၁၅၅။ မော်ရိုကို
(Morocco)
(Morocco)
နောက်ခံသမိုင်းအကျဉ်း
မြောက်အာဖရိကတွင် အာရပ်တို့ အုပ်စိုးပြီး ရာစုနှစ်တစ်ခုကြာ အေဒီ ၇၈၈ တွင် မော်ရိုကို၌ မင်းဆက်စတင်အုပ်ချုပ်ခဲ့သည်။ (၁၆) ရာစုတွင် ဆာအဒီ မင်းဆက် အာမတ်အယ် - မန်ဆာ (Ahmad Al-Mansur) လက်ထက်တွင် ပြည်ပကျူးကျော်သူများကို မောင်းထုတ်၍ ရွှေခေတ်ထူထောင်ခဲ့သည်။ ၁၈၆၀ တွင် မော်ရိုကို မြောက်ပိုင်းကို စပိန်က သိမ်းပိုက်ခဲ့ပြီး ဥရောပအင်အားကြီးများနှင့် ရာစုနှစ်ဝက်အကြာ ကုန်သွယ်ရေးပြိုင်ဘက်များ ဖြစ်လာခဲ့ပြီး မော်ရိုကို ကို အချုပ်ခြာအာဏာ တစ်ဖြည်းဖြည်းလျော့ပါးလာခဲ့သည်။ ၁၉၁၂ ခုတွင် ပြည်သစ် ထီးရိပ်ခို နိုင်ငံဖြစ်လာခဲ့သည်။ ရှည်လျှားလှသော လွတ်လပ်ရေးတိုက်ပွဲများ ဆင်နွှဲခဲ့ရပြီး ၁၉၅၆ တွင် လွတ်လပ်ရေးရရှိခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ကူးသန်းဆက်သွယ်ရေး မြို့တော်ဖြစ်သော တန်ဂျီယာ နှင့် စပိန်ပိုင်း နယ်မြေများကိုလည်း ၎င်းနှစ်ထဲမှာပင် ပြန်လည်ပေးအပ်ခဲ့ရသည်။ ၁၉၇၀ ခုနှစ်များတွင် မော်ရိုကိုက အနောက်ဘက် ဆာဟာရ သို့ နယ်မြေချဲ့ထွင်ခဲ့သည်။ အဆိုပါ နယ်မြေနှင့် ပတ်သက်၍ နောက်ဆုံး အဆုံးအဖြတ် ချမှတ်ထားခြင်းအပေါ် တစ်စုံတစ်ရာ ဖြေရှင်းဆောင်ရွက်မှု မပြုရသေးပေ။ ၁၉၉၀ နှစ်များအတွင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် လွှတ်တော်နှစ်ရပ် ဖွဲ့စည်းနိုင်ခဲ့ပြီး ၁၉၉၇ တွင် ပထမဦးဆုံးအကြိမ် တွေ့ဆုံခဲ့ကြသည်။ ဆဌမမြောက် မိုဟာမက် ဘုရင်လက်အောက်တွင် လူ့အခွင့်အရေး ဆောင်ရွက်မှုများ တိုးတက်လာပြီး လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုရေးသားခွင့်လည်း အတော်အတန်ရရှိ၏။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသော်လည်း အမြင့်ဆုံးသော နိုင်ငံတော်အာဏာကို ဘုရင်က ချုပ်ကိုင်ထားဆဲဖြစ်၏။
ပထ၀ီအနေအထား
တည်နေရာ
မြောက်အာဖရိက ၊ မြောက်အတ္တလန္တိတ်သမုဒ္ဒရာ ၊ မြေထဲပင်လယ်တို့နှင့်ထိစပ်။ အယ်လ်ဂျီးရီးယားနှင့် ဆာဟာရ အနောက်ဘက်တို့ကြား
မြေပုံအညွှန်း
အာဖရိက။
ဧရိယာ
ကုန်းမြေ ၄၄၆,၃၀၀ sq km
ရေ ၂၅၀ sq km
ဧရိယာကျယ်ပြန့်မှု ကမ္ဘာ့အဆင့် ၆၄
ထိစပ်နယ်မြေ
အယ်လ်ဂျီးရီးယား ၁၅၅၉km
အနောက်ဆာဟာရ ၄၄၃ km
(စီအူတာ) စပိန် ၆.၃ km
(မီလီလာ) စပိန် ၉.၆ km
စုစုပေါင်း ၂,၀၁၇.၉ km
ကမ်းရိုးတန်း
၁၈၃၅ km
ရာသီဥတု
မြေထဲပင်လယ်ရာသီဥတု ၊ အတွင်းပိုင်းတွင် ရာသီဥတု ပိုမိုဆိုးဝါး။
မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ဆက်ခါတာ ၅၅m
အမြင့်ဆုံးအပိုင်း ဂျက်ဘယ်တော့ကယ် ၄၁၆၅ m
သဘာဝအရင်းအမြစ်
ဖေါ့စဖိတ် ၊ သံရိုင်း ၊မန်ဂနိ၊ ခဲ ၊ သွပ်၊ ငါး ၊ဆား။
လူ့အရင်းအမြစ်
လူဦးရေ ၃၄,၈၅၉,၃၆၄ (၂၀၀၉)
လူဦးရေ ကြီးမားမှု ကမ္ဘာ့အဆင့် ၃၆
လူဦးရေတိုးနှုန်း ၁.၄၇၉% (၂၀၀၉)
မွေးဖွားနှုန်း ၂၀.၉၆/ ၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း ၅.၄၅/၁၀၀၀ ဦးရေ (၂၀၀၉)
ပျှမ်းမျှအသက် ကျား ၉၆.၄၂ နှစ်
မ ၇၄.၃ နှစ်
စုစုပေါင်း ၇၁.၈ နှစ် (၂၀၀၉)
လူမျိုး
မော်ရိုကို
တိုင်းရင်းသားလူမျိုး
အာရပ်ဘာသာ ၉၉.၁ %
အခြား ၀.၇%
ဂျူး ၀.၂%
ကိုးကွယ်မှု
မွတ်ဆလင် ၉၈.၇%
ခရစ်ယာန် ၁.၁%
ဂျူး ၀.၂%
ဘာသာစကား
အာရပ် (ရုံးသုံး) ဘာသာ
မြို့တော်
ရာဘတ် (Rabat)



0 comments:
Post a Comment