Thursday, 29 April 2010

ဆိုမာလီယာ (Somalia)



နောက်ခံသမိုင်းအကျဉ်း။ ။

၁၉၆၀ တွင် ဗြိတိန် တို့ သည် ဆိုမာလီ နိုင်ငံကို လွတ်လပ်ရေးပေးကာ၎င်းတို့ အပိုင် ဆိုမာလီ နယ်မြေကို အီတလီပိုင် ဆိုမာလီ နယ်မြေနှင့်ပူးပေါင်း၍ နိုင်ငံသစ်ထူထောင်ခွင့်ပေးခဲ့ သည်။ ၁၉၆၉ တွင် မိုဟာမက်ဆီးအက်ဘာရီ (Mohamed Siad Barre) ဦးဆောင်၍ နိုင်ငံတော်အာဏာသိမ်းပိုက်ပြီး ဆိုရှယ်လစ် စံနစ်ဖြင့် အာဏာရှင်စံနစ်ကျင့်သုံးခဲ့ရာ ဆယ်စုနှစ် နှစ်ခုခန့် အတိုင်းအတာတစ်ခုအထိ နိုင်ငံတည်ငြိမ်ခဲ့သည်။ ၁၉၉၁ ခုနှစ် အစောပိုင်းတွင်အစိုးရ ပြိုကွဲပြီးနောက်အဓိကရုဏ်းများ၊ သဘောထားမတိုက်ဆိုင်သော အဖွဲ့အစည်းများ အချင်းချင်း တိုက်ခိုက်မှုများ ဖြင့် မင်းမဲ့စရိုက်ကြီးစိုးခဲ့သည်။ ၁၉၉၁ တွင်တောင်ဘက်တိုင်းရင်းသားများက ဆိုမာလီ သမ္မတနိုင်ငံအဖြစ် လွတ်လပ်ရေးကြေငြာခဲ့ပြီး ယခု အော်ဒဲ၊ ဝူခိုရီ ဂေါဘိ၊ တော့ဟီးယား၊ ဆာနား နှင့် ဆူး ဒေသတို့ပါဝင်သည်။ မည်သည့်အစိုးရကမျှ အသိအမှတ်ပြု ခြင်းမရှိသော်လည်း မြူနီစီပယ်၊ ပါလီမန် ၊ သမ္မတရွေးကောက်ပွဲများ ကျင်းပနိုင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီစံနစ်ကျင့်သုံးနိုင်ရန် ကြိုးပမ်းလျှက်ရှိသည်။ ဘာရီ၊ နူဂါးရယ်၊ တောင်ဘက် မူဒတ် ဒေသများသည် ၁၉၉၈ ခုနှစ်မှစ၍ ကိုယ်ပိုင်အုပ်ချုပ်ရေးရ ပန့်လန်း ပြည်နယ်နှင့် ပေါင်းစည်းကာ တရားဝင် ရွေးကောက်ခံ အစိုးရတစ်ရပ်ပေါ်ပေါက်လာရေး ကြိုးပမ်းလျှက်ရှိသည်။ ပန့်လန်းက ရှေ့ဘက်ဆူးဒေသနှင့် ဆာနားဒေသတို့ကို ပိုင်ဆိုင် ကြောင်း ဆိုမာလီနှင့်အငြင်းပွားလျှက်ရှိသည်။ ၁၉၉၃ မှစ၍ ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားရေး အစီအစဉ်ဖြင့် နှစ်နှစ် ထောက်ပံ့ပေးခဲ့သဖြင့်ငတ်မွတ်မှုပြဿနာ အတော် အသင့်ပြေလည်ခဲ့သည်။ ၁၉၉၅ တွင် ကုလသမဂ္ဂအထောက်အပံ့ များရပ်ဆိုင်းသွားသောအခါ သေပျောက်မှုများပြန်လည် ဖြစ်ပွားခဲ့ပြီးထိန်းချုပ်မရခဲ့ပေ။ ဖွံ့ဖြိုးမှုအတွက်အပြည်ပြည်အစိုးရ များဆိုင်ရာ လုပ်ပိုင်ခွင့်အဖွဲ့ (Intergovernmental Authority on development) ၏ကြီးကြပ်မှုဖြင့် ကင်ညာနိုင်ငံမှဦးဆောင်၍ (၂) နှစ်ကြာငြိမ်းချမ်း ရေး အစီအစဉ်တစ်ရပ် ဆောင်ရွက်ခဲ့သည်။ ဆိုမာလီယာ ပြည်ထောင်စုကြားဖြတ် အစိုးရအဖွဲ့ (Somalia Transitional Federal Institutions) ဟူသောအမည်ဖြင့် ကြားဖြတ်အစိုးရဖွဲ့စည်းကာ ၂၀၀၄ အောက်တိုဘာတွင် အဗ္ဗဒူလာဟီယူဆွတ်အာမက် (Abdullahi Yusuf Ahmed) ကို သမ္မတ အဖြစ်ရွေးကောက်တင်မြှောက်ခဲ့သည်။ အဆိုပါကြားဖြတ်အစိုးရတွင် အဖွဲ့ဝင် ၂၇၅ ယောက် ပါဝင်သော လွှတ်တော်တစ်ရပ်ပါဝင်ပြီး ကြားဖြတ်ပြည်ထောင်စုလွှတ်တော် (Transitional Federal Assembly) ဟုခေါ်တွင်သည်။ ၂၀၀၈ ခုနှစ်တွင် ကုလသမဂ္ဂ အစီအစဉ်ဖြင့် သမ္မတ ယူဆွတ် အစိုးရနှင့် အတိုက်အခံဆိုမာလီပြန်လည် လွတ်မြောက်ရေးမဟာမိတ်အဖွဲ့ (Alliance for the Re-Liberation of Somalia) တို့ ဂျီဘောက်တီတွင် တွေ့ဆုံကြသောအခါ သမ္မတ ယူဆွတ် နုတ်ထွက် သွားခဲ့သည်။ ၂၀၀၉ ဇန်နဝါရီတွင် TFG နှင့် ARS တို့ပူးပေါင်း၍ ညွန့်ပေါင်းအစိုးရဖွဲ့သောအခါ TFG ကိုအထောက်အပံ့ပေး၍အတိုက်အခံ အစ္စလမ္မစ် ရုံးတော်သမဂ္ဂ (Islamic Courts Union) ကို ရင်ဆိုင်ရန် ၂၀၀၆ ဒီဇင်ဘာလအတွင်းက နိုင်ငံအတွင်းဝင်ရောက်လာခဲ့ သော အီသီယိုးပီးယား စစ်တပ်များပြန်လည်ဆုတ်ခွါသွားခဲ့သည်။ ARS အဖွဲ့ဝင် ၂၀၀ နှင့် အရပ်သားပါလီမန်အဖွဲ့ဝင် ၂၇ ဦး ပါဝင်၍ TFA ပါလီမန် ကို နေရာ ၅၅၀ အထိတိုးချဲ့ ခဲ့သည်။ ၂၀၀၉ ၊ ဇန်နဝါရီ ၃၁ ရက်နေ့ ဂျီဘောက်တီတွင် ယခင် CIC နှင့် ARS ဥက္ကဋ္ဌဟောင်း ရှီးအိ ရှရစ် ရှီးအိ အာမက် (Sheikh Sharif Sheik Ahmed) ကို သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခဲ့သည်။ ထို့နောက် ယခင် ဆိုမာလီယာ သမ္မတ ဟောင်း၏သားဖြစ်သူ အိုမာအဘဒီရာရှစ် အလီ ရှာမာကီ (Omar Abdirashid ali Sharmarke) ကို ၂၀၀၉ ၊ ဖေဖေါ်ဝါရီ ၁၃ တွင် ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့သည်။ TFI သည် လူထုရွေးချယ်တင်မြှေက်သောအစိုးရနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်မရေးဆွဲ သေးမီ ငါးနှစ်ကြာတာဝန်ယူရန်ဖွဲ့စည်းခဲ့သော TFC ကို အခြေခံပြီးဖွဲ့စည်းခဲ့ခြင်းဖြစ် ၏။ သို့သော် ၂၀၀၉ ဇန်နဝါရီလတွင် TFG ၏ကာလကို ၂၀၁၁ အထိဆွဲဆန့်၍ TFC ကို TFA ကပြင်ဆင်ခဲ့သည်။TFG သည် အင်အားမရှိသေးသော်လည်း ပြညတွင်းမှ အစု ရှယ်ယာဝင်များ၊ ပြည်ပမှ အလှူရှင်များ၏အင်အားဖြင့် TFI ကိုတည်ဆောက်၍ ၂၀၁၁ ရွေးကောက်ပွဲ ကိုကျင်းပမည်ဖြစ်သည်။

ပထဝီအနေအထား ။ ။
တည်နေရာ။ အရှေ့အာဖရိက၊ အိန္ဒိယသမုဒ္ဒရာ၊ အေဒင်ပင်လယ်ကွေ့တို့နှင့်ထိစပ်။ အီသီယိုးပီးယားအရှေ့ဘက်။
မြေပုံအညွှန်း။ အာဖရိက
ဧရိယာ။ ကုန်းမြေ = ၆၂၇ ၃၃၇ sq km
ရေ = ၁၀ ၃၂၀ sq km
စုစုပေါင်း = ၆၃၇ ၆၅၇ sq km
နိုင်ငံကျယ်ဝန်းမှု ကမ္ဘာ့အဆင့် = ၄၃
ထိစပ်နယ်မြေ။ ဂျီဘောက်တီ ၅၈ km၊ အီသီယိုးပီးယား ၁၆၀၀ km၊ ကင်ညာ ၆၈၂ km
ကမ်းရိုးတန်း။ ၃၀၂၅ km
ရာသီဥတု။ ကန္တာရ ရာသီဥတု၊ ဒီဇင်ဘာလမှ ဖေဖေါ်ဝါရီလအထိ အရှေ့မြောက်မုတ်သုံ၊ မြောက်ဘက်အပူချိန်မျှတ၍ တောင်ဘက်တွင်ပူပြင်း၊ မေလမှ အောက်တိုဘာလအထိ အနောက်တောင်မုတ်သုံ၊ မြောက်ဘက်တွင် အလွန်ပူပြင်းခြောက်သွေ့ပြီးလျှင် တောင်ဘက်တွင် ပူ၊ မိုးရွာသွန်းမှု ပုံမှန်မရှိ။ မုတ်သုံရာသီ တစ်ခုနှင့် တစ်ခုကြား ပူပြင်း စိုထိုင်းသော ရာသီဥတုရှိ။
မြေမျက်နှာသွင်ပြင်။ အများအားဖြင့် ပျံ့ပျူးပြီး မညီညာသော ကုန်းမြင့်လွင်ပြင်သည် မြောက်ဘက်တောင်ကုန်းများသို့မြင့်တက်သွား။
မျက်နှာပြင်အမြင့်ခြားနားချက်။ အနိမ့်ဆုံးအပိုင်း = အိန္ဒိယသမုဒ္ဒရာ ၀ m
အမြင့်ဆုံးအပိုင်း = ရှင်ဘီရစ် ၂၆၁၄ m
သဘာဝအရင်းအမြစ်။ ယူရေနီယံ နှင့် တူးဖေါ်သုံးစွဲခြင်းမရှိသေးသော သံရိုင်း၊ သံဖြူ ၊ ဂျစ်ပဆမ်ကျေက်၊ ဘောက်ဇိုက်သတ္တု၊ ကြေးနီ၊ ဆား၊ သဘာဝဓါတ်ငွေ့၊ ရေနံသိုက်။
လူ့အရင်းအမြစ်။ ။
လူဦးရေ။ ၉ ၈၃၂ ၀၁၇ ဦးရေ
ကမ္ဘာ့အဆင့်။ ၈၃
လူဦးရေတိုးနှုန်း။ ၂.၈၁၅% (၂၀၀၉)
မွေးဖွားနှုန်း။ ၄၃.၇ / ၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း။ ၁၅.၅၅ / ၁၀၀၀ ဦးရေ (၂၀၀၉)
ပျမ်းမျှအသက်။ ကျား = ၄၇.၇၈ နှစ်
မ = ၅၁.၅၃ နှစ်
စုစုပေါင်း = ၄၉.၆၃ နှစ် (၂၀၀၉)
လူမျိုး။ ဆိုမာလီ
တိုင်းရင်သားလူမျိုး။ ဆိုမာလီ ၈၅%၊ ဘန်တူ နှင့် အခြား ၁၅%
ကိုကွယ်မှု။ ဆွန်နီမွတ်ဆလင်
ဘာသာစကား။ ဆိုမာလီ (ရုံးသုံး)၊ အာရပ်၊ အီတလီ၊ အင်္ဂလိပ်
မြို့တော်။ မိုဂါဒစ်ရှူး

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites