Sunday, 23 May 2010

ယူဂန္ဓာ (Uganda)


နောက်ခံသမိုင်းအကျဉ်း။ ။
ယူဂန္ဓာရှိမတူညီသောနိုင်ငံရေးစံနစ်၊ မတူညီသော ယဉ်ကျေးမှုများရှိသော တိုင်းရင်းသားအမျိုးမျိုးတို့ကိုစု စည်း၍ ဗြိတိသျှတို့က ကိုလိုနီနယ်မြေဖွဲ့စည်းခဲ့သည်။ ၁၉၆၂ တွင်လွတ်လပ်ရေးရသောအခါ အဆိုပါ ကွဲပြားခြား နားမှုများကြောင့် နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်တည်ထောင်ရာတွင် အတားအဆီးဖြစ်လာခဲ့သည်။ အာဏာရှင် အိုက်ဒီအေမင် (Ide Amen) လက်ထက်တွင် ဆန့်ကျင်သူ ၃၀၀ ၀၀၀ ခန့်အသတ်ခံခဲ့ရသည်။ မီလ်တွန် အိုဘီတီ (Milton Obete 1980-85) လက်ထက်တွင် ပြည်တွင်းစစ်ပေါ်ပေါက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ဖြစ်ပွားခဲ့၍ နောက်ထပ်လူ ၁၀၀ ၀၀၀ ခန့် ထပ်မံသေဆုံးခဲ့ပြန်သည်။ ၁၉၈၆ ခုနှစ်မှစ၍ ယိုဝီရီ မူဆီဗီနီ(Yoweri Museveni) အုပ်ချုပ်ခဲ့ ရာ နိုင်ငံတည်ငြိမ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိလာခဲ့သည်။ ၁၉၉၀ခုနှစ်များတွင်သမ္မတ ရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲများ မကျင်းပရန် ကြေငြာချက်ထုတ်ခဲ့သည်။ ၂၀၀၉ ဇန်နဝါရီလတွင် ၂၀၀၉ ဇန်နဝါရီလတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ၂၀၀၉-၁၀ အတွက်ယာယီအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ခဲ့ သည်။

ပထဝီအနေအထား။ ။
တည်နေရာ။ အာဖရိကတိုက် အရှေ့ပိုင်း။ ကင်ညာနိုင်ငံ၏ အနောက်ဘက်။
မြေပုံအညွှန်း။ အာဖရိက။
ဧရိယာ။ ကုန်းမြေ = ၁၉၇ ၁၀၀ sq km
ရေ = ၄၃ ၉၃၈ sq km
စုစုပေါင်း = ၂၄၁ ၀၃၈ sq km
ထိစပ်နယ်မြေ။ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ၇၆၅ km။ ကင်ညာ ၉၃၃ km။ ရဝမ်ဒါ ၁၆၉ km။
ဆူဒန် ၄၃၅ km။ တန်ဇန်းနီးယား ၃၉၆ km
ရာသီဥတု။ အပူပိုင်းဒေသရာသီဥတု။ မိုးရွာသွန်းလေ့ရှိသောခြောက်သွေ့ရာသီ နှစ်ခု (ဒီဇင်ဘာလမှ ဖေဖေါ်ဝါရီ။
ဇွန်လမှ သြဂုတ်)
မြေမျက်နှာသွင်ပြင်။ အများအားဖြင့် ကုန်းမြင့်လွင်ပြင်ဖြစ်ပြီး တောင်စောင်းများရှိ။
မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ အဲလ်ဘတ် ရေကန် ၆၂၁ m
အမြင့်ဆုံးအပိုင်း။ စတန်လေ တောင်ရှိ မာဂီရီတာတောင်ထိပ် ၅၁၁၀ m
သဘာဝအရင်းအမြစ်။ ကြေးနီ။ ကိုဘော့။ ရေအားလျှပ်စစ်။ ထုံးကျောက်။ ဆား။ စိုက်ပျိုးမြေ။ ရွှေ

လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၃၂ ၃၆၉ ၅၅၈ ဦးရေ
လူဦးရေများပြားမှု ကမ္ဘာ့အဆင့်။ ၂၄
လူဦးရေတိုးနှုန်း။ ၂.၆၉၂ % (၂၀၀၉)
မွေးဖွားနှုန်း။ ၄၇.၈၄/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း။ ၁၂.၀၉/၁၀၀၀ ဦးရေ (၂၀၀၉)
ပျမ်းမျှအသက်။ ကျား = ၅၁.၆၆ နှစ်
မ = ၅၃.၈၁ နှစ်
စုစုပေါင်း = ၅၂.၇၂ နှစ် (၂၀၀၉)
လူမျိုး။ ယူဂန္ဓာ
တိုင်းရင်းသားလူမျိုး။ ဘာဂန္ဓာ ၁၆.၉ %။ ဘန်ယာကိုးလ် ၉.၅ %။ ဘာဆိုဂါ ၈.၄ %။ အစ်တီဆို ၆.၄ %။
လန်ဂျီ ၆.၁ %။ အာခိုလီ ၄.၇ %။ ဘာဂီဆူ ၄.၆ %။ လဂ်ဘာရာ ၄.၂ %။ ဘန်ညိုရို ၂.၇ %
အခြား ၂၉.၆ %
ကိုးကွယ်မှု။ ရိုမန်ကက်သိုလစ် ၄၁.၉ %။ ပရိုတက်စတင့် ၄၂ %
ဘာသာစကား။ အင်္ဂလိပ် (ရုံးသုံး)။ ဂန္ဓာ သို့မဟုတ် လဂ္ဂန္ဓာ။ အခြား နိုင်ဂျာ-ကွန်ဂို ဘာသာစကားများ။
နိုင်လို-ဆာဟာရန် ဘာသာစကားများ။ ဆွာဟီလီ။ အာရပ်
မြို့တော်။ ကမ်ပါလာ (Kampala)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites