Tuesday, 11 May 2010

Grenada

၈၇။ ဂရီနာဒါ
(Grenada)

နောက်ခံသမိုင်းအကျဉ်း
၁၄၉၈ ခုနှစ် ကိုလံဘက် ဂရီနာကျွန်းကိုရှာဖွေတွေ့ရှိချိန်တွင် ကာရစ်အင်ဒီးယန်း (Carib Indian) လူမျိုး များ အခြေချနေထိုင်လျက်ရှိသည်။ သို့သော်နောက်ထပ်နှစ်ပေါင်းတစ်ရာကျော်တိုင်အောင် မည်သူမျှ ကိုလိုနီပြု ခြင်းမရှိခဲ့ပေ။ (၁၇) ရာစုတွင် ပြင်သစ်တို့ ရောက်ရှိလာပြီး သကြားလုပ်ငန်းလုပ်ကိုင်ကြပြီး အာဖရိကမှ ကျွန်အမြောက်အများတင်သွင်းခဲ့ကြသည်။၁၇၆၂ တွင် ဗြိတိန်မှ သိမ်းပိုက်ခဲ့ပြီး သကြားထုတ်လုပ်မှု အကြီးအ ကျယ်ချဲ့ထွင်းလုပ်ကိုင်ခဲ့သည်။ (၁၉) ရာစုတွင် သကြားနေရာတွင် အဓိကပို့ကုန်အဖြစ် ကိုးကိုးထုတ်လုပ်မှုက တဖြည်းဖြည်းနေရာယူလာခဲ့သည်။ (၂၀) ရာစု တွင် ဇါတိပ္ပိုလ်သီးက အဓိက ပို့ကုန်ဖြစ်လာသည်။ ၁၉၆၇ တွင် ပြည်တွင်းရေးကိစ္စများအပေါ် ကိုယ်ပိုင် အုပ်ချုပ်ရေး ပေးအပ်ခဲ့သည်။ ၁၉၇၄ တွင် လုံးဝလွတ်လပ်ရေးရရှိခဲ့ပြီး ကမ္ဘာ့အနောက်ခြမ်းတွင် လွတ်လပ်သေ အငယ်ဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်လာသည်။ ၁၉၈၃ အောက်တိုဘာ (၁၉) ရက်နေ့တွင် မာစ့် ၀ါဒီ စစ်တပ်မှ အာဏာသိမ်းခဲ့သည် ။ ထို့နောက် (၆ ) ရက်အကြာတွင် အမေရိကန်ပြည် ထောင်စု တပ်များမှ ဂရီနာဒါ နှင့် အတူ ကာရစ်ဘီယံ နိုင်ငံခြောက်နိုင်ငံ ကိုသိမ်းပိုက်ခဲံသည် ။ ထို့နောက် အရေးပါ သော ထိပ်တန်းခေါင်းဆောင်များနှင့် ကျူးဘားအကြံပေးရာနှင့်ချီနှင့်ဖမ်းဆီးခဲ့သည်။ နောက်နှစ်တွင် ရွေးကောက် ပွဲပြုလုပ်၍ ထိုအချိန်မှစ၍ ပုံမှန် ကျင်းပခဲ့သည်။ ၂၀၀၄ ခုနှစ် စက်တင်ဘာလတွင် ဟာရီကိန်းအိုင်ဗန် တိုက်ခိုက် မှုကြောင့် အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့သည်။

ပထ၀ီ အနေအထား
တည်နေရာ
ကာရစ်ဘီယံ ပင်လယ်။ ကာရစ်ဘီယံ ပင်လယ်နှင့်အတ္တလန္တိတ် သမုဒ္ဒရာကြား။
ထရီနီဒတ် နှင့် တိုဘာရို မြောက်ဘက်။

မြေပုံအညွှန်း
အမေရိက အလယ်ပိုင်း နှင့် ကာရစ်ဘီယံပင်လယ်။

ဧရိယာ
ကုန်းမြေ - 344 sq km
ရေ - 0 sq km
စုစုပေါင်း - 344 sq km

ထိစပ်နယ်မြေ
မရှိ။

ကမ်းရိုးတန်း
121 km

ရာသီဥတု
အပူပိုင်းဒေသ ရာသီဥတု။ အရှေ့မြောက်ကုန်သည်လေ တိုက်ခိုက်မှုကြောင့်အပူအအေးမျှတ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ကာရစ်ဘီယံ ပင်လယ် - 0 m
အမြင့်ဆုံးအပိုင်း စန့်ကက်သရင်းတောင် - 840 m

သဘာဝအရင်းအမြစ်
သစ် ၊ အပူပိုင်းဒေသ သစ်သီးသစ်ဥ။ ရေစူးနက်ဆိပ်ကမ်းများ။

လူ့အရင်းအမြစ်
လူဦးရေ 90,343 (2008)
လူဦးရေတိုးနှုန်း 0.406 % (2008)
မွေးဖွားနှုန်း 21.61 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 6.31 / 1000 ဦးရေ (2000)
ပျှမ်းမျှအသက် ကျား - 63.74 နှစ်
မ - 67.47 နှစ်
စုစုပေါင်း - 65.6 နှစ် (2008)

လူမျိုး
ဂရီနာဒီးယန်း

တိုင်းရင်းသားလူမျိုး
လူမည်း - 82 %
လူမည်းနှင့် ဥရောပ ကပြာ - 13 %
ဥရောပ နှင့် အရှေ့အိန္ဒိယကပြား - 5 %
အာရာဝက်/ကာရစ်အမေရင်ဒီးယန်း လက်ကျန်အနည်းငယ်။

ကိုးကွယ်မှု
ရိုမန်ကက်သလစ် - 53 %
အင်ဂလီကန် - 13.8 %
အခြားပရိုတက်စတင့် - 33.2 %

ဘာသာစကား
အင်္ဂလိပ် (ရုံးသုံး) ၊ ဒေသသုံး ပြင်သစ်။

မြို့တော်
စိန့်ဂျော့ (Saint George’s)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites