Saturday, 8 May 2010

ဆူဒန် (Sudan) Republic of Sudan



နောက်ခံသမိုင်းအကျဉ်း။ ။
၁၉၅၆ ခုနှစ် အင်္ဂလိပ်ထံမှ လွတ်လပ်ရေးရကတည်းက အစ္စလာမ်ဝါဒဦးစားပေးသော စစ်အစိုးရများနိုင်ငံရေးတွင် စိုးမိုးခြယ်လှယ်ခဲ့ကြသည်။ ၂၀ ရာစု၏ကျန်ရှိနေသော အချိန်များ တွင် ရှည်လျားသောပြည်တွင်းစစ်များဆင်နွှဲရင်း အချိန်ကုန်ခဲ့သည်။ ယင်းပဋိပက္ခများသည် မြောက်ဘက်စီးပွားရေး၊ နိုင်ငံရေး ၊ မွတ်စလင်မဟုတ်သော လူမျိုးများ၊ တောင်ပိုင်း အာရပ် မဟုတ်သော လူမျိုးများကြားအမြစ်တွယ်ခဲ့သည်။ ပထမပြည်တွင်းစစ် ၁၉၇၂ တွင်ပြီးဆုံးသွား ပြီး ၁၉၈၃ တွင်ဒုတိယအကြိမ်ထပ်မံဖြစ်ပွားခဲ့သည်။ ဒုတိယပြည်တွင်းစစ်ဖြစ်ပွားခြင်း၊ ငတ်မွတ် ခေါင်းပါးခြင်းတို့ကြောင့် လူလေးသန်းခန့်ရွှေ့ပြောင်းခဲ့ရပြီး သူပုန်များ၏တွက်ချက်မှုအရ နှစ်၂၀ အတွင်းလူနှစ်သန်းခန့်သေဆုံးခဲ့ရသည်။ ၂၀၀၂ - ၂၀၀၄ တွင်ငြိမ်းချမ်းရေး ဆွေးနွေး မှုများအပြင်းအထန်ပြုလုပ်ခဲ့ကြပြီး သဘောတူညီချက်များစွာလက်မှတ်ရေးထိုးခဲ့ကြသည်။ နောက်ဆုံးတောင်-မြောက်ငြိမ်းချမ်းရေး စာချုပ် (North/ South Comprehensive Peace -Agreement _CPA) ကို ၂၀၀၅ ဇန်နဝါရီလတွင် လက်မှတ် ရေးထိုးခဲ့ကြပြီး တောင်ပိုင်းသူပုန်များကို ခြောက်နှစ်ကြာကိုယ်ပိုင်အုပ်ချုပ်ရေးပေးခဲ့သည်။ ထို့နောက် လွတ်လပ်ရေးအတွက် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပရန်စီစဉ်ထားသည်။ အနောက်ဘက်ရှိ ဒါဖာခွဲထွက်ရေး ပဋိပက္ခ ၂၀၀၃ တွင်ပေါ်ပေါက်လာခဲ့ပြီး လူနှစ်သန်းခန့်ရွှေ့ပြောင်းခဲ့ရပြီး လူ နှစ်သိန်းမှ လေးသိန်းအထိ သေဆုံးခဲ့ရသည်။ ဒါဖါ ငြိမ်းချမ်းရေးထိန်းသိမ်းရန်အတွက် ၂၀၀၇ ဒီဇင်ဘာ ၃၁ တွင်အာဖရိကသမဂ္ဂထံမှ တာဝန်များကို ကုလသမဂ္ဂက လွှဲပြောင်းရယူခဲ့သည်။ ၂၀၀၉ ခုနှစ်အစောပိုင်းမှ စ၍ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်များစေလွှတ်၍ ခြေအနေကို ထိန်း သိမ်းရန်စေလွှတ်ခဲ့သည်။ ဒေသတွင်း ထိန်းသိမ်းရေးလုပ်ငန်းများကိုတိုးချဲ့ဆောင်ရွက်ပြီး အရှေ့ဘက် ချာ့ဒ် ဒေသတွင် မတည်ငြိမ်မှုများဖြစ်ပွားခဲ့သည်။ အီသီယိုးပီးယားနှင့် ချာ့ဒ် ဒေသ မှဒုက္ခသည်များအလုံးအရင်းနှင့်ဝင်ရောက်လာနေမှုကိုလည်း လက်ခံဖြေရှင်းရလျှက်ရှိသည်။
တိုက်ပွဲများဖြစ်ပွားနေခြင်း၊ လမ်းပန်းဆက်သွယ်ရေးဆိုးရွားမှုတို့ကြောင့် ဒုက္ခသည်များကို လူသားချင်းစာနာထောက်ရေး အထောက်အပံ့များ ပေးပို့ရန်ခက်ခဲလျှက်ရှိသည်။

ပထဝီအနေအထား။ ။
တည်နေရာ။ အာဖရိကတောင်ပိုင်း၊ ပင်လယ်နီနှင့်ထိစပ်၊ အီဂျစ်နှင့် အီရီထရီယာ နိုင်ငံတို့ကြား
မြေပုံအညွှန်း။ အာဖရိကတိုက်။
ဧရိယာ။ ကုန်းမြေ = ၂.၃၇၆ သန်း sq km
ရေ = ၁၂၉ ၈၁၃ sq km
စုစုပေါင်း = ၂ ၅၀၅ ၈၁၃ sq km
ထိစပ်နယ်မြေ။ အလယ်ပိုင်းအာဖရိက သမ္မတနိုင်ငံ ၁၁၆၅ km၊ ချာ့ဒ် ၁၃၆၀ km၊ DR ကွန်ဂို
၆၂၈ km၊ အီဂျစ် ၁၂၇၃ km၊ အီရီထရီယာ ၆၀၅ km၊ အီသီယိုးပီးယား
၁၆၀၆ km၊ ကင်ညာ ၂၃၂ km၊ လစ်ဗျား ၃၈၃ km၊ ယူဂန္ဓာ ၄၃၅ km
ကမ်းရိုးတန်း။ ၈၅၃ km
ရာသီဥတု။ တောင်ပိုင်းတွင် အပူပိုင်းရာသီဥတု။ မြောက်ပိုင်းတွင် မိုးခေါင်သော သဲကန္တာရ။
ဧပြီလမှ နိုဝင်ဘာလအထိ ဒေသအလိုက် မိုးရာသီ
မြေမျက်နှာသွင်ပြင်။ အများအားဖြင့် ပျံ့ပျူးညီညာ၊ သစ်ပင်တောတောင်မရှိသောမြေပြန့်၊
အရှေ့မြောက်ဘက်၊ အနောက်ဘက်တောင်ဘက်စွန်းတွင် တောင်များရှိ၊ မြောက်ဘက်တွင် ကန္တာရ။
မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း။ ပင်လယ်နီ ၀ m
အမြင့်ဆုံးအပိုင်း။ ကင်ရက်တီ ၃၁၈၇ m
သဘာဝအရင်းအမြစ်။ ရေနံ၊ သံရိုင်းအနည်းငယ်၊ ကြေးနီ၊ ခရိုမီယံ အရိုင်း၊ သွပ်၊ အဖြိုက်နက်၊
ငွေ၊ ရွှေ၊ ရေအားလျှပ်စစ်။
လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၄၁၀၈၇၈၅၂ ဦးရေ
လူဦးရေတိုးနှုန်း။ ၂.၁၄၃ % (၂၀၀၉)
လူဦးရေများပြားမှုကမ္ဘာ့အဆင့်။ ၄၈
မွေးဖွားနှုန်း။ ၃၃.၇၄/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း။ ၁၂.၉၄/၁၀၀၀ ဦးရေ (၂၀၀၉)
ပျမ်းမျှအသက်။ ကျား = ၅၀.၄၉ နှစ်
မ = ၅၂.၄ နှစ်
စုစုပေါင်း = ၅၁.၄၂ နှစ် (၂၀၀၉)
လူမျိုး။ ဆူဒန်
တိုင်းရင်းသားလူမျိုး။ လူမည်း ၅၂ %၊ အာရပ် ၆ %၊ ဘီယာ ၆ %၊ နိုင်ငံခြားသား ၂ %၊
အခြား ၁ %
ကိုးကွယ်မှု။ ဆွန်နီမွတ်စလင် ၇၀ %
ခရစ်ယာန် ၅ %
တိုင်းရင်းသားရိုးရာဓလေ့ယုံကြည်ကိုးကွယ်မှု ၂၅ %
ဘာသာစကား။ အာရပ် (ရုံးသုံး)၊ အင်္ဂလိပ် (ရုံးသုံး)၊ နူဘီယံ၊ တာဘီဒါဝီ၊ နီလိုတစ်၊ နီလို
ဟာမစ်တစ်၊ ဆူဒန်
မြို့တော်။ ခါတိုအမ် (Khartoum)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites