Wednesday, 9 June 2010

ဗီယက်နမ် (Vietnum)


နောက်ခံသမိုင်းအကျဉ်း။ ။
၁၈၅၈ တွင်ဗီယက်နမ်ကို ပြင်သစ်တို့စတင် ကျူးကျော်ခဲ့ပြီး ၁၈၈၄ တွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည်။ ၁၈၈၇ တွင်ပြင်သစ်အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးနောက် ဗီယက် နမ်က လွတ်လပ်ရေးကြေငြာခဲ့သည်။ သို့သော် ပြင်သစ်တို့က ၁၉၅၄ အထိဆက်လက်အုပ်ချုပ်ခဲ့ပြီး ဟိုချီမင်းဦး ဆောင်သော ကွန်မြူနစ်တပ်များက တိုက်ထုတ်ခဲ့သည်။ ၁၉၅၄ တွင် ချုပ်ဆိုသော ဂျီနီဗာသဘောတူညီချက်အရ မြောက်ပိုင်းကွန်မြူနစ်နှင့် တောင်ပိုင်း ကွန်မြူနစ်ဆန့်ကျင်ရေးဟူ၍ နှစ်ပိုင်းကွဲထွက်ခဲ့သည်။ ၁၉၆၀ ခုနှစ်များတွင် အမေရိကန်တို့ကတောင် ပိုင်း ကွန်မြူနစ်ဆန့်ကျင်ရေးအစိုးရကိုအင်အားတောင့်တင်းလာစေရန် စီးပွားရေး၊ စစ်ရေး အရ ကူညီထောက်ပံ့မှုပြုခဲ့သည်။ ၁၉၇၃ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ အမေရိကန်စစ်တပ်များ ပြန်လည်ဆုတ်ခွာခဲ့သည်။ နောက်နှစ်နှစ် အကြာတွင်တောင်ပိုင်းကို မြောက်ပိုင်းကွန်မြူနစ်တို့ကသိမ်းပိုက်ခဲ့ပြီး ကွန်မြူ နစ်အုပ်ချုပ်ရေးလက်အောက်တွင် ပြန်လည်ပေါင်းစည်းသိမ်းသွင်းခဲ့သည်။ ငြိမ်းချမ်းရေးကိုပြန်လည်တည်ထောင်နိုင်ခဲ့ သော်လည်း ခေါင်းဆောင်မှုမူဝါဒများ အငြင်းပွားမှုများ၊ ခွဲခြားဖိနှိပ်မှုများ၊အထူးသဖြင့်တောင်ပိုင်းကုန်သည် လူတန်းစား များ နိုင်ငံအတွင်းမှ ထွက်ခွာသွားခြင်းတို့ကြောင့် ဆယ်စုနှစ်ကျော်ကြာအောင် စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးခဲ့ပြီး နိုင်ငံတ ကာကလည်း အထီးကျန်မူဝါဒကိုကျင့်သုံးခဲ့သည်။ သို့သော် ၁၉၈၆ ခုနှစ်မှစ၍ ဒွိုင်မွိုင်ခေါ် ပြန်လည်ပြင်ဆင်ရေးမူဝါဒ ကို ချမှတ်ခဲ့ပြီး ဗီယက်နမ်အစိုးရက စီးပွားရေးလွတ်လပ်မှုရှိအောင်ဆောင်ရွက်ခဲ့သည်။ အခြေခံတည်ဆောက်မှု ပုံသဏ္ဍန်များကိုပြုပြင်ပြောင်းလဲ၍ခေတ်မီအောင်ဆောင်ရွက်ပြီးကုန်စည်များ ကိုပို့ကုန်ဈေးကွက်တွင်ပြိုင်ဆိုင်နိုင်စွမ်းရှိ အောင်ထုတ်လုပ်ခဲ့သည်။ အစိုးရအနေနှင့် အသေးစားဆန္ဒပြမှုများနှင့် ရင်ဆိုင်ရလျှက်ရှိပြီး မြေယာအသုံးပြုမှုအပေါ် တွင် အငြင်းပွားလျှက်ရှိပြီး ဖြေရှင်းနိုင်စွမ်းမရှိသေးပေ။ အလယ်ပိုင်းကုန်းမြင့်ဒေသ မွန်တာနတ်လူမျိုးများနှင့် တောင် ပိုင်း မြစ်ဝကျွန်းပေါ်ဒေသ ခမာကွမ်း လူမျိုးစုများကလည်း ဆန္ဒပြလျှက်ရှိသည်။

ပထဝီအနေအထား။ ။
တည်နေရာ။ အရှေ့တောင်အာရှ။ ထိုင်းပင်လယ်ကွေ့၊ တိုကင်ပင်လယ်ကွေ့၊ တောင်တရုတ်ပင်လယ်တို့နှင့်ထိစပ်။
တရုတ်၊ လာအို၊ ကမ္ဗောဒီးယား တို့နှင့်နယ်နိမိတ်ထိစပ်။
မြေပုံအညွှန်း။ အရှေ့တောင် အာရှ
ဧရိယာ။ ကုန်းမြေ = ၃၁၀ ၀၇၀ sq km
ရေ = ၂၁ ၁၄၀ sq km
ထိစပ်နယ်မြေ။ ကမ္ဗောဒီးယား ၁၂၂၈ km။ တရုတ် ၁၂၈၁ km။ လာအို ၂၁၃၀ km
ကမ်းရိုးတန်း။ ၃၄၄၄ km

ရာသီဥတု။ တောင်ဘက်တွင် အပူပိုင်းဒေသရာသီဥတု။ မြောက်ဘက်တွင် ပူ၍မိုးရွာသောမုတ်သုံရာသီ (မေလမှ
စက်တင်ဘာလအထိ)။ နွေးထွေး၍ ခြောက်သွေ့သော ရာသီ (အောက်တိုဘာလမှ မတ်လအထိ)
မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ တောင်တရုတ်ပင်လယ် = ၀ m
အမြင့်ဆုံးအပိုင်း။ ဖန်စီပန် = ၃၁၄၄ m
သဘာဝအရင်းအမြစ်။ ဖော့စဖိတ်။ ကျောက်မီးသွေး။ မန်ဂနိစ်။ ဘောက်ဇိုက်သတ္တု။ ခရိုမိုက်။ ကမ်းလွန်ရေနံနှင့်
သဘာဝဓါတ်ငွေ့။ သစ်။ ရေအားလျှပ်စစ်
လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၈၉ ၅၇၁ ဦးရေ (၂၀၁၀)
လူဦးရေများပြားမှုကမ္ဘာ့အဆင့်။ ၁၃
လူဦးရေတိုးနှုန်း။ ၁.၀၉၆ % (၂၀၁၀)
မွေးဖွားနှုန်း။ ၁၇.၂၉/၁၀၀၀ ဦးရေ (၂၀၁၀)
သေဆုံးနှုန်း။ ၅.၉၇/၁၀၀၀ ဦးရေ (၂၀၁၀)
ပျမ်းမျှအသက်။ ကျား = ၆၉.၄၈ နှစ်
မ = ၇၄.၆၉ နှစ်
စုစုပေါင်း = ၇၁.၉၄ နှစ် (၂၀၁၀)
လူမျိုး။ ဗီယက်နမ်
တိုင်းရင်းသားလူမျိုး။ ခင် (ဗီယက်) ၈၆.၂ %။ တေး ၁.၉ %။ ထိုင်း ၁.၇ %။ မောင် ၁.၅ %။ ခုံမ် ၁.၄ %။ ဟိုအာ
၁.၁ %။ နန် ၁.၁ %။ မှုံ ၁ %။ အခြား ၄.၁ %
ကိုးကွယ်မှု။ ဗုဒ္ဓဘာသာ ၉.၃ %။ ကက်သိုလစ် ၆.၇ %။ ဟိုအာဟာအို ၁.၅ %။ ကာအိုဒိုင် ၁.၁ %။ ပရိုတက်စတင့်
ဝ.၅ %။ မွတ်စလင် ၀.၁ %။ ဘာသာစကား ၈၀.၈ %
ဘာသာစကား။ ဗီယက်နမ် (ရုံးသုံး)။ အင်္ဂလိပ်။ ပြင်သစ်၊ တရုတ်၊ ခမာ၊ တောင်ပေါ်စကားများ(မွန်ခမာ နှင့်မလေးရှား
ပိုလီနေးရှင်း)
မြို့တော်။ ဟနွိုင်း (Hanoi)
ဗာဂျင်ကျွန်းများ
(Virgin Island)
နောက်ခံသမိုင်းအကျဉ်း။ ။
၁၇ ရာတွင် ဗာဂျင်ကျွန်းစုများကို အင်္ဂလိပ်နှင့် ဒိန်းမတ်တိ်ု့ ခွဲဝေပိုင်ဆိုင်ခဲ့ကြသည်။ ၁၈ ရာစုနှင့် ၁၉ ရာစု အစောပိုင်းတွင် ကျွန်လုပ်သားတို့၏အင်အားဖြင့်သကြားလုပ်ငန်းလုပ်ကိုင်ပြီး ကျွန်း၏အဓိကစီးပွားရေးဖြစ်ခဲ့သည်။ ၁၉၁၇ တွင် ဒိန်းမတ်ပိုင်ဆိုင်သော ကျွန်း၏အပိုင်းများကို အမေရိကန်ပြည်ထောင်စုက ဝယ်ယူခဲ့သည်။ ၁၈၄၈ ခုနှစ်တွင် ကျွန်စံနစ်ဖျက်သိမ်းပြီးနောက် စီးပွားရေးဆုတ်ယုတ်လာခဲ့သည်။
ပထဝီအနေအထား။ ။
တည်နေရာ။ ကာရစ်ဘီယံ။ ကာရစ်ဘီယံပင်လယ်နှင့် မြောက် အတ္တလန္တိတ် သမုဒ္ဒရာကြားတွင်ရှိ။ ပူအာတို ရီကို၏
အရှေ့ဘက်
မြေပုံအညွှန်း။ အမေရိကတိုက် အလယ်ပိုင်းနှင့် ကာရစ်ဘီယံ
ဧရိယာ။ ကုန်းမြေ = ၃၄၆ sq km
ရေ = ၁၅၆၄ sq km
စုစုပေါင်း = ၁၉၁၀ sq km
ထိစပ်နယ်မြေ။ မရှိ
ကမ်းရိုးတန်း။ ၁၈၈ km
ရာသီဥတု။ အပူလျော့ပိုင်း။ အရှေ့ဘက်ကုန်သည်လေ တိုက်ခတ်မှုကြောင့် အပူအအေးမျှတ။ စိုထိုင်းဆလျော့နည်းပြီး
ရာသီအလိုက် အပူချိန်ပြောင်းလဲမှုအနည်းငယ်ရှိ။ စက်တင်ဘာလမှ နိုဝင်ဘာလအထိ မိုးရာသီ
မြေမျက်နှာသွင်ပြင်။ အများအားဖြင့် တောင်းကုန်းများ၊ တောင်များ ပေါများပြီး မြေပြင်ညီရှားပါး
မျက်နှာပြင်အမြင့် ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ ကာရစ်ဘီယံပင်လယ် = ၀ m
အမြင့်ဆုံးအပိုင်း။ ကရောင်း တောင် = ၄၇၅ m
သဘာဝအရင်းအမြစ်။ နေရောင်ခြည်။ သဲ။ ပင်လယ်။ ပင်လယ်လှိုင်း။
လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၁၀၉ ၇၇၅ ဦးရေ (၂၀၁၀)
လူဦးရေတိုးနှုန်း။ - ၀.၀၆၁ % (၂၀၁၀)
မွေးဖွားနှုန်း။ ၁၁.၆၁/၁၀၀၀ ဦးရေ (၂၀၁၀)
သေဆုံးနှုန်း။ ၆.၉၆/၁၀၀၀ ဦးရေ (၂၀၁၀)
ပျမ်းမျှအသက်။ ကျား = ၇၆.၁၄ နှစ်
မ = ၈၂.၄၁ နှစ်
စုစုပေါင်း = ၇၉.၁၉ နှစ် (၂၀၁၀)
လူမျိုး။ ဗာဂျင်ကျွန်းသား (အမေရိကန်နိုင်ငံသား)
တိုင်းရင်းသားလူမျိုး။ လူမည်း ၇၆.၂%။ လူဖြူ ၁၃.၁%။ အာရှ ၁.၁%။ အခြား ၆.၁ %။ သွေးနှော ၃.၅ %
ကိုးကွယ်မှု။ ဘက်ပတစ် ၄၂%။ ရိုမန်ကက်သိုလစ် ၃၄%။ အပစ်စကိုလီယန် ၇%
ဘာသာစကား။ အင်္ဂလိပ် ၇၄.၇%။ စပိန် ၁၆.၈%။ ပြင်သစ် ၆.၆%။ အခြား ၁.၉%
မြို့တော်။ ရှားလော့ အမ္မလီယာ (Charlotte Analie)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites