Tuesday, 11 May 2010

Gibraltar


၈၄။ဂျီဘရော်တာ
(Gibraltar)

နောက်ခံသမိုင်း အကျဉ်း
နည်းဗျူဟာအရ အရေးပါသော ဂျီဘရော်တာသည် ၁၇၁၃ တွင် စပိန်နှင့် ချုပ်ဆိုသော ဥထရက် စာချုပ် (Treaty of Utrecht) အရ ဗြိတိန် နှင့် လမ်းမခွဲချင်ဘဲခွဲခဲ့ရသည်။ ၁၈၃၀ တွင် စပိန်ကကိုလိုနီ အဖြစ်ကြေငြာခဲ့ သည်။ ၁၉၆၇ တွင်ကျင်းပသော လူထုဆန္ဒ ခံယူပွဲတွင် ဂျီဘရော်တာ ပြည်သူများသည် ဗြိတိန်ထံသို့ ခိုဝင်လို သည့် ဆန္ဒကိုတခဲနက် ထုတ်ဖေါ်မဲပေးခဲ့ကြသည်။ ၁၉၆၉ တွင် ဗြိတိန်က ကိုယ်ပိုင်အုပ်ချုပ်ရေးပေးအပ်ခဲ့သဖြင့် စပိန်က နယ်စပ်အားလုံးကို ပိတ်ပစ်ခဲ့ပြီး ဆက်သွယ်ရေးအားလုံးကို ဖြတ်တောက်ပစ်ခဲ့သည်။ ၁၉၉၇ ခုနှစ် မှ ၂၀၀၂ ခုနှစ် များအတွင်း ယာယီပူးတွဲအုပ်ချုပ်ရေးအတွက် စပိန်နှင့် ပြင်သစ် ကြားဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။ ထို့နောက် လူထု သဘောထားခံယူပွဲကျင်းပခဲ့ရာ စပိန်နှင့် မည်သည့်ပူးတွဲမှုမျိုးနှင့်မှ မလိုလားကြောင်း အပြတ် အသတ် မဲပေးကန့်ကွက်ခဲ့ကြသည်။ လူထုသဘောထားခံယူပွဲပြီးစီးသည့် အချိန်မှစ၍ စပိန် ၊ ဗြိတိန် နှင့် ဂျီဘရ်ာတာတို့ အခြားကိစ္စရပ်များပေါ်တွင် သုံးပွင့်ဆိုင်ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ ၂၀၀၆ စက်တင်ဘာလတွင် သုံးပွင့်ဆိုင် သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အခွန်အကောက်ဆိုင်ရာ လုပ်ငန်းများ လွယ်ကူချောမွေ့စေရန် မိုဘိုင်းဖုန်းများ သယ်ဆောင်သုံးစွဲနိုင်မှုကို ခွင့်ပြုရန် စသည်တို့ကြောင့် လေလှိုင်းဆက်သွယ်ရေး လှုပ်ရှားမှု ပိတ်ပင်ထားမှုများကို စပိန်ကဖယ်ရှားပေးခဲ့သည်။ ဗြိတိသျှအစိုးရကယခင် ဂျီဘရော်တာ နယ်စပ်မပိတ်ခင်က အမှုထမ်းခဲ့သော စပိန်ဝန်ထမ်းများအပေါ် ပင်စင်လစာများကို တိုးမြင့်ပေးရန် သဘောတူခဲ့သည်။ စပိန် ယဉ်ကျေးမှုဆိုင်ရာဌာနတစ်ခု ဖွင့်လှစ်ပြီး စပိန်အလံ လွှင့်ထူရန် ခွင့်ပြုခဲ့သည်။ ကိုလိုနီအုပ်ချုပ်ရေးမပါ သောဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်တစ်ရပ် ၂၀၀၇ မှ စ၍ အကျုံးဝင်ခဲ့ပြီဖြစ်၏။ သို့သော် ဗြိတိန် မှ ကာကွယ်ရေး နိုင်ငံခြားဆက်ဆံရေး ၊ပြည်ထဲလုံခြုံရေး နှင့် ဘဏ္ဍာရေး စသည့် ကဏ္ဍများတွင် တာဝန်ယူထားဆဲ ဖြစ်၏။


ပထ၀ီ အနေအထား
တည်နေရာ
ဥရောပ အနောက်တောင်ဘက်။ မြေထဲပင်လယ် ၊ မြောက်အတ္တလန္တိတ်သမုဒ္ဒရာတို့ နှင့် ဆက်သွယ်နေသော ဂျီဘရော်တာ ရေလက်ကြား နှင့် ထိစပ်။ စပိန် ကမ်းရိုးတန်း တောင်ဘက်။
မြေပုံအညွှန်း
ဥရောပ

ဧရိယာ
ကုန်းမြေ - 6.5 sq km
ရေ - 0 sq km
စုစုပေါင်း - 6.5 sq km

ထိစပ်နယ်မြေ
စပိန် - 1.2 km

ကမ်းရိုးတန်း
12 m

ရာသီဥတု
သမမျှတသောဆောင်းရာသီ ၊ နွေးထွေးသောနွေရာသီ တို့နှင့် မြေထဲပင်လယ် ရာသီဥတု။

မြေမျက်နှာသွင်ပြင်
ဂျီဘရော်တာကျောက်ဆောင်နှင့်ထိစပ်လျက်ရှိ သော ကျဉ်မြောင်းကမ်းရိုးတန်းမြေနိမ့်။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း မြေထဲပင်လယ် - 0 m
အမြင့်ဆုံးအပိုင်း ဂျီဘရော်တာ - 426 m

သဘာဝအရင်းအမြစ်
မရှိ ။

လူ့အရင်းအမြစ်
လူဦးရေ 28,002 (2008)
လူဦးရေတိုးနှုန်း 0.125 % (2008)
မွေးဖွားနှုန်း 10.71 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 9.46 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 77.17 နှစ်
မ - 83.09 နှစ်
စုစုပေါင်း - 80.06 နှစ် (2008)

လူမျိုး
ဂျီဘရော်တာရီးယန်း

တိုင်းရင်းသားလူမျိုး
စပိန် ၊ အီတလီ ၊ အင်္ဂလိပ် ၊ မယ်လတိ၊ ပေါ်တူဂီ ၊ ဂျာမန် ၊မြောက်အာဖရိကန်။

ကိုးကွယ်မှု
ရိုမန်ကက်သလစ် - 78.1 %
အင်္ဂလန်ဘုရားကျောင်းတော်- 7 %
အခြားခရစ်ယာန် - 3.2 %
မွတ်စလင် - 4 %
ဂျူး - 2.1 %
ဟိန္ဒူ - 1.8 %
အမည်မသိ - 0.9 %
ဘာသာမဲ့ - 2.9 %

ဘာသာစကား
အင်္ဂလိပ် (ကျောင်းသုံး ၊ ရုံးသုံး) စပိန် ၊အီတလီ ၊ ပေါ်တူဂီ။

မြို့တော်
ဂျီဘရော်တာ (Gibraltar)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites