Thursday, 29 April 2010

တောင်အာဖရိက (South Africa) Republic of South Africa


နောက်ခံသမိုင်းအကျဉ်း။ ။

၁၆၅၂ တွင် ယခုတောင်အာဖရိခေါ် အာဖရိကတောင်ဘက်စွန်းသို့  ဒတ်ခ်ျ ကုန်သည် များခြေချခဲ့ကြသည်။ ကိတ်တောင်းမြို့ကိုတည်ထောင်၍ နယ်သာလန်နှင့် အရှေ့ဖျားဒေသ ကြား ဟင်းခတ်အမွှေးအကြိုင် ကုန်ကူးရာ တစ်ထောက်နားဒေသအဖြစ် ထားရှိခဲ့ကြသည်။ ၁၈၀၆ ခုနှစ် တွင် ဗြိတိသျှတို့ ဂွတ်ဟုတ် (Good Hope) အငူကို သိမ်းပိုက်လိုက်သောအခါ ဒတ်ခ်ျ(ဘိုးအား)တို့သည် ၄င်းတို့ ကိုယ်ပိုင်နယ်မြေတည်ထောင်ရန် မြောက်ဘက်သို့တက် သွားခဲ့ကြ သည်။ ၁၈၆၇ တွင် စိန်၊ ၁၈၈၆ တွင် ရွှေ တွေ့ရှိပြီး ကြွယ်ဝလာကာ အမြောက်အများ ပြောင်းရွှေ့ဝင်ရောက်လာပြီးဒေသခံတိုင်းရင်းသားများကို သတ်ဖြတ်နှိမ်နင်း ခဲ့ကြသည်။ ဘိုးအားတို့သည် ဗြိတိသျှ တို့၏ ကျူးကျော်မှုကိုခုခံခဲ့ကြသော်လည်း (၁၈၉၉-၁၉၀၂) ဘိုးအားစစ်ပွဲတွင် အရေးနိမ့်ခဲ့ကြသည်။ ၁၉၁၀ တွင် တောင်အာဖရိကပြည်ထောင်စု ကို တည်ထောင်၍ ဗြိတိသျှနှင့် အာဖရိကတို့ အတူတကွ အုပ်ချုပ်ခဲ့ကြသည်။ ၁၉၆၁ တွင် လူဖြူများသာမဲပေးခွင့်ရှိသော လူထုဆန္ဒခံယူမှုဖြင့် သမ္မတနိုင်ငံဖြစ်လာခဲ့သည်။ ၁၉၄၈ တွင် အမျိုးသားပါတီ အာဏာရရှိပြီး လူဖြူအနည်းစုက လူမည်းအများစုကို ကြီးစိုး၍အုပ်ချုပ်သော အသားအရောင်ခွဲခြားအုပ်ချုပ်မှုစံနစ်ကို ကျင့်သုံးခဲ့သည် အာဖရိက အမျိုးကွန်ဂရက် (African- National Congress – ANC) ကဦးဆောင်၍ အသားအရောင်ခွဲခြားအုပ်ချုပ်ရေးစံနစ်ကို ဆန့်ကျင်ခဲ့ကြသဖြင့် ANC ၏ ခေါင်းဆောင်များဖြစ်သော နယ်လ်ဆင်မင်ဒဲလား ကဲ့သို့သော ခေါင်းဆောင်များ တောင်အာဖရိကအကျဉ်းထောင်များအတွင်း ဆယ်စုနှစ်ပေါင်းများစွာ ထောင်သွင်းအကျဉ်းချထားခြင်းခံခဲ့ရသည်။ ပြည်တွင်း ဆန္ဒပြမှုများ၊ ပုန်ကန်မှုများ၊ အချို့သော အနောက်နိုင်ငံများ၏ သပိတ်မှောက်မှုများ ကြောင့်ဗြိတိသျှအစိုးရသည် တဖြည်းဖြည်းချင်း အလျှော့ပေးလာရပြီး လူများစုအုပ်ချုပ်ရေးသို့ငြိမ်းချမ်းစွာအသွင်ကူးပြောင်းနိုင်ရေးအတွက် ညှိနှိုင်းမှုများပြုလုပ်လာသည်။ ၁၉၉၄ တွင် ပထမဦးဆုံး တိုင်းရင်းသားပေါင်းစုံပါဝင်သောရွေး ကောက်ပွဲကျင်းပပြီး ANC အာဏာရကာ အသားအရောင်ခွဲခြားအုပ်ချုပ်ရေးစံနစ်ကို အဆုံး သတ်ခဲ့သည်။ ထိုအချိန်မှစ၍ တောင်အာဖရိကနိုင်ငံသည် အသားရောင်ခွဲခြားအုပ်ချုပ်မှုစံနစ် ၏ အားနည်းချက်များဖြစ်သော အိမ်ယာ၊ ပညာရေး၊ ကျမ်းမာရေး ဆုတ်ယုတ်ကျဆင်းမှုများကို ပြန်လည်တည်ဆောက်လျှက်ရှိသည်။ မကြာသေးမီနှစ်အနည်းအတွင်း က ANC ပါတီတွင်း တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ သမ္မတ သာဘို အမ်ဘီကီ (Thabo Mbeki) ၂၀၀၈ စက်တင်ဘာ လတွင်နုတ်ထွက်သွားသောအခါ အထွဋ်အထိပ်သို့ရောက်ရှိခဲ့သည်။ ၎င်း၏နေရာတွင် ပါတီ အထွေထွေအတွင်းရေးမှူး ဂါလဲမား မော့တလန်သီ (Kgalema Motlanthe) က ကြားဖြတ် အစိုးရသမ္မတအဖြစ်တာဝန်ယူခဲ့ပြီး ၂၀၀၉ ဧပြီလ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရသော ယာကုပ် ဇူးမား (Jacob Zuma) သမ္မတ ဖြစ်လာခဲ့သည်။

ပထဝီိအနေအထား။ ။
တည်နေရာ။ အာဖရိကတိုက်တောင်ဘက်။
မြေပုံအညွှန်း။ အာဖရိက
ဧရိယာ။ ကုန်းမြေ = ၁ ၂၁၄ ၄၇၀ sq km
ရေ = ၄ ၆၂၀ sq km
စုစုပေါင်း = ၁ ၂၁၉ ၀၉၀ sq km
နိုင်ငံကျယ်ဝန်းမှု ကမ္ဘာ့အဆင့် = ၂၅
ထိစပ်နယ်မြေ။ ဘော့ဆွာနာ ၁၈၄၀ km၊ လက်ဆိုသို ၉၀၉ km၊ မိုဇမ်ဘစ် ၄၉၁ km၊
နမ္မီးဘီးယား ၉၆၇ km၊ ဆွစ်ဇာလန် ၄၃၀ km၊ ဇင်ဘာဘွေ ၂၂၅ km
ကမ်းရိုးတန်း။ ၂၇၉၈ km
ရာသီဥတု။ မိုးအတန်အသင့်ခေါင်၊ အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက် အပူလျော့ပိုင်း၊
နေ့ဘက်နေသာ၍ ညဘက်အေးမြ
မြေမျက်နှာသွင်ပြင်။ ကျယ်ပြန့်သော ကုန်းမြင့်လွင်ပြင်ကို ကြမ်းတမ်းသောတောင်ကုန်းများနှင့်
ကျဉ်းမြောင်းသော ကမ်းရိုးတန်းလွင်ပြင်တို့ဖြင့် ဝန်းရံထား
သဘာဝအရင်းအမြစ်။ ရွှေ၊ ခရိုမီယံ၊ ခနောက်စိမ်း၊ ကျောက်မီးသွေး၊ သံရိုင်း၊ မန်ဂနိ၊ နီကယ်၊
ဖော့စဖိတ်၊ သံဖြူ၊ ယူရေနီယံ၊ စိန်၊ ပလက်တီနမ်၊ ကော့ပါး၊ ဗနေဒီယမ်၊
ဆား၊ သဘာဝဓါတ်ငွေ့
လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၄၉ ၀၅၂ ၄၈၉ ဦးရေ
လူဦးရေကြီးမားမှုကမ္ဘာ့အဆင့် = ၂၄
လူဦးရေတိုးနှုန်း။ ၀.၂၁၈ % (၂၀၀၉)
မွေးဖွားနှုန်း။ ၁၉.၉၃/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း။ ၁၆.၉၉/၁၀၀၀ ဦးရေ (၂၀၀၉)
ပျမ်းမျှအသက်။ ကျား = ၄၉.၈၁ နှစ်
မ = ၄၈.၁၃ နှစ်
စုစုပေါင်း = ၄၈.၉၈ နှစ် (၂၀၀၉)
လူမျိုး။ တောင်အာဖရိက
တိုင်းရင်းသားလူမျိုးစု။ အာဖရိကလူမည်း = ၇၉ %
လူဖြူ ၉.၆ %
အသွေးစုံ = ၈.၉ %
အိန္ဒိယ/အာရှ = ၂.၅%
ကိုးကွယ်မှု။ ဇိုင်ယွန် ခရစ်ယန် ၁၁.၁ %၊ ပင်တယ်ကိုစတယ်/ခရစ္စမက်တစ် ၈.၂ %၊
ကက်သိုလစ် ၇.၁ %၊ မက်သိုဒစ် ၆.၈ %၊ ဒတ်ခ်ျ ရီဖေါင် ၆.၇ %၊
အင်ဂလီကန် ၃.၈ %၊ မွတ်စလင် ၁.၅ %၊ အခြားခရစ်ယာန် ၃၆ %၊
အခြား ၂.၃ %၊ အမျိုးအမည်မသိ ၁.၄ %၊ ဘာသာမဲ့ ၁၅.၁ %
ဘာသာစကား။ အီစီဇူးလူး ၂၃.၈ %၊ အီစီရှိုဆာ ၁၇.၆ %၊ အာဖရိကန် ၁၃.၃ %၊ ဆယ်ပယ်ဒီ
၉.၄ %၊ အင်္ဂလိပ် ၈.၂ %၊ ဆက်ဆွာနာ ၈.၂ %၊ ဆက်ဆိုသို ၇.၉%၊
ဇစ်စောင်ဂါ ၄.၄ %၊ အခြား ၇.၂ %
မြို့တော်။ ပရီတိုးရီးယား (အစိုးရရုံးစိုက်ရာမြို့)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites