘာဝအရင်းအမြစ်။ ဖော့စဖိတ်။ ကျောက်မီးသွေး။ မန်ဂနိစ်။ ဘောက်ဇိုက်သတ္တု။ ခရိုမိုက်။ ကမ်းလွန်ရေနံနှင့်
သဘာဝဓါတ်ငွေ့။ သစ်။ ရေအားလျှပ်စစ်
လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၈၉ ၅၇၁ ဦးရေ (၂၀၁၀)
လူဦးရေများပြားမှုကမ္ဘာ့အဆင့်။ ၁၃
လူဦးရေတိုးနှုန်း။ ၁.၀၉၆ % (၂၀၁၀)
မွေးဖွားနှုန်း။ ၁၇.၂၉/၁၀၀၀ ဦးရေ (၂၀၁၀)
သေဆုံးနှုန်း။ ၅.၉၇/၁၀၀၀ ဦးရေ (၂၀၁၀)
ပျမ်းမျှအသက်။ ကျား = ၆၉.၄၈ နှစ်
မ = ၇၄.၆၉ နှစ်
စုစုပေါင်း = ၇၁.၉၄ နှစ် (၂၀၁၀)
လူမျိုး။ ဗီယက်နမ်
တိုင်းရင်းသားလူမျိုး။ ခင် (ဗီယက်) ၈၆.၂ %။ တေး ၁.၉ %။ ထိုင်း ၁.၇ %။ မောင် ၁.၅ %။ ခုံမ် ၁.၄ %။ ဟိုအာ
၁.၁ %။ နန် ၁.၁ %။ မှုံ ၁ %။ အခြား ၄.၁ %
ကိုးကွယ်မှု။ ဗုဒ္ဓဘာသာ ၉.၃ %။ ကက်သိုလစ် ၆.၇ %။ ဟိုအာဟာအို ၁.၅ %။ ကာအိုဒိုင် ၁.၁ %။ ပရိုတက်စတင့်
ဝ.၅ %။ မွတ်စလင် ၀.၁ %။ ဘာသာစကား ၈၀.၈ %
ဘာသာစကား။ ဗီယက်နမ် (ရုံးသုံး)။ အင်္ဂလိပ်။ ပြင်သစ်၊ တရုတ်၊ ခမာ၊ တောင်ပေါ်စကားများ(မွန်ခမာ နှင့်မလေးရှား
ပိုလီနေးရှင်း)
မြို့တော်။ ဟနွိုင်း (Hanoi)
ဗာဂျင်ကျွန်းများ
(Virgin Island)
နောက်ခံသမိုင်းအကျဉ်း။ ။
၁၇ ရာတွင် ဗာဂျင်ကျွန်းစုများကို အင်္ဂလိပ်နှင့် ဒိန်းမတ်တိ်ု့ ခွဲဝေပိုင်ဆိုင်ခဲ့ကြသည်။ ၁၈ ရာစုနှင့် ၁၉ ရာစု အစောပိုင်းတွင် ကျွန်လုပ်သားတို့၏အင်အားဖြင့်သကြားလုပ်ငန်းလုပ်ကိုင်ပြီး ကျွန်း၏အဓိကစီးပွားရေးဖြစ်ခဲ့သည်။ ၁၉၁၇ တွင် ဒိန်းမတ်ပိုင်ဆိုင်သော ကျွန်း၏အပိုင်းများကို အမေရိကန်ပြည်ထောင်စုက ဝယ်ယူခဲ့သည်။ ၁၈၄၈ ခုနှစ်တွင် ကျွန်စံနစ်ဖျက်သိမ်းပြီးနောက် စီးပွားရေးဆုတ်ယုတ်လာခဲ့သည်။
ပထဝီအနေအထား။ ။
တည်နေရာ။ ကာရစ်ဘီယံ။ ကာရစ်ဘီယံပင်လယ်နှင့် မြောက် အတ္တလန္တိတ် သမုဒ္ဒရာကြားတွင်ရှိ။ ပူအာတို ရီကို၏
အရှေ့ဘက်
မြေပုံအညွှန်း။ အမေရိကတိုက် အလယ်ပိုင်းနှင့် ကာရစ်ဘီယံ
ဧရိယာ။ ကုန်းမြေ = ၃၄၆ sq km
ရေ = ၁၅၆၄ sq km
စုစုပေါင်း = ၁၉၁၀ sq km
ထိစပ်နယ်မြေ။ မရှိ
ကမ်းရိုးတန်း။ ၁၈၈ km
ရာသီဥတု။ အပူလျော့ပိုင်း။ အရှေ့ဘက်ကုန်သည်လေ တိုက်ခတ်မှုကြောင့် အပူအအေးမျှတ။ စိုထိုင်းဆလျော့နည်းပြီး
ရာသီအလိုက် အပူချိန်ပြောင်းလဲမှုအနည်းငယ်ရှိ။ စက်တင်ဘာလမှ နိုဝင်ဘာလအထိ မိုးရာသီ
မြေမျက်နှာသွင်ပြင်။ အများအားဖြင့် တောင်းကုန်းများ၊ တောင်များ ပေါများပြီး မြေပြင်ညီရှားပါး
မျက်နှာပြင်အမြင့် ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ ကာရစ်ဘီယံပင်လယ် = ၀ m
အမြင့်ဆုံးအပိုင်း။ ကရောင်း တောင် = ၄၇၅ m
သဘာဝအရင်းအမြစ်။ နေရောင်ခြည်။ သဲ။ ပင်လယ်။ ပင်လယ်လှိုင်း။
လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၁၀၉ ၇၇၅ ဦးရေ (၂၀၁၀)
လူဦးရေတိုးနှုန်း။ - ၀.၀၆၁ % (၂၀၁၀)
မွေးဖွားနှုန်း။ ၁၁.၆၁/၁၀၀၀ ဦးရေ (၂၀၁၀)
သေဆုံးနှုန်း။ ၆.၉၆/၁၀၀၀ ဦးရေ (၂၀၁၀)
ပျမ်းမျှအသက်။ ကျား = ၇၆.၁၄ နှစ်
မ = ၈၂.၄၁ နှစ်
စုစုပေါင်း = ၇၉.၁၉ နှစ် (၂၀၁၀)
လူမျိုး။ ဗာဂျင်ကျွန်းသား (အမေရိကန်နိုင်ငံသား)
တိုင်းရင်းသားလူမျိုး။ လူမည်း ၇၆.၂%။ လူဖြူ ၁၃.၁%။ အာရှ ၁.၁%။ အခြား ၆.၁ %။ သွေးနှော ၃.၅ %
ကိုးကွယ်မှု။ ဘက်ပတစ် ၄၂%။ ရိုမန်ကက်သိုလစ် ၃၄%။ အပစ်စကိုလီယန် ၇%
ဘာသာစကား။ အင်္ဂလိပ် ၇၄.၇%။ စပိန် ၁၆.၈%။ ပြင်သစ် ၆.၆%။ အခြား ၁.၉%
မြို့တော်။ ရှားလော့ အမ္မလီယာ (Charlotte Analie)

တန်ဇန်းနီးယား (Tanzania) United Republic of Tanzania


နောက်ခံသမိုင်းအကျဉ်း။ ။
၁၉၆၀ ခုနှစ်များအစောပိုင်းကာလတွင် ဗြိတိသျှထံမှ လွတ်လပ်ရေးရပြီးမကြာမီ တန်ဂန်ရီကာနှင့် ဇန်ဇီဘာနယ်နှစ်ခုပူပေါင်း၍ ၁၉၆၄ တွင် တန်ဇန်းနီးယား နိုင်ငံဟူ၍တည် ထောင်ခဲ့သည်။ ၁၉၉၅ တွင် တစ်ပါတီစံနစ်ချုပ်ငြိမ်း၍ ၁၉၇၀ မှစ၍ တစ်ကြိမ်တစ်ခါမျှမကျင်းပ ဖူးသေးသော ဒီမိုကရေစီရွေးကောက်ပွဲကျင်းပခဲ့သည်။ ဇန်ဇီဘာ ကိုယ်ပိုင်အုပ်ချုပ်ရေး ပြဿနာနှင့် လူထုမကျေမနပ်မှုများကြောင့်ရွေးကောက်ပွဲကို နှစ်ကြိမ်ပြန်လည်ကျင်းပခဲ့ရ သည်။ ထိုရွေးကောက်ပွဲသည် မှန်ကန်မှုမရှိကြောင်း လေ့လာသုံးသပ်သူများကဝေဖန်ခဲ့ကြ သော်လည်း လက်ရှိအုပ်ချုပ်သောပါတီိကသာ အနိုင်ရရှိခဲ့သည်။

ပထဝီအနေအထား။ ။
တည်နေရာ။ အာဖရိကအရှေ့ပိုင်း။ အိန္ဒိယသမုဒ္ဒရာနှင့်ထိစပ်။ ကင်ညာနှင့် မိုဇမ်ဘစ်နိုင်ငံတို.
ကြား။
မြေပုံအညွှန်း။ အာဖရိက
ဧရိယာ။ ကုန်းမြေ = ၈၈၅ ၈၀၀ sq km
ရေ = ၆၁ ၅၀၀ sq km
စုစုပေါင်း = ၉၄၇ ၃၀၀ sq km
ထိစပ်နယ်မြေ။ ဘူရန်ဒီ ၄၅၁ km။ ဒီမိုကရက်တစ်ကွန်ဂိုသမ္မတနိုင်ငံ ၄၅၉ km။ ကင်ညာ ၇၆၉
Km။ မာလာဝီ ၄၇၅ km။ ရဝမ်ဒါ ၂၁၇ km။ ယူဂန္ဓာ ၃၉၆ km။ ဇမ္ဘီယာ ၃၃၈
Km
ကမ်းရိုးတန်း။ ၁၄၂၄ km
ရာသီဥတု။ ကမ်းရိုးတန်းတလျှောက် အပူပိုင်းဒေသရာသီဥတု။ ကုန်းမြင့်ဒေသတွင် အပူချိန်မျှ
မြေမျက်နှာသွင်ပြင်။ ကမ်းရိုးတန်းတလျှောက် မြေပြန့်။ အလယ်ပိုင်းကုန်းမြင့်လွင်ပြင်။ မြောက်
နှင့် တောင်ဘက်တွင် ကုန်းမြင့်ဒေသ။
မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ အိန္ဒိယသမုဒ္ဒရာ ၀ m
အမြင့်ဆုံးအပိုင်း။ ကီလီမန်ဂျာရို ၅၈၉၅ m
သဘာဝအရင်းအမြစ်။ ရေအားလျှပ်စစ်။ သံဖြူ။ ဖေါ့စဖိတ်။ သံရိုင်း။ ကျောက်မီးသွေး။ စိန်။ ရွှေ
သဘာဝဓါတ်ငွေ့။ နီကယ်။
လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၄၁ ၀၄၈ ၅၃၂ ဦးရေ
လူဦးရေများပြားမှုကမ္ဘာ့အဆင့် = ၃၀
လူဦးရေတိုးနှုန်း။ ၂.၀၄ % (၂၀၀၉)
မွေးဖွားနှုန်း။ ၃၄.၂၉ % (၂၀၀၉)
သေဆုံးနှုန်း။ ၁၂.၅၉ % (၂၀၀၉)
ပျမ်းမျှအသက်။ ကျား = ၅၀.၅၆ နှစ်
မ = ၅၃.၅၁ နှစ်
စုစုပေါင်း = ၅၂.၀၁ %
လူမျိုး။ တန်ဇန်းနီးယန်း
တိုင်းရင်းသားလူမျိုး။ ကုန်းမအာဖရိက ၉၉ % ။ အခြား ၁ %
ကိုးကွယ်မှု။ ခရစ်ယာန် ၃၀ %။ မွတ်စလင် ၃၅ %။ တိုင်းရင်းသားရိုးရာဓလေ့ယုံကြည်ကိုး
ကွယ်မှု ၃၅ %။
ဘာသာစကား။ ကီဆွာဟီလီ သို့မဟုတ် ဆွာဟီလီ (ရုံးသုံး)။ ကီအန်ဂူဂျာ။ အင်္ဂလိပ်။ အာရပ်။
အခြား ဒေသခံစကားများ
မြို့တော်။ ဒါအက်စ်ဆာလာမ်း (Dar es Salaam)

တာဂျစ်ကစ္စတန် (Tajikistan) Republic of Tajikistan


နောက်ခံသမိုင်းအကျဉ်း။ ။
၁၈၆၀ ခုနှစ်များနှင့် ၁၈၇၀ ခုနှစ်များတွင် ရုရှတို့ကတာဂျစ်လူမျိုးများကိုအုပ်ချုပ်ခဲ့ သည်။ ၁၉၁၇ ရုရှတော်လှန်ရေးပြီးနောက် အာရှအလယ်ပိုင်းတွင်ရုရှတို့အားနည်းသွားခဲ့သည်။
ဘောရှီဘစ်တို့ကထိုဒေသကိုထိန်းချုပ်ထားသော်လည်း ပြိုင်ဆိုင်မှုများစွာရင်ဆိုင်ရပြီး ၂၉၂၅ အထိ အပြည့်အဝပြန်လည်တည်ထောင်နိုင်ခြင်းမရှိခဲ့ပေ။ မျက်မှောက်ခေတ် ဆဒ် (Sughd) ပြည်နယ်မှ ဒေသတော်တော်များများမှာ တာဂျစ်ဆိုဗီယက်ဆိုရှယ်လစ်သမ္မနိုင်ငံ တည်ထောင် ရန်အတွက် ၁၉၂၉ ခုနှစ်တွင် ဥဇဘက်ဆိုဗီယက်ဆိုရှယ်လစ်သမ္မတ နိုင်ငံမှ လွှဲပြောင်းရယူခဲ့ ခြင်းဖြစ်၏။ ဆဒ်ပြည်နယ်တွင် ဥဇဘက်တိုင်းရင်းသားတို့သည် အတော်အတန်အားကောင်း သောလူမျိုးများဖြစ်သည်။ ၁၉၉၁ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားသောအခါတာဂျစ်ကစ္စတန် လွတ်လပ်ရေးရခဲ့သည်။ ၁၉၉၂ မှ ၁၉၉၇ အထိပြည်တွင်းအုပ်စုများနှင့်ပြည်တွင်းစစ်ဖြစ်ပွားခဲ့ သည်။ လွန်ခဲ့သောနှစ်များအတွင်းလုံခြုံရေးနှင့်ပတ်သက်၍ ပြဿနာမရှိခဲ့သော်လည်း ဆိုဗီ ယက်မှခွဲထွက်လာခဲ့သောနိုင်ငံများထဲတွင်အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံဖြစ်၏။ နေတိုးအုပ်စုများ အာဖဂန်နစ္စတန် သို့စတင်ဝင်ရောက်လာသောအချိန်မှစ၍ နိုင်ငံတကာ၏အာရုံစိုက်ခြင်းကိုခံရ ပြီး ကာလကြာရှည်စွာတည်ငြိမ်မှုရှိခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါ်က်လာကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာကာ လုံခြုံရေးအထောက်အပံ့များလည်းရရှိခဲ့သည်။
တာဂျစ်ကစ္စတန်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးသို့ဝင်ရောက်နိုင်ရန်ကြိုးပမ်းလျှက်ရှိပြီး ငြိမ်းချမ်းရေးအတွက်ပူးပေါင်းဆောင်ရွက်လျှက်ရှိ၏။

ပထဝီအနေအထား။ ။
တည်နေရာ။ အာရှအလယ်ပိုင်း။ တရုတ်နိုင်ငံအနောက်ဘက်။
မြေပုံအ ညွှန်း။ အာရှ
ဧရိယာ။ ကုန်းမြေ = ၁၄၁ ၁၅၀ sq km
ရေ = ၂ ၅၉၀ sq km
စုစုပေါင်း = ၁၄၃ ၁၀၀ sq km
ထိစပ်နယ်မြေ။ အာဖဂန်နစ္စတန် ၁၂၀၆ km။ တရုတ် ၄၁၄ km။ ကာဂျစ္စတန် ၈၇၀ km။
ဥဇဘက်ကစ္စတန် ၁၁၆၁ km
ကမ်းရိုးတန်း။ မရှိ (ကုန်းတွင်းပိတ်)
ရာသီဥတု။ အလယ်ပိုင်းလတ္တီကျု ဥရောပကုန်းမ ရာသီဥတု။ ပူပြင်းသောနွေရာသီ။ သမမျှတ
သောဆောင်းရာသီ။ ပါးမားတောင်တွင် မိုးအတန်အသင့်ခေါင်ပြီး ဝန်ရိုးစွန်းရာသီ
ဥတု။
မြေမျက်နှာသွင်ပြင်။ ပါးမားနှင့် အယ်လေးတောင်များက မြေမျက်နှာ၏အတော်များများကို ယူ
ထားသည်။ မြောက်ဘက်တွင် အနောက်ဘက် ဖာဂါနာတောင်ကြားနှင့်
အနောက်တောင်ဘက်တွင် ကိုဖာနီဟွန်နှင့် ဗက်ခက်ရှ် တောင်ကြားများ။
မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ ဆာဒါယာ (ဆာဒါယို) ၃၀၀ m
အမြင့်ဆုံးအပိုင်း။ ကျူလိုင် အစ္စမွိုင်လီ ဆိုမိုနီ ၇၄၉၅ m
သဘာဝအရင်းအမြစ်။ ရေးအားလျှပ်စစ်။ ရေနံအနည်းငယ်။ ယူရေနီယံ။ ကျောက်မီးသွေးညို။
ခဲ။ သွပ်။ ခနောက်စိမ်း။ အဖြိုက်။ ငွေ။ ရွှေ။

လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၇ ၃၄၉ ၁၄၅ ဦးရေ(၂၀၀၉)
လူဦးရေများပြားမှု ကမ္ဘာ့အဆင့် = ၉၆
လူဦးရေတိုးနှုန်း။ ၁.၈၇၈ %
မွေးဖွားနှုန်း။ ၂၆.၉/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း။ ၆.၈၃/၁၀၀၀ ဦးရေ (၂၀၀၉)
ပျမ်းမျှအသက်။ ကျား = ၆၂.၂၉ နှစ်
မ = ၆၈.၅၂ နှစ်
စုစုပေါင်း = ၆၅.၃၃ နှစ် (၂၀၀၉)
လူမျိုး။ တာဂျစ်စတန်နီ
တိုင်းရင်းသားလူမျိုး။ တာဂျစ် ၇၉.၉ %။ ဥဇဘက် ၁၅.၃ %။ ကာဂျဇ် ၁.၁ %။ အခြား ၂.၆ %
ကိုးကွယ်မှု။ ဆွန်နီမွတ်စလင် ၈၅ %။ ရှီးအိုက်မွန်စလင် ၅ %။ အခြား ၁၀ %
ဘာသာစကား။ တာဂျစ် (ရုံးသုံး)။ ရုရှဘာသာစကားကို အစိုးရနှင့် စီးပွားရေးလုပ်ငန်းများတွင်
တွင်ကျယ်စွာအသုံးပြုကြသည်။
မြို့တော်။ ဒတ်ရှ်ဟန်ဘီ (Dushanbe)

ယီမင် (Yemen) Republic of Yemen


နောက်ခံသမိုင်းအကျဉ်း။ ။
၁၉၁၈ တွင် မြောက်ပိုင်းယီမင်သည် အော်တိုမန်အင်ပါယာထံမှလွတ်လပ်ရေးရခဲ့သည်။ ၁၉ ရစုတွင် အေဒင် ဆိပ်ကမ်းတစ်ဝိုက်ဒေသများကို ဗြိတိသျှတို့က လက်အောက်ခံနယ်မြေများအဖြစ်တည်ထောင်ထားခဲ့ပြီး ၁၉၆၇ တွင်ဗြိတိသျှတို့ ပြန်လည်ရုတ်သိမ်းသွားသောအခါ တောင်ပိုင်းယီမင်ဟူ၍ပေါ်ပေါက်လာခဲ့သည်။ နောက်သုံးနှစ် အကြာတွင်တောင်ပိုင်းယီမင်အစိုးရက မက်စ်ဝါဒကို ကျင့်သုံးခဲ့သည်။ တောင်ပိုင်းယီမင်မှ မြောက်ပိုင်းယီမင်သို့ လူများ အစုလိုက်အပြုံလိုက်ထွက်ခွာခဲ့ကြပြီး နိုင်ငံနှစ်နိုင်ငံကြား ဆယ်စုနှစ် နှစ်စုမျှ ကြာအောင် ပဋိပက္ခဖြစ်ပွား ခဲ့သည်။ ၁၉၉၀ တွင် တောင်ပိုင်းနှင့် မြောက်ပိုင်းယီမင်တို့ ယီမင်သမ္မတနိုင်ငံ ဟူ၍တရားဝင် ပေါင်းစည်းခဲ့ကြသည်။
၁၉၉၄ တွင် တောင်ပိုင်းခွဲထွက်ရေးသမားများ၏ လှုပ်ရှားမှုကို နှိမ်နင်းနိုင်ခဲ့သည်။၂၀၀၀ ပြည့်နှစ်တွင် ဆော်ဒီအာရေ ဗျ နှင့် ယီမင်တို့ နယ်နိမိတ်လျှော့ချရေးအတွက်သဘောတူညီခဲ့ကြသည်။

ပထဝီ အနေအထား။ ။
တည်နေရာ။ အရှေ့အလယ်ပိုင်း။ အာရေဗျပင်လယ်၊ အေဒင်ပင်လယ်ကွေ့၊ ပင်လယ်နီ တို့နှင့် ထိစပ်။
အိုမန် နှင့် ဆော်ဒီအာရေးဗျနိုင်ငံများကြား
မြေပုံအညွှန်း။ အရှေ့အလယ်ပိုင်း
ဧရိယာ။ ကုန်းမြေ = ၅၂၇ ၉၆၈ sq km
ရေ = ၀ sq km
စုစုပေါင်း = ၅၂၇ ၉၆၈ sq km
ထိစပ်နယ်မြေ။ အိုမန် ၂၈၈ km။ ဆော်ဒီအာရေးဗျ ၁၄၅၈ km
ကမ်းရိုးတန်း။ ၁၉၀၆ km
ရာသီဥတု။ အများအားဖြင့် ကန္တာရဆန်သောရာသီဥတု။ အနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက်တွင် ပူ၍
စိုထိုင်းသောရာသီဥတု။ အနောက်ဘက်တောင်တန်းဒေသများတွင် အပူအအေးမျှတ၍ မုတ်သုံ
ရာသီသက်ရောက်မှုရှိ။ အရှေ့ဘက်တွင် အလွန်ပူပြင်းခြောက်သွေ့သော၊ ပြင်းထန်သော ကန္တာရ
ရာသီဥတု
မြေမျက်နှာသွင်ပြင်။ မျက်နှာပြင် ပြားသောတောင်ကုန်းများနှင့် ကြမ်းတမ်းသောတောင်များကို နောက်ခံပြု၍
ကျဉ်းမြောင်းသောကမ်းရိုးတန်း လွင်ပြင်ရှိ။ အာရေဗီးယန်း ကျွန်းဆွယ်၏ အတွင်းပိုင်း ကန္တာရ
ထဲသို့ ကုန်းတွင်းပိုင်း ကန္တာရမြေပြန့်မှ လျောစောက်ဆင်းသွား
မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ အာရေးဗီးယန်းပင်လယ် = ၀ m
အမြင့်ဆုံးအပိုင်း။ ဂျာဗယ်လ် အန် နာဘီ ရှူအိုက် ၃၆၆၇ m
သဘာဝ အရင်းအမြစ်။ ရေနံ။ ငါး။ ကျောက်ဆား။ ကျောက်မီးသွေးအနည်းငယ်။ ရွှေ။ ခဲ။ နီကယ်။ ကြေးနီ။
အနောက်ဘက်ရှိမြေသြဇာကောင်းမွန်သောမြေ
လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၂၃ ၄၉၅ ၃၆၁ ဦးရေ (၂၀၁၀)
လူဦးရေများပြားမှုကမ္ဘာ့အဆင့်။ ၄၈
လူဦးရေတိုးနှုန်း။ ၂.၇၁၃ % (၂၀၁၀)
မွေးဖွားနှုန်း။ ၃၄.၃၇/၁၀၀၀ ဦးရေ (၂၀၁၀)
သေဆုံးနှုန်း။ ၇.၂၄/၁၀၀၀ ဦးရေ (၂၀၁၀)
ပျမ်းမျှအသက်။ ကျား = ၆၁.၃၅ နှစ်
မ = ၆၅.၄၇ နှစ်
စုစုပေါင်း = ၆၃.၃၆ နှစ် (၂၀၁၀)
လူမျိုး။ ယီမင်
တိုင်းရင်းသားလူမျိုး။ အာရပ်လူမျိုး အများဆုံး။ အာဖရိကန်-အာရပ်။ အာရှ။ ဥရောပသား
ကိုးကွယ်မှု။ ရှဖီ(ဆွန်နီ)နှင့် ဇေဒီ(ရှီးအိုက်) တို့ပါဝင်သော မွတ်စလင်။ ဂျူး၊ ခရစ်ယာန်၊ ဟိန္ဒူ အနည်းငယ်စီ
ဘာသာစကား။ အာရပ်
မြို့တော်။ ဆာနား (Sanaa)

အနောက်ဘက်ကမ်း (West Bank)


၁၉၉၃ စက်တင်ဘာတွင် အနောက်ဘက်ကမ်းနှင့် ဂါဇာကမ်းမြှောင်ဒေသတွငပါလက်စတိုင်း အသွင်ကူးပြောင်းရေး ကာလကိုယ်ပိုင်အုပ်ချုပ်ရေး အစီအစဉ်အတွက် အစ္စရေး ပီအယ်အိုက စည်းမျဉ်းစည်းကမ်းများထုတ်ပြန်ကြေငြာခဲ့ သည်။ ၁၉၉၄ မေနှင့် ၁၉၉၉ စက်တင်ဘာလကြားတွင် လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်များအရ ပါလက်စတိုင်းလူမျိုးများ အနေထူထပ်သော အနောက်ဘက်ကမ်းနှင့် ဂါဇာကမ်းမြှောင်ဒေသများကို တာဝန်ယူနိုင် ရန်အစ္စရေးက ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ ခေါ် (PA) သို့လွှဲပြောင်းပေးခဲ့သည်။ အနောက်ဘက်ကမ်းနှင့် ဂါဇာ ကမ်းမြောင်ဒေသများကို အမြဲတမ်းလွှဲပြောင်းပေးနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နေစဉ် ၂၀၀၀ ပြည့်နှစ် စက်တင်ဘာလတွင် အင်တီဖာဒါ(intifada) ခေါ် ပါလက်စတိုင်း လွတ်မြောက်ရေးနှုင့်ဂျူးဆန့်ကျင်ရေး လှုပ်ရှားမှုပေါ်ပေါက်လာခဲ့သဖြင့် ညှိနှိုင်းမှုများ ရပ်တန့်သွားခဲ့ရသည်။ ၂၀၀၃ ဧပြီလတွင် ကုလသမဂ္ဂ၊ ဥရောပ သမဂ္ဂ၊ ရုရှ၊ အမေရိကန်ပါဝင်သည့် လေးပွင့်ဆိုင်အဖွဲ့ကြီးက အစ္စရေးနှင့် ဒီမိုကရက်တစ်ပါလက်စတိုင်း ဟူ၍ နှစ်နိုင်ငံ ယှဉ်တွဲရပ်တည်ရေး အစီအစီကို အခြေခံ၍ ၂၀၀၅ ခုနှစ်ခန့်တွင် ပဋိပက္ခများအဆုံးသတ်နိုင်ရန်မျှော်လင့် ချက်ဖြင့် လမ်းပြမြေပုံတစ်ခုကိုရေးဆွဲခဲ့ကြသည်။ ၂၀၀၄ ခုနှစ်တွင် ပါလက်စတိုင်းခေါင်းဆောင် ရာဆာအာရာဖတ် သေဆုံးသွားပြီးနောက် PA ဥက္ကဌ အဖြစ် မာမွတ်အာဘက်စ် (Mahmud Abbas) ကို ၂၀၀၅ ဇန်နဝါရီလတွင် ရွေး ချယ်ခဲ့ကြသည်။ ထို့နောက် တစ်လအကြာတွင် ရှမ်းအယ်လ်ရှိတ် (Sharm el-Sheike Commitment) သဘောတူ ညီချက်ဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းများရှေ့ဆက်လုပ်ဆောင်ရန် အစ္စရေးနှင့် ပီအေ တို့ သဘောတူညီခဲ့ကြသည်။ ၂၀၀၅ စက်တင်ဘာလတွင် အနောက်ဘက်ကမ်း နေရာလေး နေရာရှိစစ်သားများကို ပြန်လည်ရုပ်သိမ်းခဲ့ခြင်း၊ ဂါဇာ ကမ်းမြှောင်ဒေသရှိ စစ်ဘက်ဆိုင်ရာများ၊ စစ်သားများပြန်လည်ရုပ်သိမ်းခြင်းလုပ်ငန်းများကိုမိမိသဘောဖြင့် ဆောင်ရွက်ခဲ့သည်။ သို့သော် ပင်လယ်ပြင်၊ ဝေဟင်နှင့် ဝင်ပေါက်ထွက်ပေါက် အများအပြားကို အစ္စရေးက ဆက်လက်ထိန်းချုပ်ထားခဲ့သည်။ ၂၀၀၆ ဇန်နဝါရီလတွင် အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှု(HAMAS) အဖွဲ့က ပါလက်စတိုင်း ဥပဒေပြု ကောင်စီ (Palestinian Legislative Council – PLC) တွင်အနိုင်ရရှိခဲ့သည်။ ၂၀၀၆ မတ် လတွင် ဟားမတ်စ် ကပီအေတွင် အာဏာရရှိလာခဲ့သည်။ သို့သော် ဥက္ကဌအားဘတ်စ် ကပါလက်စတိုင်းတို့ အပေါ် စီးပွားရေးပိတ်ဆို့မှုများကို ဖယ်ရှားနိုင်ရန်နိုင်ငံရေးတည်ဆောက်မှုတစ်ခုပြုလုပ်ရန် ဟားမတ်စ် အဖွဲ့နှင့် အနည်းငယ်ညှိနှိုင်းဆွေးနွေးအောင်မြင်မှုရရှိခဲ့သည်။ ၂၀၀၆ နှင့် ၂၀၀၇ ခုနှုစ်အစောပိုင်းတွင် ဖာတာ နှင့် ဟားမတ်စ် ထောက်ခံသူများကြားအကြမ်းဖက်မှုများဖြစ်ပွားခဲ့ရာ ပါလက်စတိုင်းအများအပြားသေဆုံးခဲ့သည်။ ၂၀၀၇ ဖေဖေါ် ဝါရီလတွင် အာဘတ်စ်နှင့် ဟားမတ်စ် နိုင်ငံရေး ဗျူရိုအကြီးအကဲ မစ်ရှယ်တို့ ဆော်ဒီအာရေးဗျတွင် မက္ကာသဘော တူညီချက်ကိုလက်မှတ်ရေးထိုးခဲ့သည်။ ယင်းသဘောတူညီချက်အရ ဟားမတ်စ် အဖွဲ့ဝင်အစ္စမေးဟာနီယာ(Ismail Haniya) က ဦးဆောင်သော ပါလက်စတိုင်းအမျိုးသား ညီညွတ်ရေးအစိုးရ(Palestinian National Unity Government-NUG) ကို ဖွဲ့စည်းရန်သဘောတူညီခဲ့ကြသည်။ သို့သော် ဂါဇာကမ်းမြှောင်ဒေသတွင် တိုက်ခိုက်မှု များဆက်လက်ဖြစ်ပွားလျှက်ရှိပြီး ၂၀၀၇ ဇွန်လတွင် ဟားမတ်စ် လက်နက်ကိုင်တပ်ဖွဲ့များကဂါဇာကမ်းမြှောင်ဒေသ ရှိစစ်တပ်နှင့် အစိုးရအဆောက်အဦများအားလုံးကို အကြမ်းဖက်ထိန်းချုပ်နိုင်ခဲ့သည်။ အာဘတ်စ် က NUG ကိုဖျက် သိမ်းခဲ့ပြီး တစ်သီးပုဂ္ဂလ ဆာလမ် ဖေးယက်(Salam Fayyad) ဦးဆောင်သော ပီအေ အစိုးရတစ်ရပ်ကို အနောက်ဘက်ကမ်းတွင် ဖွဲ့စည်းခဲ့သည်။ ဟားမတ်စ် က NUG ဖျက်သိမ်းမှုကိုလက်မခံခဲ့ပေ။ အီဂျစ်က အကြိမ် ကြိမ်ကြားဝင်စေ့စပ်ဖျန်ဖြေပေးလျက်ရှိသော်လည်း အုပ်စုနှစ်စုမှာမူ တင်းမာလျက်ရှိဆဲဖြစ်၏။ ဟားမတ်စ်တို့က ဂါဇာကမ်းမြှောင်ဒေသကို ထိန်းချုပ်မြဲထိန်းချုပ်လျက် အာဘက်စ်နှင့် ဖာတာတို့က အနောက်ဘက်ကမ်းတွင် ထိန်းချုပ်ထားလျက်ရှိဆဲဖြစ်၏။ ဖေးယက်နှင့် ၎င်း၏ ပီအေအစိုးရက အနောက်ဘက်ကမ်းဒေသတွင်လုံခြုံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်လျက်ရှိသည်။ အနောက်ဘက်ကမ်းနှင့် ဂျေရုစလင်တွင် ဂျူးအခြေစိုက် အိမ်ယာ ဆောက်လုပ်ရေးများရပ်တန့်မှု မပြုမခြင်း လက်ရှိ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု(Netanyahu) နှင့် ညှိနှိုင်းဆွေးနွေးမှုမပြုနိုင်ကြောင်း အာဘက်စ် က ပြောဆိုခဲ့သည်။

ပထဝီအနေအထား။ ။
တည်နေရာ။ အရှေ့အလယ်ပိုင်း။ ဂျော်ဒန်နိုင်ငံ အနောက်ဘက်
မြေပုံအညွှန်း။ အရှေ့အလယ်ပိုင်း
ဧရိယာ။ ကုန်းမြေ = ၅၆၄၀ sq km
ရေ = ၂၂၀ sq km
စုစုပေါင်း = ၅၈၆၀ sq km
ထိစပ်နယ်မြေ။ အစ္စရေး ၃၀၇ km။ ဂျော်ဒန် ၉၇ km
ကမ်းရိုးတန်း။ မရှိ (ကုန်းတွင်းပိတ်)
ရာသီဥတု။ အပူအအေးမျှတ။ လတ္တီကျုအလိုက်အပူချိန်နှင့် မိုးရေချိန်ပြောင်းလဲမှုရှိ။ နွေးထွေးသော ပူသော
နွေရာသီ။ အေးသော မျှတသော ဆောင်းရာသီ
မြေမျက်နှာသွင်ပြင်။ အများအားဖြင့်ကြမ်းတမ်းသော ပြတ်တောင်းသော ကုန်းမြင့်။ အနောက်ဘက်တွင် စိုက်ပျိုးနိုင်
သောမြေအနည်းငယ်ရှိသော်လည်း အရှေ့ဘက်တွင် ကန္တာရဆန်သောမြေ။
မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ ပင်လယ်သေ = - ၄၀၈ m
အမြင့်ဆုံးအပိုင်း။ တောလ် အက်ဆာ ၁၀၂၂ m
သဘာဝအရင်းအမြစ်။ စိုက်ပျိုးမြေ

လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၂၅၁၄၈၄၅ ဦးရေ (၂၀၁၀)
လူဦးရေတိုးနှုန်း။ ၂.၁၃ % (၂၀၁၀)
မွေးဖွားနှုန်း။ ၂၄.၉၁/၁၀၀၀ ဦးရေ (၂၀၁၀)
သေဆုံးနှုန်း။ ၃.၆၂/၁၀၀၀ ဦးရေ (၂၀၁၀)
ပျမ်းမျှအသက်။ ကျား = ၇၂.၇၆ နှစ်
မ = ၇၆.၉၂ နှစ်
စုစုပေါင်း = ၇၄.၇၈ နှစ် (၂၀၁၀)
လူမျိုး။ အမည်သီးခြားမရှိ
တိုင်းရင်းသားလူမျိုး။ ပါလက်စတိုင်း အာရပ် နှင့် အခြား ၈၃ %။ ဂျူး ၁၇ %
ကိုးကွယ်မှု။ မွတ်စလင် ၇၅ %(ဆွန်နီ)။ ဂျူး ၁၇%။ ခရစ်ယာန်နှင့် အခြား ၈%
ဘာသာစကား။ အာရပ်။ ဟီဘရူး။
မြို့တော်။ မရှိ

ဗင်နီဇွဲလား Venezuela


နောက်ခံသမိုင်းအကျဉ်း။ ။
၁၈၃၀ တွင် ဂရန်းကိုလမ်ဘီယာ ပြိုကွဲရာမှ နိုင်ငံသုံးနိုင်ငံပေါ်ထွက်လာရာ ဗင်နီးဇွဲလားနိုင်ငံ အပါအဝင်ဖြစ် သည် (အခြားနှစ်နိုင်ငံမှာ အီကွေဒေါနှင့် နောက်ပိုင်းကိုလမ်ဘီယာဖြစ်လာသော နယူးဂရန်နာဒါ ဖြစ်သည်)။
၂၀ ရာစု၏ပထမရာစုဝက်တွင်ဗင်နီဇွဲလား၌ ပျော့ပြောင်းသောစစ်အာဏာရှင်များသာအုပ်ချုပ်ခဲ့သည်။ ၎င်းတို့က ရေနံလုပ်ငန်းကို အားသွန်ဆောင်ရွက်ခဲ့ပြီး လူမှုရေးပြုပြင်ပြောင်းလဲမှုများကို ခွင့်ပြုခဲ့သည်။ ၁၉၅၉ ခုနှစ်မှစ၍ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်သော အစိုးရများအုပ်ချုပ်ခဲ့သည်။ ၁၉၉၉တွင် သမ္မတ ဟူဂိုချေဗက်စ် (Hugo Chavez) အာဏာရလာပြီး၂၁ ရာစုဆိုရှယ်လစ်စံနစ်ကို အသက်သွင်းရန်ကြိုးပမ်းလျှက်ရှိသည်။ အရင်းရှင် စံနစ်နှင့်ဒီမိုကရေစ်ီကို တိုက်ခိုက်၍ လူနေမှုအဆင့်အတန်းနိမ့်ကျနေမှုကိုမြှင့်တင်ရန်ကြိုးပမ်းလျှက်ရှိ၏။ လက်ရှိ အချိန်တွင်ဒီမိုကရေစီကိုအားနည်းအောင်ပြုလုပ်လျှက်ရှိခြင်း၊ နိုင်ငံရေးတုံ့နှေးလျှက်ရှိခြင်း၊ စစ်တပ်ကို နိုင်ငံရေးတွင် အသက်သွင်းလျှက်ရှိခြင်း၊ ကိုလမ်ဘီယာ နှင့်နယ်စပ်တစ်လျှောက်တွင် မူးယစ်ဆေးနှင့်ပတ်သက်သောအကြမ်းဖက် မှုများ ဖြစ်ပွားလျှက်ရှိခြင်း၊ နိုင်ငံတွင်းမူးယစ်ဆေးဝါးသုံးစွဲမှုမြင့်မားလာနေခြင်း၊ ရေနံဈေးကွက်မတည်ငြိမ်မှုနှင့် အတူ ရေနံထုတ်လုပ်မှုအပေါ် အလွန်အမင်းမှီခိုအားထားမှုပြုနေရခြင်း၊ မိုးသစ်တောများပြုန်းတီးမှုနှင့် ဒေသခံများကို ထိခိုက်နစ်နာစေသော သတ္တုတူးဖေါ်ရေးလုပ်ငန်းများလုပ်ဆောင်နေခြင်းတို့ဖြစ်ပွားလျှက်ရှိသည်။

ပထဝီအနေအထား။ ။
တည်နေရာ။ တောင်အမေရိကတိုက် မြောက်ပိုင်း။ ကာရစ်ဘီယံပင်လယ်နှင့် မြောက်အတ္တလန္တိတ် သမုဒ္ဒရာတို့နှင့်
ထိစပ်။ ကိုလမ်ဘီယာနှင့် ဂူယာနာ နိုင်ငံတို့ကြား
မြေပုံအညွှန်း။ တောင်အမေရိက
ဧရိယာ။ ကုန်းမြေ = ၈၈၂၀၅၀ sq km
ရေ = ၃၀၀၀၀ sq km
စုစုပေါင်း = ၉၁၂၀၅၀ sq km
ထိစပ်နယ်မြေ။ ဘရာဇီး ၂၂၀၀ km။ ကိုလမ္ဘီယာ ၂၀၅၀ km။ ဂူယာနာ ၇၄၃ km
ကမ်းရိုးတန်း။ ၂၈၀၀ km
ရာသီဥတု။ အပူပိုင်းဒေသရာသီဥတု။ ပူပြင်းစိုထိုင်း။ ကုန်းမြင့်ဒေသတွင်သမမျှတ
မြေမျက်နှာသွင်ပြင်။ အနောက်မြောက်ဘက်တွင် မာရာကိုင်ဘို မြေနိမ့်ဒေသနှင့် အင်ဒီးစ် တောင်တန်း။
အီလန်နို့စ် အလယ်ပိုင်းမြေပြန့်။ အရှေ့တောင်ဘက်တွင် ဂူအီနာ ကုန်းမြင့်။
မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ ကာရစ်ဘီယံပင်လယ် ၀ m
အမြင့်ဆုံးအပိုင်း။ ပစ်ကိုဘိုလီဗာ (လာကိုလွန်နာ) ၅၀၀၇ m
သဘာဝအရင်းအမြစ်။ ရေနံ။ သဘာဝဓါတ်ငွေ့။ သံရိုင်း။ ရွှေ။ ဘောက်ဆိုက်သတ္တု။ အခြား သတ္တုများ။ ရေအား
လျှပ်စစ်။ စိန်

လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၂၇၂၂၃၂၂၈ ဦးရေ (၂၀၁၀)
လူဦးရေတိုးနှုန်း။ ၁.၅၁၅% (၂၀၁၀)
မွေးဖွားနှုန်း။ ၂၀.၂၉/၁၀၀၀ ဦးရေ (၂၀၁၀)
သေဆုံးနှုန်း။ ၅.၁၄/၁၀၀၀ ဦးရေ (၂၀၁၀)
ပျမ်းမျှအသက်။ ကျား = ၇၀.၆၉ နှစ်
မ = ၇၇ နှစ်
စုစုပေါင်း = ၇၃.၇၇ နှစ် (၂၀၁၀)
လူမျိုး။ ဗင်နီဇွဲလား
တိုင်းရင်းသားလူမျိုး။ စပိန်။ အီတလီ ။ပေါ်တူဂီ။ အာရပ်။ ဂျာမန်။ အာဖရိကန်။ ဒေသခံတိုင်းရင်းသားမျိုးနွယ်
ကိုးကွယ်မှု။ ရိုမန်ကက်သိုလစ် ၉၆%။ ပရိုတက်စတင့် ၂%။ အခြား ၂%
ဘာသာစကား။ စပိန် (ရုံးသုံး)။ ဒေသခံတိုင်းရင်းသားစကား အများအပြား
မြို့တော်။ ကာရာကက်စ် (Caracas)

ဗန်နူတူး (Vanuatu) Republic of Vanautu


div style="text-align: justify;">နောက်ခံသမိုင်းအကျဉ်း။ ။
လူမျိုး အသီးသီးသောနယ်မြေသစ်ရှာဖွေသူများ ပထမထောင်စုနှစ်အတွင်း နယူး ဟက်ဘရိုက်(New Hebrides) သို့ဝင်ရောက်လာကာ ၁၈ ရာစုတွင် ဥရောပသားစွန့်စားရှာဖွေသူများဝင်ရောက်လာခဲ့သည်။
ယင်းသို့လူမျိုးအသီးသီး ဝင်ရောက်အခြေချမှုကြောင့် ယနေ့အချိန်အထိကျွန်ပေါ်တွင် ဘာသာစကား အမျိုးမျိုး ကွဲ
ပြားခြားနားနေပေသည်။ ၁၉ ရာစုတွင် ဝင်ရောက်လာသော ပြင်သစ်နှင့် အင်္ဂလိပ်တို့ က ၁၉၀၆ ခုနှစ်တွင် အင်္ဂလို-
ပြင်သစ်နယ်မြေအဖြစ်သဘောတူညီခဲ့ကြသည်။ ၁၉၈၀ တွင် လွတ်လပ်ရေးရရှိခဲ့ပြီး ဗန်နူတူ ဟူသော အမည် မှည့်ခေါ်ခဲ့သည်။

ပထဝီအနေအထား။ ။
တည်နေရာ။ အိုးရှင်းနီးယား။ တောင်ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းစု။ ဟာဝိုင်အီမှ သြတေးလျသို့သွားရာ လမ်း
ခရီး လေးပုံ သုံးပုံ။
မြေပုံအညွှန်း။ အိုးရှင်းနီးယား
ဧရိယာ။ ကုန်းမြေ = ၁၂၁၈၉ sq km
ရေ = ၀ sq km
စုစုပေါင်း = ၁၂၁၈၉ sq km
ထိစပ်နယ်မြေ။ မရှိ။
ကမ်းရိုးတန်း။ ၂၅၂၈ km
ရာသီဥတု။ အပူပိုင်းဒေသရာသီဥတု။ အရှေ့တောင်ကုန်သည်လေတိုက်ခတ်မှုကြောင့် မေလမှ အောက်တိုဘာလ
အထိ ရာသီဥတုမျှတ။ နိုဝင်ဘာလမှ ဧပြီလအထိ မိုးအသင့်အတင့်ရွာသွန်း။ ဒီဇင်ဘာလမှ ဧပြီလအထိ
ဆိုင်ကလုန်းမုန်တိုင်းများ တိုက်ခတ်နိုင်။
မြေမျက်နှာသွင်ပြင်။ မီးတောင်ပို့ချမှုကြောင့် ဖြစ်ပေါ်လာသော တောင်များရှိ။ ကျဉ်းမြောင်းသော ကမ်းရိုးတန်း
မြေပြန့်။
မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ ပစိဖိတ်သမုဒ္ဒရာ ၀ m
အမြင့်ဆုံးအပိုင်း။ တက်ဘဝမ်မာဆာနာ ၁၈၇၇ m
သဘာဝအရင်းအမြစ်။ မန်ဂနိစ်။ သစ်မာသစ်တောများ။ ငါး
လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၂၂၁ ၅၅၂ ဦးရေ (၂၀၁၀)
လူဦးရေတိုးနှုန်း။ ၁.၃၅၉ % (၂၀၁၀)
မွေးဖွားနှုန်း။ ၂၁.၀၈/၁၀၀၀ ဦးရေ (၂၀၁၀)
သေဆုံးနှုန်း။ ၇.၄၉/၁၀၀၀ ဦးရေ (၂၀၁၀)
ပျမ်းမျှအသက်။ ကျား = ၆၂.၇ နှစ်
မ = ၆၆.၀၄ နှစ်
စုစုပေါင်း = ၆၄.၃၃ နှစ် (၂၀၁၀)
လူမျိုး။ နိုင်-ဗန်နူတူ
တိုင်းရင်းသားလူမျိုး။ နိုင်ဗန်နူတူ ၉၈.၅%။ အခြား ၁.၅%
ကိုးကွယ်မှု။ ပရက်ဘိုင်တာရီးယန်း ၃၁.၄%။ အင်္ဂလီကန် ၁၃.၄%။ ရိုမန်ကက်သိုလစ် ၁၃.၁။ ခုနှစ်ရက်မြောက်နေ့
မျှော်လင့်ခြင်းအသင်းတော် ၁၀.၈%။ အခြားခရစ်ယာန် ၁၃.၈%။ တိုင်းရင်းသားရိုးရာကိုးကွယ်မှု
၅.၆ %။ အခြား ၉.၆ %။ ဘာသာမဲ့ ၁ %။ အမည်မသိ ၁.၃ %
ဘာသာစကား။ ဒေသခံစကား ၁၀၀ ကျော် ၇၂.၆ %။ ပစ်ဂျင် ၂၃.၁ %။ အင်္ဂလိပ် ၁.၉ %။ ပြင်သစ် ၁.၄ %။
အခြား ၀.၃ % အမည်မသိ ၀.၇ %
မြို့တော်။ ပေါ့-ဗီလာ (Port-Vila)

ဥရုဂွေး (Uruguay)


နောက်ခံသမိုင်းအကျဉ်း။ ။
၁၇၂၆ တွင် စစ်စခန်းတပ်စွဲရာနေရာအဖြစ် စပိန်တို့က အသုံးပြုခဲ့သည်။ နောက်ပိုင်းတွင် ဆိပ်ကမ်း၏အ နေအထားအရ အရေးကြီးသော ကူးသန်ရောင်းဝယ်ရေး ဆိပ်ကမ်းတစ်ခုဖြစ်လာခဲ့သည်။ ၁၈၂၁ တွင် အာဂျင်တီး နားက ပိုင်ဆိုင်ကြောင်းပြောဆိုခဲ့သော်လည်း ဘရာဇီးကကျူးကျော်ခဲ့သည်။ နောက်လေးနှစ်အကြာတွင် ဥရုဂွေးက လွတ်လပ်ရေးကြေငြာခဲ့ပြီး နောက်သုံးနှစ်ထပ်မံရုန်းကန်ခဲ့ပြီး ၁၈၂၈တွင် ခိုင်မာသောလွတ်လပ်ရေးရရှိခဲ့သည်။
၂၀ ရာစုအစောပိုင်းတွင် သမ္မတဟိုဆေး ဘက်တလီ (Jose Batlle) အစိုးရ က နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ပြု ပြင်ပြောင်းလဲမှုများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခဲ့ပြီး ဗဟိုထိန်းချုပ်စံနစ်ကိုဖန်တီးခဲ့သည်။ ၁၉၆၀ ခုနှစ်များတွင် မာ့ခ်စ်ဝါဒီ (Marxist) အကြမ်းဖက်မြို့ပေါ်သူပုန်များထကြွမှုကြောင့် ၁၉၇၃တွင် စစ်တပ်ကို အာဏာလွှဲပြောင်းပေးခဲ့ ရသည်။ နှစ်ကုန်ပိုင်းတွင် သူပုန်များကိုဖြိုခွင်းနိုင်ခဲ့သော်လည်း စစ်တပ်ကအာဏာကိုဆက်လက်ထိန်းချုပ်ထားခဲ့ သည်။ ၁၉၈၅ အထိ အရပ်သားအစိုးရထံသို့အာဏာကိုပြန်လည် လွှဲပြောင်းပေးနိုင်ခြင်းမရှိခဲ့ပေ။ ၂၀၀၄ ခုနှစ်တွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် အလယ်အလတ်လက်ဝဲယိမ်း ဖရန်တီ အမ်ပီလီယို (Frente Anplio) ၏ညွန့်ပေါင်းပါတီက အနိုင်ရရှိခဲ့ပြီး ကော်လိုရာဒိုနှင့် ဘလန်ကိုပါတီ တို့၏ နှစ်ပေါင်း ၁၇၀ ခန့်နိုင်ငံရေးတွင် စိုမိုး ထားခြင်းကို အဆုံးသတ်နိုင်ခဲ့သည်။ ဥရုဂွေး၏ နိုင်ငံရေးနှင့် စီးပွားရေး အနေမထားမှာ တောင်အမေရိကတိုက်တွင် အလွတ်လပ်ဆုံးဖြစ်သည်ဟုပြောနိုင်သည်။

ပထဝီအနေအထား။ ။
တည်နေရာ။ တောင်အမေရိကတိုက် တောက်ဘက်။ တောင်အတ္တလန္တိတ်သမုဒ္ဒရာနှင့်ထိစပ်။
အာဂျင်တီးနားနှင့် ဘရာဇီးနိုင်ငံတို့အကြား
မြေပုံအညွန်း။ တောင်အမေရိကတိုက်
ဧရိယာ။ ကုန်းမြေ = ၁၇၅ ၀၁၅ sq km
ရေ = ၁၂၀၀ sq km
စုစုပေါင်း = ၁၇၆ ၂၁၅ sq km
ထိစပ်နယ်မြေ။ အာဂျင်တီးနား ၅၈၀ km။ ဘရာဇီး ၁၀၆၈ km
ကမ်းရိုးတန်း။ ၆၆၀ km
ရာသီဥတု။ နွေးထွေးမျှတသောရာသီဥတုရှိ။
မြေမျက်နှာသွင်ပြင်။ လှိုင်းတွန့်သော မြေပြန့်နှင့် တောင်ကုန်းနိမ့်များ။ မြေသြဇာကောင်းမွန်သော ကမ်းရိုးတန်း
မြေနိမ့်
မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ အတ္တလန္တိတ် သမုဒ္ဒရာ = ၀ m
အမြင့်ဆုံးအပိုင်း။ ဆာရိုကက်တယ်ဒရယ် = ၅၁၄ m
သဘာဝအရင်းအမြစ်။ စိုက်ပျိုးမြေ။ ရေအားလျှပ်စစ်။ သတ္တုအနည်းငယ်။ ငါး

လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၃၅၁၀ ၃၈၆ ဦးရေ
လူဦးရေတိုးနှုန်း။ ၀.၄၄၇ % (၂၀၁၀)
မွေးဖွားနှုန်း။ ၁၃.၆၇/၁၀၀၀ ဦးရေ (၂၀၁၀)
သေဆုံးနှုန်း။ ၉.၀၆/၁၀၀၀ ဦးရေ (၂၀၁၀)
ပျမ်းမျှအသက်။ ကျား = ၇၃.၃ နှစ်
မ = ၇၉.၉၂ နှစ်
စုစုပေါင်း = ၇၆.၅၅ နှစ် (၂၀၁၀)
လူမျိုး။ ဥရုဂွေး
တိုင်းရင်းသားလူမျိုး။ လူဖြူ ၈၈%။ မက်ဇတီဇို ၈ %။ လူမည်း ၄ %။ အမေရင်ဒီးယန်း
ကိုးကွယ်မှု။ ရိုမန်ကက်သိုလစ် ၄၇.၁ %။ ကက်သလစ်မဟုတ်သော ခရစ်ယာန် ၁၁.၁ %။ ခရစ်ယာန်ဘာသာ
အားလုံးကိုလက်ခံသူ ၂၃.၂ %။ ဂျူး ၀.၃ %။ ထာဝရဘုရားကိုမယုံကြည်သောသူ ၁၇.၂ %
အခြား ၁.၁ %
ဘာသာစကား။ စပိန်၊ ပေါ်တူနော် (သို့) ဘရာဇီလီရို
မြို့တော်။ မွန်ဒီဗီဒီယို (Montevideo)

ဥဇဘက်ကစ္စတန်
(Uzbekistan)

နောက်ခံသမိုင်းအကျဉ်း။ ။
၁၉ ရာစုနှောင်းတွင် ဥဇဘက်ကစ္စတန်ကို ရုရှက သိမ်းပိုက်ခဲ့သည်။ ဘော်ရှီဗစ်တော်လှန်ရေးနောက်ပိုင်း ပုန်ကန်မှုများကိုနှိပ်ကွပ်ခဲ့ပြီး ၁၉၂၄ တွင် ဆိုရှယ်လစ်သမ္မတနိုင်ငံတည်ထောင်ခဲ့သည်။ ဆိုဗီယက်ခေတ်တွင်ရွှေဖြူ ခေါ် ဝါဂွမ်းအမြောက်အများထုတ်လုပ်ခဲ့ပြီး စိုက်ပျိုးရေးသုံးဓါတုဆေးဝါးများအဆမတန်သုံးစွဲခဲ့သည့်အတွက် ရေအ အမြစ်များ ရှားပါးလာခဲ့သည်။ မြေယာများနှင့် အာရယ်ပင်လယ်ကို အဆိပ်သင့်စေခဲ့ပြီး အချို့မြစ်များ ခြောက်ခန်းလု လု ဖြစ်ခဲ့သည်။ ၁၉၉၁ လွတ်လပ်ရေးရပြီးချိန်မှစ၍ စိုက်ပျိုးရေးအပေါ် အားကိုးအားထားပြုနေရမှုကို လျော့ချပြီး သတ္တုနှင့် ရေနံတူးဖေါ်ရေးလုပ်ငန်းများ ကိုမြှင့်တင်ဆောင်ရွက်ခဲ့သည်။ လက်ရှိအချိန်တွင် အစ္စလာမ္မစ် စစ်သွေးကြွများ၊ စီးပွားရေးကျဆင်းမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ဒီမိုကရေစီရေး ကျဆင်းမှုများဖြစ်ပွားလျက် ရှိသည်။

ပထဝီအနေအထား။ ။
တည်နေရာ။ အာရှတိုက်အလယ်ပိုင်း။ အာဖဂန်နစ္စတန်နိုင်ငံ၏ မြောက်ဘက်။
မြေပုံအညွှန်း။ အာရှ
ဧရိယာ။ ကုန်းမြေ = ၄၂၅ ၄၀၀ sq km
ရေ = ၂၂ ၀၀၀ sq km
စုစုပေါင်း = ၄၄၇ ၄၀၀ sq km
ထိစပ်နယ်မြေ။ အာဖဂန်နစ္စတန် ၁၃၇ km။ ကာဇက်စတန် ၂၂၀၃ km။ ကာဂျစ်စတန် ၁၀၉၉ km။ တာဂျစ်ကစ္စတန်
၁၁၆၁ km။ တာ့ခမန်နစ္စတန် ၁၆၂၁ km
ကမ်းရိုးတန်း။ မရှိ ကုန်းတွင်းပိတ်
ရာသီဥတု။ အလယ်ပိုင်းလတ္တီကျု သဲကန္တာရ ရာသီဥတု။ ရှည်လျား၍ ပူပြင်းသောနွေရာသီ။ မိုးအတန်ငယ်ခေါင်
သော အရှေ့ဘက်မြက်ခင်းလွင်ပြင်။
မြေမျက်နှာသွင်ပြင်။ အများအားဖြင့် ပြန့်ပျူးပြီး လှိုင်းထသော သဲတောင်ကုန်းများနှင့် ကန္တာရ။ အေမူဒါယာ၊
ဆိုင်ရာ ဒါယာ နှင့် ဇာရက်ရွှန်းတစ်လျောက် ရေသွင်းစိုက်ပျိုးရေးတွင် သုံးသော ပြန့်ပျူးသော
မြစ်ဝှမ်းတောင်ကြားများ
မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ ဆာရီခါနစ် ကူလီ = -၁၂ m
အမြင့်ဆုံးအပိုင်း။ အေဒီလွန်ဂါ = ၄၃၀၁ m
သဘာဝအရင်းအမြစ်။ သဘာဝဓါတ်ငွေ့။ ရေနံ။ ကျောက်မီးသွေး။ ရွှေ။ ယူရေနီယံ။ ငွေ။ ကြေးနီ။ ခဲ နှင့် သွပ်။
ခဲမဖြူ။ မော်လစ်ဘဒီနမ်
လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၂၇ ၈၆၅ ၇၃၈ ဦးရေ (၂၀၁၀)
လူဦးရေတိုးနှုန်း။ ၀.၉၃၈ % (၂၀၁၀)
မွေးဖွားနှုန်း။ ၁၇.၅၁/၁၀၀၀ ဦးရေ (၂၀၁၀)
သေဆုံးနှုန်း။ ၅.၂၉/၁၀၀၀ ဦးရေ (၂၀၁၀)
ပျမ်းမျှအသက်။ ကျား = ၆၉.၂၂ နှစ်
မ = ၇၅.၄၄ နှစ်
စုစုပေါင်း = ၇၂.၂၄ နှစ် (၂၀၁၀)
လူမျိုး။ ဥဇဘက်ကစ္စတန်
တိုင်းရင်းသားလူမျိုး။ ဥဇဘက် ၈၀ %။ ရုရှ ၅.၅ %။ တာဂျစ် ၅ %။ ခါဇက် ၃ %။ ကာရာကယ်ပက် ၂.၅ %
တာတာ ၁.၅%။ အခြား ၂.၅%
ကိုးကွယ်မှု။ မွတ်စလင် ၈၈% (ဆွန်နီ)။ အရှေ့တိုင်းအော်သိုဒေါ့ ၉ %။ အခြား ၃ %
ဘာသာစကား။ ဥဇဘက် ၇၄.၃ %။ ရုရှ ၁၄.၂ %။ တာဂျစ် ၄.၄ %။ အခြား ၇.၁ %
မြို့တော်။ တာ့ရှ်ကန့်(Tashkent)

အမေရိကန်ပြည်ထောင်စု (United State of America)


နောက်ခံသမိုင်းအကျဉ်း။ ။
၁၇၇၆ တွင်ဗြိတိသျှကိုလိုနီဖြစ်သော နယ်မြေများ စုပေါင်း၍ ၁၉၇၈ ပဲရစ်စာချုပ်အရ အမေရိကန်ပြည် ထောင်စုဟူ၍ နိုင်ငံသစ်တည်ထောင်ခဲ့သည်။ ၁၉ ရာစုနှင့် ၂၀ ရာစုများတွင် မူလ ၁၃ ပြည်နယ်ရှိရာနောက်ထပ် ၃၇ ပြည်နယ်ထပ်မံပေါင်းစည်းဝင်ရောက်လာရာ မြောက်အမေရိကတိုက်တလျောက်ကျယ်ပြန့်သွားပြီး ပင်လယ်ရပ်ခြား နယ်မြေအများအပြားပိုင်ဆိုင်ခဲ့သည်။ သမိုင်းတလျောက်အဆိုးဝါးဆုံးအဖြစ်အပျက်နှစ်ခုမှာ ကျွန်ပိုင်ရှင်များဖြစ် သော တောင်ပိုင်း ၁၁ ပြည်နယ်ကခွဲထွက်ခွင့်တောင်းဆိုရာမှဖြစ်ပွားသော (၁၈၆၁-၆၅) ပြည်တွင်းစစ်နှင့် အလုပ် သမားအင်အား လေးပုံတစ်ပုံခန့် အလုပ်လက်မဲ့ဖြစ်ခဲ့ရသော ၁၉၃၀ ခုနှစ်များ စီးပွားရေးကျဆင်းမှုတို့ဖြစ်သည်။
ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်များတွင် အနိုင်ရရှိခဲ့ခြင်း၊ ၁၉၉၁ တွင် စစ်အေးတိုက်ပွဲပြီးဆုံးသွားခြင်းတို့ကြောင့်
ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည်နိုင်ခဲ့သည်။ နှစ်ငါးဆယ်ကာလအတွင်း စီးပွားရေးတည်ငြိမ်ခိုင်မာ ခြင်း၊ အလုပ်လက်မဲ့နှုန်းနှင့် ငွေကြေးဖေါင်းပွမှုနှုန်းလျော့ကျခြင်း၊ နည်းပညာရှေ့တန်းရောက်ခြင်းတို့ဖြင့် ရပ်တည် လျှက်ရှိသည်။ သို့သော်၂၀၀၂ ခုနှစ်တွင် နယူးယော့ ရှိ ကမ္ဘာ့ကုန်သွယ်ရေးဆောက်အအုံ (World Trade Centre) ကို အကြမ်းဖက်သမားတို့က ခရီးသည်တင်လေယာဉ်နှစ်စင်း ကိုပြန်ပေးဆွဲပြီးဝင်ရောက်တိုက်ခိုက် ခဲ့သည်။ အာဖဂန်နစ္စတန်တွင်ခိုအောင်းနေသော ဘင်လာဒင်လက်ချက်ဖြစ်ကြောင်း သိရပြီး အာဖဂန်နစ္စတန်ကို စစ်ပွဲ ဆင်နွှဲ ခဲ့သည်။ ထို့နောက် အစုလိုက်အပြုံလိုက်သေစေနိုင်သောလက်နက်များ ထုတ်လုပ်လျှက်ရှိသည်ဟူ သော စွပ်စွဲချက် ဖြင့်အီရတ်ကိုတိုက်ခိုက်၍ ဆတ်ဒမ်ဟူစိန်ကိုဖြုတ်ချပြီး အမေရိကန် အလိုကျအစိုးရတစ်ရပ်တင် ပေးထားခဲ့သည်။
အထက်ပါစစ်ပွဲနှစ်ပွဲလုံး သမ္မတ ဂျော့ဒဗလျူဘုရှ် (George W.Bush) လက်ထက်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုအ ချိန်အထိ အဆုံးသတ်နိုင်သေးခြင်းမရှိဘဲ အမေရိကန်စစ်သား အသေအပျောက်များပြားနေဆဲဖြစ်၏။

ပထဝီအနေအထား။ ။
တည်နေရာ။ မြောက်အမေရိက။ မြောက်အတ္တလန္တိတ်သမုဒ္ဒရာ၊ မြောက်ပစိဖိတ်သမုဒ္ဒရာတို့နှင့်ထိစပ်။ ကနေဒါနှင့်
မက္ကဆီကိုနိုင်ငံတို့ကြား

မြေပုံအညွှန်း။မြောက်အမေရိကတိုက်
ဧရိယာ။ ကုန်းမြေ = ၉ ၁၆၁ ၉၆၆ sq km
ရေ = ၆၆၄ ၇၀၉ sq km
စုစုပေါင်း = ၉ ၈၂၆ ၆၇၅ sq km
ထိစပ်နယ်မြေ။ ကနေဒါ ၈ ၈၉၃ km။ မက္ကဆီကို ၃ ၁၄၁ Km။
စုစုပေါင်း = ၁၂ ၀၃၄ km
ကမ်းရိုးတန်း။ ၁၉၉၂၄ KM
ရာသီဥတု။ အပူအအေးမျှတ။ ဟာဝိုင်အီနှင့် ဖလော်ရီဒါတွင် အပူပိုင်းဒေသရာသီဥတု။ အလက်စကားတွင်
အာတိတ်စက်ဝိုင်းဒေသရာသီဥတု။ မစ္စစပီမြစ်အနောက်ဘက်လွင်ပြင်ကြီးတွင် မိုးအနည်းငယ်ခေါင်။
အနောက်တောင်မြစ်ဝှမ်းဒေသတွင် မိုးခေါင်။ အနောက်မြောက်ဘက်တွင် ဆောင်းရာသီ၌အလွန်အေးပြီး
တစ်ခါတစ်ရံ ရော့ကီးတောင်တန်းအရှေ့ဘက်ခြမ်းမှတိုက်ခတ်သောနွေးထွေးသော ချင်နွတ်လေ တိုက်
ခတ်မှုကြောင့် အအေးပေါ့စေသည်။
မြေမျက်နှာသွင်ပြင်။ ကျယ်ပြန့်သော အလယ်ပိုင်းလွင်ပြင်။ အနောက်ဘက်တွင်တောင်များ။ အရှေ့ဘက်တွင်
တောင်ကုန်းများနှင့် တောင်များ။ အလက်စကားပြည်နယ်တွင် ကြမ်းတမ်းသောတောင်များ
နှင့် ကျယ်ပြန့်သောမြစ်ဝှမ်းတောင်ကြားများရှိ။ ဟာဝိုင်အီတွင် ကြမ်းတမ်းသော မီးတောင်ပို့ချ
မြေမျက်နှာသွင်ပြင်။
မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ သေမင်းတမန်တောင်ကြား = - ၈၆ M
အမြင့်ဆုံးအပိုင်း။ မက်ကင်လေတောင် = ၆၁၉၈ M
သဘာဝအရင်းအမြစ်။ ကျောက်မီးသွေး။ ကြေးနီ။ ခဲ။ မိုလစ်ဘဒီနမ်။ ဖေါ့စဖိတ်။ ယူရေနီယံ။ ဘောက်ဆိုဒ်။ ရွှေ။
သံရိုင်း။ မာကျူရီ။ နီကယ်။ ပိုတက်။ ငွေ။ ခဲမဖြူ။ သွပ်။ ရေနံ။ သဘာဝဓါတ်ငွေ့။ သစ်

လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၃၁၀ ၂၃၂ ၈၆၃ ဦးရေ
လူဦးရေတိုးနှုန်း။ ၀.၉၇ % (၂၀၁၀)
မွေးဖွားနှုန်း။ ၁၃.၈၃/၁၀၀၀ ဦးရေ (၂၀၁၀)
သေဆုံးနှုန်း။ ၈.၃၈/၁၀၀၀ ဦးရေ (၂၀၁၀)
ပျမ်းမျှအသက်။ ကျား = ၇၅.၇၈ နှစ်
မ = ၈၀.၈၁ နှစ်
စုစုပေါင်း = ၇၈.၂၄ နှစ်
လူမျိုး။ အမေရိကန်
တိုင်းရင်းသားလူမျိုး။ လူဖြူ ၇၉.၉၆ %။ လူမည်း ၁၂.၈၅ %။ အမေရင်ဒီးယန်းနှင့် အလက်စကားဒေသခံ ၀.၉၇ %
ဟာဝိုင်အီဒေသခံနှင့် အခြား ပစိဖိတ်ကျွန်းသား ၀.၁၈%။
ကိုးကွယ်မှု။ ပရိုတက်စတင့် ၅၁.၃ %။ ရိုမန်ကက်သိုလစ် ၂၃.၉ %။ မော်မွန် ၁.၇ %။ ခရစ်ယာန် ၁.၆%။ ဂျူး
၁.၇ %။ ဗုဒ္ဓဘာသာ ၀.၇ %။ မွတ်စလင် ၀.၆ %။ အခြား နှင့်  အမည်မသိ ၂.၅ %။ ဘာသာစွဲမရှိသူ
၁၂.၁ %။ ဘာသာမဲ့ ၄ %
ဘာသာစကား။ အင်္ဂလိပ် ၈၂.၁ %။ စပိန် ၁၀.၇ %။ အခြား အင်ဒို-ဥရောပ ၃.၈ %။ အာရှ နှင့် ပစိဖိတ်ကျွန်း
၂.၇ %။ အခြား ၀.၇ %
မြို့တော်။ ဝါရှင်တန် ဒီစီ (Washington, DC)

အင်္ဂလန် (United Kingdom)


နောက်ခံသမိုင်းအကျဉ်း။ ။
ပါလီမန်ဒီမိုကရေစီစံနစ်ဖွံ့ဖြိုးရေးနှင့် စာပေနှင့်သိပ္ပံပညာ တိုးတက်ရေးတွင် အင်္ဂလန်နိုင်ငံသည် သမိုင်း တလျောက်ရှေ့ဆုံးမှဦးဆောင်လာခဲ့သည်။ ၁၉ ရာစုတွင် အထွဋ်အထိပ်သို့ရောက်ခဲ့ပြီး ကမ္ဘာ၏ လေးပုံတစ်ပုံခန့် ကိုသိမ်းပိုက်နိုင်ခဲ့သည်။ ၂၀ ရာစု၏ပထမရာစုဝက်တွင်ကမ္ဘာစစ် နှစ်ခုတွင်ပါဝင်ခဲ့ခြင်း၊ ပြည်ထောင်စုအတွင်းမှ အိုင် ယာလန် နှုတ်ထွက်သွားခြင်းတို့ကြောင့်အင်အားကျဆင်းသွားခဲ့ရသည်။ ဒုတိယရာစုဝက်တွင် နေမဝင်အင်ပါယာ ပြိုကွဲသွားပြီး ခေတ်မီ၍ဖွံ့ဖြိုးသောဥရောပနိုင်ငံတစ်နိုင်ငံဖြစ်ရန်ပြန်လည်ကြိုးစားတည်ဆောက်ခဲ့သည်။ ကုလသမဂ္ဂ ၏ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံတွင် ပါဝင်ခြင်း၊ နေတိုး နှင့် ဓနဿဟာယ အဖွဲ့များကိုတည်ထောင်ခဲ့ခြင်း စသည် တို့ဖြင့် နိုင်ငံခြားရေးကိစ္စရပ်များတွင် ကမ္ဘာနှင့်အဝှမ်း ဆက်ဆံလျှက်ရှိသည်။ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိင်ငံတစ်နိုင်ငံ လည်းဖြစ်သည်။ သို့သော် စီးပွားရေးနှင့် ငွေကြေးစံနစ်တွင် ပါဝင်ခြင်းမရှိပေ။ လွန်ခဲ့သောကာလအနည်းငယ်က အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ခြင်းဆောင်ရွက်ခဲ့ပြီး အင်အားကျဆင်းလာခဲ့သည်။ စကော့တလန်ပါလီမန်၊ ဝေလ အမျိုးသားလွှတ်တော်၊ မြောက်အိုင်ယာလန်ညီလာခံတို့ကို ၁၉၉၉တွင် ဖွဲ့စည်းခဲ့သည်။ သို့သော် မြောက်အိုင်ယာ လန် ညီလာခံကို ငြိမ်းချမ်းရေးဆွေးနွေးမှုများ မပြီးပြတ်သေးသည့်အတွက် ၂၀၀၇ မေလအထိ ရွှေ့ဆိုင်းထားခဲ့သည်။

ပထဝီအနေအထား။ ။
တည်နေရာ။ အနောက်ဥရောပ။ မြောက်အတ္တလန္တိတ်သမုဒ္ဒရာနှင့် မြောက်ပင်လယ်ကြားရှိ အိုင်ယာလန်ကျွန်းများ၏
မြောက်ပိုင်းခြောက်ပုံတစ်ပုံတွင်အ ပါအဝင်ဖြစ်သောကျွန်းများ။
မြေပုံအညွှန်း။ ဥရောပ
ဧရိယာ။ ကုန်းမြေ = ၂၄၁ ၉၃၀ sq km
ရေ = ၁ ၆၈၀ sq km
စုစုပေါင်း = ၂၄၃ ၆၁၀ sq km
ထိစပ်နယ်မြေ။ အိုင်ယာလန် ၃၆၀ km
ကမ်းရိုးတန်း။ ၁၂ ၄၂၉ km
ရာသီဥတု။ အပူအအေးမျှတ။ မြောက်အတ္တလန္တိတ်ရေစီးကြောင်း ပေါ်မှ အနောက်တောင်လေတိုက်ခတ်မှုကြောင့်
ရာသီဥတုမျှတ။ တစ်နေ့တာတွင် နေ့တစ်ဝက်ကျော်တိမ်ထူထပ်စွာ အုံ့ဆိုင်း။
မြေမျက်နှာသွင်ပြင်။ ကြမ်းတမ်းသောတောင်ကုန်းများ၊ တောင်နိမ့်များရှိ။ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်တွင်
ပြန့်ပျူးသော၊ လှိုင်းထသော မြေပြန့်ရှိ။
မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ ရေဝပ်သောဒေသများ = - ၄ m
အမြင့်ဆုံးအပိုင်း။ ဘင်နဗစ် = ၁၃၄၃ m
သဘာဝအရင်းအမြစ်။ ကျောက်မီးသွေး။ ရေနံ။ သံရိုင်း။ ခဲ။ သွပ်။ သံဖြူ။ ထုံးကျောက်။ ဆား။ ရွှံ့စေး။ မြေဖြူ။
ဂျစ်ပဆမ်ကျောက်။ ပိုတက်။ ဆီလီကာသဲ။ သင်ပုန်းကျောက်။ စိုက်ပျိုးမြေ

လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၆၁ ၂၈၄ ၈၀၆ ဦးရေ (၂၀၁၀)
လူဦးရေများပြားမှုကမ္ဘာ့အဆင့် ၂၂
လူဦးရေတိုးနှုန်း။ ၀.၂၈၂ % (၂၀၁၀)
မွေးဖွားနှုန်း။ ၁၀.၆၇/၁၀၀၀ ဦးရေ (၂၀၁၀)
သေဆုံးနှုန်း။ ၁၀/၁၀၀၀ ဦးရေ (၂၀၁၀)
ပျမ်းမျှအသက်။ ကျား = ၇၆.၆၆ နှစ်
မ = ၈၁.၈ နှစ်
စုစုပေါင်း = ၇၉. ၁၆ နှစ် (၂၀၁၀)
လူမျိုး။ ဗြိတိသျှ
တိုင်းရင်းသားလူမျိုး။ လူဖြူ ၉၂.၁ %။ လူမည်း ၂ %။ အိန္ဒယ ၁.၈ %။ ပါကစ္စတန် ၁.၃ %။ သွေးနှော ၁.၂ %
အခြား ၁.၆ %
ကိုးကွယ်မှု။ ခရစ်ယာန် ၇၁.၆ %။ မွတ်စလင် ၂.၇ %။ ဟိန္ဒူ ၁ %။ အခြား ၁.၆ % အမည်မသိ (သို့)
ဘာသာမဲ့ ၁.၆ %
ဘာသာစကာား။ အင်္ဂလိပ်။ ဝေလ။ စကော့တစ်
မြို့တော်။ လန်ဒန် (London)

Share

Twitter Delicious Facebook Digg Stumbleupon Favorites